23 November 2016

သိပ္ဗံနည်းပညာကို လေးစားမလား ၊ အယူသီးတာပဲ ဆက်ပြီး လက်ခံမလား



ကျွန်တော်တို့ နိုင်ငံရဲ့သိပ္ဗံနည်းပညာ ကဏ္ဍမှာ ကြုံခဲ့ဖူး သမျှကတော့ အားနည်းချက်တွေနဲ့ချည်းပါပဲ။ လူ ငယ် ပညာရှင်တွေ့ရင်လည်း ပျက်သွားတဲ့ ပညာရေးကြောင့် အားမရဘူး။ အသက်ကြီးတဲ့ ဆရာကြီး တွေနဲ့ကျတော့လည်း ပညာအဟောင်းကို ဆုပ်ကိုင်ထားတဲ့သူတွေပဲ များများစားစားတွေ့ရတယ်။
 ခေတ်မှီ နည်းပညာသစ်ကို ဆက်လေ့လာ သင်ယူလိုတဲ့စိတ် မရှိတာကို အားမရပြန်ဘူး။ နောက်ဆုံးတော့ သိပ္ဗံဆိုင်ရာ ဟာသများ အမျိုးမျိုးထွက်နေတာပဲ။ ဘာစွမ်းအင်မှ မသုံးပဲ ရေနဲ့ လျှပ်စစ်ထုတ်တဲ့ စက်တီထွင်ထားတယ် လို့ သတင်းပျံနှံ့ပြီး ဝေဖန်သူ မတွေ့ခဲ့ဘူး။ ရွာထဲမှာ နွားသုံးပြီး လျှပ်စစ် ထုတ်တဲ့ တီထွင်မှု ၊ နေရာ အလိုက်သတ္တုတူးနေပြီး ခေတ်မှီနည်းပညာ သုံးထားတာ ၂ နေရာပဲတွေ့တယ် ။ 
တမင် သက်သက် မဟုတ်ပေမယ့် နည်းပညာ မရှိပဲ ပြုလုပ်ထားတဲ့ စားသုံးလို့ မသင့်တဲ့ အစားအသောက်များ ၊ မှိုပါတဲ့မြေပဲ ကြိတ်မိလို့ ဖြစ်တဲ့ပြဿ      နာကိုမသိပဲ ရောနှောဆီကြောင့်မစားသုံးသင့်လို့ ပြောနေတဲ့အသံ ၊ နိုင်ငံတကာမှာ သုံးနေတဲ့ လုံခြုံ စိတ်ချမှုရှိတဲ့ သိုလှောင်နည်းမသုံးပဲ ထုတ်လုပ်နေတဲ့ ဇီးယို နဲ့ ယိုမျိုးစုံကို အများအပြားစားသုံးနေတယ်။ 
ဒီရက်ပိုင်းမှာ အချို့ အချို့တွေက ကိုယ့်အခြေအနေ ကိုယ်မသိပဲ ဇွတ်လုပ်ခိုင်းနေတဲ့ နျူဓာတ်ပေါင်းဖိုကိစ္စ ၊ အခြေခံ လုပ်ငန်းစဉ်တောင် မပြည့်စုံတဲ့ သံရည်ကျို စက်ရုံက ထွက်တဲ့ ပစ္စည်းများ အဆောက်အအုံထဲတွေ ထည့်သုံးနေတာတောင် ဝေဖန်သံ မကြားတဲ့ဆောက်လုပ်ရေး လောက ၊ စသဖြင့် ဝမ်းနည်းစရာတွေချည်းပါပဲ။
တစ်ခါတုန်းက ဆရာဦးမြင့်က eleven ကနေထွန်းနိုင် ကို “ကျွန်တော်တို့ပြောနေတဲ့ စကားမှ မတူတာ” လို့ သရော်ခဲ့ဖူးတယ်။ အခု ကျွန်တော်ပြောမယ့် စကားက ပိုဆိုးတယ် ၊ နားမလည်တဲ့ အပြင် ဒေါသပါထွက်စေတယ်။ 


ကျွန်တော်တို့ သင်ထားတဲ့ ပညာမှ မတူတာ ။ အရင် ပိုစ်မှာ ဦးထွန်းလွင် ရဲ့လုပ်ကိုင်ပုံကို သိပ္ဗံနည်းပညာအနေ နဲ့ မသင်္ကာလို့ ဝေဖန်ခဲ့တယ်။ အခု သူကိုယ်တိုင်ရေးတဲ့ ပိုစ် မှာ အဖြေရှာတွေ့တယ်။ သူတစ်ယောက် တည်းနဲ့ အိုင်တီပညာ (အင်တာနက်) နဲ့ အလုပ် လုပ်သွားတယ်တဲ့။ သူများနိုင်ငံက ရရှိထားတဲ့ ဂြိုလ်တုပုံပဲဖြစ်ဖြစ် သူတို့နိုင်ငံ အနေနဲ့ သုံးသပ်ထားတဲ့ အဖြေပဲဖြစ်ဖြစ် ဆရာကြီးရဲ့ ကြွယ်ဝတဲ့ လုပ်ငန်း အတွေ့ အကြုံ ပေါင်းစပ်တာပဲဖြစ်ဖြစ် အကြမ်းဖျင်း မှန်တာတော့ လက်ခံတယ်။ 
ဒါပေမယ့်အသေးစိတ်မှာ နိုင်ငံအလိုက် ထားရှိရမယ့် မိုးလေဝသ စခန်းများ၇ဲ့ ဒေတာ မသုံးပဲ ပြည့်ပြည့် စုံစုံဖြစ် ဖို့ကတော့ မလွယ်ပါဘူး။ သက်ဆိုင်ရာ လုပ်ငန်းများ တယောက်တည်းကို အားကိုးလို့ မရပါ ။ ဒါပေမယ့် ပိုပြီး အားမရတာကတော့ တိုင်းပြည် ဘတ်ဂျက်သုံးပြီး ဌာနတစ်ခုလုံးရဲ့သုံးသပ်ချက်က ဆရာကြီး တယောက် ရဲ့ သုံးသပ်ချက်လောက်တောင် မပီပြင်လို့ လူအများ အပြားပြောနေတာက ကျွန်တော်တို့နိုင်ငံရဲ့ နည်း ပညာပိုင်း ဆိုင်ရာ ရင်နာစရာ အားနည်းချက်ပါပဲ။
သိပ္ဗံနည်းပညာကို လေးလေးစားစား ထူထောင်ရမလား ၊ ဆက်ပြီး superstitious လို အယူသီးနေကြအုံး မလား ။


http://kanaung.net/post-no-732


No comments:

Post a Comment