07 November 2016

ပုံပြင်




ပုံပြင် (၁)

ကြောင်နဲ့ ဝက် က သူငယ်ချင်းတွေ။
တစ်နေ့ သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။ ဝက် ကကြိုးအရှည်တစ်ချောင်း သွားရှာလာတယ်။


ကြောင်က ဝက် ကို ကြိုး ပစ်ချခိုင်းတယ်။ ဝက်က ကြိုး အခွေလိုက် ပစ်ချပေးလိုက်သည်။
ကြောင်က ဒေါသထွက်ပြီးပြောတယ်။


"နင် ဒီလိုပစ်ချတော့ ငါက ဘယ်လို တက်လာရမလဲ.. " တဲ့
" ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက် က မေးတယ်။


"ကြိုး တစ်ဖက်ကို လက်က ကိုင်ထားရမှာလေ.." လို့ ကြောင်ကပြန်ဖြေတယ် ။
ဝက် က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်သည်။


" ပြော... ခု ငါဘာဆက်လုပ်ရမှာလဲ "
ကြောင် ခဏတော့ ငိုင်သွားတယ်... ပျော်ပြီးဝက်ကို ထဖက်လိုက်သည်။


*** ( အချို့ လူတွေက သိပ် ဉာဏ် မကောင်းကြဘူး .. ဒါပေမယ့် သူတို့က သင့်ဘဝ  အဆုံးထိ ဘေးမှာ ထာဝရနေပေးသွားတယ် )***




ပုံပြင် (၂)

မျက်မမြင် တစ်ယောက်က ဆီမီးလေး ကိုင်ပြီးရပ်နေတာ ဘုန်းကြီးက တွေ့သွားတော့ နားမလည်ဖြစ်ပြီး သွားမေးတယ်။


"ဒကာလေးက မျက်လုံးမှ မမြင်တာ အလင်းရှိတော့ကော ဘာထူးသလဲ.. "တဲ့
မျက်မမြင်က .. "ကျနော်ကြားဖူးတာ တစ်ခုရှိတယ်.. လူတွေဟာ နေဝင် မိုးချုပ် သွားတာနဲ့ တစ်ပြိုင်နက်  ကျနော့် လို ဘာမှ မမြင်တော့ဘူးဆို..


အဲဒါကြောင့် သူတို့ မြင်ရအောင် မီးထွန်းပြီး လမ်းပြ ပေးနေတာ "


ဘုန်းကြီးက " အော်.. ဒကာလေး စိတ်ထား အင်မတန် မွန်မြတ်ပါလား" လို့ ချီးမွမ်းတယ်။
မျက်မမြင်က " တစ်ကယ်တော့ ကျနော်က ကျတော့် အတွက် မီးကို ထွန်းထားရတာ.. လူတွေ ကျနော့် မီး ကိုမြင်တဲ့ အခါ ဝင်မတိုက်မိ.. မနင်းမိတော့ဘူးလေ... အဲဒါကြောင့်.. "


ဘုန်းကြီးက စိတ်ထဲက ရေရွတ်လိုက်တယ်... အများအကျိုးဆောင် ကိုယ်ကျိုးအောင် ပါတစ်ကား ...






ပုံပြင် (၃)

အလုပ်သမား တစ်ယောက်က သူ့ သူငယ်ချင်းဆီ ရင်လာဖွင့်တယ်။
" သောက်လုပ်က ငါတို့ လုပ်ရတာ..
အချီးမွမ်း ခံရတော့ ဟို အဖွဲ့ခေါင်းဆောင်က..
ခုဆို သူက မန်နေဂျာ ရာထူးတောင် တက်သွားပြီ.. မတရားဘူး... ဒါလုံးဝမတရားဘူး.."


သူငယ်ချင်းက ရယ်ပြီးပြောတယ်...
" အခု မင်း လက်ပတ်နာရီကို မင်းငုံ့ကြည့် ..


နာရီ လက်တံ အတိုကို အရင်ကြည့်ပြီးမှ အရှည် ကို ကြည့်တာ မဟုတ်လား .. အလုပ် လုပ်နေတဲ့ စက္ကန့် လက်တံ ကို မင်း တစ်ချက်လေးမှ မကြည့်ဘူး ... "


*** ( ဘဝ မှာ  မိမိဟာ စက္ကန့် လက်တံနေရာမှာ ရှိနေသရွေ့  မကျေနပ်ချက်တိုင်းဟာ အလကားပါ အပို အလုပ် တစ်ခုပါ.. စက္ကန့်မှ မိနစ်.. မိနစ် မှ နာရီ လက်တံ သို့ တက်လှမ်းနိုင်အောင် အရင်ကြိုးစားပါ.. )****




ပုံပြင် (၄)

ဘုန်းကြီးက ကိုရင်လေးကိုမေးတယ်.............
" တစ်ကယ်လို့ ကိုရင်လေး ရှေ့ တစ်လှမ်း လှမ်းရင်သေမယ်.. နောက် တစ်လှမ်း ဆုတ်ရင် မျက်လုံးကန်း   မယ်ဆို ဘာကိုရွေးမလဲ.?? "


ကိုရင်လေးက ဖြေတယ်... " ကိုရင် ဘေးတိုက်သွားမယ်.. "တဲ့။


*** ( ဘဝမှာ လမ်းဆုံးသွားတာ မရှိပါဘူး။ အခက်အခဲ နဲ့  ကြုံတွေ့တဲ့အခါ အခြား အမြင် ရှုထောင့်က ပြောင်း ကြည့်ဖို့ပဲ လိုတာပါ... တစ်ကယ်လို့ ဘေးက လမ်းဟာ လမ်းပဲ ဆိုတာ မြင်တတ်ရင် မခက်ပါဘူး... )



အခက်အခဲများ ကြုံတွေ့တိုင်း..  စိတ်  အလိုမကျတိုင်း... စိတ်အားငယ်တိုင်း ဒီ ပုံပြင်လေး ၄ ခုကို သတိရပါနော်...



မေတ္တာဖြင့်. . . . . .


ဗဟုသုတမှတ်စု

 

No comments:

Post a Comment