19 September 2019

မဟာ အောက်တိုဘာ တော်လှန်ရေး ဂျင်း




အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်ပြည်လုံး ယူနီကုဒ်ဖောင့် ပြောင်းသုံးရမယ် ဆိုတဲ့ " မဟာအောက်တိုဘာ တော်လှန်ရေးဂျင်း " မိသွားတဲ့လူတွေ အတော်များသား ... ဟာ ပြောင်းရမယ် ဆိုတော့ ပြောင်းမှပဲပေါ့ ။

တစ်ကယ်တော့ မဟုတ်ပါဘူး ... သာမန်လူ အားလုံး ကိုယ်ကြိုက်တဲ့ ဖောင့် ကို လွတ်လပ်စွာ သုံးလို့ ရပါတယ် ... မီဒီယာတွေရယ် တယ်လီဖုန်းအော်ပရေတာတွေရယ် ကိုပဲ ယူနီကုဒ်ဖောင့် သုံးဖို့ ညွှန်ကြားတာပါ ။


အဲဒါကို တစ်ပြည်လုံးမှာ ရှိသမျှလူ အကုန် မသုံးမနေရ အမိန့်ထုတ် သလိုလို ဘာလိုလိုနဲ့ ဂျင်း ထည့်တာ ကတော့ ကောက်ကျစ်စွာနဲ့ လူတွေကို မလိမ့်တစ်ပတ်လုပ် လှည့်စားပြီး သူတို့ အရူး ထနေတဲ့ ယူနီကုဒ် ကို သုံးအောင် အောက်လမ်းနည်း သုံးတာပဲ ... အဲဒီ ဂျင်း အတော်များများ မိသွားကြတယ် ။


ပိုရယ်ရတာ ရှိသေးတယ် ... ကိုယ့်ဟာ ကိုယ် ကြိုက်လို့ သုံးချင်လည်း သုံးပေါ့ ... ပြဿ       နာ မဟုတ်ပါဘူး ... အဲဒါကိုပဲ တိုင်းပြည် အတွက် အင်မတန် အရေးကြီးတဲ့ လှုပ်ရှားမှုကြီးတစ်ရပ်မှာ တာဝန်ကျေပွန်စွာ ပါဝင်ဆင်နွှဲလိုက် သလိုလို ဘာလိုလို လုပ်နေကြတာကတော့ တစ်ကယ့် ဟာသ မှ ဟာသ စစ်စစ် ။

ရှိသေးတယ် ... ပိုကောင်းဖို့အတွက် ဒုက္ခခံရမယ် ဆိုပဲ ... ပေးဆပ်ခြင်းပေါ့ ... (ပေးဆပ်သူတို့ နှလုံးသား တို့ ... အမွန်မြတ်ဆုံးသော စွန်လွှတ်ခြင်း အဲလေ စွန့်လွှတ်ခြင်း၏ ဘလာ ဘလာ ဘလာတို့ ... ရယူမှု အနည်းဆုံးနဲ့ ပေးဆပ်ခြင်း အများဆုံးတို့ ဘာတို့ ဆိုတဲ့ ကိုယ်ရည်သွေး စကားလုံးတွေ သွားသတိရတယ်) ။

ဒီဖောင့်ကနေ ဟိုဖောင့်ပြောင်းသုံးတာ ကိုယ့်အတွက်က ဒုက္ခများတာက လွဲလို့ ဘာမှ ပိုကောင်း တာမှ မဟုတ်တာ ... အလကားနေရင်း ဘာကိစ္စ ဒုက္ခခံရမှာလဲ... ?? လက်ကွက်ကျင့်ရ ... ဟိုဟာထည့်ရ ဒီဟာဖြည့်ရ အဆင်မပြေလို့ ဟိုမေးရ ဒီမေးရ နဲ့ အတော် စောက်လုပ် ရှုပ်တဲ့ ကိစ္စ ၊






... ပြီးတော့ရော ဘာထူးလဲ ဆိုတော့ ဘာမှလည်း ထူးတာ မဟုတ် ... အဲဒီ ဒုက္ခတွေ ခံလိုက် ရတာပဲ အဖတ်တင် သွားတာ တွေ့တယ် ... သူတို့အော်နေတာက နိုင်ငံတစ်ကာ စံမီတယ်ပေါ့ ... စံမီတော့ ဘာဖြစ်တုန်း ဆိုတော့ ... အဲ ... စံမီတာ ပဲတဲ့ ... ဟုတ်ကဲ့ ... မှတ်သားရပါတယ် ။

တစ်ကယ်တော့ စံမီတယ် ဆိုတာ သတ်မှတ်ထားတဲ့ အတိုင်း လုပ်ထားတာပေါ့ ။
အဲဒီလို လုပ်တော့ ဘာဖြစ်လဲ ဆိုတော့ User အတွက်က ဘာမှလည်း မထူးခြားဘူး ... မယုံရင် အခုသုံးနေတဲ့လူတွေ မေးကြည့်လေ ... ဘာတွေ ထူးခြားသွားလဲလို့ ... အခု စာရေးတာ စံမမီတဲ့ ဇော်ဂျီဖောင့် သုံးနေတော့လည်း အတူတူပဲ ။


