30 December 2016

ဒီဇင်ဘာ ၃၁ တွင် စကြ၀ဋ္ဌာ နာရီများ၌ တစ် စက္ကန့်  ထပ်တိုးမည်




ကမ္ဘာကြီး သည် ထုထည်ကြီးမားသော်ငြား ပင်လယ် သမုဒ္ဒရာ ဒီရေ တို့ ၏ အရှိန်ကြောင့် အရှိန်တုန့် နှေးသွားလေ့ ရှိရာ နှစ်ပေါင်း ၁၀၀ အတွင်း တစ်ရက်လျင် ၂ မီလီ စက္ကန့် နှုန်း အရှိန်တန့် လျက် လည်ပတ်လာခဲ့သဖြင့် စကြ၀ဋ္ဌာ အက်တမ် နာရီများနှင့် အချိန်ကိုက်ညီမှု မရှိတော့သည့် အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီ တိတိတွင် နာရီများမှာ ၅၉ စက္ကန့် ပြီးလျင် သုည သုညပြမည် မဟုတ်ဘဲ ၅၉ စက္ကန့် ပြီး လျင် ၆၀၊ ထို မှ သုည သုည ဆက်လက် ပြသသွားကာ အချိန် ကို တစ်စက္ကန့် စောင့်ဆိုင်းစေမည်ဖြစ်ကြောင်းသိရသည်။ 

ကမ္ဘာကြီးဟာ ထုထည်ကြီးမားလှတယ် ဆိုပေမယ့်လည်း ပင်လယ်သမုဒ္ဒရာတွေ ရဲ့ ဒီလှိုင်း အတက်အကျတွေကြောင့် တစ်ရက် ကို နှစ်မီလီ စက္ကန့် လောက်တော့ တုန့် သွားလေ့ ရှိပါတယ်။ နှစ်ပေါင်းကြာမြင့်လာတဲ့အခါ ကမ္ဘာလည်ပတ် တဲ့နှုန်း နဲ့  ၂၄ နာရီပြည့်တာနဲ့  စကြ၀ဋ္ဌာထဲ ပို့ ထားတဲ့ အက်တမ် နာရီတွေ ရဲ့  ၂၄ နာရီပြည့်တာနဲ့ က မကိုက်တော့ ပါဘူး။ 

အဲဒါကြောင့် စကြ၀ဋ္ဌာ စံတော်ချိန်ကို တစ်စက္ကန့် စောင့်ဆိုင်းစေရခြင်းဖြစ်ပြီး အချိန် နာရီမှာ တစ်စက္ကန့် တိုးထည့်ရခြင်းဖြစ်ပါတယ် ဟု သုတေသီတစ်ဦးကပြောပြသည်။ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက် ကတည်းက သိပ္ပံ ပညာရှင်တွေက အချိန်ကို နက္ခတ်တာရာ အပေါ်အခြေခံ တွက်ချက် ခြင်း မပြုဖို့  သဘောတူညီခဲ့ကြပါတယ်။ 




အဲဒီ အချိန်ကတည်းက စပြီး အက်တမ်နာရီတွေကိုပဲ အသုံးပြုပြီးတော့ တစ်စက္ကန့် ဆိုတဲ့ အကြာ ကိုဖော်ပြခဲ့ကြပါတယ် ဟု သုတေသီ တစ်ဦးကပြောပြသည် ။ အမှန်ပင် ၁၉၆၇ အောက်တိုဘာ က ကျင်းပ ခဲ့သော ၁၃ ကြိမ်မြောက် အလေးချိန်နှင့် တိုင်းတာမှုဆိုင်ရာ အထွေထွေ ညီလာခံကြီးက တစ်စက္ကန့်  ကို အက်တမ်တုန်ခါမှု ၉၁၉၂၆၃၁၇၇၀ နှင့် ညီမျှသည်ဟုသတ်မှတ်ခဲ့ကြောင်းသိရသည်။ 

သို့ သော် ကမ္ဘာ၏ လည်ပတ်နှုန်းသည် တစ်ရက်လျင် ၂ မီလီ စက္ကန့် တုန့် နှေးလေ့ ရှိသည့်အတွက် ရက်ပေါင်း ၅၀၀ ပြည့်တိုင်း အချိန်ကို တစ်စက္ကန့် ရပ်ပေးရလေ့ ရှိကြောင်း၊ တစ်နည်း အားဖြင့် စကြ၀ဋ္ဌာအက်တမ် နာရီ တွင် အချိန် တစ်စက္ကန့် တိုးထည့်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

Credit:ရတနာပုံ သတင်းစာ
Source


No comments:

Post a Comment