18 February 2017

ပေါ်ပြူလာဖြစ်တဲ့ ကိုရီးယားကြက်ကြော် ဆိုင်လုပ်ငန်းမှာ ဆိုင်ရှင်အချို့ မွဲပြာကျ


ခေတ်သစ်မှာ ကြက်ကြော် ဟာ ကမ္ဘာ့ရွာရဲ့ နိုင်ငံတိုင်း စားသောက်တဲ့ ကမ္ဘာရွာရဲ့အစားအစာလို ဖြစ်လာတယ်။ ကမ္ဘာတစ်ဝန်း က အမေရိက၊ ဥရောပ၊ အာဖရိက၊အာ ရှ ဘယ်မှာ မဆို ဖွင့်တဲ့ Mac Donald ဆိုင်တွေမှာလည်း ကြက် ကြော် က လူစားများတဲ့ အစားအစာ တစ်ခု ဖြစ်တယ်။

KFC က တော့ ကြက်ကြော်ကို အဓိက ရှေ့တန်းတင်ပြီး ရောင်းတာ။ KFC တွေ လည်း ကမ္ဘာအနှံ့မှာ ရှိတာပဲ။ မြန်မာနိုင်ငံမှာလည်း ရှိတာပါပဲ။

ဖွံ့ဖြိုးတိုးတက်တဲ့ တောင်ကို ရီးယား မှာလည်း ကြက်ကြော် ယဉ်ကျေးမှု ထွန်းကား ပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန် ကြက်ကြော်ဆိုင်တွေ အပြင် ကိုရီးယား ကြက်ကြော်ဆိုင်တွေလည်း မှိုလိုပေါက်နေတယ်။ အလုပ်မရှိ ကြက်ကြော်ဆိုင်ဖွင့် လို့တောင် ဆို ရလောက်အောင် ကိုရီးယား မှာ ကြက်ကြော် ဆိုင် ထွန်းကားပါတယ်။

တောင်ကိုရီးယားကြက်ကြော်ဆိုင် အချို့ကတော့ အရှေ့တောင် အာရှ နဲ့ အရှေ့ အာရှမှာ ဖရန်ချိုက် ဖွင့်ဖို့ ခြေလှမ်းပြင်နေပါတယ်။

ဒါပေမဲ့ အခုတော့ ကိုရီးယားမှာ ကြက်ကြော်ဆိုင် လုပ်ငန်းတွေ မုန်တိုင်းထန်နေတယ်။ ဆိုင်တွေက များတော့ သူတို့ချင်း တိုက်ပွဲဆင်နေကြရင်း ဆိုင်အချို့ ပြုတ်ထွက်ကုန်တယ်။

အမေရိကန်စတိုင် နဲ့ ကိုရီး ယား စတိုင် ကြက်ကြော်တွေရဲ့ အဓိက ကွာခြားချက်ကတော့ အသားနူးညံ့အောင် မကြော်ခင်မှာ စိမ်တဲ့ အရည်ပါ။ ကျွန်တော်တို့ ကိုရီးယားမှာတော့ ပဲစိစပ်ဆော့၊ ကြက်သွန်ဖြူ။ ဒါပေမဲ့ ကိုရီးယား မှာ စံပြုလောက်တဲ့ အနံ့အရသာ ပိုရှိအောင် ထည့်တာကတော့ “ယန်နမ်”ပါ။

“ကြက်နဲ့ ဘီယာ”စားသောက်ဆိုင် ဖွင့်ထားတဲ့ လီဆောင်းယောင်က ကျွန်တော့်အိမ်နီးချင်းပါ။ အ ကြော်ဖိုထဲက ခုမှ ထုတ်လိုက်တဲ့ ကြွပ်ရွနူးနပ်နေတဲ့ အကြော်တွေပေါ်မှာ အချိုရည် နဲ့ ထူးခြားဆန်း ပြားတဲ့ ဆော့တွေကို ညှစ်ဖျန်း တယ်။

ချက်နည်းပြုတ်နည်း အချို့တွေ လျှို့ဝှက်ထားသလိုထည့်တဲ့ ယန်နမ် ကို လျှို့ဝှက်မထားပါဘူး။
‘ကျွန်တော်က ခုတော့ ဈေးက ဝယ်သုံးလိုက်တာပါ၊ အဲဒါကို သကာရည်၊ ငရုတ်ကောင်းငါးပိ၊ စားမြိန်ရည်၊ ပါပရီကာမှုန့်၊ အင်း ပြီးတော့ အခြား ဟိုဟာဒီဟာပေါ့”လို့ လီ က ရွှင်ရွှင်မြူးမြူး ကျွန် တော့်ကို ပြောတယ်။

