06 September 2019

ငို နေ တာ လား ရီ နေ တာ လား




ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး စေ ရန် အ တွက် ဘဏ် များ တွင် အ ဓိ က တာ ဝန် ရှိ နေ ပြီး စီး ပွား ရေး လုပ် ငန်း ရှင် များ ကို ထပ် မံ ဖြေ လျှော့ ပေး ရန် အ စီ အ စဉ် မ ရှိ ကြောင်း ဗ ဟို ဘဏ် ဒု တိ ယ ဥ က္က ဌ ဦး စိုး သိန်း က သြ ဂုတ် ၂၇ ရက် နေ့ က ပြု လုပ် တဲ့ လွှတ် တော် အ စည်း အ ဝေး မှာ ပြော ခဲ့ တယ် ။

ဘဏ် မှာ အ ကြွေး ဆပ် ဖို့ နဲ့ အ တိုး ပေး ဖို့ က လုပ် ငန်း ရှင် တွေ ရဲ့ တာ ဝန် ဖြစ် တာ ကြောင့် ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ နေ တာ ဟာ ဘဏ် လုပ် ငန်း တွေ ကြောင့် မ ဟုတ် ဘူး လို့ လည်း NLD စီး ပွား ရေး ကော် မ တီ တာ ဝန် ရှိ သူ က ပြော သွား တယ် ။
ပြည် သူ က အပ် နှံ ထား သော ငွေ ကြေး များ မ ဆုံး ရှုံး ရန် ဘဏ် များ မှာ သာ အ ဓိ က တာ ဝန် ရှိ နေ ပြီး ထပ် မံ ဖြေ လျှော့ ပေး ဖို့ အ စီ အ စဉ် မ ရှိ ဘူး ဆို တာ မှာ ဘယ် ကိ စ္စ တွေ ကို ထင် သာ အောင် ဖြေ လျှော့ ပေး ထား လဲ ဆို တဲ့ မေး ခွန်း က စ ပြော ရ ပါ မယ် ။
ပြည် သူ့ ပိုက် ဆံ တွေ မ ဆုံး ရှုံး ဖို့ ဘဏ် မှာ ပဲ တာ ဝန် ရှိ တယ် ဆို တဲ့ စ ကား က အ မှန် ပဲ ဖြစ် တယ် ။
ဒါ ပေ မဲ့ ဘဏ် တွေ အ ပေါ် ကို တာ ဝန် ရှိ သူ တွေ အာ ဏာ ရှိ သူ တွေ လွှမ်း မိုး မှု တွေ ရှိ သ လား ဆို တာ အ ဖြေ တစ် ခု ဖြစ် လိမ့် မယ် ။ ဘာ ဖြစ် လို့ လဲ ဆို တော့ YBS ကိ စ္စ နဲ့ ပတ် သက် ပြီး ကျော် နေ ဝင်း ပြော ခဲ့ တဲ့ အ ထဲ မှာ အ သံ ဖိုင် ဖွင့် ပြ မယ် ဆို တဲ့ ကိ စ္စ တစ် ခု ပါ တယ် ။ ပွင့် ပွင့် လင်း လင်း ရေး ပြ ပြီး ဆွေး နွေး ချင် ပေ မယ့် တ ရား စွဲ ခံ ရ မှာ စိုး လို့ မ ပြော တော့ ပါ ဘူး ။
ဘဏ် ချေး ငွေ အ တွက် မျက် ရည် ကျ တာ ဘဏ် လုပ် ငန်း ကြောင့် မ ဟုတ် ဘူး လို့ ဆို တဲ့ စ ကား လည်း အ မှန် ပဲ ။ ဒါ ပေ မဲ့ လုပ် နေ တဲ့ အ လုပ် တွေ ကို ရပ် ပစ် တာ သင် တို့ ပ ယော ဂ မ ပါ ဘူး လို့ ပြော ချင် လို့ လား လို့ မေး ရင် ဘယ် လို ပြန် ဖြေ မ လဲ ။


