17 August 2017

စာပေကျမ်းဂံ လာ ဆဲပုံ ဆဲနည်း (၁၀) မျိုး



အခုတစ်လော ဆဲကြ ဆိုကြတဲ့ အသံတွေ မိုးမွှန်နေအောင် ကြားနေရပေသည် ။ တစ်ကယ့် လူရိုသေ ရှင်ရိုသေ ဆရာတော်ကြီးတွေပါ မချန် ရစရာ မရှိအောင် ဆဲနေကြသဖြင့် ခုခေတ် လူတွေ မသိသေးသော စာပေ ကျမ်းဂံလာ ဆဲပုံ ဆဲနည်းများ ရေးပြချင်စိတ် ပေါက်လာလေသည်။

စာပေ ကျမ်းဂံလာ ဆဲနည်း တို့သည် ရှေး နှစ် ထောင် ပေါင်းများစွာ ကာလက ဆဲနည်း ဆိုနည်းတွေဆိုတော့ ပေါရဏ= ရှေးအလွန်ကျသော ဆဲနည်းမျိုးတွေဖြစ်သဖြင့် တစ်ချို့သော ဆဲနည်းများ ယခုခေတ် လူငယ်များနား လည်နိုင်မည်မဟုတ်ပေ။ 

တစ်ချို့သော ဆဲနည်းများသည် လူပုဂ္ဂိုလ်များ နားမလည်နိုင် ရဟန်း အချို့သာ နားလည်နိုင်လေသည် ။ အချို့သော ဆဲနည်း မျိုးများကား ရဟန်းတော်တွေ ကိုယ်တိုင်တောင် နားမလည်နိုင်တော့ပေ ။ (ဓနိဋ္ဌက သ၀ိဋ္ဌကစသော) သိပ်ရှေးအလွန်ကျသော ဆဲနည်းမျိုးများကိုကား နိဿယ ကျမ်းပြုဆရာ အဋ္ဌကထာ ဆရာတို့တောင် နားလည်နိုင်ကြဟန် မတူပေ။

နက်နဲ ခက်ခဲလွန်းသော တိမ်မြုတ်ပျောက်ကွယ်နေသော ဆဲနည်းများကို ဖေါ်ထုတ်ချင်လိုစိတ်ပေါက်လာပေသည်။ အဆဲသင်ပေးဖို့ မဟုတ် ဗဟုသုတ အကျိုးငှါ ရေးသား တင်ပြခြင်းသာဖြစ်ပေသည် ။ မိမိ ရေးသား တင်ပြခြင်း မပြုပါက လူသာမန်တို့ ဗဟုသုတ အဖြစ် သိခွင့်ရတော့မည် မဟုတ်ပေ။ 

တစ်ကယ်တော့ (မြတ်စွာဘုရားရှင် ၏ စကားတော် မှန်သမျှသည် သစ္စာလေးပါးမှ လွတ်သော စကားမည်သည် မရှိသောကြောင့် ဆဲနည်း ဆိုနည်း ဆိုပေမဲ့ အကုသိုလ်တွေ ထုတ်ဖေါ်နေသည်ဟု မထင်စေချင်ပါ ။ သစ္စာလေးပါးမှ မလွတ်သော တရားသာ ဖြစ်ပေသည် ။)

ဆဲနည်းသည် အကျဉ်းအားဖြင့် ဆယ်မျိုးဖြစ်သော်လည်း အကျယ်ကတော့ ရာကျော် ထောင်ကျော်ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ခုခေတ် လူတို့ ဆဲနေကြသည့် ဆဲနည်း မျိုးများသည် ဆဲနည်း ဆယ်မျိုး အနက် အဘယ့်ဆဲနည်းထဲ ပါသည်ကို မိမိတို့ ဖာသာ ဆင်ခြင် သုံးသပ်ကြစေလိုပါသည်။

