28 September 2019

ဟိုချီမင်း (Ho Chi Minh)





ဗီယက်နမ် လွတ်မြောက်ရေးခေါင်းဆောင် ဟိုချီမင်း လက်ထက်မှာ ပြင်သစ် နဲ့ စစ်ပွဲ ။အမေရိကန် နဲ့ စစ်ပွဲများ အံ့မခန်းလောက်အောင် တိုက်ခိုက် အန်ုင်ယူခဲ့တာ မိတ်ဆွေတို့ သိပြီးဖြစ်မှာပါ။

နိုင်ငံရေးမှာလည်း အလွန် ပါးနပ်လိမ္မာသူဖြစ် ပါတယ်။အမေရိကန် နဲ့ အကြိတ်အနယ် ရင်ဆိုင် တိုက်ခိုက်နေရချိန် ရုရှား နဲ့ တရုပ် ကလည်း မတည့် ။ ဒါပေမဲ့ နှစ်ဘက်လုံး မျှ အောင်ပေါင်းပြီး နှစ်ဘက်လုံးဆီက ကူအညီ နဲ့ အမေရိကန် ကျူးကျော်စစ်ကို တွန်းလှန်သွားခဲ့တာ မို့ နိင်ငံရေးမှာ အလွန်ပါးနပ်တယ်လ်ို့ ချီးကျူးတာပါ။


ခေါင်းဆောင်မှု မှာတော့ သူ့ရဲဘော်တွေဖြစ်တဲ့ လေဇွမ် တ်ို့ ဖန်ဗန်ဒေါင်း တို့ ဆိုတာ ဒေါင်ဒေါင် မည် သဘောတရားရေး သမားတွေဖြစ်ပါတယ်။ သူတို့ တစ်ဦးချင်းဆီကို က ပါတီနဲ့ နိုင်ငံတော် ကို ဦးဆောင်သွားနိင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဟို သေတဲ့အထိ သစ္စာစောင့်သိ ရိုသေအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။


ကိုးကွယ်မှု နဲ့ ပတ်သက်ရင်လည်း တစ်ကယ် လေးစားလောက်ပါတယ်။ ကိုယ်တိုင် က နယ်
ချဲ့ တော်လှန်ချိန်မို့ တွေဝေမှု မရှိအောင် ကွန်မြူနစ် ဝါဒ ကို လက်ခံ ကျင့်သုံးပေမဲ့ ပြည်သူ အများ စု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို မနှိပ်ကွပ်တဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အကာ အကွယ် ပေးခဲ့လို့ ဗုဒ္ဓဘာသာပြည်သူ တစ်ရပ်လုံးရဲ့အချစ်တော် ခေါင်းဆောင် ဖခင်ကြီးဖြစ်ခဲ့ပါတယ်။




ကမ္ဘာပေါ်ရှိ ဆိုရှယ်လစ် နိုင်ငံအားလုံးဟာ စီးပွားရေးမညီမျှမှု  လူတန်းစားခွဲ့ခြားမှု အရင်းရှင် တို့ ဂုတ်သွေးစုတ် ချယ်လှယ်မှုတွေကြောင့် ပစ္ဖည်းမဲ့တော်လှန်ရေးက အစ ဆိုရှယ်လစ်နိုင်ငံ များ ပေါ်ပေါက်ခဲ့တယ်ဆိုပေမဲ့ ဗီယက်နမ် ကတော့ အမျိုးသားရေးကြောင့် ( အမျိုးသားရေးကြောင့်) ဆိုရှယ်လစ်နိုင်ငံ ဖြစ်ရပါတယ်လို့ သမိုင်းပညာရှင်များပြောဆိုကြပါတယ်။


မချီးကျူးဘဲ မနေနိုင်တဲ့ နောက်ဆုံးအချက် က တော်လှန်ရေးကာလမှာ ပြည်သူအပြင် နောက် အချစ် ကို မရှာတော့ဘူးဆိုပြီး သေတဲ့ အထိ လူပျိုကြီးဘဝ နဲ့ အရိုးထုတ်သွားတဲ့ အချက်ပါဘဲ ။


