29 August 2017

Twitter Media အသုံးပြုပြီး မီဒီယာ တိုက်ခိုက်ရေး နည်းစနစ်များ




"" Twitter ဘာကြောင့် သုံးရတာလဲ ""

Twitter  မီဒီယာ ဟာ..ကမ္ဘာမှာ လူဦးရေ  Total Number of Monthly Active Twitter Users:328 million Last updated: 8/12/17၂၀၁၇ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့နောက်ဆုံး စာရင်းအရ ၃၂၈ သန်း အသုံးပြုနေပြီး ၊Facebook မီဒီယာထက် စာရင်တော့..သန်းနှစ်ထောင်ကျော် သုံးနေတဲ့ Facebook ထက် နဲတယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမယ့်  Twitter Features တွေက ပိုမို လုံခြုံမှူပေးနိုင်တာရယ်။ Privacy နဲ့ Media တွေ အတွက် ပိုထိရောက်မှူတွေ ရှိတာရယ်၊ နိုင်ငံတစ်ကာ အကြီးအကဲတွေ လက်ခံသုံးစွဲနေကြတာရယ်၊ US နိုင်ငံသား သန်း ၇၀ နီးပါးက အများဆုံး အသုံးပြုနေကြတာတွေရယ်ကြောင့် နိုင်ငံတစ်ကာကို တင်ပြတဲ့သတင်းတွေဟာ တွစ်တာမှာ ပိုမိုထိရောက်စေတော့တာဖြစ်ပါတယ်။

Facebook မီဒီယာက သုံးစွဲသူ User အနေနဲ့ ရှုပ်ထွေးပြီး သတင်းမှန် ရရှိဖို့ခက်ခဲတဲ့ အတွက်နိုင်ငံတစ်ကာ မီဒီယာတွေကTwitter ကို ပိုမိုပြီးယုံကြည်တဲ့ အလေ့အထ ဟာလည်း အနောက်နိုင်ငံတွေမှာ ထွန်းကားနေလျှက်ရှိပါတယ်။

ဒါကြောင့်မို့ Twitter Media အသုံးပြုပြီး မီဒီယာ တိုက်ခိုက်ရေး နည်းစနစ်ကို ရေးသား တင်ပြရတာပဲဖြစ် ပါတယ်။


"" Twitter မှာ အသေးစိတ်ဆောင်ရွက်ရန် အချက်များ "'
**********************************************************
...Twitter အကောင့် ရယူပုံနဲ့ အကြမ်းဖျဉ်း အသုံးပြုနည်းတွေကိုတော့ ကျွန်တော်အောက်က Link မှာရေးပြခဲ့ပြီးဖြစ်ပါတယ်။ ပြန်လေ့လာနိုင်ပါတယ်။

https://www.facebook.com/myanmarsitthwe/posts/517523231944266?hc_location=ufi

..............................................................................

ဒီတော့..Twitter အကောင့်တစ်ခု လက်ထဲရောက်လာပြီ ဆိုရင်၊ အသေးစိတ်ဆောင်ရွက်ရမည့် အချက်တွေရှိလာပါတယ်။ သူ့ရဲ့ အသုံးအနှုန်းတွေကလည်း ကွဲပြားပါတယ် ။ အောက်ပါ အချက်တွေသတိထားပါ။

၁။ Facebook မှာ Post ကို Twitter မှာ Tweet လို့သုံးပါတယ်။







၂။ Facebook မှာလို Tag လုပ်တာကို ပုံကို အရင် Upload လုပ်ပြီး Tweet မလုပ်ခင်၊ ပုံရဲ့ဘယ်ဖက်အေက်မှာ Who is in this Photo? ဆိုတဲ့ စာလုံးနဲ့ဖော်ပြပါတယ်။ အဲ့ဒီ စာကိုနှိပ်မှ Tag လုပ်မည့် အကောင့်တွေကို ရှာနိုင်တဲ့ Search Box ကျလာမှာဖြစ်ပါတယ်။ (အသေးစိတ် ပုံနဲ့ဖော်ပြထားပါတယ်)


၃။ Facebook မှာ Add Friend လုပ်ပြီး လက်ခံရပေမည့် Twitter မှာ ကျတော့ မိမိ မိတ်ဆွေ အကောင့် ကို Follow ပဲ နှိပ်ပေးရပါတယ်။ Following ပေါ်နေရင် သူနဲ့ မိတ်ဆွေဖြစ်တဲ့ သဘောဖြစ်ပါတယ်။