ဆဲ-ဆိုသော စကားကို ပါဠိလို သြမသတိ ဟု ဆို၏ ။ ထိုသြမသတိ ကို မြန်မာပြန်ပါက ဆဲရေး ၏ ကဲ့ရဲ့၏ လို့ပြန်ရ၏ ။ ထို့ကြောင့် ဆဲရေးခြင်းမှာ ကဲ့ရဲ့ခြင်း လည်းပါလေ၏ ။ အလိုမကျလို့ ကဲ့ရဲ့ အပြစ်တင်ခြင်းသည်လည်း ဆဲရေးခြင်း တစ်မျိုးပင်။

ဆဲရေးခြင်း ဆယ်မျိုးကား----
၁။ ဇာတိ
၂။ နာမ
၃။ ဂေါတ္တ
၎။ ကမ္မ
၅။ သိပ္ပ



၆။ အာဗာဓ
၇။ လိင်္ဂ
၈။ ကိလေသ
၉။ အာပတ္တိ
၁၀။ အက္ကောသ ။   တို့ဖြစ်ပေသည်။


ဆဲရေးခြင်း တစ်မျိုး တစ်မျိုး၌ ယုတ်ယုတ်မာမာ ဆဲနည်းမျိုးနှင့် ခပ်ပါးပါး မြင့်မြင့်မြတ်မြတ် ဆဲနည်း ဟူ၍ နှစ်မျိုးစီ ရှိပေ၏။


၁။ ဇာတိ= အမျိုးဇာတ်ဖြင့် ဆဲရေးခြင်း။
ဥပမာ= ဒွန်စဏ္ဍားမျိုး = အလုပ်အကိုင် နိမ့်ကျသူ၊ ခွက်လက်စွဲ၍ တောင်းစားသူ၊ သူတောင်းစား၊ သူဖုန်းစား၊ ဖုန်းတောင်းယာစကာ၊ ဖက်ခွက်စား၊ အမျိုးယုတ်၊ ခွေးသားစားသော ဒွန်စဏ္ဍား၊ သူသေကောင်စွန့်ပစ်သော ဒွန်စဏ္ဍား၊ သုဿာန်စောင့်၊ သုဘရာဇာ ။ ဖိနပ်ပြင် ထီးချုပ်စသော အဟောင်း အပျက်ကိုပြုပြင်သော ဒွန်စဏ္ဍား။ သားရေနယ်သမား၊ ပန်းမှိုက်သွန်၊ ကပြား၊ မိမဆုံးမ ဖမဆုံးမသား၊ မိမစစ် ဖမစစ်သား၊ ၀ရမ်းပြေးနှင့် ဖာသယ်မ စပ်မွေးသောသား စသည် (အယုတ်တစ်မာ ဆဲနည်းနှင့်) 

သူက မင်းမျိုး မင်းနွယ်တဲ့ဗျား၊ ပုဏ္ဏားမျိုးတဲ့ဗျား။ (အလောင်းစည်သူ) ဆရာဝန်ကြီးတဲ့ဗျား (ကျားဖင်သွားမနှိုက်နဲ့ မြွေပွေးသွားမထိနဲ့) ဟိုပုဂ္ဂိုလ်ကြီးရဲ့ မြေးတဲ့ဗျား၊ ဟစ်တလာ အမျိုးအနွယ်တဲ့ဗျား စသည် မြှောက်သလိုလိုနှင့် နှိမ်ချသော (အမြတ်ဖြင့် ဆဲနည်းမျိုး) များ။ (နောက် ဆဲနည်းများကို အယုတ် အမြတ် မခွဲတော့ပါ)