မြန် မာ နိုင် ငံ စီး ပွား မှာ ချေး ငွေ တွေ ယူ ပြီး လုပ် နေ တဲ့ အ လုပ် တွေ နှေး ပြီး ရပ် သွား စေ တာ ဘယ် ကိ စ္စ ကြောင့် ဘယ် သူ့ ကြောင့် ဆို တာ ကို အ စ က ပြန် ရှင်း ပြ နေ ဖို့ လို အုံး မယ် မ ထင် ပါ ဘူး ။ ဒီ ကိ စ္စ လည်း အ သေ အ ချာ အ ချက် အ လက် နဲ့ ထောက် ပြ ချင် ပေ မယ့် တ ရား စွဲ ခံ ရ မှာ ကြောက် လို့ ကိုယ့် ဖာ သာ ကိုယ် တွေး ယူ ကြ ပေ တော့ ပေါ့ ။
နိုင် ငံ တော် အာ ဏာ ကို ယူ ထား ပြီး နိုင် ငံ သား တွေ ဖြစ် နေ တာ ငါ တို့ တာ ဝန် မ ဟုတ် ဘူး လို့ ပြော တာ ကိုယ့် လိပ် ပြာ ကိုယ် လုံ ကြ ပါ ရဲ့ လား ။ မျက် နှာ လွှဲ သ လို ဖြစ် နေ တယ် လို့ မ ခံ စား ကြ ရ ဘူး လား ။
မ သိ နိုင် တဲ့ သူ တွေ ကို နည်း နည်း သိ အောင် ရှင်း ပြ ပြီး အောက် ဖဲ တစ် ချပ် လှန် ပြ ပါ မယ် ။ တစ် ချို့ စိတ် ဆိုး ကြ လိမ့် မယ် လျှို့ ဝှက် ချက် ထုတ် ပြော လို့ ။
အ ခု ဘဏ် ချေး ငွေ တွေ အ တိုး တွေ မ ဆပ် နိုင် ပေ မယ့် အ စိုး ရ က မ ရ ဘူး ပြန် ဆပ် ရ မယ် ၊ မ ဆပ် နိုင် ရင် တ ရား စွဲ မယ် အ ပေါင် ပ စ္စည်း သိမ်း မယ် ဖြေ လျှော့ မ ပေး နိုင် တော့ ဘူး ဆို တဲ့ မူ ကို ကိုင် ထား တယ် ။
လုပ် ငန်း ရှင် တွေ က လည်း အ လုပ် အ ကိုင် တွေ တ စ် ကယ် မ ကောင်း လို့ ပြန် မ ဆပ် နိုင် ဘူး ။ တ ရား စွဲ လည်း ခံ ကြ မယ် ပေါ့ ။
ကောင်း ပြီ ။ လုပ် ငန်း ရှင် တွေ က အ ပေါင် ပ စ္စည်း တွေ သိမ်း ဖို့ တ ရား စွဲ တာ ကို လက် ခံ ပြီး လက် မှတ် ထိုး လိုက် တာ နဲ့ ဘဏ် တွေ တ ရား စွဲ ဖို့ စီ စဉ် ကြ တော့ မယ် ။ အဲ့ ဒီ ကာ လ က စ ပြီး အ တိုး မ တွက် ရ တော့ ဘူး ။
ဘဏ် က နေ အိမ် ကို လေ လံ ပစ် ဖို့ အ မိန့် ထုတ် ပြီး လေ လံ ပစ် မယ် ။ လေ လံ ပစ် လို့ ရ တဲ့ ပိုက် ဆံ ကို ဘဏ် ချေး ငွေ ရယ် အ တိုး ရယ် တွက် ယူ ပေါ့ ။ ကျန် တာ အိမ် ပိုင် ရှင် ကို ပြန် ပေး ။
လေ လံ ပစ် တဲ့ အ ခါ မှာ လည်း ဘဏ် က စ ချေး ငွေ ပေး ထား တဲ့ ရာ ဖြတ် ဈေး ရှိ တယ် ။ 1sqft ကို ဘယ် လောက် ဆို ပြီး ။ အ ခု ဈေး တွေ က အဲ့ လောက် မ တန် တော့ ဘူး ။ ဘဏ် က တော့ နောက် ဆုံး ရ တဲ့ ဈေး နဲ့ ရောင် မယ် ။ ဥ ပ မာ.......
