08 September 2016

ဇီကာ ဗိုင်းရပ်စ် မျက်ရည်မှ တစ်ဆင့် ကူးစက်နိုင်





အရှေ့တောင် အာရှ ဒေသမှာပါ ကူးစက် ပျံ့နှံ့မှုတွေ ရှိလာနေတဲ့ ဇီကာ ဗိုင်းရပ်စ် ဟာ မျက်လုံးထဲမှာလည်း ရှင်သန်နိုင်ပြီး မျက်ရည်မှ တစ်ဆင့် ကူးစက် ပျံ့နှံ့နိုင်ကြောင်း သုတေသီတွေ က စက်တင်ဘာ ၆ ရက် မှာ ပြောကြားခဲ့ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကြောင့် အမြင်အာရုံ ထိခိုက်နိုင်မှုနဲ့ အမြင် အာရုံ ဆုံးရှုံးနိုင်မှုကို သုတေသီတွေ က ကြွက်များဖြင့် စမ်းသပ် ခဲ့ပြီးနောက် တွေ့ရှိချက်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဇီကာ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သုတေသီတွေ ရဲ့ အသစ်တွေ့ရှိချက်ကို Cell Reports ဂျာနယ်မှာ ဖော်ပြထားပါတယ်။

သုတေသီတွေက သန္ဓေသား၊ မွေးဖွားလာတဲ့ကလေးနဲ့ အရွယ်ရောက်ပြီး ကြွက်တွေရဲ့ မျက်လုံးမှာ ဇီကာဗိုင်းရပ်စ် သက်ရောက်နိုင်မှုအပေါ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

လေ့လောတွေ့ရှိမှုအရ မျက်လုံးထဲမှာ ဇီကာဗိုင်းရပ်စ် ရှင်သန်နေထိုင်နိုင်ကြောင်း လေ့လာစမ်းသပ်မှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ Washington University School of Medicine မှ ပါမောက္ခ မိုက်ကယ်ဒိုင်းမွန်းက ပြောပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရသူတွေရဲ့ မျက်လုံးထဲမှာ အဆိုပါ ဗိုင်းရပ်စ် ဟာ မည်မျှကြာအောင် ရှိနေနိုင်ကြောင်း စူးစမ်းလေ့လာရန် လိုအပ်ကြောင်းနဲ့ ဇီကာဗိုင်းရပ်စ် ကူစက် ခံထားရသူတွေ့ရဲ့ မျက်ရည်မှ တစ်ဆင့် ပျံ့နှံ့မှုဖြစ်နိုင်ကြောင်း ပါမောက္ခ မိုက်ကယ်ဒိုင်းမွန်း က ပြောပါတယ်။





သုတေသီတွေက ယခု လေ့လာမှုကို ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ လူတွေမှာ ဆက်လက် ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရပါတယ်။


Source & Photo: AFP
http://www.duwun.com.mm/news/international/-id5463666.html


No comments:

Post a Comment