၂။ နာမ = အမည် နာမဖြင့်ဆဲနည်း၊
ဥပမာ .....  ကျွန်၊ ဘုရားကျွန်၊ ကျွန်သပေါက်၊ နားရွက်ပြတ်သောကျွန်၊ နှာယောင်ကောက်သောကျွန်၊ ငွေဝယ်ကျွန်၊ အိမ်ပေါက်ကျွန်၊ သုံ့ရကျွန်၊ မျက်စိတစ်ဖက်ကဏ်း တဲ့ကောင်လေး၊၊ ဗိုက်ကြီးသယ်မ၊ (ဆင်းရဲသူကို) သူဌေးသား၊ သူဌေးကြီး၊ သူဌေးကြီး ဦးကပ်စီး၊ သူဌေးကဒေါ်၊ (မပု၊ ဒေါ်တင်ရွှေ) ကုလ၀ဎုက= ကလေးများများမွေးသူကို ရှင်မွေးလွန်း၊ ငါးစိမ်းသယ်မသား။ သူခိုး၊ ဂျဘိုး ဂျလေဘီ၊ ကာလနာတိုက်၊ မြွေဆိုးကိုက်၊ မိုးကြိုးပစ်၊ မသာကောင်၊ မသာလောင်း၊ လောင်မီးကျ၊ အမွေခံဆိုး၊ ခွေးသား ၀က်မြေး ကျီးသမက် ကြက်ယောက်ဖ၊ ခွေးမျိုး၊ ခွေးဇာတ်ခင်းနေကြတယ် စသည် နှင့် ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား၊ ကြောင်သူတော် ကြွက်သူခိုး၊ အနေအထိုင်ကောင်းသူကို ဘုရားလိုလို တရားလိုလို ရဟန္တာလိုလို၊ မနက်ဖြန်ပွင့်တော့မဲ့ ဘုရားကြီး ကျနေတာပဲ၊ ၀ိနည်းဓိုရ် လိုလို ရွှေကျင်လိုလို စသည်ဖြင့် မြှောက်သလိုလိုနှင့် မြင့်မြတ်သော ကဲ့ရဲ့ ဆဲနည်းများ။

၃။ ဂေါတ္တ = အမျိုးအနွယ်ဖြင့် ဆဲရေးနည်း
ဥပမာ= ကောသိယအမျိုး၊ ဘာရဒွါဇမျိုး၊ ၀မ်မျိုး အမိယုတ်မျိုး၊ အဖယုတ်မျိုး၊ မိန်းမယုတ်မျိုး၊ အနူမျိုး၊ ဇတ်ဇတ်ကျဲ အထိမခံ အော်ကြောလန်အမျိုး လက်ရဲ ဇက်ရဲအမျိုး ကော်တရာ ကပ်စီးနဲအမျိုး စသည်နှင့် ဘုရားမျိုးတဲ့ဗျား မောဂ္ဂလ္လာန် အမျိုးတဲ့ဗျား ကစ္စန=အချောမျိုးတဲ့ဗျား၊ မျိုးကောင်း မျိုးသန့်တဲ့ဗျား၊ ဆွေကြီး မျိုးကြီးတဲ့ဗျား လူသာရူးပေမဲ့ ဘုန်းမရူးဘူး အကျင့်သီလနှင့် ဆိုရင် ရွှေကျောင်းနှင့် မတန် မြက်ကျောင်းနှင့်သာတန် သည် စ သည် မြှောက်သလိုလိုနှင့် ကဲ့ရဲ့သော ဆဲနည်းမျိုးများ။

၎။ ကမ္မ = လုပ်ငန်းဖြင့် ဆဲရေးခြင်း
ဥပမာ = လက်သမား၊ ကျောက်ဆစ်သမား၊ အမှိုက်ကြုံးသမား ဘင်(ချေး) ကြုံးသူ စည်ပင်သာယာ ၊ ပုလိပ် ၊ ပန်းရံ၊ ဆိုက္ကားသမား၊ သံတို သံစရောင်းဝယ်၊ အိမ်သာကျင်းတူး အုန်းပင်တက်၊ ဒါးသွေး ကပ်ကြေးသွေး၊ ဒံအိုး ဒံခွက် မုန့်တောင့်နှင့်လဲ၊ ပလပ်စတစ်ကောက်၊ ဇာတ်သမား၊ ကချေသယ်၊ အနှိပ်သယ်၊၊ မုတ်ဆိုး တံငါ၊ လိင်လုပ်သား၊ လယ်သမား၊ ကုန်သည် ပွဲစား မွေးမြူရေး စသည်။

