18 August 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ဘန်ဒါဘန် ခရိုင်တွင် အနှစ် ၅၀၀ ခန့် အုပ်ချုပ်လာခဲ့သည့် မရမာလူမျိုး စော်ဘွား ဗိုလ်မင်းများ



ဘင်္ဂလားဒေ့်ရှ်နိုင်ငံ စစ်တကောင်းဒေသသည် ရှေးယခင်က မြန်မာ ပိုင်နက်အတွင်း ရှိပြီး မရမာ၊ သက်၊ မြို နှင့် ရခိုင် လူမျိုးများနေထိုင်ခဲ့ကြသည်။ 

စစ်တကောင်းဒေသကို သုံးခရိုင် ပိုင်း၍ ဗိုလ်မင်း ဘုရင်၊ ချက္ကမ ဘုရင်နှင့် မင်း ဘုရင်တို့ ခွဲခြား အုပ်ချုပ် ခဲ့ ကြသည် ။ မရမာနှင့် ရခိုင် လူမျိုး အများကို ကြီးမှူး ရသည့် ဗိုလ်မင်း ဘုရင်သည် ဘုရင်သုံးပါး ၏ အဓိပတိဖြစ်ခဲ့သည်။

ဗိုလ်မင်း ဘုရင်တို့က မိမိ တို့သည် ဒုတိယ မြန်မာနိုင်ငံတော်တည် ဟံသာဝတီပြည့်ရှင် ဘုရင်နောင်
မင်းတရားကြီး၏ သားတော် နန္ဒ ဘုရင်မှ ဆင်းသက်သော အနွယ်တော်များဖြစ်သည် ဟု ယုံကြည်ထားကြသည်။ မှတ်တမ်း မှတ်ရာလည်း အခိုင်အမာ ရှိကြောင်းဆိုသည်။

နန္ဒ ဘုရင်လက်ထက်မှ ယနေ့ခေတ် အထိ စစ်တကောင်းဒေသကို အုပ်ချုပ်ခဲ့သော ဗိုလ်မင်း ဘုရင် နန်းဆက် မှာ ၁၅ ဆက် ရှိပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ထောင်ပြီးနောက်တွင် ဗိုလ်မင်းတို့ အုပ်ချုပ်ရာ စစ်တကောင်းဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရောက်ရှိသွားလေသည်။

ဗိုလ်မင်း တို့သည် အုပ်ချုပ်ရေးအာဏာ မရှိတော့သော်လည်း ဒေသခံ အကြီးအကဲများ၊ ပြည်နယ် တိုးတက်ရေးကော်မတီဝင်၊ အကြံပေး အရာရှိများအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရက ယနေ့တိုင် အသိအမှတ်ပြုကာ အလေးပေး ဆက်ဆံခဲ့သည်။











နှစ်စဉ်နှစ်တိုင်း ဘာသာရေး ဆိုင်ရာ အခမ်းအနားများ၊ ဗိုလ်မင်း တို့၏ မွေးနေ့ပွဲများကို ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းများနှင့် အညီ ကြီးကျယ် ခမ်းနားစွာကျင်းပလေ့ရှိသည်။

တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် အခွန်တော်ကောက်ခံ ပွဲတော်ကြီး ကျင်းပကာ ဒေသခံ မြန်မာ များ၏  အဖူးမျှော် ကို ခံယူသည်။

ပုံမှာ ၁၅ ဆက်မြောက် ဗိုလ်မင်း ဘုရင် Aung Shwe Prue နှင့် သားတော် ၁၆ ဆက်မြောက် ဗိုလ်မင်း
ဘုရင် Mg Chaw Prue တို့ ဖြစ်သည် ။



HteittinNyan

Yan Naing Swe



No comments:

Post a Comment