07 September 2019

အစွန်းတစ်ဖက် အယူဝါဒ နဲ့ မြန်မာနိုင်ငံ စီးပွားရေးအကြပ်အတည်း


နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ ဘယ်လိုပဲ " မစိုးရိမ်ကြပါနဲ့ " လို့ဖြေသိမ့် ပေမဲ့လည်း၊ ဗဟိုဘဏ် ဒုဥက္ကဌရဲ့ လွှတ်တော်တွင်း ဖြေကြားချက်နဲ့ Lenders of last resort ဆိုတဲ့ (နောက်ဆုံးခံစစ်) အသုံးအနှုံးရယ်၊ ပြင်ပမှာ နှစ်ဦးထဲက ဘဏ်သမားတွေ အချင်းချင်းက ထွက်လာတဲ့ သတင်းရယ်က စိုးရိမ်မှုကို ထိထိရောက်ရောက်လျော့ချနှိုင်ဟန် မတွေ့ ရဘူး ။

မူဝါဒ မှားယွင်းမှု၊ အဆုံးအဖြတ်များ လွဲချော်မှုတွေက အရင်းခံ အစပြုရာ
ဖြစ်တယ်လို့ပဲ ပြောရလိမ့်မယ် ။


အပ်ငွေများနေတဲ့ ဘဏ်တစ်ချို့ရှိသလို၊ တိုးရင်း မပေးနိုင်တဲ့ NPL ကြီးကြီး မားမားနဲ့ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ဘဏ်တွေလဲရှိနေတယ် ။

NPL ရာနှုံးမြင့်ဘဏ်တွေက ပိုအန္တရာယ် ရှိနေပါတယ် ။ အပ်ငွေများတဲ့ ဘဏ်တွေမှာ ပြသနာမရှိဘူး ဘဏ်အချင်းချင်း ကစားထုတ်သွားလို့ ရ တယ်။

ဗဟိုဘဏ်မှာ ထရီလီယံ ချီတဲ့ ငွေသားရှိတယ် ဆိုပေမဲ့ အဲ့ဒီငွေတွေ ကို ဘဏ်တွေ အကြပ်အတည်း မကျော်လွှားနိုင်တော့မှ အသုံးပြုရတယ် ဆို တာလည်း ဒီခေတ်လူတွေ သိနိုင်ကြတဲ့အရာပါ။




ဗုဒ္ဓ ရဲ့ မစ္ဇျိမပဋိပဒါ ဟာနေရာတိုင်းမှာ အသုံးဝင်လျှက်ပါ ။ တစ်ခါ တစ်ရံ မှာ အုပ်ချုပ်သူ လူတန်းစားတွေ ပညာနည်းပါးရင် အစွန်းတစ်ဖက်ကို နင်း တတ်ကြတယ်၊ လုပ်ငန်းအတွေ့အကြုံမရှိရင် ပိုဆိုးတယ် ။

School of thoughts (၂) မျိုး အဓိကရှိတယ် ။
Adam Smith ရဲ့ ဈေးကွက်အတိုင်း လွှတ်ထားပါ ဆိုတဲ့ အယူအဆနဲ့
John Maynard Keynes ရဲ့ Interventionism ဆိုတဲ့ ဝင်ရောက် စွက်ဖက်မှု၊


ဘမောင်တို့နိုင်ငံမှာ အုပ်ချုပ်သူ လူတန်းစားတွေဟာ အစွန်း တစ်ဖက် ဖက် ကိုတော့နင်းတတ်ကြတာ သတိထားမိတယ် ။

ဘယ်အရာမှ သဘာဝကို မလွန်ဆန်ကြဘူး ။ လူမမယ် ခလေးဘဝမှာ မိဘက ထိမ်းသိမ်းရတာပဲ ၊ အရွယ်ရောက် ရင့်ကျက်လေ မိဘပါဝင်မှု လျော့ချလို့ရလေသဘောပါ ။

ဒါတောင်မှ လက်တွေ့စီးပွားရေးမှာ လူတွေဟာ လောဘသားဖြစ်တာ ရယ် ၊ ဖေါက်ပြန်တတ်တဲ့ သဘာဝ ရှိတာရယ်ကြောင့် Monitoring system ကို ထားပေးရတတ်တယ် ။


တိုးတက်တဲ့ အမေရိကန်၊ အင်္ဂလန် မှာလဲ ရှိနေဆဲပါ ။ အဲ့ဒီ တာဝန်ကို ဗဟိုဘဏ်တွေက ထမ်းဆောင်ရတယ် ။ 
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူတဲ့ သတ်မှတ်ချက်တွေတော့ ရှိတယ်ပေါ့ ။

NPL ကို ဘယ် % ထက် မကျော်ရဆိုရင်.... Warning ပေးတယ် ။ မရ ရင် Intervention ဝင်လုပ်တယ်၊ အနာသေးတုန်းမှာ ကြိုတင်ကုသတဲ့
သဘောပေါ့ ။

 ဒီနေ့ ဘဏ်တွေရဲ့ NPL ကိုမြင်သာထင်သာ ရှိအောင် ချမပြရဲကြ တာ ဘာကြောင့်လဲ ၊ ဒါပေမဲ့လဲ လုပ်ငန်းရှင် အများစုကတော့ ဆက်စပ် နေတော့ သိပြီးသားတွေပါ ။

ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲက ဆေးစား ဆေးထိုးရုံ အဆင့်မျိုး
မဟုတ်တာ သေချာတယ်၊ ငြင်းလဲ မနေကြနဲ့ဦး၊ တော်ကြာဖြစ်လာမှ
ကိုယ် ငြင်းခဲ့တာက ထောက်ပြခံ၊ ရှုံ့ချခံစရာ ထပ်ဖြစ်လာဦးမယ် ။


အကောင်းဆုံး ကုထုံး ကိုပဲ ရှာဖွေကုသရမဲ့ အချိန်ပါ  ။

ထပ်ပြောမယ်...
ရေကြီးတာတွေ၊
ဘဏ်ပြသနာ
ကမ္ဘာကြီး မငြိမ်သက်မှု
ပြည်တွင်း မငြိမ်သက်မှု
အနောက်နဲ့ မြောက်ဖက်ပြသနာ
မူဝါဒ အမှား  
..... စတာတွေကြောင့် မြန်မာ့ စီးပွားရေး ကို ဆက်ပြီး ထိခိုက်စေဦးမှာပဲ ။

Crd ...  Nay Zin Latt

No comments:

Post a Comment