အဲဒီတော့ ပြောကြည့်လေ ... စံမီတဲ့ ယူနီကုဒ် သုံးလို့ ကျုပ်တို့က ပိုက်ဆံတစ်ပြား ပိုရလာမှာ လား .....  ??? ... တိုင်းပြည်ကရော ချက်ခြင်း တိုးတက် ကောင်းမွန်သွားမှာလား ..... ?? ကဲ ... ကုန်ကုန်ပြောမယ် ... ပိုက်ဆံ ပိုမရရင်လည်း နေပါ ... တိုင်းပြည်က အမှန်တစ်ကယ် သိသိ သာသာ တိုးတက်ကောင်းမွန်သွားမယ် ဆိုရင်တော့ အခု ချက်ခြင်းကို ပြောင်းပေးမယ် ။

 မြင်သာတဲ့ ရလဒ်သာ အခုပြ ... မိနစ်မဆိုင်း ဒုက္ခခံ အလုပ်ရှုပ်ခံပြီး ပြောင်းပေးမယ် ။
ပိုကောင်း တယ် ဆိုလည်း End User အတွက် မြင်သာတဲ့ အကျိုးတွေက ဘယ်လို ... တိုင်းပြည်အတွက်က ဘယ်လို ဆိုတာတွေ ပြနိုင်ရမှာပေါ့ ... ခုဟာက အဲ့ဒီလိုလည်း ဘာမှ မပြနိုင်ဘဲ ပိုကောင်းပါတယ် ပိုကောင်းပါတယ်ပဲ အော်နေတော့ ပေါချာချာကြီးကို ဖြစ်လို့ ။


ပြတဲ့ဟာတွေကလည်း တစ်ခုမှ မြင်သာတဲ့ အကျိုးမရှိဘူး ... ဟိုဟာတွေ ဖြစ်လာမယ် ။ ဒီဟာ တွေ ရမယ် ဆိုပြီး ဘာမှ မရသေးတာတွေကို မစားရ ဝခမန်း ခွေးဝမ်းသာအောင် လေလည်ပြ နေ တာပဲ ရှိတယ် ။


တစ်ကယ်သာ ပိုကောင်းလာလို့ကတော့ ပြောင်းပြီးသားပဲ ... အလကား ရတာချင်း အတူတူ ပိုကောင်းတာ ပြောင်းသုံးမှာပေါ့ ... တ်ုက်တွန်းနေစရာကို မလိုဘူး ... မလိမ့်တစ်ပတ်လည်း လုပ်စရာ မလိုဘူး ... ပြောင်းရလို့ တွေ့ကြုံရတဲ့ ဒုက္ခတွေ ခံရကျိုးနပ်တယ် ဆိုရင် ပြောင်းကို ပြောင်းမှာ ... စိတ်သာချ  ။


လောလောဆယ်တော့ ပြဿ       နာတွေ မရှိတော့အောင် ... မပြေလည်တာတွေ ပြေလည်အောင် အရင်လုပ်ပါဦး.ပြီးတော့ ပိုကောင်းတယ် ဆိုတာလေးတွေ လက်တွေ့ မြင်သာအောင် ပြပါဦး ။ လူတွေကို အတင်းလိုက်ပြီး မလိမ့်တစ်ပတ်နဲ့ ဂျင်းထည့်ပြီး သုံးခိုင်းတာမျိုးတော့ မလုပ်ပါနဲ့ ... ဒါမျိုးက မလုပ်ကောင်းပါဘူး ။


ကိုယ်ကတော့ ရှင်းရှင်းပဲ ... ယူနီကုဒ် နဲ့ ရေးထားလို့ ဖတ်မရရင် မဖတ်ဘူး ... ဘယ်မီဒီယာ ဖြစ်ဖြစ် ဘယ်သူရေးတာဖြစ်ဖြစ် အရင်ကလည်း သွားမဖတ်ဘူး ... ဖတ်လို့ရအောင်လည်း တစ်ကူး တစ်က မကြိုးစားဘူး ။ ကိုယ့်ဟာကိုယ်တောင် သိပ်အားတာ မဟုတ်ဘူး ... အဲ့ဒါတွေ လိုက်လုပ်မနေနိုင်ဘူး ... ဖတ်လို့ ရရင်တော့ ကိုယ်ကြိုက်တာ၊ ဖတ်ချင်တာဆို ဖတ်တယ် ... ဒါပဲ။


ထပ်ပြောပါမယ် ...
မဟာအောက်တိုဘာတော်လှန်ရေး ဂျင်း ကို မမိကြပါစေနဲ့ ...။


အောက်တိုဘာ ၁-ရက်နေ့ တစ်ပြည်လုံး ယူနီကုဒ်ပြောင်းသုံးရမယ် ဆိုတာ မီဒီယာတွေနဲ့ ဖုန်းအော်ပရေတာတွေ ကိုပဲ ပြောတာပါ ...။



သာမန် လူမှုကွန်ယက် သုံးတဲ့သူတွေ ပြောင်းစရာ မလိုပါဘူး ... ကြိုက်ရာ သုံးလို့ ရပါတယ် ။

အဲဒီအတွက်တော့ မစိုးရိမ်ကြပါနဲ့ ။



Credit : ဟယ်ရီလွင်
Moe Kyaw
Photo Credit ... Online 



No comments:

Post a Comment