15 June 2017
သေဘာၤေပၚကေန စိတ္ညစ္လို႔ ခုန္ခ်သြားၾကသူမ်ား
စကာၤပူ က အိမ္အကူ ၿမန္မာမေလး စိတ်ဖိစီးမူ့ဒဏ် မခံနိုင်လို့ တိုက်ပေါ်ကနေ ခုန်ချ သွားတဲ့ သတင်း  HOT ဖြစ်နေလို့ ဒီစာလေးရေးလိုက်မိတာ ။
သဘောင်္ပေါ်မှာလည်း ဘာထူးသတုံး ကိုယ့်စိတ်နဲ့ သူ့ကိုယ် လိုက်လျောညီထွေအောင် အရာရာ သည်းခံပြီးအလုပ်လုပ်နိုင်မှ တော်ကာကြမယ်လေ ။ အဓိက က စိတ် ကိုယ့် အလုပ်မှာ ကိုယ်ဝါသနာပါဖို့ဘဲ ငွေကြေး တစ်ခု ထဲနဲ့တော့ မရဖူးလေ ။
နောက် ကိုယ်ရွေးချယ်တဲ့လမ်း မဟုတ်ခဲ့ရင်တောင် မိသားစုဝင်တွေက အတင်း အကြပ် ဖိအားပေးစေခိုင်း ခဲ့ရင်တောင် ကိုယ် ဝါသနာ မပါရင် အစထဲက ခါးခါးသီးသီးငြင်းလိုက်ပါ ။
ပိုဆိုးတာက စကာင်္ပူမှာ စတက်လာတော့ သဘောင်္ စားနပ် ရိက္ခာ ၃လ စာ လာပို့တာနဲ့ ကြုံပြီး မုန့်ဟင်းခါးစား အများနည်းတူ ဝိုင်းသယ်ပိုးရင်း ဗလ က မရှိတော့ လျာထွက်ပြီး ပင်ပမ်းတာက စပြီ ။ ရန်ကုန်မှာ ထဲက ဘော်ကြော့ နေခဲ့တဲ့သူ ဆိုတော့ပိုဆိုးပေါ့ ။
နောက် သဘောင်္က ဟောင်ကောင်ဖက် ထွက်လာတော့ South china sea ထဲမှာတင် ဟိုလှုပ် ဒီလှုပ် နဲ့ လိုင်း က မူးပြီပေါ့ ။ ဒါပေမဲ့ သဘောင်္သား ဘဝ လိုင်းမူးတာ ကိုယ်လက် ကိုက်ခဲ တာ လာမလုပ်နဲ့ တစ်နေ့ အ လုပ်ချိန် ၁၀ နာရီဘဲ ( တစ်ကယ်ဆို လိုင်းမူးရင် မူးတာကို အာရုံမထား ဘဲ အလုပ်ထဲ စိတ်နှစ် ထားသင့် တယ် ) 
ဒါကို လိုင်း မူးတယ် မလုပ်နိုင်ဖူး လုပ်တော့ ဘိုဆင် က ပညာပေးပြီလေ ။ ဒါဆို paint Store ထဲမှာ သန့်ရှင်းရေးသွားလုပ် စုပ်တံ တွေကို တင်ဒါ နဲ့ ချွတ်ခိုင်းတော့ လေကောင်းလေသန့်လည်း မရ တင်ဒါ အနံ့တွေနဲ့ ပိုမူးဖို့ဘဲ ရှိတော့တာပေါ့ ။
ဒီနေရာမှာ တစ်ခုပြောချင်တာ ကတော့ အရာရှိဘဲဖြစ်ဖြစ် သဘောင်္သားဘဲဖြစ်ဖြစ် တက်တက်ခြင်း ၂ လ ၃ လ လောက်က အရေးသိပ်ကြီးတယ် ။ ကိုယ့် ကို ကပ္ပတိန် အပါအဝင် အားလုံးကစောင့်ကြည့် နေကြတာ ၊ဒါ့ကြောင် အဲ့ဒီ စောင့်ကြည့် ကာလမှာ ပင်ပင်ပမ်းပမ်း ကြိုးစားပြီးသာ လုပ်ပြလိုက် နောက်ပိုင်း အပြစ်ဖြစ် ရင်တောင် အပြစ်မမြင်ဘဲ ခွင့်လွှတ်တတ်ကြတယ် ။
သူက လူသစ် ဆိုတော့ c/o တို့ သူကြီး တို့ကတော့ သဘောထားကြီးစွာနဲ့ စောင့်ကြည့်ကြပါတယ် ။ ဒါပေမဲ့ နဂိုလ်ထဲ ကမှ သဘောင်္လိုက်တာ ဝါသနာမပါဘဲ အိမ်က ဇွတ်လိုက်ခိုင်းလို့ သာလိုက်ခဲ့ ရတော့ ဘာလုပ် လုပ် ဘာမှ အဆင်မပြေတော့ အားလုံးအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ရပြီလေ ။
