18 September 2016

တစ်ပွဲစား နဲ့ တောကြီးမာယာ



လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က မြန်မာပြည်အောက်ပိုင်း တစ်နေရာတွင် မုဆိုးအလုပ် နဲ့ သက်မွေး ၀မ်းကျောင်း လုပ်နေသော ဦးရွှေသိုက် ဆိုသော မုဆိုး တစ်ယောက် ရှိပါသည် ။ ဦးရွေသိုက် မှာ သူ့ ဇနီးနဲ့ အတူ သားသမီးသုံးယောက် ရှိပါတယ် ။ 

တပည့်ကျော် ဘခက် နဲ့ အမဲပစ်ပြီး ရလာတဲ့ သားကောင် တွေရောင်း ချပြီး စားသောက်လာတာ စီးပွားရေး က အတော်အသင့် အဆင်ပြေပါတယ် ။ တစ်နေ့ ဦးရွှေသိုက် ဇနီး မှာ ,၄ ယောက်မြောက် ကိုယ်ဝန် ကို ရရှိ လာပါတယ် ။ 

အဲ့ဒီ အချိန်က စပြီး ဦးရွှေသိုက် တောထဲ သွားတိုင်း သားကောင်ကြီး မပြောနဲ့ ယုန် တစ်ကောင် ရဖို့တောင် မနဲ ရှာပစ်နေရတဲ့ အခါ ဆိုတော့ သူ့ စီးပွားရေးကလဲ တော်တော်လေး အဆင်မပြေဖြစ်နေချိန်ပေါ့ ။  ငွေ ကလဲ အရမ်းလိုနေပြီ မိန်းမက ခလေး မီးဖွားတော့မယ် ဆိုတော့ တောထဲမှာ နေပြီးသား ကောင်ပစ်ဖို့ ဦးရွှေသိုက် ဆုံးဖြတ်လိုက်တော့တယ် ။

 "မိန်မရေ ခုတစ်လော သားကောင် ရှာပစ်ရတာ မလွယ်ဘူး ငါတောလည် သွားပြီး ရှာပစ် အုံးမယ်  နွေရာသီရောက်လာပြီ ဆိုတော့ သားကောင်ကြီး တစ်ကောင်လောက် တော့ ရကောင်းရနိုင်ပါရဲ့"

 """မသွားလို့ မရဘူးလား ကျူပ်မှာက မပေါ့မပါး နဲ့ တစ်စုံတစ်ခု ဖြစ်ရင် ဘယ်သူ့ အားကိုးရမလဲ ရှင့်ကိုလဲ စိတ် မချဘူး""" မသွားလို့ ဘယ်ရမလဲ မင်းက ခလေးမွေးတော့မှာ ပိုက်ဆံလိုနေပြီ ပြီးတော့ ဘခက်လဲ ပါတာပဲ စိတ်ချပါ " 

ဒါဆိုလဲကောင်းပြီ အစစ အရာရာ ဂဂုစိုက်ပါ " ဇနီး နဲ့ သားသမီးတွေကိုနှုတ်ဆက်ကာ တောထဲသို့ အမဲပစ် ရန် ထွက်လာခဲ့လေသည် ။  ဆရာ တပည့်နှစ်ယောက် တစ်နေ့လုံး တောထဲ လှည့်နေတာ သားကောင်ကြီး တစ်ကောင်တစ်လေမျှတောင် မတွေ့ ညနေကလဲစောင်းနေပြီ"

 တောက်!!  ဒီတောထဲက သားကောင်တွေ တောများပြောင်းသွားပြီလား မသိဘူး"""" ""ဟုတ်ပ ဆရာ ရာ ခုတစ်လော ဘာ အကုသိုလ်နဲ့မှ အကျိုးကို မပေးဘူး"" တောထဲတောင်ထဲမှာက ညဘက် ဆို မြေပြင်မှာ မအိပ်ကောင်း ဒီတော့ လင့်စင်ထိုးဖို့ အပင်ကြီး သစ်ပင်ရှာကြတယ် ။ 

