08 September 2016

ကင်ဆာ သမားတွေ အတွက် သတင်းကောင်း

                            ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်

ဒန်ဒလီယွန်(dandelion)လက်ဖက်မှာ ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသနိုင်သည့် အာနိသင် အမြောက်အများရှိသောကြောင့် အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။

အဘိုးအဖွား များက ဆေးဖက်ဝင်သောကြောင့် ဒန်ဒလီယွန် ပန်းပွင့်များကို အရည်ညှစ် ယူထားလေ့ ရှိသော်လည်း သူတို့ မသိခဲ့သည့် အချက်မှာ ဒန်ဒလီယွန် အမြစ် က ကင်ဆာရောဂါသည်များကို ကုသည်နိုင်ခြင်း ပင်ဖြစ်သည်။ ကင်ဆာဆဲလ် အားလုံးကို သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင် ၏ အမြစ် မှာ ဓာတု ကုထုံးထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံ မှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့အပြင် ဆီးရွှင်သည့် အာနိသင်လည်း ရှိပြီး၊ သည်းခြေရေကို လှုံ့ဆွပေးသကဲ့သို့၊ အသည်း ကိုလည်း ဆေးကြောပေးကာ၊ ဓာတ်မတည့်မှု များကိုလည်း ကုစားနိုင်သည့် အပြင် အဆီ ကိုလည်း ကျစေနိုင်သည်။ အရေးကြီး သည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေသည်။


ကနေဒါ ၀င်ဆာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ၏ သုတေသန အရ ဒန်ဒလီယွန်အမြစ် မှာ ကျန်းမာ သန်စွမ်းသည့် ဆဲလ်များကို မထိခိုက် မပျက်စီးစေဘဲ၊ ကင်ဆာဆဲလ် များကို သတ်ဖြတ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်။



AM
china.comမှကူးယူဖေါ်ပြသည်
Kyaw Thu Htike
http://www.lwinpyin.com/2016/08/%E1%80%80%E1%80%84%E1%80%B9%E1%80%86%E1%80%AC%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%BC%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8.html

No comments:

Post a Comment