တောင်ကိုရီးယားမှာ ကြက်ကြော်ဆိုင် ၅၀,ဝ၀ဝ လောက် ရှိ တယ်။ အများစုက ဖရန်ချိုက် ဖြစ် ပြီး စားသုံးသူကို မော်တော်ဆိုင် ကယ်တွေနဲ့ တိုက်ရိုက်ပို့ပေး တယ်။ လူနေအိမ်တွေကြားမှာ စားသောက်ဆိုင်လေးတွေ အများကြီး ဖွင့်ထားတာက ထူးခြားမှု မဟုတ်ပါဘူး။ ဂျောင်အန်ဂျောင်က ကိုရီးယား ကြက်ကြော်ဆိုင်လုပ် ငန်းသမိုင်း စာအုပ်တစ်အုပ်ရေး ထားတဲ့ စာရေးဆရာမပါ။

ကြက်ကြော်ဆိုင်တွေ ထွန်းကားလာတာ နှစ် ၂၀ လောက်ရှိပြီ။ အာရှစီးပွားရေးပျက်ကပ်ဆိုက်ပြီး တောင်ကိုရီးယားကို အကြီးအ ကျယ်ထိခိုက်ပြီးနောက်မှလို့ စာရေးဆရာမက ဆိုတယ်။

ဂျောင်ဆက်ပြောတာက “ဒီတော့ အဲဒီ ကြက်ကြော်ဆိုင်တွေက ကိုရီးယားမှာ ပေါ်ပြူလာဖြစ် လာရတာက ကိုရီးယားတွေ ကြက်ကြော်သိပ်ကြိုက်လှလို့ စားကြတာချည်းတော့ မဟုတ်ဘူး၊ ဒါ ပေမဲ့ ကြက်ကြော်ဆိုင်တွေ အများကြီး ရုတ်တ ရက် ချက်ချင်းပေါ်လာတော့ ကိုရီးယားတွေလဲ ကြက်ကြော် အစား များလာတာပေါ့”

သည်နိုင်ငံမှာတော့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ချင်ရင် စားသောက်ဆိုင်သာဖွင့်။ ခင်ဗျားမှာ စားသောက်ဆိုင် နဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိရှိ မရှိရှိ၊ ဘယ်လို ချက်ရပြုတ်ရတယ်ဆိုတာ သိသိ မသိသိလို့ သူက ရှင်းပြတယ်။


ဖရန်ချိုက် လုပ်သူတွေကို စွန့်ဦး တီထွင်သမားတွေက အချက် အပြုတ် သင်တန်းတွေ ဖွင့်ပေးတယ်။
ရှင်ဟွိုင်ဟိုက ဆိုးလ်မြို့တော်မှာ ကျောင်းတစ်ကျောင်း ဖွင့်တယ်။

သူက လူသစ်တွေကို ဘယ် လိုချက်ရပြုတ်ရတယ်၊ ဖရန်ချိုက် လုပ်ငန်းမှာ ဘယ်လိုစီမံခန့်ခွဲရတယ်ဆိုတာ သင်ပြပေးတယ်။ သည်လုပ်ငန်းက အပြိုင်အဆိုင် များတယ်။ ဒါပေမဲ့ အခုထိတော့ အောင်မြင်ဖို့ လွယ်ကူတယ်လို့ သူ က ပြောတယ်။

“လူတိုင်း ကြက်သားကြိုက် ကြတယ်၊ ဒီတော့ စားသုံးသူတွေက ပေါသလား မမေးနဲ့˘လို့ ရှင်က ယုံကြည်ပါတယ်။

“ပြီးတော့ လုပ်ငန်း အစမှာ ရင်း နှီးမြှုပ်နှံရမယ့် ငွေပမာဏကလဲ မများဘူး၊ ဆိုင် ပိုင်ရှင်အသစ် အပေါ်မှာတည်တယ်”လို့ သူက ပြောတယ်။

ငွေအရင်းအနှီး သိပ်မများလှတာက ကြက်ကြော်ဆိုင် လုပ်ငန်း စတင် လုပ်ဆောင် မယ့်သူတွေကို ဆွဲဆောင်တယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ပတ်ရှီ ကောင်းက စားသောက်ဆိုင်ဖွင့်ဖို့ ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၀,ဝ၀ဝ ချေးယူတယ်။ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူက ကိုယ်ပိုင်ကုမဏီကို စလုပ်တယ်။ သူ့မိသားစုကို ထောက်ပံ့ဖို့ ငွေပိုလိုအပ်တယ်လို့ သူက ပြောတယ်။

“အသက်အရွယ် တစ်ခု ရောက်လာချိန်မှာ ကျွန်တော့်ကလေးနှစ် ယောက် ကို တက္ကသိုလ် အထိ ခြေ လှမ်းဖို့ အဆင်သင့် ဖြစ်အောင် ပုဂ္ဂလိကကျောင်းမှာ ထားဖို့ ကျွန်တော် ငွေပိုင်ဆိုင်မှု ပိုလိုအပ်လာ တယ်၊ စားသောက်ဆိုင် လုပ်ငန်းလုပ်ရတာ ကျွန်တော်ထင်ထား တာထက်တော့ ပိုခက်တယ်”လို့ သူ က ဖြည့် စွက်ပြောတယ်။

