21 December 2016

ဘယ်ဘက် စောင်း အိပ် လို့ ရရှိမယ့် သင် မသိသေးတဲ့ အကျိုးကျေးဇူး { ၆ } ချက်



အိပ် တာနဲ့ ပတ်သက်လို့ လူတော်တော် များများက သူတို့နှစ်သက်တဲ့ ပုံစံ ကို ရွေးပြီး အိပ်တတ်ကြပါတယ်။ ဒါပေမဲ့ အိပ်စက် တာဟာ တစ်နေ့တာရဲ့ ပင်ပန်း ၊ နွမ်းနယ်မှု ဒဏ်တွေကို အကောင်းဆုံး ပြန်လည် ခွန် အားဖြည့် တင်းတဲ့ အားဆေး တစ်ခွက်ဖြစ်တာကြောင့် နည်းမှန်၊ လမ်းမှန် နဲ့သာ သောက်သုံးမယ် ဆိုရင် ပိုပြီး အာနိသင် အစွမ်းထက် မှာပါ။ 

အိပ်စက်တာနဲ့ ပတ်သက်လို့ သုတေသီတွေရဲ့ တွေ့ရှိမှု အရ ညာဘက် စောင်း အိပ်တာထက် ဘယ်ဘက် စောင်းအိပ်တာ ဟာ ကျန်းမာရေး ရှုထောင့်အရ ပိုပြီး နည်းလမ်း မှန်ကန်ပြီး သင် မသိနိုင်တဲ့ အကျိုးကျေးဇူး ၆ ချက် ကို ရရှိ ခံစားရမှာ ဖြစ်တယ်လို့ အတည်ပြုထားကြောင့်  ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ထဲက အဆိပ် အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးတဲ့ သွေးဖြူ  ဆဲလ်တွေရဲ့ လုပ်ဆောင် မှု (Lymphatic System) ကို တိုးတက်ကောင်းမွန်စေပါတယ်။

၂။ သရက်ရွက် ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းအားကို ပိုပြီး ကောင်းမွန်စေပါတယ်။

၃။ စွန့်ထုတ်မယ့် အညစ် အကြေးတွေကို သင့်တော် သလို ဖယ်ထုတ် ပစ်ဖို့ အားပေး ကူညီပေးပါတယ်။
၎။ ည အချိန် ရင်ပူ ရင်ဆာဖြစ်ခြင်းကို လျော့ကျစေပါတယ်။
၅။ သင့်ရဲ့ အသည်း ကို မနိုင်ဝန် ထမ်းစေမှုကနေ ကာကွယ်ပေးပါတယ်။
၆။ နှလုံး ကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။
Credit:Momolay
http://www.lwinpyin.com/2016/12/dormir-sleeping.html


No comments:

Post a Comment