ဒီနေရာမှာ ၀ါရင့် မုဆိုးကြီး ဦးရွှေသိုက် က အကွက်မြင်တယ် ။ လင့်စင် ထိုးဖို့ ရေအိုင်ကြီးဘေးက အင်ကြင်း ပင် ကိုရွေးချယ် လိုက်တယ် ။ 

"ဘခက်ရေ ငါတို့တော့ သားကောင် ပင်ပင်ပန်းပန်း ရှာနေစရာ မလိုတော့ဘူးဟေ့ ဟိုမှာတွေ့လားရေကန် ဒီညရေ လာသောက်တဲ့ကောင် ငါတို့ကောင်ပဲ မှတ်လိုက်တော့ "" လင့်စင်ထိုးပြီး သားကောင်အလာ ကို စောင့်နေကြတယ် ။ မုဆိုး အလုပ်ကလဲ မလွယ် ဇွဲကောင်းမှသာ တော်ရာ ကျမယ်။ 

ဒီလို နဲ့ ဆရာ တပည့်နှစ်ယောက် သားကောင်အလာကို စောင့်နေတာ ညတောင်တော်တော် နက်လာပြီ ။ နွေ အခါ လ ပိုသာဆိုတဲ့ အတိုင်း လရောင်အောက်မှာ ပတ်ဝန်းကျင်ကို ရှင်းရှင်း လင်းမြင်နေရတယ် ။ ညက ၁ ချက်ထိုးလောက် ရှိပြီထင်တယ် ။  ခုချိန်ထိ ရေကန်နားကို ဘာကောင်မှ ပေါ်မလာ တောကလဲ အရမ်း ကို တိတ်ဆိတ်လို့ ထူးတော့ ထူးဆန်းနေပြီ ။ ခါတိုင်းဆို တောထဲမှာ အိပ်ရင် ဒီလိုမဟုတ် ကျားဟိန်း သံတွေ ဂျီဟောက်တွေ နဲ့ ဆူညံနေတာပဲ ။ အင်းးးး စဉ်းစားစရာ တော့ဖြစ်နေပြီ။ 

ထိုသို့ တစ်ယောက်ထဲ ဦးရွှေသိုက် စဉ်းစားနေတုန်း ရုတ်တရက် လှုပ်ရှား သွားသော ခြုံလေးကိုကြည့်ကာ မျက်နှာ ၀င်းခနဲ ဖြစ်သွားတယ် ။ တပည့်ဖြစ်သူ ဘခက်ကို လှုပ်နိုးပြီး ""ရှု။း"တိုးတိုး ဟိုမှာတွေ့လား "ဦးရွှေသိုက် လက်ညိုး ထိုးရာကြည့်လိုက်တော့မှ ဘခက် အိပ်ချင်စိတ်မှာ ပျောက်သွားတယ် အာပါးပါး နဲတဲ့ ဆတ်ကြီး မှ မဟုတ်တာ ဂျိုကြီးတွေက ကားထွက်နေတာပဲ ။ 

 အဲ့ဒီ ဆတ်ကြီး ကတော့ သူ့ အန္တာရာယ် သူ မသိရှာဘူး ရေကန်ကရေကို သောက်လိုက် ရေကန်ထဲက လရောင်ကို ကြည့်လိုက် လုပ်နေတာ ။ အဲ့ချိန်မှာ ဦးရွှေသိုက် သူ့နှစ်လုံးပြူးပြောင်ကို သေသေ ချာချာ ချိန်ပြီး  ဘခက် ကို မီးထိုးခိုင်းလိုက်တယ် .။ ဆတ်ကြီး က မီးအလင်းရောင်ကို မြင်ပြီး ကြောင်ပြီး ကြည့်နေတုန်း ဦးရွှေသိုက် မောင်းဖြုတ်လိုက်တော့တယ် ။ 