ကြက်ကြော်ဆိုင် ဆိုင် ၅၀ ရှိတဲ့ သည်တစ်ဝိုက်မှာ ပတ် ရဲ့ဆိုင်ကလည်း တစ် ဆိုင်ဖြစ်တယ်။ စီးပွားရေးက လေးလံ ထိုင်းမှိုင်း တဲ့ အချိန် မှာ အပြိုင်အဆိုင်တွေကများ တော့ ပိုက်ဆံရဖို့ ဆိုတာ မဖြစ် နိုင် ပါဘူးလို့ သူက ပြောတယ်။

“အာ့ တစ်ကယ်ပဲ အဆင်ပြေ တယ်ဆိုရုံပါ၊ တစ်လသာ ကုန် ရောငွေတော့ မပိုဘူး၊ ချေးငွေတွေဆပ်၊ ထည့်ရမယ့် ပစ္စည်းပစ္စယဝယ်၊ အ လုပ်သမားလုပ်ခတွေ အခန်းငှားခ တွေပေး၊ ကျွန်တော့ အမြတ်က သုည၊ ခုအထိတော့ ခြူးတစ် ပြားမှ မရှိဘူး”လို့ ပတ်က ဖွင့်ပြောတယ်။

ပတ်ရဲ့ အခြေအနေက ထုံးစံအတိုင်းပါပဲ လို့ ကြက်ကြော် အ ကြောင်း စာအုပ်ရေး တဲ့ စာရေး ဆရာမ ဂျောင်အန်ဂျောင် က ပြောတယ်။ ဆိုင်ပိုင်ရှင် တော်တော်များ များဟာ ဘယ်တော့မှ အမြတ်မထွက်ကြပါဘူးတဲ့။ သူတို့ဟာ အရာရာဆုံးရှုံး လာခဲ့တဲ့သူတွေ ဖြစ်လို့ ဆိုင်လည်း ပိတ် မပစ်နိုင်ဘူးလို့ စာရေးဆရာမက ဆိုတယ်။

“ကြက်ကြော်ဆိုင် ပိုင်ရှင် တော်တော် များများဟာ စား သောက်ဆိုင်ဖွင့်ဖို့ ဘဏ်က ငွေချေးတော့ သူတို့နေထိုင်တဲ့ တိုက် ခန်း ကို အပေါင်ပစ္စည်း အဖြစ် ထားခဲ့တယ်၊ ဒါကြောင့် သူတို့ လုပ်ငန်း ရှုံး ရင် နေစရာဘုံလဲ ပျောက်မှာ ဖြစ် တယ်”လို့ သူက ပြောတယ်။

နှစ်တိုင်း နှစ်တိုင်း ကိုရီးယားက ကြက်ကြော်ဆိုင်တွေရဲ့ တစ်ဝက်လောက်ဟာ လုပ်ငန်းရပ်ရ တယ်လို့ ဂျောင်က ခန့်မှန်းတယ်။

သည်လိုဖြစ်နေတာကြောင့် လုပ်ငန်းစတင်ဖို့ ဝင်လာမယ့် လူ သစ်တွေကို အဟန့်အတားတော့ မဖြစ်ဘူး။ တက္ကသိုလ်က ဘွဲ့ ရ အ လုပ်လက်မဲ့တွေကို စားသောက် ဆိုင် ပိုင်ရှင်အဖြစ် မြင်ရတာမို့ ဆိုင်ရှင်တွေဟာ ငယ်သည်ထက် ငယ် ငယ်လာတယ်။

ကျွန်တော် အိမ်နီးချင်း အ သက် ၃၁ နှစ်အရွယ် လီဆောင်းယောင်လို ကြက်ကြော်ဆိုင်ရှင် တွေပေါ့။
လွန်ခဲ့တဲ့ ခြောက်လက ကြက်ကြော်ဆိုင်ဖွင့်မယ်ဆိုတော့ သည် အလုပ်ဟာ ဘယ်လောက်ခက်ခဲမှန်းသူသိပါတယ်တဲ့။ ကြက်ကြော် ဆိုင်တွေ အပြိုင်နွှဲနေကြတာကို သရုပ်ဖော်စရာ စကားလုံးရှိတယ် တဲ့။

“ဒါကို ကျွန်တော်တို့က ကြက်တိုက်ပွဲခေါ်သဗျ၊ ပြိုင်ဆိုင်ဖို့ ဈေး တွေချရောင်းကြ၊ ဒီလို လျှော့ရောင်းတော့ နောက်ဆုံး ကျ စီးပွားရေးနယ်ပယ်ကနေ ဖျာလိပ်ပြီး ထွက်သွားရတယ်”

စီးပွားရေး ကတော်တော်နဲ့ ကောင်းဖို့ မမြင်သေးဘူးလို့ လီက ပြောတယ်။ သူကတော့ ကြက် တိုက်ပွဲကို ဝင်မနွှဲပါဘူး။


ကျော်ရင်မြင့်
(Asia Callingဂ က Jason Strother ရေးတဲ့ Popularity of Korean Fried Chicken Cau-ses Some Restaurant Owners To Go Broke ကို ဆီလျော် အောင် မြန်မာဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။)

No comments:

Post a Comment