17 May 2017

ဂြိုဟ်တု ဓာတ်ပုံများအရ စွမ်းအားထက် နျူဒုံးကျည်များ ပိုင်ဆိုင်ထားတဲ့ ကင်ဂျုံအန်



ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများ အရ ကင်ဂျုံအန် ရဲ့ နျူ ဒုံးကျည်များဟာ ယခင် ထင်ထားတာထက်ပို၍ အင်အားကြီးမားတဲ့ လက်နက်များဖြစ်နေပြီး တာဝေးပစ် ဒုံးကျည်ဖြစ်နေတဲ့ အတွက် အမေရိကန်နိုင်ငံ အလက်စကာ နဲ့ ဟာဝိုင်အီ ပြည်နယ် အထိ ပစ်ခတ်နိုင်တဲ့ လက်နက်များဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို လေ့လာ အကဲခတ်နေတဲ့ စစ်ရေး ကျွမ်းကျင်အဖွဲ့များဟာ ဂြိုဟ်တု ဓာတ်ပုံများမှတစ်ဆင့်တွေ့ရှိခဲ့မှု အရ မြောက်ကိုရီးယား နိုင်ငံဟာ နျူ ဒုံးကျည်များကို အဆင်မြှင့်တင်မှုများပြုလုပ်နေပြီး မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်စခန်းကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများအရ ဟွာဆောင် – ၁၂ (Hwasong-12) ဒုံးကျည်များကို တွေ့ရှိ ခဲ့ပြီး ဒီ ဒုံးကျည်များဟာ မိုင်ပေါင်း ၄၅၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်များဖြစ်ပြီး အမေရိကန်ပိုင် ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းရှိ ဂွမ်ကျွန်း  (Guam)၊ ဟာဝိုင်အီ ကျွန်းနှင့် အလက်စကာ ရှိ စစ်အခြေစိုက် စခန်းများကို တိုက်ခိုက်နိုင်ပါတယ်။

စစ်ရေး ကျွမ်းကျင်သူများ ကတော့ မြောက်ကိုရီးယား ရဲ့ နျူ ဒုံးကျည်များ စမ်းသပ်မှုများ မအောင်မြင်ခြင်းဟာ Programme ကြီး တစ်ခုလုံး မအောင်မြင်ခြင်း မဟုတ်ဘူး လို့ပြောဆိုနေကြပြီး ဂျိုးဇက် အက်စ် ဘာမြူဒက်ဇ် (Joseph S. Bermudez )က ဝေါစရိဂျာနယ် နဲ့ အင်တာဗျုးတစ်ခုမှာ ” ကျွန်တော် ပူပန်နေတာက နျူ စမ်း သပ်မှုကို ပူပန်နေတာမဟုတ်ပါဘူး။



သူတို့ဟာ သူတို့ရဲ့   ဒုံးကျည်ကို လက်တွေ့ကျကျ တိုးတက်အောင် ပြုလုပ်နေခြင်းကို ကျွန်တော်တို့ ပူ    ပန်နေတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ လက်တွေ့မှာ နျူဒုံးကျည်ကို တိုးတက်အောင်ပြုလုပ်ပြီး ခဏခဏ စမ်းသပ်နေတာ ဖြစ်ပါတယ်။သူတို့ဟာ မြေဆွဲအားသုံးပြီး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ကို စမ်းသပ်နေခြင်း ကို ကျွန်တော် ပူပန်မိပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ မြောက်ကိုရီးယား အကျပ်တည်း ပြဿနာထဲကို ၀င်ရောက် ပါဝင်လာခဲ့ပြီး  ” မြောက်ကိုရီးယားနိုင်ငံ ကို ခြိမ်းခြောက်နေခြင်းကို အမေရိကန်နိုင်ငံ အနေဖြင့် ရပ်တန့် သင့်ပြီး ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးနိုင်တဲ့ အဖြေတစ်ခု ရှာဖို့ကြိုးစားရမယ် လို့ပြောကြားခဲ့ပါတယ်။ 





တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ပူတင်ဟာ ” ကျွန်တော်တို့ဟာ နူကလီးယား လက်နက်များ အသုံးပြုခြင်းကို ချွင်းချက်မရှိ ဆန့်ကျင်ပါတယ်။ နျူကလီးယား လက်နက်များ စမ်းသပ်နေခြင်းဟာ အန္တရာယ်များတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

ကင်က သူရဲ့ မြေဆွဲအားသုံးပြီး ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ( ballistic missiles) နဲ့ နျူကလီးယား ထိပ်ဖူးတပ်ပြီး ပစ်ခတ်ဖို့ ကြိုးစားနေခြင်း အပေါ် အိမ်ဖြူတော်မှ ထုတ်ပြန်ချက် ကတော့ ” မြောက်ကိုရီးယားနိုင်ငံ ရဲ့ နျူဒုံးကျည် စမ်းသပ်ချက် တစ်ခုက ဂျပန်နိုင်ငံထက် ရုရှားနိုင်ငံနဲ့ ပိုပြီး နီးကပ်နေပါတယ်။

 မြောက်ကိုရီးယားနိုင်ငံဟာ အရင်ကတည်းက ပြောင်ပြောင် တင်းတင်း ရန်စနေတဲ့ နိုင်ငံဖြစ်ပါတယ်။ တောင် ကိုရီးယားနိုင်ငံ နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒီအခြေအနေကို စောင့်ကြည့်နေပြီး အမေရိကန်နိုင်ငံဟာ သူရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ နောက်ဆုံးအချိန်ထိ ရပ်တည်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေကို စောင့်ကြည့်ပြီး တုံ့ပြန်သွားမှာပါ  ” လို့ထုတ်ပြန်ခဲ့ပါတယ်။



Arkar Hein (Shwemom)
Ref : The Sun

No comments:

Post a Comment