26 May 2017

Work, Conference, Seminar, Forum ... ဆိုတာ



ကျွန်တော်တို့ဟာ..လူကြီးတွေက လွှတ်လို့ အစည်းအဝေးမျိုးစုံ ကို သွားသာ သွားတက်နေရတယ်..Work, Conference, Seminar, Forum ဆိုတာ ဘယ်လိုတွေ မတူလို့ ဘာတွေကွဲပြားသလဲ..မသိကြဘူး..ကဲ..သိထားတာလေးတွေကို သိကြစေဖို့ မျှဝေလိုက်ပါတယ်..လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါတယ်ခင်ဗျာ ။

#Conference ဆိုသည်မှာ တက်ရောက်သူများ၏ သတင်း အချက်အလက်များ၊ အမြင်များ စသည်တို့ကို မျှဝေသည့် သမား ရိုးကျ အစည်းအဝေးဖြစ်သည်။ တစ်ရက်သာကြာသည့် အစည်းအဝေးဖြစ်နိုင်သ လို ထို့ ထက်လည်း ကြာနိုင်ပြီး ပုံမှန်အားဖြင့် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ နယ်ပယ် အကြောင်းအရာများကို ဆွေးနွေးကြခြင်းဖြစ်သည်။

#Congress ဆိုသည်မှာ နိုင်ငံရေး၊ ကုန်သွယ်ရေး အဖွဲ့အစည်း အသီးသီးများမှ နယ်ပယ်အလိုက် တိကျခိုင်မာသည့် လှုပ်ရှားဆောင်ရွက်မှုများ အပေါ် အမြင်များ ဖလှယ်သည့် အနေဖြင့် ဆွေးနွေးသော အစည်းအဝေး တစ်ခုဖြစ်ပါသည်။

#Seminar ဆိုသည်မှာ သင်တန်းများ အပါအဝင် ပညာရပ်ပိုင်း ဆိုင်ရာ နောက်ခံ အခြေခံရှိသော နည်းပညာဆိုင်ရာ ဗဟုသုတများ အပေါ် ဆွေးနွေးခြင်း နှင့် အမြင် ဖလှယ်ခြင်းများ ဆောင်ရွက်သည့် အစည်းအဝေးတစ်ခုဖြစ်သည်။

#Symposium  ဆိုသည်မှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များ အသီးသီး အပေါ် ဦးဆောင် ဟောပြော ဆွေးနွေးကြသည့် အစည်းအဝေး ဖြစ်သည်။

#Workshop ဆိုသည်မှာ ပညာရပ်ဆိုင်ရာ နယ်ပယ် တစ်ခုတွင် လေ့ကျင့်သင်ကြားထားသော လူ အုပ်စုများက စိတ်ပါဝင်စားသည့် အကြောင်းအရာ တစ်ခုကို တိုးတက်ဖွံ့ဖြိုးစေရန် အတွက် နည်းလမ်းများကို လေ့လာရန်ပြုလုပ်သည့် ဆောင်ရွက်မှုမျိုးဖြစ်သည်။

#Summit  ဆိုသည်မှာ ကြိုတင် စီစဉ်ထားသော အခမ်းအနား အစီအစဉ်များနှင့် တစ်ကွ နိုင်ငံတော်အဆင့်အကြီးအကဲများ တွေ့ဆုံဆွေးနွေးရန် လုံခြုံရေး အထူးတင်းကြပ်ခြင်း၊ ကြီးမားသည့် သတင်းထုတ်ပြန်ခြင်းများပါဝင်သည့် ထိပ်သီး အစည်းအဝေးဖြစ်သည်။

#Forum ဆိုသည်မှာ တက်ရောက်သူများ စားပွဲဝိုင်း အသွင်ဖြင့် စကားပြောဆိုဆွေးနွေးငြင်းခုန်ခြင်းများ ဆောင်ရွက်သည့် ပုံစံဖြစ်ပြီး အထူးသဖြင့် ပါဝင်တက်ရောက် ဆွေးနွေးသူများ ၏ အခွင့်အာဏာ နှင့် လုပ်ကိုင်ဆောင်ရွက်ခွင့်များကို ခွင့်ပြုထားသည်။

#ဇေယျာဆွေ Credit
Via TinZar Minshein
#ဆရာမ Win Min Than မှ တစ်ဆင့့်ကူးယူ​ဖေါ်ပြပါသည်​။

No comments:

Post a Comment