" ဒိုင်း" "ရွှီး"ဆိုတဲ့ အသံ နဲ့ အတူ ဆတ်ကြီး ဟာ အဲ့နေရာမှာတင် ၀ုန်း ကနဲ လဲကျ သွားတော့တယ် ။ ဦးရွှေသိုက် ကတော့ ထီပေါက်သူ အလားပဲ "ရပြီဘခက် ငါတို့ ဒီလောက်ဆို ခိုင်လုံသွားပြီ မနက်မှ ဆင်းကောက် ရအောင် ခုတော့ တစ်ရေး တစ်မော အိပ်အုံးစို့ "ဆိုပြီး အိပ်ချလိုက်တော့တယ်။ 

အိပ်မှ အိပ်ရတာ အတွေးတွေ နဲ့ ဦးရွှေသိုက် အိပ်မပျော် ဒီညက သူ့ အဖို့ တော်တော်လေး ကို ထူးဆန်းနေ တာ ဆတ်ကြီး က အော်သံလဲ မပေး တောက်သံလဲ မပေးပဲနဲ့ ရေကန်နားကို ရောက်လာတယ်။ တောကလဲ အလွန်အမင်း တိတ်ဆိတ်နေတယ် ပြီးတော့ ဆတ်ကို သေနတ်နဲ့ ပစ်လိုက်တော့လဲ နာကျင်သံ ထွက်မလာ ၀ုန်း ခနဲ လဲကျသွားတာရယ် "ဟူး" တစ် ခုခုတော့ မှားနေပြီ ။ 


စဉ်းစားရင်း ခဏ မှေးခနဲ အိပ်ပျော်သွားစဉ် အခိုက် "ဝေါင်း"ဆိုပြီး ကျားဟိန်းသံ တစ်ခု ထွက်လာတယ် ဒါကြောင့်နှစ်ယောက်သားပြုင်တူ ထလိုက်ပြီး ဦးရွှေသိုက် က တောကောင်ကြီး လာပြီဆိုတဲ့ အထာ နဲ့ မေးငေါ့ ပြလိုက်တယ် ။

ဘခက် လဲ ဒူးလေးကိုမြှားတပ်ပြီး အသင့်ပြင်ထားလိုက်တယ် ။ ကျားလာရင် ကျား ပစ်မှာပဲ ဒီညတော့ ဘာ လာလာ ပစ်ဖို့ ရည်ရွယ်ထားပြီးသား တစ်ဖြည်း နဲ့ ဟင်းမျိုးကြီး အသံက နီးလာလေပြီ ။ ရေကန် ဘက်ကို ဦးတည်ပြီး သွားတဲ့ အသံပဲ နောက်ဆုံးတော့ ထင်ထားတဲ့ အတိုင်းပဲ ဟင်းမျိုးကြီး ထွက်လာတယ် ။ 

ဘုရား ဘုရား ဦးရွှေသိုက် တို့နှစ်ယောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခန ကြက်သေ သေသွားတယ် လုံးဝ မဖြစ်နိုင်စရာပဲ ဟင်းမျိုးကြီး (ကျား) ထွက်လာတာတော့ မှန်ပါတယ် ။  ဒါပေမယ့် သူ့အပေါ်မှာ ခွစီး ထားတဲ့ အရိပ်တစ်ခုလဲ ပါလာသေးတယ် ။  လရောင်က ရှင်းတယ် ဆိုပေမယ့် နဲနဲ လှမ်းနေသေးတော့ ကျားပေါ် မှာ ခွစီးထားတဲ့ အရာက ဘာလဲ ဆိုတာခွဲခြားလို့ မရသေးဘူးဖြစ်နေတယ် ။

 ဆတ်သေ အနားရောက်မှ ကျားက ရပ်လိုက်ပြီး ကျားပေါ်က အရာက ဆင်းလာတာ ဒီတော့မှသေချာတွေ့ လိုက် ရတယ် ။ ကျားပေါ်က အရာက မိန်းခလေး တစ်ယောက် ဆံပင် ဖားလျားချထားပြီး ၀တ်ထားတဲ့ အ၀တ် အစားက နန်းတွင်း ပုံစံနဲ့။ 

