21 May 2017

ရေနွေးပူ လောင်ပါက အဖု မပေါက်အောင်




“ကလေး ရေနွေး ပူလောင်လို့”
“ဓါတ်ဘူး ကို လူကြီးတွေ အလစ်သွားဆွဲတာလေ”
“သည်မိန်းမ အသုံးမကြလို့”
“ရှင် မှ ကလေး ကိုကြည့်မထားတာလေ”
“ဝါး….ဝါး …ဝါး ….ဝါး::::::::::”
ရန်ဖြစ်သံများ၊ ဆူညံ့သံများနှင့် ကလေး ငိုသံများက လူနာကြည့်နေသော သမားတော် ကိုနေ ဆေးခန်း အတွင်း သို့ဝင်ရောက်လာသလို၊ စိုးရိမ်မူ့ပြင်းနေသော ကလေးအဖေ ကိုယ်တိုင် ကလေးကိုချီလျက်ရှေ့လူနာများကိုကျော်ဝင်ဖို့ကြိုးစားနေလေသည်။

အတွေ့အကြုံရှိသော ကျနော့် တပည့်များက လူနာကလေးကို အရေးပေါ်ခန်းထဲ သွင်းလိုက်ပြီး အခန်းတံခါး ပိတ်လိုက်လေသည်။
ကျနော်လဲကြည့်နေသော လူနာကို ခဏတောင်းပန်၍ ထားခဲ့ကာအရေးပေါ်ခန်းသို့ ဝင်လေသည်။
အခန်းထဲရောက်တော့ ကျနော် တပည့် တစ်ဦးက...

“ရေနွေး ကထည့်ပြီးကာစမို့ အပူပြင်းပုံရတယ်
ဆရာ ……ခြေထောက်နှစ်ဘက် ဒူးအောက် အပူလောင်သွား တာ”

မေးမြန်းထားချက်များကိုမြန်မြန် ဆန်ဆန်ပြောပြလေသည်။ ကလေး မှာ (၁၀) လသား ဝတုတ်က
လေးဖြစ် ပါသည်။ ကလေး ငိုသံကဆူညံ့နေဆဲပါ၊ ကလေးအဖေမှာ တုန်ရီလျက် ကလေး အမေ မှာ ငိုနေလျက်
“မြန်မြန် သက်သာအောင်လုပ်ပေးပါဆရာ” ဟုတောင်းဆိုနေသည်။

“အချိန်ဘယ်လောက်ကြာသွားပြီလဲ”
“ငါးမိနစ်လောက်ပဲရှိမယ်ဆရာ၊ ကျနော်တို့က သည်အနားမှာနေတာပါ”

ကလေးအသားများ အပူကြောင့် နီရဲနေလေသည်။ အချိန်ကြာလျင် အပူဖုများပေါက်တော့မှာဖြစ်
သည်။ အပူကြောင့် အရွယ်နှင့် မမျှခံစားနေရသောကလေးကိုလဲသနားမိသည်။

“ရှားစောင်းလက်ပတ် အရွက်ကြီးကြီး အခု သွားခူးပါ”

ကျနော့်တပည့်အား ခိုင်းလိုက်ပါသည်။ လျင်လိုက်သည့် တပည့် ချက်ချင်းခြောက်လက်ခန့် ခူးပြီး
ပြန်ရောက် လာသည်။ သည်လောက်ဆို ဘာဆက်လုပ်ရမည်ဆိုတာ ကျနော့်တပည့်များ သဘော
ပေါက်လေသည်။

ရှားစောင်းလက်ပတ် အပေါ်ခွံများ ခွာ၍ အထဲမှ ဂျယ်လီသားများ ထုတ်ကာ က လေးကို ထိုင်ခိုင်းပြီးခြေထောက်နှစ်ဘက် အပူလောင်နေရာများကို အုပ်လိုက်လေသည်။ ကလေးမှာ ငိုနေဆဲ ဖြစ်ပါသည်။ 
ငိုတာမှ အာဂေါင်ချစ်၍ ငိုနေတာပါ၊ သနားစရာကောင်းသော ကလေးလူနာဖြစ်သည်။

ရှားစောင်းဂျယ်လီ များ အုပ်ထားပြီး တစ်မိနစ်ခန့် အကြာတွင်ရေနွေးကဲ့သို့ ပူသော အရည်များစီးကျလာလေသည်။ ထိုကဲ့သို့ စီးကျရခြင်းမှာ အပူ လောင်ထားသော ကလေး ခြေထောက်မှ အပူများသည် ရှားစောင်းဂျယ်လီအရည် ဘက်သို့ကူး ပြောင်းသွားသဖြင့် ဂျယ်လီ အရည်များသည် ပူနွေးသော အရည် အဖြစ်သို့ရောက်သွားခြင်းဖြစ်ပါသည်။

ကလေး လဲ အငိုတိတ်လာလေသည်။ မိနစ်စက္ကန့် အနည်းငယ် အတွင်းမှာ ကလေး ကသက်သာမူ့ ရလာလေ သည်။ ကလေးအခြေ အနေတည်ငြိမ်သွားပြီမို့ တပည့်များအား ဆက်လက်လုပ်ပေးရန် မှာထားပြီး ကျန်လူနာများအား ဆက်လက်ကြည့်ပေးလိုက်ပါသည်။

ကလေးအား နှစ်နာရီခန့် စိတ်ရှည်ရှည်နှင့် တပည့်များကပြုလုပ်ပေးပြီးခေါ်လာသောအခါ အပူ ဖု မပေါက်ပဲ ခြေထောက် အသားများအေးသွားလေသည်။ သနားစရာကောင်းသော ကလေးလေး သက်သာသွားသော အခါ ငိုထားရသည်မှာ ပင်ပန်း၍ထင်သည် အိပ်ပျော်နေလေသည်။

ကလေး အဖေ နဲ့ အမေ မှာချက်ချင်းသက်သာအောင် လုပ်ပေးနိုင်၍ ထင်သည်ကျေးဇူးတင်သည် ဆိုကာ
ထိုင်ကန်တော့လေသည်။ အိပ်ရောက်ရင် ဆက်ပြီး လုပ်ပေးဘို့လဲ မှာကာဆေးခန်းနောက်ဘက် စိုက်ခင်းမှ
ရှားစောင်း များ ခူးပေးလိုက်လေသည်။

နောက်နေ့ မနက်ဆေးခန်းဖွင့်ချိန်တွင် မနေ့ ကကလေး လေးနှင့် မိသားစု ရီကာပြုံးကာ ဆေးခန်း ရောက်လာလေသည် ။ရေနွေး ပူလောင်သောနေရာမှာ အပူဖုပင် မပေါက်ပဲ ပကတိအကောင်းအတိုင်း ရှိနေလေ သည်။ ကျနော် သမားတော် ကိုနေလဲ အထူးဝမ်းသာမိလေသည်။

သို့ပါ၍ ကလေး ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အပူလောင်မူ အရေးပေါ်ဖြစ်ခဲ့လျင် စိတ်အေးအေးထားကာ
ရှားစောင်းလက်ပတ် ဂျယ်လီများဖြင့် အချိန်မီ အချိန်ကြာကြာ အုံပေးခဲ့လျင် အမြန်ဆုံး သက်သာပျောက်ကင်းပါကြောင်းစေတနာဖြင့် ရေးသားတင်ပြအပ်ပါသည်။



Credi to Nay MinLay


No comments:

Post a Comment