အိမ် ကို ရာ ဖြတ် ဖြတ် ထား တဲ့ ဈေး က သိန်း ၁၀၀၀၀ ထား ပါ တော့ ။ အ ခု လေ လံ ပစ် တာ သိန်း ၅၀၀၀ ထောင် ပဲ ပေး တယ် ။ ဘဏ် က သူ့ ချေး ငွေ ( သိန်း ၄၀၀၀ ထား ပါ တော့ ) ပြန် ရ တော့ ရောင်း မယ် ။ အိမ် ပိုင် ရှင် က အဲ့ ဒီ ဈေး မ ရောင်း ဘူး ဘဏ် နဲ့ ဝယ် သူ ညှိ ထား တာ ပါ ၊ ဘဏ် က ဖြတ် ထား တဲ့ သိန်း ၁၀၀၀၀ ဈေး ပေး မှ ရောင်း ခွင့် ပြု မယ် ၊ အ နည်း ဆုံး ၈၀၀၀ ပေး မှ ရောင်း မယ် ဆို ပြီး တ ရား ရုံး ကို ပြန် အ မှု တွဲ တင် မယ် ဆို ဘာ လုပ် မ လဲ ။
အိမ် ပိုင် ရှင် က လည်း သူ့ အိမ် ကို တန် ရာ တန် ကြေး လို ချင် မှာ ပဲ ။ တ စ် ကယ် ပဲ ဘဏ် နဲ့ ဝယ် သူ လက် ဝါး ရိုက် ထား ရင် ကော ဘယ် လို လုပ် မ လဲ ။
ဒီ ဖြစ် စဉ် တွေ အား လုံး ပြီး ဖို့ ၃ နှစ် လောက် ကြာ မယ် ။
အဲ့ ဒီ ၃ နှစ် အ တွင်း မှာ ချေး ငွေ ယူ ထား တဲ့ သူ က ပိုက် ဆံ ပြန် ပေါ် လို့ နောက် ဆုံး နေ့ မှ ပြန် ရွေး နိုင် မယ် ဆို ရင် တောင် အ မှု ရုပ် သိမ်း ပြီး ပြန် ရွေး ခွင့် ပေး ရ မယ် ။
ဒါ အိမ် တစ် လုံး တည်း ကို လုပ် ရ မှာ မ ဟုတ် ဘူး ခန့် မှန်း ချေ အိမ် ၅၀၀၀ က နေ ၁၀၀၀၀ အ တွင်း ရှိ တယ် ။ အဲ့ ဒီ ကိ စ္စ တွေ အား လုံး ပြီး အောင် လုပ် ဖို့ လက် ရှိ ဖြစ် နေ တဲ့ ရာ ဇ ဝတ် မှု တို့ ၊ မူး ယစ် ဆေး ဝါး မှု တို့ ၊ မု ဒိန်း မှု တို့ အ စ ရှိ တဲ့ တ ရား ရုံး က အ မှု တွေ ဘယ် လောက် ကြန့် ကြာ ကုန် မ လဲ ။
အား လုံး လည်း ပြီး ရော ဘဏ် တွေ အား လုံး အိမ် ခြံ မြေ ရောင်း ဝယ် ရေး ပြောင်း လုပ် ကြ ပေ တော့ ။ ဘဏ် လုပ် ငန်း တွေ လည်း ဒေ ဝါ လီ ခံ လိုက် ကြ ပေ တော့ ။ ပြည် သူ တွေ ပိုက် ဆံ မ ဆုံး ရှုံး ဖို့ ဘဏ် တွေ မှာ ပဲ တာ ဝန် ရှိ တယ် ဆို တော့ ဘဏ် တွေ ကို တာ ဝန် ခံ ထား တဲ့ ဗ ဟို ဘဏ် က ဗိုလ် ချုပ် ပုံ တွေ နဲ့ ပိုက် ဆံ တွေ ရိုက် ထုတ် ပြီး ဝင် ဆပ် ပေး ကြ ပေါ့ ။
တ ကယ် ကို ဖြစ် လာ နိုင် မယ့် သက် ရောက် မှု ကို မြင် ပြီး ပါ ပြီ လား ။
