05 May 2017

ကားထဲမှာ ဒီလိုပစ္စည်းထားရင် သင့်ကို ၁၅ စက္ကန့် အတွင်းသေစေနိုင်တယ်ဆိုတာ



လူငယ်လေး တစ်ယောက် မီးခြစ်ခြစ်လိုက်တာနဲ့ ဘာလို့ ဒီလို ဆိုးဆိုးရွားရွားဖြစ် သွားရပါသလဲ။
တရားခံ ကတော့ ကားထဲမှာ အသုံးပြုတဲ့ ရေမွှေး ပုလင်းပါ။ လူ အတော်များများ ကား အတွင်းခန်းမွှေးစေ ရန် အတွက် ကားရေမွှေးပုလင်း ကို နှစ်သက်စွာ အသုံးပြုကြပါတယ်။
ဒါဟာ ချိန်ကိုက်ဗုံး တစ်လုံး ဆိုတာ သိတဲ့လူ အင်မတန်နည်းပါတယ်။ သင်ကိုယ်တိုင်လည်း ဒီ ကားရေမွှေး ပုလင်း က ဘာလို့ ပေါက်ကွဲနိုင်တဲ့ အထိဖြစ်စေနိုင်တာလဲဆိုတာ သိချင်နေမှာပါ။
အကြောင်းရင်း ကတော့ ယခုလို ပူပြင်းလှတဲ့ ရာသီဥတုဟာ ကားအတွင်းပိုင်းရှိ အပူချိန်ကို ၅၆ ဒီဂရီစင်တီဂရိတ် အထက် မြ င့်တက်စေပါတယ်။ 

အပြင်က အပူချိန် ၄၀ ဆိုသော်လည်း အလုံပိတ် ထားတဲ့ ကားအတွင်းပိုင်းရှိ အပူချိန်ဟာ အလွန်ကိုမြ င့်မားလွန်းလှပါတယ်။
သာမန် ကားရေမွှေး ပုလင်းများရဲ့ အပူချိန်ကို ခံနိုင်စွမ်းအား တစ်နည်း အားဖြင့် မီးလောင်မှတ်က ၄၅ ဒီဂရီစင်တီဂရိတ် အထိ သာဖြစ်ပါတယ်။ 



ဒါကြောင့် အလုံပိတ်ထားတဲ့ ကားထဲ အပူချိန်မြင့်နေချိန် ၀င်ဝင်ခြင်း မီးခြစ်ခြစ်လိုက်တဲ့ အတွက် ပေါက်ကွဲ မှုကြီးဖြစ်ပေါ်ရတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကားအတွင်း အနံ့အသက် ကောင်းစေဖို့ ဂျယ်လီ လို အမွှေးခဲ နှင့် အမွှေးထုတ်လေးများက ပိုမိုလုံခြုံစေပါတယ် လို့ ပရိသတ်ကြီးများ အတွက် စေတနာကောင်းနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။
ပရိသတ်ကြီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
Credit:*အိ*
Source

No comments:

Post a Comment