07 November 2016

လက်ချောင်းလေးတွေ ကို စက္ကန့် ၆၀ လောက် နှိပ်ကြည့်တဲ့အခါ........




ကျန်းမာရေး နဲ့ သင့် လက်ချောင်းတွေ ဆက်စပ်နေလိမ့်မယ် လို့ တွေးကြည့်ဖူးပါသလား။ တစ်ကယ်တော့ သင့် လက်ချောင်းတွေကို နှိပ်ပေးခြင်း ပွတ် သပ်ပေးခြင်း အားဖြင့် သင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

လက်မ -သင့် လက်မ ကို စက္ကန့် ၆၀ လောက် ပုံမှန် နှိပ်နယ်ပေးတာက နှလုံး နဲ့ အဆုတ် ကို အထောက် အကူပြုပါတယ်။ အအေးမိခြင်း နဲ့ အသက်ရှူ ရပ်ခြင်းလိုရောဂါတွေ အတွက် အထောက် အကူပြုပါ တယ်။နှလုံး နဲ့ ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

လက်ညှိုး -လက်ညှိုး ကို စက္ကန့် ၆၀ လောက် ပွတ်သပ်နှိပ်နယ်ပေးမယ် ဆိုရင် အစာအိမ် နဲ့ အူရောဂါတွေကို သက်သာစေပါတယ်။ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။

လက်ခလယ် -လက်ခလယ် က အိပ်မပျော်ခြင်း၊ စိတ်ငြိမ်ခြင်း များနဲ့ ဆက်စပ်နေပါတယ်။ ညဥ့်နက်တဲ့ အထိ အိပ်မပျော်နိုင်လို့ စိတ် မသက်မသာ ဖြစ်နေရင် လက် ခလယ် ကို စက္ကန့် ၆၀ လောက် ပွတ် သပ်ပေးပါက စိတ် သက်တောင့် သက်သာ နဲ့ မကြာမီ အိပ်ပျော်သွားနိုင်ပါတယ်။


လက်သူကြွယ် -လက်သူကြွယ် ကို ပွတ်သပ်ပေးခြင်း က ခန္ဓာကိုယ် ရဲ့ အရည်ကြည် စနစ် ကို အထောက် အကူပြုပါတယ်။ အရည်ကြည် စနစ် ဆိုတာ စစ်ထုတ်ပေးတဲ့ အင်္ဂါတွေက တစ်ဆင့် ခန္ဓာကိုယ် ရဲ့ အဆိပ်အတောက်တွေ ကို ဖယ်ရှားပေးတဲ့ စနစ်ဖြစ်ပါတယ်။

လက်သန်း -လည်ပင်း နဲ့ ကျော နာကျင်နေခြင်းများ ကို လက်သန်း ကို ၁ မိနစ်ခန့် နှိပ်နယ်ပေးခြင်းက သက်သာစေပါတယ်။ လက်သန်း နဲ့ လက်ဝါးပြင် က အာရုံကြောများစွာ နဲ့ ဆက်စပ်နေတဲ့ အတွက် ၄င်းတို့ကို နှိပ်နယ်ပေးခြင်းက အာရုံကြောတွေ ကို တည်ငြိမ်စေပါတယ်။


Ref:higherperspectives
Trend Myanmar
လ ၇ိပ် ချို
30 August


No comments:

Post a Comment