အ စိုး ရ က အ ဆင် မ ပြေ တဲ့ သူ တွေ ကို အ ဆင် ပြေ အောင် ဘယ် လို လုပ် ပေး ရင် ရ မ လဲ လို့ စိတ် က လေး ရှိ ရင် ကို အ ဆင် ပြေ ပါ တယ် ။
လို အပ် တဲ့ အ မိန့် က လေး နဲ့ ထိမ်း ပေး ၊ လို အပ် ရင် Tax amnesty လို အ ချိန် အ ကန့် အ သတ် နဲ့ လုပ် ပေး ။ အဲ့ လို လေး ဖြေ လျှော့ ပေး လိုက် ပြီး စီး ပွား ရေး သ မား လုပ် ငန်း ရှင် တွေ ကို ရှင် သန် ခွင့် ဆက် ပေး လိုက် ရင် အ ကုန် ပြန် အ ဆင် ပြေ မယ့် ကိ စ္စ ကို အ ဓိ ပ္ပါယ် မ ရှိ ငါ တို့ မှာ တာ ဝန် မ ရှိ ဘူး လို့ ပုတ် ထုတ် ကြ တာ မ မှန် ပါ ဘူး ။
ဒီ လို ဖြေ လျှော့ ပေး တဲ့ ကိ စ္စ တွေ ကို တစ် က မ္ဘာ လုံး မှာ ကိုယ် တစ် နိုင် ငံ တည်း လုပ် ပေး ရ တာ လဲ မ ဟုတ် ပါ ဘူး ။ ကိုယ့် နိုင် ငံ သား တွေ အ ခက် အ ခဲ ဖြစ် ခဲ့ ကြ တဲ့ နိုင် ငံ တိုင်း လုပ် ပေး ခဲ့ ကြ ပြီး နိုင် ငံ ဆင်း ရဲ တွင်း ထဲ က ဆွဲ တင် သွား ကြ တာ သာ ဓ က နိုင် ငံ တွေ အ များ ကြီး ပါ ။
နိုင် ငံ ထဲ မှာ ဖြစ် နေ တဲ့ ကိ စ္စ နိုင် ငံ အာ ဏာ ယူ ထား တဲ့ အ စိုး ရ က တာ ဝန် မ ရှိ ဘူး ၊ တာ ဝန် မ ယူ ဘူး ဆို ရင် တာ ဝန် ရှိ ပါ တယ် ၊ တာ ဝန် ယူ ပါ မယ် ဆို တဲ့ အ စိုး ရ ကို မျှော် လာ ကြ လိမ့် မယ် ။
အ ခွန် တွေ လျှော့ ပေး ပါ လို့ ဆောက် လုပ် ရေး အ သင်း ဥ က္က ဌ ဦး ရှိန် ဝင်း တောင်း ဆို ခဲ့ တာ လည်း အ သိ အ မှတ် မ ပြု ခဲ့ ဘူး ။ Tax amnesty တစ် နှစ် တန် သည် နှစ် နှစ် တန် သည် လုပ် ပေး ပါ ဆို တာ လည်း ဂ ရု မ စိုက် ခဲ့ ဘူး ။ ဒါ လေး တွေ လုပ် ပေး လိုက် ရင် ကို အ ခု အ ချိန် ဘာ ပြ ဿ နာ မှ မ ရှိ တော့ ဘူး ။
ရင် ဝ မှာ စိုက် နေ တဲ့ မြား ကို စွဲ ထုတ် ဖို့ လုပ် မှာ လား အဲ့ ဒီ မြား ကို ဘယ် သူ ပစ် လိုက် တာ လဲ ၊ ဘယ် သူ့ ကို ထိ သွား တာ လဲ ၊ ဘာ လို့ ပစ် လိုက် တာ လဲ ၊ ဘယ် က ပစ် လိုက် တာ လဲ လို့ စုံ စမ်း နေ မှာ လား လို့ မေး ရ မယ် ။ အ ခု အဲ့ လို့ လိုက် မေး နေ တယ် ။
