28 September 2019

မြန်မာပြည်က လူတွေ မညီညွတ်တာကို ကမ္ဘာကတောင် သိနေပြီ




တစ်လောက ဘုန်းကြီးရန်ကုန်သွားတော့ Mahachulalongkorn University  က ပါမောက္ခ အဆင့် နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်က ဘုန်းကြီး ကို ဘာမေးတုန်း ဆိုတော့-...


"အရှင်ဘုရား မြန်မာပြည်မှာ မြန်မာတွေ မညီညွတ် ဘူး"လို့ ကြားတယ်တဲ့ ဘုန်းကြီးက "အေး ဟုတ်တယ်" လို့..

သူက " ဘာကြောင့်လဲ" တဲ့..
ဘုန်းကြီးက "ဘာကြောင့်မှ မဟုတ်ဘူး" လို့ " တို့ လူမျိုးတွေရဲ့ သွေးသားကြောင့်ဖြစ်တာ" လို့ ဖြေလိုက်တယ်..


"မြန်မာ လူမျိုးတွေဟာ"
"one man show နဲ့ hero တွေချည်းပဲ" လို့ အကုန်လုံး.. " တစ်ကယ့် သူရဲကောင်းတွေပဲ" လို့ မြန်မာပြည် က လူတွေက..ဘယ်ကိစ္စပဲ လုပ်လုပ် one man show တစ်ကိုယ်ကောင်း လုပ်ကြတယ်.. ။ စုပေါင်း လက်တွဲလုပ်တဲ့ အကျင့် အင်မတန်မှ အားနည်း တယ်..။


သူ့ထက်ငါ သာဖို့အတွက် ကြိုးစားကြတယ် one man show ပေါ့ ။
တစ်ယောက်ထဲ ကောင်းတာကိုပြချင်တယ်..
အဖွဲ့အသင်း နဲ့ အောင်မြင်တာကို မလိုချင်ကြဘူး..
တစ်ယောက်ထဲပဲ လုပ်ချင်ကြတယ်..။

"တို့ဆီမှာက hero တွေများတယ်" လို့
အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေတယ်..

ဟုတ်တယ် ဒါဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလည်း ညီညွတ်မှုကို အလေးထားခဲ့ တယ်..။


မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တည်ထောင်တဲ့ အချိန်မှာ နိုင်ငံတော် တံဆိပ် ထဲမှာ ဘာပါသလဲ ဆိုတော့....

" သမဂ္ဂါနံ တပေါ သုခေါ " ဆိုတဲ့ စာတန်းလေး ပါတယ်နော်..

အဓိပ္ပာယ်က ...
"ညီညွတ်သူတို့ ၏ အကျင့်ဟာ ချမ်းသာကြောင်းဖြစ်တယ် " တဲ့..
ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ စာတန်းဟာ ပျောက်ပျက် သွားပြီ မရှိတော့ဘူး..
ဒီတော့ တို့ဆီမှာ ညီညွတ်မှု ဆိုတာ လိုတာ အမှန်ပဲ..


ဒါပေမယ့် လူတွေက " နာနဆန္ဒ နာနက္ခန္တိတာ "
"စိတ်ဆန္ဒချင်း ဟာ မတူညီကြဘူး"
"အတွေးတွေဟာ မတူကြဘူး"..
မတူတဲ့ အတွေးတွေကို ပေါင်းစပ်ထား ဖို့ရာ အတော် ခက်ခဲပါတယ်..။


"one man show" "hero" ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေလို့ ကတော့ ပိုပြီးတော့ ခက်ခဲတာပေါ့..
ဒါကြောင့် ညီညွတ်မှဖြစ်မယ် ညီညွတ်ကြပါ..။

ဒေါက်တာနန္ဒမာလာဘိဝံသ

No comments:

Post a Comment