၅။ သိပ္ပ =  အတတ်ပညာဖြင့် ဆဲရေးခြင်း
ဥပမာ= ထရံကာ ဖျာယက်၊ အိုးဖုတ်၊ သစ်ခုတ်၊ ထင်းခွေ၊ ရေခတ်၊ ယက္ကန်းခတ်၊ သားရေနယ် ခ၀ါသည်၊ ဆေတ္တာသည်။ ခေါင်းရွက်ဗျက်ထိုးဈေးသယ်၊ နတ်ကဒေါ် ဦးရှင်ကြီးတင်သူ ကွက်စိတ် ဆရာ ဘိတ်သိပ် ဆရာ သိုင်းဆရာ စသည်နှင့် ၊ ဟူးရား ဂဏန်းခေါ် သင်္ချာဆရာ စာရေး စာချီ၊ ကျူရှင်၊ ဗေဒင် လက္ခဏာဟောစားသူစသည်။
၆။ အာဗာဓ = ရောဂါ ဝေဒနာဖြင့်ဆဲခြင်း
ဥပမာ= နာတာရှည်၊ ၀က်ရူးပြန်၊ ခွေးရုးပြန်၊ ရှုနာ ရှိုက်ကုန်း၊ ပွေး ၀ဲ ညှင်း ဂျွတ် ဒက် ၀က်ခြံ တင်းတိတ်၊ အသဲရောင် အသားဝါ၊ တီဘီအဆုပ်နာ၊ ဂရင်ဂျီ၊ လိပ်ဂေါင်း၊ ရောဂါသယ်၊ လက်ဗရိုစီ၊ ကင်ဆာ၊ H I V ၊ A I D S၊ (အနာထပိဏ်သူဌေး) စသည်။

၇။ လိင်္ဂ = လိင်၊ အသွင်အပြင်ဖြင့် ဆဲခြင်း
ဥပမာ= အခြောက်၊ ဂန်ဒူး၊ မိန်းမလျှာ၊ ယောက်ျားလျှာ၊ ပဏ္ဍုက်၊ ဥဘတောဗျဉ်း (လိင်အင်္ဂါ နှစ်ခုပါသူ) လမ္ဗီ၊ မုဒုပိဋ္ဌိက ခါးရှည်သူ အကြောပျော့၍ မိမိအင်္ဂါစပ် စုပ်နိုင်သူ၊ ဘောကျသူ၊ ကိုယ်ဝန်ဆောင်သူ ရုပ်ကလပ်က စုပ်ပြတ်၊ ရူပါက ချူချာ၊ မဲတူမ၊ မိပိန်သေး၊ ၀က်ပုတ်၊ ပြိတ္တာ၊ ကုလား၊ ကုလားမ၊ ခွေးကုလား၊ ခွေးလခွန်ဆောင်းသူ၊ အရှည်ကြီး၊ ငပု=ဂွတို၊ ခွေးပု၊ ခရုသင်းစွဲသူ   စသည် ။

၈။ ကိလေသာ = လောဘ ဒေါသ စသည်ဖြင့် ဆဲခြင်း
ဥပမာ = လောဘကြီးသူ=နှမြောသူ၊ ဒေါသကြီးသူ=လက်ရဲ ဇက်ရဲရှိသူ၊ မောဟကြီးသူ = သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူ၊ မာနကြီးသူ၊ ဂုဏ်မြင့်သူ ဘ၀င်မြင့်သူ ၊ မိစ္ဆာဒိဋ္ဌိ၊ တွေဝေသူ၊ အရှက် အကြောက်မရှိသူ မနာလို ၀န်တို ဣဿာ မစ္ဆရိယ များသူ စသည်။