အ ခု မြန် မာ နိုင် ငံ မှာ အ ခွန် ကိ စ္စ တွေ ၊ ဘဏ် ကိ စ္စ တွေ လျှော့ ပေါ့ ပေး ဖို့ ပြော ရင် အဲ့ ဒီ လို မ ဆိုင် တာ တွေ နဲ့ လမ်း လွှဲ ပစ် နေ ကြ တယ် ။ အ ခွန် ကို နည်း နည်း ပဲ ဆောင် တော့ မှာ ပေါ့ တို့ ၊ Black money တွေ ဝင် လာ မှာ ပေါ့ တို့ ၊ အ ဘ အ ဆက် ခ ရို နီ တွေ ထိ တာ ကောင်း တယ် တို့ ၊ မူး ယစ် ဆေး ဝါး တို့ နဲ့ ဘယ် နိုင် ငံ က များ လာ ထောက် ပံ့ ပေး မ လဲ လို့ မျှော် လင့် ချက် တွေ တိုင်း ပြည် အ ပျက် ကို ထိုင် စောင့် နေ ကြ သ လို ဖြစ် နေ တယ် ။
ကိုယ့် ပြည် တွင်း အား ကို လုံး ဝ အ သုံး မ ချ ဘူး ။
ဒီ တစ် ခု ထည့် မ ရေး ချင် ပေ မယ့် စဉ်း စား လို့ ရ အောင် အောက် ဖဲ တစ် ချပ် လှန် ပြ မယ် ။
လုပ် ငန်း ရှင် တွေ က တ ရား အ စွဲ ခံ ချင် နေ ကြ တာ ဆို တာ ကို တာ ဝန် ရှိ သူ တွေ သိ ကြ ပါ ရဲ့ လား ။ တ ရား စွဲ လိုက် ရင် အ တိုး မ ပေး ရ တော့ ဘူး ။ အ မှု မ ပြီး မ ချင်း ကိုယ် ပိုက် ဆံ ရှိ တဲ့ အ ချိန် ပြန် ရွေး လို့ ရ တယ် ။ ခ ရို နီ တွေ မျက် ရည် ကျ နေ တယ် ဆို တာ တ ရား မ စွဲ သေး လို့ ကျ နေ ကြ တာ ။
ကိုယ် သိ တဲ့ ခ ရို နီ တိုင်း တစ် လ ကို အ တိုး ချည်း ပဲ သိန်း ပေါင်း သောင်း နဲ့ ချီ ပေး ဖို့ ရှိ တယ် ။ တစ် သောင်း ပဲ ထား ။ တစ် နှစ် ကို သိန်း ပေါင်း တစ် သိန်း နှစ် သောင်း သက် သာ သွား ပြီ ။ တ ရား ရုံး မှာ ၃ နှစ် လောက် အ မှု ကြာ နေ ရင် သိန်း ပေါင်း သုံး သိန်း ခွဲ ကျော် သက် သာ သွား ပြီ ။ ခ ရို နီ ဆယ် ယောက် ဆို သိန်း ပေါင်း သုံး သန်း ကျော် ။ ခ ရို နီ ၅၀ လောက် ရှိ တယ် ဆို တယ် ။
ဗ ဟို ဘဏ် စာ ရင်း အ ရ ဆို ချေး ထား တာ ကျပ် ဘီ လီ ယံ ( ၂၄၀၀၀ ) ရှိ တယ် ပြော တယ် ။ ပျမ်း မျှ တစ် လ ကို အ တိုး ဘီ လီ ယံ ၂၀၀ ။ တစ် နှစ် ကို ဘီ လီ ယံ ၂၄၀၀ ။ ၃ နှစ် ကို ဘီ လီ ယံ ၇၂၀၀ ။ တ ရား အ စွဲ ခံ ပြီး ၃ နှစ် လောက် နေ မှ ပြန် ရွေး ပါ မယ် ဆို ရင် ဘဏ် တွေ သေ ပြီ ဆ ရာ ပဲ ။
