17 May 2017

ပိုင်ရှင် အဆက်ဆက်ကို ထူးဆန်းစွာ သေဆုံးစေခဲ့တဲ့ ကျိန်စာသင့် ကျွန်း



အီတလီနိုင်ငံ Naples ကမ်းရိုးတန်း နဲ့ အနီးအနားမှာ တည်ရှိတဲ့ Gaiola Island ကျွန်းရဲ့ ထူးခြားချက် ကတော့ ပိုင်ရှင် အဆက်ဆက် သေဆုံးကြရတယ်ဆိုတဲ့ အချက်ပါဘဲ။ ဒီကျွန်းကို ပိုင်ဆိုင်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကိုယ်ကို သေကြောင်းကြံစည်မလား၊ သို့တည်းမဟုတ် အဖြေရှာမရတဲ့ သေဆုံးခြင်းနဲ့ သေမလားဆိုတာသာ ရွေးထားပေတော့လို့ ဆိုပါတယ်။

ဒါကြောင့် ဒီ ကျွန်းကို ပွဲစားတွေ အိမ်ခြံမြေ အကျိုးဆောင်တွေက ၀ယ်ဖို့ မပြောနဲ့ မျက်လုံးနဲ့တောင် ငဲ့ မကြည့်ကြဘူးလို့ ဆိုပါတယ်။ ဒီကျွန်းကို ရှေးဟောင်းရောမ လူမျိုးတွေက ဗီးနပ်စ်ရုပ်တု ပါတဲ့ ဘုရားကျောင်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒီကျွန်းရဲ့ မမြင်နိုင်တဲ့ ထူးဆန်းမှုတွေကြောင့် 1880 ခုနှစ်မှာ ရသေ့ကြီး တစ်ဦးက The Wizard လို့  အမည်ပြောင်ပေးခဲ့ပါ တယ်။

ဒီကျွန်းမှာနေခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ် ကတော့ နာမည်ကျော် ရိုမန် ကဗျာဆရာ Virgil ဖြစ်ပါတယ်။ သူဟာ ကျောင်းသား ဘ၀ကို အဲဒီ ကျွန်းမှာပဲ နေထိုင် ကုန်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းဟာ ကမ်းခြေနဲ့ ကပ်နေလို့ ရေကူးပြီး သွားမယ်ဆို သွားလို့ရပါတယ်။ ဒါပေမယ့် အခုထက်ထိ ဘယ်သူမှ အဲဒီ ကျွန်းလေးနဲ့ ပင်မ  ကမ်းခြေဘက်ကို လက်ပစ်ကူးတဲ့သူ မရှိသေးပါဘူး။





သမိုင်းကြောင်းအရ 1880 ၀န်းကျင်လောက်မှာ The Wizard ကျွန်းဟာ မုန်တိုင်းမိလာတဲ့ တံငါသည်တစ်ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ တံငါသည်ဟာ မှော်အတတ်ကို တတ်မြောက်သူဖြစ်ပါတယ်။ မုန်တိုင်းစဲတော့ ဒီကျွန်းကနေ ထွက်ခွာသွားပြီး အဆောက်ဦ တစ်ခု တည်ဆောက်ကာ ကျိန်စာတွေ ထားခဲ့ပုံရတယ်လို့ ဒေသခံတွေ ယူဆခဲ့ပါတယ်။


အဲဒီနောက် ဘယ်သူမှ ကျွန်းပေါ်ကို သွားရောက်နေထိုင်ခြင်း မရှိတော့ပါဘူး။ 1920 မှာ ဆွဇ်ဇာလန် စီးပွားရေး သမား Hans Braun က ပိုင်ဆိုင်ခဲ့ပြီး မကြာမီမှာ ၎င်းဟာ ကျွန်းပေါ် အတက် လှေကားရင်း မှာ ဒဏ် ရာ မရှိဘဲ သေဆုံးနေခဲ့ပါတယ်။ အဲဒီနောက် သူ့ ဇနီးဟာ ရေနစ်သေဆုံးခဲ့ပါတယ်။
နောက်ထပ် ပိုင်ရှင် ကတော့ ဂျာမန် လူမျိုး Otto Grunback ဖြစ်ပြီး ကျွန်းပေါ်က Villa မှာ အခြားပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ Maurice-Yves Sandoz နဲ့ အတူ အပန်းဖြေနေစဉ် နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ မ ကြာ ပါဘူး Sandoz လည်း ကျွန်းပေါ်မှာပဲ မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့ပါတယ်။
ဒီနောက်မှာတော့ Fiat ကုမ္မဏီ ပိုင်ရှင် Gianni Agnelli က ဒီကျွန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီကျွန်း ကို ပိုင်ဆိုင်ပြီးနောက် ဆွေးမျိုး သားချင်းတွေ ထူးထူး ဆန်းဆန်း သေဆုံး ကုန်လို့ အမြန်ပြန်ရောင်းခဲ့ရပါတယ်။ အဲဒီနောက် မှာတော့ သန်းကြွယ် သူဌေး Paul Getty  က ဒီကျွန်းကို ၀ယ်ခဲ့ပါတယ်။ မကြာပါဘူး သူရဲ့မြေး လုပ်ကြံ ခံခဲ့ရပါတယ်။

နောက်ဆုံး ပိုင်ရှင်ကတော့ အာမခံ ကုမ္မဏီ လုပ်ကိုင်ခဲ့တဲ့ Gianpasquale Grappone ဖြစ်ပြီး ဒီကျွန်း ကို ၀ယ်လိုက်ပြီး ကာမှ ကုမ္မဏီ အရှုံးပေါ်ခဲ့ပါတယ်။ အကြွေးတွေ မဆပ်နိုင်လို့ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပါတယ်။ 
လက်ရှိ အချိန်မှာတော့ ကျွန်းကို ပိုင်ဆိုင်သူ မရှိတော့ပါဘူး။ အီတလီ အစိုးရက Campania နယ်မြေအုပ်ချပ်မှုအောက်မှာ ထိမ်းသိမ်း ထားပါတယ်။ အဲဒီ ကျွန်းကို ၀ယ်မယ် ဆိုရင်လည်း အလကားပေးတောင် မ၀ယ်ပါနဲ့လို့ ပွဲစားတွေက သတိပေးမှားကြားခြင်း ခံထားရတဲ့ ကျွန်းပါ။

နတ်စည်တော် (Shwemom) 
source : thesun.co.uk

No comments:

Post a Comment