ခက်တော့ ခက်ကုန်ပြီ ဘခက် ကတော့ တုန်တုန်ယင်ယင် ဖြစ်နေပြီ ။ ဦးရွှေသိုက် က ကြောက်နေပေမယ့် ဟန်မပျက်ပဲ။ ဒါက တောချောက်တာပဲလား ဘယ်လိုကြောင့် တောကြီး မျက်မဲထဲမှာ မိန်းခလေး တစ်ယောက် ထဲ ကျားစီးပြီး လာတာပါလိမ့် ။ 

ထို မိန်းမ က ဆတ်သေ ကို ခဏ ကြည့်ပြီး ဦးရွှေသိုက် တို့ လင့်စင် ဘက်ကို စိမ်းစိမ်းကြီးမော့ကြည့် ပါတော့ တယ် ။ ပြီးတော ကျားပေါ်တတ်ပြီး လင့်စင် ရှိရာ သစ်ပင်သို့ ဦးတည်ပြီးလာနေတာ ဆရာ တစ်ပည့်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချွေးတွေ ရွှဲလာတော့တယ် ။

"ဟေ့ကောင် ဘခက် ဒီမိန်းမ ဘာမေးမေး မင်း မဖြေနဲ့ ကြားလား ငါပဲဖြေမယ် မင်း ငါ့ အနောက်မှာနေစမ်း"
ဘခက် က ပထမဆုံး အတွေ့အကြုံ မို့ ဒူးတုန်အောင်ကြောက်နေပြီ ။ ဦးရွှေသိုက် အောက်က ကျားစီးလာတဲ့ မိန်းမ ကို ငုံ့ကြည့်လိုက်တယ် ။ ထိုမိန်းမ လဲ လင့်စင်ပေါ်ကို မော့ကြည့်ြ ပီး "အပေါ်က လူတွေရှင့် ကျမ တက်လာလို့ ရတယ် မလား" 


အသံလေးက ချိုပြီးအေးနေတာပဲ ဦးရွှေသိုက်က "အေး နင်က လာလူလား ပြန်လူလား" ထိုမိန်းမ က "လာလူ"ဆိုပြီး တစ်ခွန်းထဲပြောကာ သစ်ပင်ပေါ်ကို တစ်လှမ်းချင်း တတ်လာတယ် "ဟိုက်"သောက်ကျိုးတော့ နဲကုန်ပါပြီ တောထဲတောင်ထဲမှာက ကိုယ့်လူတွေ အချိန်ခါ မဟုတ်ပြန်လာရင် ဒီလိုပဲမေးရတယ် "ပြန်လူ" ဆိုရင်တော့ စိတ်ချရပါတယ် "လာလူ" ဆိုရင်တော့ မကောင်းတော့ဘူး ဒါက သေပြီးတော့မှ နာနာဘာဝ အဖြစ် နဲ့ လင့်စင် ကိုပြန်လာတာလို့ အယူအဆ ရှိတာ ။ 

ခုဟာက လာလူ ဆိုပြီးတော့ သစ်ပင်ပေါ်ကို တတ်လာတာ ဆိုတော့.... ထို အချိန် ဘခက် တစ်ယောက် ကြောက် လွန်းလို့နေစရာ နေရာတောင် မရှိဘူး ။ ဦးရွှေသိုက် ကတော့ အေးဆေး ပဲ ဆေး လိပ်တောင်ကောက်ဖွာနေလိုက်တယ် ဟို မိန်းမ လင့်ပေါ်ကိုရောက်ရောက်ခြင်း "တောထဲတောင် ထဲ မှာနေရတာ ကြာလာတော့ လူတွေဘက် သိပ်ပြီး မလာနိုင်လို့ ကွမ်းယာလေး ဘာလေး မပါဘူးလားရှင့် ပါရင် တစ်ယာလောက်ပေးပါလား" 