မ ဖြေ လျော့ ပါ ဘူး ဆို ပြီး တ ရား စွဲ ရင် အဲ့ ဒီ ပြ ဿ နာ တွေ ကြုံ လိမ့် မယ် ။ ဒါ ဆို တ ရား မ စွဲ ပဲ ထား ရင် ကော အ တိုး တွေ အ ရင်း တွေ ဆပ် ကြ မှာ လား ဆို တော့ မ ဆပ် နိုင် ပါ ဘူး အ ခု လို ပဲ ဆက် ဒု က္ခ တွေ ဖြစ် နေ အုံး မှာ ပဲ ။
ဒါ ဆို ဘာ လုပ် ရ မှာ လဲ ဆို ရင် တစ် က မ္ဘာ လုံး က ဒီ မို က ရေ စီ နိုင် ငံ တွေ လုပ် သ လို စီး ပွား ရေး လုပ် ငန်း ရှင် တွေ အ လုပ် လုပ် နိုင် အောင် ဆောင် ရွက် ပေး ဖို့ ပဲ ရှိ ပါ တယ် ။
လုပ် သင့် တာ က အ စိုး ရ က ဘဏ် တွေ အ ခက် အ ခဲ မ ဖြစ် အောင် စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ဖြေ လျှော့ မှု တွေ ပေး ရ မှာ ။ သူ တို့ လုပ် ငန်း တွေ လွယ် လွယ် ကူ ကူ လည် ပတ် နိုင် ဖို့ ပံ့ ပိုး ပေး ပြီး အ ကြွေး တွေ ပြန် ဆပ် နိုင် အောင် လုပ် ပေး ရ မှာ ။
အ လုပ် အ ကိုင် တွေ အ ဆင် ပြေ မှ အ ကြွေး တွေ ပြန် ဆပ် နိုင် မယ် ။ အ လုပ် အ ကိုင် တွေ အ ဆင် ပြေ ရင် အ ကြွေး ပြန် ဆပ် မယ့် လူ တွေ ချည်း ပဲ ။
အ ခု လုပ် ငန်း ရှင် တွေ ကို ကျပ် လိုက် တာ ဘဏ် တွေ ထိ မှာ ။ လုပ် ငန်း ရှင် တွေ က အ တိုး ပေး စ ရာ မ လို တော့ ဘူး သက် သာ သွား ပြီ ။ ဘဏ် တွေ စ ငို တော့ ပေါ့ ။
အား လုံး ရဲ့ တစ် ခု တည်း သော အ ကောင်း ဆုံး ထွက် ပေါက် က လုပ် ငန်း ရှင် တွေ ကို အ လုပ် လုပ် နိုင် အောင် ပံ့ ပိုး ပေး ပြီး အ ကြွေး တွေ ပြန် ဆပ် နိုင် အောင် လုပ် ပေး ဖို့ တစ် ခု တည်း ရှိ တယ် ။
ပြော လို့ မ ရ ဘူး အ ခု ဘာ ဖြစ် တယ် ညာ ဖြစ် တယ် ပြော နေ တဲ့ သူ တွေ ကို ခ ရို နီ တွေ အ ကွက် ဆင် ထား တာ လား ဆို တာ ။
လုပ် ငန်း ရှင် တွေ က အ တိုး မ ပေး ရ ၊ ဘဏ် တွေ အ တိုး မ ရ ၊ တ ရား ရုံး မှာ အ မှု တစ် သောင်း လောက် ရောက် လာ ၊ လက် ရှိ အ မှု တွေ ကြန့် ကြာ ၊ ကြာ ရင် ဘဏ် တွေ ပြို လဲ ၊ အ စိုး ရ လည်း မ အောင် မြင် ။