၎။ Facebook မှာ See First လုပ်တာကို လုပ်ချင်ရင်တော့ သက်ဆိုင်ရာ ကြည့်ချင်တဲ့ အကောင့်ကို ၀င်ပြီးညာဖက်ထိပ်က အစက် သုံးစက်ကို နှိပ်ပြီးဝင်ရပါတယ်။ အဲ့ဒီမှာတွေ့တဲ့ Account Notification ကို အမှန်ခြစ်ပေးပြီး သူတင်သမျှ ကိုယ်သိနေမည့်Tools ကိုသုံးထားပါတယ်။





























မိတ်ဆွေ ရှာဖွေခြင်း
**********************
...Twitter မှာ မိတ်ဆွေ ရှာနည်းတွေများပါတယ်။ ပထမ သိရမှာက.Account Name နဲ့ @on Name ပဲဖြစ်ပါတယ်။ 

ဥပမာ-ကျွန်တော့အကောင့်ဆိုရင် အခုလိုပေါ်ပါတယ် Moe Kyaw @moe16kyaw လို့ပေါ်ပါတယ် ။ရှေ့ က Moe Kyaw က အကောင့်အမည်ဖြစ်ပါတယ် ။ နောက်က @moe16kyaw က @on Name ဖြစ်ပါ တယ် ။ 

@on Name ကို ဘယ်လို သုံးတာလဲဆိုရင် Post (Tweet) လုပ်တဲ့အခါ တိုက်ရိုက်ရောက်ရှိစေရန် ဖန်တီးထားတာဖြစ်ပါတယ်။

.ဒီတော့ မိတ်ဆွေရှာမယ် ဆိုရင် သူ့အကောင့်အမည် တစ်ခုထဲနဲ့ ရှာရခက်ပါ လိမ့်မယ်။ @on Name ကိုပါသိမှ ရှာရလွယ်ပါတယ်။ Search Box ထဲမှာ ကျွန်တော့အကောင့်ကို ဒီလိုရှာရပါမယ်။

 Moe Kyaw@moe16kyaw လို့ရိုက်ထည့်ရမှာပါ။ အခြားသူတွေကိုလည်း ဒီတိုင်းပဲရှာရပါတယ် ။ အလွယ်နည်း ကတော့ကျွန်တော့ကို ရှာမယ်ဆိုရင် @ လေးကို ဖယ်ပြီး moe16kyaw (တစ်ဆက်တည်း မခြားရ) ရိုက်ရှာရ ပါတယ်။

အခြားသူများကိုလည်း ဒီအတိုင်းရှာပါ။ ဒါမှ မတွေ့ရင်တော့အစအဆုံး အထက်ကဖော်ပြသလို ရိုက်ရှာရပါ မယ်။ အကောင်းဆုံး ကတော့ ကျွန်တော် ပုံတင်ထားသလို မိမိ Profile ပုံကိုပြသပြီး ရှာစေခြင်းက အလွယ်ဆုံးဖြစ်ပါတယ်။

...ရှာနည်း ကတော့Search Box က ရှာလို့ ရသလို မိမိရဲ့ Time Line လို့ခေါ်လို့ရတဲ့ ခေါင်းလောင်းပုံ Noti Bar လေးကို နှိပ်ပြီးကျလာတဲ့ ပုံတွေကနေ တွေ့တဲ့အကောင့်တွေကိုနှိပ်ပြီး Followလုပ်လို့ရပါတယ်။

...Facebook နဲ့ မတူတာက မိတ်ဆွေဖြစ်တာမရှိပါဘူး အပြန်အလှန် Follow လုပ်တာပဲ ရှိပါတယ်။ အပြန်အလှန် မက်ဆေ့ပို့လို့ ရသလို Tweet လည်း လုပ်လို့ရပါတယ်။ ကိုယ်တင်တာတွေကို ကိုယ့်ကို Follow လုပ်ထားသူက သာမြင်နိုင်ပြီး မလုပ်ထားသူတွေက မတွေ့နိုင်ပါဘူး။ ဒါကြောင့် သူတို့သိစေချင်ရင် သူတို့ ဆီ တိုက်ရိုက် Tweet လုပ်ပေးရတာဖြစ်ပါတယ်။