"မပါဘူး" ဦးရွှေသိုက် ခပ်တင်းတင်းပဲပြန်ပြောလိုက်တယ် ။ ထိုမိန်းမ တစ်ချက်ပြုံးလိုက်ပြီး "ဒါဆိုဆေး လိပ်လေး များ မပါဘူးလားရှင့် တစ်ကယ် ခံတွင်း ချဉ်နေလို့ တစ်ဖွာလောက် ဖြစ်ဖြစ်" "ဆေးလိပ်က ဒါနောက်ဆုံး ပဲ နင်သောက်ချင်တယ် ဆိုရင်တော့ ပါစပ်ဟ ငါတေ့ပေးမယ် ကိုယ့် ဘာသာ ဖွာယူပေါ့" "ကောင်းပါပြီရှင့်" ဟု ဆိုကာ ပါစပ် ဟပေးလိုက်တယ် ။

 ဒီချိန်မှာ ဦးရွှေသိုက် ဘယ်သူမှ မထင်မှတ် ထားတဲ့ အလုပ် တစ်ခု ကို လုပ်ချ လိုက်တော့တယ် ။ ဆေးလိပ် ထည့်ပေး မလိုနဲ့ အနားမှာ ရှိတဲ့နှစ်လုံးပြူးပြောင်းဝကို ပါးစပ်ထဲ ထည့်ပြီး ခလုတ် ဆွဲချ လိုက်တော့တယ် "ဒိုင်း" ဆိုတဲ့ အသံနဲ့ အတူ ကျားစီးတဲ့ မိန်းမ ရဲ့ ဦးနှောက် ကနေပြီး ကျည်ဆံ ခွဲထွက်သွားတယ် ။

 ထို မိန်းမလဲ "အား" ခနဲအော်ပြီး "ကား" ခနဲ လင့်စင်အောက်သို့ လွှင့်ကျ သွားပါတော့တယ် ။ တစ်ဆက် ထဲအောက်က ကျားကို ပစ်ချ လိုက်တော့တယ် ။  ဒီတော့ မှ " ဟာ ဆရာ ဘယ်လို လုပ်လိုက်တာလဲဗျ ဟိုမိန်းမ က သေသွားလောက်ပြီ ထင်တယ် ။ ကျူပ်တို့တော့ ထောင်နန်း စံရပြီထင်တယ်"" 

"အဲ့ဒီလောက်လဲ ပူမနေနဲ့ ဘခက် ရာ ငါထင်တာ မလွဲဘူး ဆိုရင် မနက် ဒီပြသာနာ ရှင်းသွားလိမ့်မယ် """"
မနက် မိုးလင်းတော့ ညက ပစ်လိုက်တဲ့ မိန်းမ က ပုတ်သင်ညို ကြီး တစ်ကောင်ဖြစ်နေပြီး ကျား က တောကြောင်ကြီး ဖြစ်နေတာ ။ ထို အဖြစ်အပျက်ကို ဦးရွေသိုက် မြင်ပြီး " အောင်ပီဟေ့ အောင်ပီကွ ဒီတော ဒီတောင် ငါပိုင်ပီ ဒီနေ့က စပြီး ငါရွှေသိုက် လာရင်အမဲ မရတဲ့နေ့ မရှိချင်ဘူးဟေ့ ဟားဟား " ဆိုပြီး လက်သီး လက်မောင်း တန်းကာကြွေးကြော်နေတော့တယ် ။ 

သူ အဲ့ဒီလိုအော်တဲ့ အချိန်မှာ တစ်တောလုံး တစ်တောင်လုံးလဲ" ၀ူးဝူး" ၀ါး"တောခြောက်သလို အသံမျိုးနဲ့ ဆူညံ သွားပါတော့တယ် ။ ဘခက် ကတော့ နားမလည်နိုင် ဘာတွေဖြစ်နေလဲပေါ့ "ဆရာ ကျူပ်ကိုလဲ ရှင်းပြ ပါအုံး ဘာတွေဖြစ်နေလဲ ဆိုတာကို " 

"အော် အေ ဟားဟား တပည့်ကြီး မင်းကို ငါမေ့နေတာ ဒီလိုကွ ဒီတော ဒီတောင်က ငါ့အပိုင်ဖြစ်သွားပြီ ငါ လာရင် သူတို့တွေ သားကောင် ပေးကိုပေးစေရမယ်ကွ" 