အ ခု ထပ် ပြီး ဖြေ လျော့ မ ပေး တော့ ဘူး ဆို တဲ့ သူ တွေ ကို တစ် ခု မေး မယ် ။ ဖြေ လျော့ ပေး လိုက် လို့ စီး ပွား ရေး လုပ် ငန်း ရှင် တွေ အ လုပ် ပြန် လည် ပတ် နိုင် ပြီး အ ကြွေး တွေ ပြန် ဆပ် နိုင် ပါ တယ် ဆို ရင် သင် တို့ အ ကျိုး ဘာ များ ထိ ခိုက် သွား လို့ ပါ လဲ ။
မ နှစ် က ဒီ အ ချိန် နေ ပြည် တော် ကွန် ဗန်း ရှင်း စင် တာ မှာ နိုင် ငံ တော် အ တိုင် ပင် ခံ နဲ့ ကုန် သည် တွေ တွေ့ ဆုံ ပြီး အ ခွန် တွေ ချ ပေး ဖို့ တောင်း ဆို တာ မှတ် မိ သေး တယ် ။ အ တိုင် ပင် ခံ က က တိ က ဝတ် အ နေ နဲ့ တောင် တောင်း ဆို ခဲ့ သေး တယ် ။ အဲ့ ဒီ တုန်း က သာ စီး ပွား ရေး လုပ် ငန်း ရှင် တွေ တောင်း ဆို တာ လုပ် ပေး ခဲ့ ရင် အ ခု သိ သိ သာ သာ တစ် ခု ခု ဖြစ် နေ လောက် ပြီ ။
အ နည်း ဆုံး တက် လမ်း ဦး ရှိန် ဝင်း တောင်း ဆို တာ မှန် မ မှန် သိ ရ ပြီ ။ မ မှန် ရင် သူ့ က တိ အ တိုင်း သူ့ ကို ပြန် လျှော် ခိုင်း လိုက် ရုံ ပဲ ။ အ ခု တော့ ဘာ မှ ဖြစ် မ လာ တဲ့ အ ပြင် ပို ဆိုး လာ တယ် ။
အဲ လောက် တွေး ကြည့် မိ လား ။ တွေး မိ ရင် ဘယ် သူ နာ တာ လဲ ဆက် တွေး ။ ဒါ ကို အ စိုး ရ ဖက် က ဖြေ လျှော့ မ ပေး တော့ ဘူး ဆို ပြီး ဟိန်း လိုက် ဟောက် လိုက် လုပ် နေ တာ ရီ တဲ့ သူ တွေ ရီ နေ လိမ့် မယ် ။
အ ခု အ စိုး ရ လည် တယ် ဆို တာ ခ ရို နီ တွေ အိပ် နေ သ လောက် ပဲ ရှိ တယ် ။ ခ ရို နီ တွေ ကို လုပ် လိုက် တာ ငါ ကွ လို့ တော့ ပျော် ပျော် ကြီး လက် မ ထောင် လို့ တော့ ရ မှာ ပေါ့ ။
သူ တို့ တွေ ကျိတ် ရီ နေ ကြ လိမ့် မယ် ။
တစ် လျှောက် လုံး စီး ပွား ရေး ကောင်း အောင် လုပ် ပါ လို့ တိုက် တွန်း ခဲ့ တာ ရေး ရေး တော့ မြင် လာ နိုင် ကောင်း ပါ ရဲ့ လို့ တွေး မိ တယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၃၁ ၊ ၈ ၊ ၂၀၁၉
မိုး တင့် ဆွေ
၎ ၊ ၉ ၊ ၂၀၁၉
ဗု ဒ္ဓ ဟူး ။


No comments:

Post a Comment