၉။ အာပတ္တိ = အာပတ်၊ အပြစ်ဖြင့်ဆဲခြင်း။
ဥပမာ= ရဟန်းများ ဒုက္ကဋ်အာပတ်သင့်သူ၊ သံဃာဒိသေသ်အာပတ်သင့်သူ၊ ပါရာဇိကကျသူ။ ယုံကြည်မှုကို အလွဲသုံးစားလုပ်သူ၊ လာဘ်ပေး လာဘ်ယူသူ၊ ကျွန်ယုံ တစ်ဖက်ကဏ်း သားသမီးယုံ စုံလုံးကန်း စသည်။

၁၀။ အက္ကောသ = တိရစ္ဆာန်၊ လိင် စသည်ဖြင့် ညစ်ညမ်းသော ဆဲနည်း
ဥပမာ = ခွေး၊ နွား၊ ကြက်၊ ၀က်၊ တိရစ္ဆာန်ကောင်၊ သေရင် ငရဲကျမည့်ကောင်၊ အ၀ီစိ ကျမည့်ကောင်၊ ငရဲအိုး ဂျိုးကပ်မည့်ကောင်၊ ငရဲအိုးဇောက်ထိုး ဆင်းရမည့်ကောင်၊ အပါယ်ကျမည့်ကောင်၊ ဇိကုတ် နတ်ပြည်တင်လို့ မရတဲ့ကောင်၊ ယကာရ ဘကာရ (ယောနိ၊ဘဂ) ကာဋကောဋစိကာယခေါ် မိန်းမယောက်ျား အင်္ဂါဇာတ် များဖြင့် အယုတ်တမာ ဆဲနည်း အမျိုးမျိုး တို့ဖြစ်သည်။





ဆဲနည်း အမျိုးမျိုးဖြင့် ဆဲကြသူများသည် ဖြစ်လေရာရာ ဘ၀ တို့၌ လူမုန်း များခြင်း၊ ရန်သူ များခြင်း လာဘ် တိတ်ခြင်း ဆင်းရဲဒုက္ခ အမျိုးမျိုးကြုံရခြင်း မိန်းမလျှာ ယောက်ျားလျှာဖြစ်တတ်ခြင်း ၊ပြိတ္တာဖြစ်ခြ င်း၊ ပြည့်တန်ဆာမဖြစ်ခြင်၊ အမျိုးယုတ်ဖြစ်တတ်ခြင်း၊ အရုပ်ဆိုး အကျည်းတန်ခြင်း နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းထူခြင်း၊ ခံတွင်းအပုပ်နံ့ထွက်ခြင်း၊ အာပုတ်စော်နံခြင်း၊

သွားခေါခြင်း၊ ပြောသော စကား သြဇာ မငြောင်းခြင်း၊ မိမိစကားကို သူတစ်ပါးတို့ မယုံကြည်ခြင်း၊ ချစ်သူနဲ့ လမ်းခွဲရတတ်ခြင်း၊ ခင်မင် ရင်းနှီးသူတို့နဲ့ စိတ်ဝမ်း ကွဲရတတ်ခြင်း၊ ကိုယ်အင်္ဂါ မစုံဘဲ မွေးဖွားရခြင်း၊ စကားမပြီခြင်း၊ သွားမညီခြင်း၊ ကိုယ်ရေ စိုစိုပြည်ပြည် မရှိခြင်း၊နူနာ ဆွံအ နားမကြားခြင်း ရူးနှမ်းခြင်းစသည့် မကောင်းကျိုးများ ခံစားရတတ်ပေသည်။


Credit .. ဦးနန္ဒာစာရ (မုံရွာ)
#ခရက်ဒစ်#


 Myo Myint Aung

No comments:

Post a Comment