"ရော် ခက်ပြီ ဆရာပြောမှ ပိုရှုတ်လာပြီ  သူတို့ဆိုတာ ဘယ်သူလဲ " "ကဲ ဒီလိုကွာ ဘခက် ရ တော ထဲတောင်ထဲမှာ အမှန်တစ်ကယ် အပိုင်စား ဆိုတာရှိကြတယ် ဒီတော ဒီတောင်ကို စောက်ရှောက်ရတဲ့ နတ် သဘောမျိုးပေါ့ အဲဒီ နတ်တွေကလဲ တစ်ခါ တစ်လေမှာ တောထဲမှာ မုဆိုး လုပ်တဲ့သူတွေ လမ်းမှား ပြီး ရောက် လာကြတဲ့ သူတွေကို ဖမ်းစား တတ်ကြတယ်ကွ ။ 

ညက ဟိုတောစောင့်မ ငါ့ဆီက ဆေးလိပ်တို့ ကွမ်းတို့ တောင်းတာ အကောင်း မထင်နဲ့ သူတို့က လူတွေ ရဲ့စိတ်ကို ဖမ်းစားလိုက်တာ ငါ့ဆီက ကွမ်းယာ ကို ပေးလိုက်တယ်ပဲ ထားပါတော့ အဲ့ဒီလိုပေးလိုက်တဲ့ အခါ မှာ စိတ်ထဲက ပါလို့ပေးတာပဲလေ ။

 ဒီတော့ ငါ့ရဲ့စိတ်ကိုသူက ဖမ်းစားသွားနိုင်ပြီ ငါက ခွင့်ပြုလိုက်တာကို ဒါကြောင့် သူတို့ က ဆေးလိပ်တို့ ကွမ်းယာ တို့တောင်းတာ ဒါက အလွယ်ဆုံး နည်းကို ငါလဲ ငါ့ဆရာတွေပြောတာ သတိရမိလိုက်လို့ ရိပ်မိ သွားတာ နောက်မို့ဆို မလွယ်ဘူး ငါ့ကောင်ရေ "" 

"ဆက်ပါအုံး ဆရာ ရေ အဲ့ဒါနဲ့ ဒီတောကို ပိုင်သွားရောပဲလား" ဦးရွှေသိုက် ရေဗူးမှ ရေကို မော့သောက်လိုက်ပြီး..........

"ငါက ဒီတောစောင့်မကို သတ်ပြီးပြီ ဆိုတော့ ဒီတောကို ငါပိုင်သွားပြီလေ. ဒါပေမယ့် ငါမပျော်နိုင်ဘူးမောင်ရေ"


"ဘာဖြစ်လို့လဲ ဆရာ"
"ဒီတောစောင့်မက သေ သွားပြီ ဆိုတော့ တောစောင့်နေရာက လွတ်နေတယ်လေ အဲ့နေရာကို သတ် သွား တဲ့ လူက ပြန်စောင့်ရတယ် " 


"ဗျာ တစ်ကယ်ကြီးလား"
"ဟုတ်တယ် ဘခက် မယုံမရှိနဲ့ ဒါကို တစ်ပွဲစား လို့ခေါ်တယ် ။ မသေခင်တော့ ရသလောက် ယူပေါ့ ဒီတော ဒီတောင် က ပစ္စည်းက ကိုယ့်ဟာပဲ အေး သေရင်တော့ အဲ့ဒီ တောမှာ အစောင့် လုပ်ဖို့ ပြင်ထားတော့ မသေခင် ရိက္ခာပေးပြီး ရာထူးခန့်တဲ့ သဘောပေါ့ကွာ ဟားဟားးးး""



--- --- --- --- --- -- ---

ပြီးပါပြီ.........

#Credite မူရင်း####
အဆုံးထိ ဖတ်ပေးသူများအား ကျေးဇူးတင်ပါသည်။
U. Lay. Htet. Gyi

No comments:

Post a Comment