ဂမူးရှူးထိုး နဲ့ တွေ့ရာမိန်းမ ကောက်ယူပြီးသီချင်းတွေ တောင်အော်မြောက်အော် မလုပ် တဲ့ အပြင် အမျိုးသားရေးအခြေခံ ကျေးလက် ကဗျာလေးတွေ ရေးခဲ့တာ သူ့ကဗျာလေးတွေ ရိုးလွန်း လို့ ကနေ့ အထိ ခလေးအမေတွေ သားချော့တေး အဖြစ် ဆိုကြတုန်းပါဘဲ။

ကိုယ်မသိတာ တစ်ခုတော့ရှိပါတယ်။
ပြည်သူတွေကို မဲဆွယ်ဘို့ ဟိုချီမင်း (Ho Chi Minh) ရုပ်ရှင် ရိုက် မရိုက် တော့မသိပါဘူး။



Crd ...  U Thar Tun.


*ဗီယက်နမ်နိုင်ငံ က တပ်မတော်အရာ ရှိ တစ်ဦးပြောပြချက်*
အောင်ဆန်းကတော်တဲ့ခေါင်းဆောင် တစ်ဦးပါ ။ သူ့မှာ အားနဲချက်တစ်ခုဘဲ ရှိပါတယ်။ ဂဠုန် ဦးစောလို လုပ်ကြံမည့်သူ မပေါ်ပေါက်လာအောင် မလုပ်ဆောင်နိုင်ခဲ့တာ ပါဘဲလို့ ဗီယက်နမ် အရာရှိက ထောက်ပြသွားတယ်။

ဒါကြောင့်သူတို့ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း ကိုလေ့လာကြည့်တော့ ဟိုချီမင်း ရဲ့ ပါတီ က ပထမ ဆုံးအကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ပေမယ့် အစိုးရဖွဲ့တဲ့အခါ ပြိုင်ဖက် ပါတီက အတော်ဆုံး လူ ၆ ဦး တောင်းခံပြီး သူအစိုးရ အဖွဲ့မှာ ဝန်ကြီး ၆ နေရာပေး ခန့်ထားခဲ့သလို ပြင်သစ် ကိုလိုနီ ဂျပန် ကိုလိုနီ ဘဝက စည်းမျဉ်းခံ ရုပ်သေး အစိုးရတွေမှာ ခေါင်းဆောင် လုပ်ခဲ့တဲ့၃ ဦး ကိုလဲ သမ္မတ အတိုင်ပင်ခံ ကောင်စီမှာ နာယက အဖြစ်ခန့်ခဲ့ သဗျ။


နောက်ပြီး လွှတ်တော်ထဲမှာလဲ ပြိုင်ဖက်ပါတီက အမတ်နေရာ ၇၀ ကို ဝင်ပြိုင်စရာမလိုဘဲ လွှတ်တော် အမတ်အဖြစ် ခွင့်ပြုပေးခဲ့သဗျ။ သူ့လုပ်ရပ်သူ့စေတနာဖြူတော့ သူ့အစိုရအဖွဲ့ထဲ သူ့လွှတ်တော်ထဲရောက်လာတဲ့ အတိုက်အခံက လူတော်တွေက ဟိုချီမင်း ရဲ့ ဘက်တော် သားတွေဖြစ်သွားကြတာတွေ့ရပါတယ်ဗျ။


ဗိုလ်ချုပ်အောင်ဆန်း ရဲ့အစိုးရ အဖွဲ့ထဲမှာ သူ့အစ်ကို ဦးဘဝင်း ကို မခန့်ဘဲ အင်္ဂလိပ် အစိုးရ လက်ထက် ပညာရေးဝန်ကြီးဟောင်း ဂဠုန်ဦးစော ကိုသာ ခန့်ထားမယ်ဆိုရင် ရာထူး မရ ကောင်း လို့ အစ်ကိုဖြစ်သူ ဦးဘဝင်း က သူ့ညီကို လုပ်ကြံမှာ မဟုတ်သလို ရာထူးရထားတဲ့ ဦးစော က လည်း လုပ်ကြံမှာ မဟုတ် တော့ပါဘူး။



Crd... Original writer



No comments:

Post a Comment