Tweet လုပ်ခြင်း
*****************
Facebook မှာ Post လုပ်သလို Tweet လုပ်ရပါတယ်။ စာလုံးချည်းပဲက ၁၄၀၊ ဗီဒီယိုက 50 Mb ၊ ဓါတ်ပုံက ၄ ပုံ၊ LiveVideo က၂မိနစ်စာ တင်လို့ရပါတယ်။ ဓါတ်ပုံ ၄ ပုံ တွဲ တင်နည်း ဖုန်းနဲ့တင်နည်းကို ပုံနဲ့ရှင်းပြထားပါတယ်။


Facebook ထက် အားသာချက်က Post လုပ်တဲ့ စာရေးတဲ့နေရာမှာ@on Nameတွေ တိုက်ရိုက်ထည့်ပြီးအကောင့် ၁၅ ခု နီးပါလောက်ကို တိုက်ရိုက်ပို့နိုင်တာဖြစ်ပါတယ်။

ဒီအချက်ဟာ အရေးကြီးတဲ့ စွမ်းဆောင်ချက် တစ်ခုဖြစ်ပါတယ်။
သူ့ရဲ့ အားနဲချက်က စာလုံးရေ နဲတဲ့အတွက် ပုံနဲ့ စာလုံးတွေ တွဲပြီး ထည့်သွင်းတာက အားသာချက်ရရှိစေမှာဖြစ်ပါတယ်။


.......................................................................................

Twitter Media အသုံးပြုပြီး မီဒီယာတိုက်ခိုက်ရေး နည်းစနစ်
***************************************************************
...Twitter Media အသုံးပြုပြီး သတင်းတွေကို စနစ်တစ်ကျ ဖြန့်ချိတော့မယ် ဆိုရင် .မိမိရဲ့Community ကြီးမားဖို့လိုပါတယ်။ ဒီလိုကြီးမားဖို့အတွက် အပြန်အလှန် Follow လုပ်ထားတဲ့ အကောင့် အုပ်စုကြီး အနဲဆုံးထောင် ဂဏ္ဍန်း ရှိရပါလိမ့်မယ်။

..ဒီလိုရှိဖို့အတွက် ကျွန်တော့ Post အောက်က Link က Post မှာ Comment ရေးထားတဲ့ မိတ်ဆွေများ အပြန်အလှန် စတင် Follow လုပ်ကြဖို့လိုအပ်ပါတယ်။

https://www.facebook.com/myanmarsitthwe/posts/517668185263104
....................................................................


.ဒီလိုရှိပြီးပြီ ဆိုရင်တော့..ထောင်ဂဏ္ဍန်း ရှိတဲ့ Community တစ်ခုဟာ မိမိတို့ပေးပို့ မည့် ပစ်မှတ်ရွေး ချယ် သတ်မှတ်ရပါတယ်။

ဒီလို သတ်မှတ်ရာမှာ.အောက်ပါ အချက်တွေနဲ့အခြေခံရပါတယ်။

၁။ နိုင်ငံတစ်ကာသို့ဖြန်ချိပေးနိုင်သည့် ဒေသအလိုက် အကြီးဆုံးသော မီဒီယာကြီးများ
၂။ နိုင်ငံတစ်ကာ အကြီးအကဲများနှင့် ၄င်းတို့၏ လက်အောက်ခံဌာနများ
၃။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ..တို့ပဲဖြစ်ပါတယ်။

...........................................................................

ဒီလိုရှိပြီးပြီ ဆိုရင်တော့..အခု ကျွန်တော့ အနေနဲ့အပိုဒ် ၁ က ဌာနတွေကို Post Box ကနေ ပို့စေချင်ပါ တယ်။

ဒီလို ပို့တဲ့ပုံကို လူတိုင်းက ပြန် Save ပြီးပြန်ပို့ရုံ မက Re-tweet ခလုပ်ကိုပါ နှိပ်ပေးရင် အကြောင်းအရာတစ်ခုကို လူထောင်နဲ့ချီတဲ့ ပေးပို့မှူပေါင်းထောင်သောင်းမကဟာ သက်ဆိုင်ရာ ပစ်မှတ်တွေကိုရောက်ရှိသွားတော့မှာပဲဖြစ်ပါတယ်။

..................................................................................

