07 August 2017

၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မြင်တွေ့လာရဖို့ရှိနေတဲ့ နပန်းသမားကြီး The Rock



နာမည်ရင်း Dwyane Johnson ဖြစ်ပေမယ့် ကြိုးဝိုင်း အတွင်းမှာ The Rock ဆိုတဲ့ နာမည်နဲ့ လူသိများတယ် ။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် အတွင်းက အအောင်မြင်ဆုံး နပန်းသမားဘဝကို ဖြတ်သန်းနေတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲ ဝင်လာတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ နာမည်ကျော် ဟောလီးဝုဒ် မင်းသားပေါင်းများစွာကို ကျော်တက်ပြီး တစ်နှစ်တာ ဝင်ငွေ အ ကောင်းဆုံးမင်းသား ဖြစ်လာတဲ့သူက အခုတော့ နောက်ထပ်ခြေလှမ်း အနေနဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါ ပါဝင် ယှဉ်ပြိုင်လာဖို့ ရှိနေပါပြီ။

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ လှုံ့ဆော်ရေး အဖွဲ့ကိုလည်း တရား ဝင် ဖွဲ့စည်းလိုက်တာ တွေ့ရသလို Run the Rock 2020 ခေါင်းစဉ်နဲ့ ဒီအဖွဲ့ကနေ လာမယ့် အိမ်ဖြူတော်မှာ သမ္မတနေရာ ရရှိရေး အတွက် လုပ် ဆောင်သွားတော့မယ်လို့ ဆိုပါတယ်။ အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ခြင်းနဲ့ လက်ရှိ ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်မှုကိုတော့ The Rock ကိုယ် တိုင် လုပ်ဆောင်နေတာ မဟုတ်ဘဲ Kenton Tilford အမည်ရှိ ကိုယ်စားလှယ် နဲ့ ဆောင် ရွက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကလည်း The Rock က နည်းဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်ကြိုးစားသွားမှာပါလို့ အခုအ ကြောင်းနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ဖြေကြားခဲ့တာလည်း တွေ့ရပါတယ်။ လက်ရှိ သမ္မတ ထရမ့်နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းမှုမှာလည်း ကျနော်သာ သမ္မတ တ ယောက်ဆိုရင် အလွန်ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ 

အရေး ကြီးတာတွေကို လုံးဝ မမှားယွင်းစေရ အောင် လုပ်ဆောင်မယ် ။ ခေါင်းဆောင်ဟာ နိုင်ငံ တစ်နိုင်ငံအတွက် အရေးအပါဆုံးပါ ။ အားလုံးအတွက် တာဝန်ခံနိုင်စွမ်း ရှိရမယ် လို့ ယူဆမိပါတယ်လို့ ဖြေသွားပါ တယ်။

ဒါပေမယ့် ခေါင်းဆောင်ဟာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အားလုံးကို တာဝန်ယူရမယ် ဆိုတာကို လူတိုင်းကတော့ လက်ခံချင် မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လက်မခံချင်သူတွေကို လက်ခံအောင် ကျနော်  လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆို တော့ ကျနော်လည်း ပြည်သူ တစ်ယောက်ဖြစ်လို့ပါပဲ ။ ကျနော်တို့ လုပ်ဆောင်သမျှ အကျိုးဆက်ကို ကျနော်တို့ ခံစားရမယ် ။

သ ဘောထားတွေ ကွဲလွဲမှုတွေ ရှိချင် ရှိမယ် ။ ဒါပေမယ့် ကိုယ့်ကို လက်မခံသူတွေကို လိုက်ပြီး တောင်းဆိုနေဖို့ မလိုအပ်ဘူး၊ ဒါပေ မယ့် သူတို့အတွက်ပါ အကောင်းဆုံး လုပ်ဆောင် ပေးသွားဖို့ပဲ လိုအပ်တာပါလို့ သူက ဆက်ပြောသွားတာလည်း တွေ့ရပါ တယ်။


ဒီလို The Rock ရွေးကောက်ပွဲ ဝင်မယ့် သတင်း ထွက်လာပြီး မကြာခင်မှာပဲ သူဟာ Saturday Night အစီအစဉ်ရဲ့ ရုပ်သံ ရိုက်ကူးမှုကို လက်ခံခဲ့ပြီး အစီအစဉ် ရိုက်ကူးခဲ့ပေမယ့် အဆိုပါ အစီအစဉ်မှာတော့ ရွေးကောက်ပွဲ ဝင်မယ့် အကြောင်းနဲ့ပတ် သက်ပြီး သူ့ရဲ့ဒုတိယသမ္မတ နေရာကိုပါ ထားရှိ ဆောင်ရွက်စေမယ့် နောက်ထပ် နာမည်ကျော် တစ်ဦးနဲ့ တွဲဖက် တက်ရောက် ခဲ့တာပါ။

ဒီ အစီအစဉ်မှာ ..... ကဲ အစီအစဉ်လေး စလိုက်ရအောင်ဗျာ၊ အခု ကျနော် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အစီအစဉ်လေးတွေ လုပ် နေ ပါတယ် ။ ပြီးတော့ ကျနော့်မှာ အကောင်းဆုံး အထောက် အပံ့ပေးမယ့် တွဲဖက်လည်း ရှိနေပါပြီ ။ 

သူကလည်း ကျနော့်လို လူ တိုင်းသိတဲ့ သူပါပဲ၊ အရမ်းလည်းတော်တယ် ။ တစ်ကမ္ဘာလုံးက သိပြီး သဘောကျတဲ့သူပါ ဆိုပြီး The Rock က အစီအစဉ် ထဲကို နောက်ထပ် ဝါရင့်မားသားကြီး Hansky (Tom Hanks) ကို ခေါ်ထုတ်လိုက်ပါတယ် ။ Hansky ရေ ကျနော် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူးလို့ စကား စပါတယ် ။ ကျနော် ပါမယ်ဗျာ  ဆက်ကြိုးစားရအောင်လို့ ဆက်ပြောပါတယ် ။ 

ဒါဆိုရင်တော့ The Rock ဟာ ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Tom Hanks နဲ့ တွဲဖက်မြင်လာရဖို့ ရှိနေပြီး အခြား ဟောလီးဝုဒ် မင်းသား တစ်လက်ဖြစ်တဲ့  Kanye West ကလည်း ရွေးကောက်ပွဲ ၀င်ဖို့ ရှိမယ်လို့ သတင်းထွက်နေတာကြောင့်  ၂၀၂၀ ရွေးကောက်ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းနေမှာ အမှန် ဖြစ်နေပါပြီ ။



ချစ်ဖေ (တောင်တွင်းမြေ)
Ref; www.firsttoknow.com

No comments:

Post a Comment