လုပ်စေချင်သည့် အချက်များ
*****************************
၁။Tweet လုပ်တိုင်း #Myanmar စာလုံးထည့် ရိုက်ပေးပါ ။ (Tweet Box တွင်ဖြစ်ပါတယ် )

၂။Tweet Box က တိုက်ရိုက်ပို့ရမည့် အကောင့်တွေကို ကျွန်တော်နှစ်ပိုင်းခွဲပေးထားပါတယ်။
နှစ်ခါပို့ပေးကြပါ။ ဒီအကောင့်တွေဟာ ကမ္ဘာ့တိုက်ကြီး အားလုံးက အကြီးဆုံး မီဒီယာတွေဖြစ်ပါတယ်။
(ဒီနေရာက ကော်ပီ လုပ်ပြီး လိပ်စာတွေ သိမ်းထားပေးပါ.ဒါမှမဟုတ်Twitter မှာ တန်းထည့်လို့ရပါတယ်။)

@SkyNewsAust @abcnews @aawsat_eng @NewsNowUK
@dailytelegraph @Independent @WhiteHouse @FairladyMedia @ChannelNewsAsia@nytimes @staronline
............................................................................
@yandexcom @RT_com @Reuters @EU_Commission @eu_eeas @cxense @SputnikInt @PutinRF_Eng @POTUS @realDonaldTrump @DonaldJTrumpJr @AbeShinzo


..............................................................................

၃။ ဒီမီဒီယာတွေနဲ့ လူတွေကို တိုက်ရိုက်ပို့ပြီးရင် UN နဲ့သက်ဆိုင်တဲ့ အဖွဲ့တွေကိုတော့ မိမိဘာသာ မိမိ ရှာပို့လိုက်ကြရမှာ ဖြစ်ပါတယ်။

၎။ မီဒီယာ လွှမ်းမိုးမှူကို တိုက်ဖျက်ဖို့ မီဒီယာတွေကို အရင် ဦးစားပေးပြီး သတင်းစစ်ပွဲ ဆင်နွှဲကြရမှာဖြစ်ပါတယ်။

ရှောင်ရန် အချက်များ
**********************
၁။ မိမိရရှိသော ဓါတ်ပုံပေါ်တွင် စာလုံးဝ မရေးပါနှင့်၊ ကျွန်တော့ အကောင့်တွင် တင်ထားသလို မိမိ ရေးလိုသော စာကို ပုံအပေါ်တွင်ရေးပြီးဖြန့်ပါ။

၂။ဆန့်ကျင်ဖက် အဖွဲ့များကို စကားသွားမပြောပါနှင့်၊ သူတို့တင်တာကိုသာ စောင့်ကြည့်ရန်ဖြစ်ပါသည်။  သူတို့အတွက် အချိန်ပေးခြင်းက မိမိရည်မှန်းချက် မအောင်မြင်နိုင်ပါ။

၃။ ပုံအတု သတင်းအတု များကို Re-Tweet မလုပ်မိပါစေနှင့်။

......................................................................
...အားလုံးရေးပြရင် ဆန့်ကျင်ဖက် အဖွဲ့တွေလည်းမြင်နေတာကြောင့် ဒီလောက်ဆိုရင် လုံလောက်ပြီထင်ပါတယ်။ ကျွန်တော် ထူထောင်တဲ့ Twitter Community မှာ ပါဝင်ပြီး မြန်မာနိုင်ငံကြီးရဲ့အချုပ်အခြာ အာဏာ အတွက် ကျရာနေရာက ပါဝင်လိုက်ကြရအောင်လားဗျာ။

(မှတ်ချက် ။ ကျွန်တော် သိသလောက်သာ ရေးပြထားပါတယ်။ ကျွန်တော့ထက် သိသောတတ်သော သူများကိုလည်း Welcome ပါ။ ပူးပေါင်းဆောင်ရွက်ပါမယ်။

အကြံပေးချက် ညွှန်ကြားချက်တွေလည်း Comment Box မှာရေးပေးနိုင်ပါတယ်။) ဖတ်ရှူသူများကိုကျေးဇူးတင်ပါတယ်။


No comments:

Post a Comment