သဘောင်္မှာ ကမ်းကပ် ကမ်းခွာ လူတယောက်ရဲ့အားအင် သွက်လက်မူ့က အရေးကြီးတယ် ။ ယောင်ပေပေ သွားလုပ်ရင် တစ်ခြားသူတွေက သူ့ကို ဝိုင်းကူ လုပ်နေရတော့ အလုပ် မတွင်ဘူးပေါ့ ။ ဒီတော့ ဆူပူ ပြောဆိုမူ့ ဖိအားတွေသူ့ဆီ သက်ရောက်လာပြီ ။
သဘောင်္ကလည်း ဥရောပ ဖက်တွေရောက်နေတော့ ပြန်ပို့ဖို့ ကလည်းမဖြစ် နောက် စိတ်တူ ကိုယ်တူ သူများနဲ့ တန်းတူ ဝိုင်းလုပ် ဝိုင်းစားလည်း အတူတူ ယှဉ်မလုပ်နိုင်တော့ အားလုံးနဲ့ သွေဖယ်လာပြီး အပယ်ခံဖြစ်လာပြီလေ ။ ဒီတော့ အထီးကျန်ဖြစ်ပြီး ဆိုက်ကို စ ဝင်လာပြီပေါ့ ။
တစ်ယောက်ထဲ ငေးကြည့်ငေးမိုင် နောက် ကောင်းကင်က ကြယ်တွေ ကြည့်လိုက် စကားပြောလိုက်
အပေါင်း အဖော် မရှိတော့ အလုပ်နားချိန် တံခါးပိတ် အိပ် ထမင်းလည်း အချိန်မှန်မှန် ထမစား တော့ဘူး ဒါကို ရိပ်မိတဲ့ 2/o က သူကြီးကို သတင်းပို့လိုက်ပါပြီ ။
သူကြီးကလည်း နောက် ခရီးစဉ် အာရှဖက် ဆိုတော့ ပြန်ပို့ဖို့ သဘောတူလိုက်ပါပြီ ။ ဘာလိုလိုနဲ့ သူက သဘောင်္ မှာ ၃ လကျော်တောင် ရှိသွားပြီလေ ။ သူ့ကြည့်ရတာ အခြေအနေ မဟန်လို့ သူ့ကိုလည်း တရားဝင် အသိပေးပြီးသား သဘောင်္ တရုတ်ပြည်ရောက်ရင် မင်း အိမ်ပြန်ခွင့် ရမှာပါလို့ သူကလည်းပြန်မယ် ဆိုတာကြီးဘဲ အမြဲပြောနေကျလေ ။
မှတ်မှတ်ရရ တရုတ်ပြည်ရောက်ဖို့ ၂ ရက်ဘဲ လိုတော့တဲ့ အချိန် လိုင်းလေတွေ ကလည်း ငြိမ်သက်ပြီး ပင် လယ်ပြင်မှာ ဖျာခင်း ထားသလို လမင်းကြီးကလည်း သာသာယာယာ ထွန်းလင်း ခဲ့တဲ့နောက်တစ်နေ့ မနက်မှာတော့ သူ့ကို ရှာမတွေ့တော့ဘူး ။
သဘောင်္ ရဲ့ Gangway လှေခါးနားမှာ သူစီးနေကျ ဖိနပ် ၂ဖက် ချွတ်ထားတာဘဲ တွေ့ရတော့တယ် ။  နောက် သူ့ အခန်းထဲ ဝင်ကြည့်ကြတာ့ '' ကြာတယ်ဗျာ မြန်မာပြည်ကို ရေကူးပြီးဘဲ သွားတော့မယ် '' တဲ့
စာတိုလေး ရေးထားခဲ့တယ် ။
ကိုင်း အားလုံး ကတော့ အလုပ်ထဲမှာ အဆင်မပြေကြပေမဲ့ အခုလိုဖြစ်သွားတော့လည်း စိတ်မကောင်းကြဖူးလေ ( ဒီနေရာမှာ သဘောင်္သား အဟောင်းကြီးတွေပြောခဲ့ ဆိုခဲ့ တဲ့ စကား တစ်ခွန်း ကတော့ ဟေ့ကောင်တွေ လိုင်းလေငြိမ်သက်ပြီး ပင်လယ်ပြင်ကြီး သာယာ နေတယ် ဆိုပြီး မငေးမော မတွေးတောနေနဲ့ ရေထဲ လမ်းလျောက်ချင်စိတ် ခုန်ချ ချင်စိတ် တွေ ပေါက်လာလိမ့်မယ် တဲ့ ) အဲ့ဒီလို သဘောများလားတော့မသိ
ဘာဘဲဖြစ်ဖြစ် ဆိပ်ကမ်းရောက်ဖို့ ၂ ရက် အလိုကျမှ ဖြစ်သွားတော့လည်း စိတ်တစ်ကယ်မကောင်းစရာပါ ။
တစ်ကယ်ဆို အားလုံးခြုံပြီး သုံးသပ်ရရင် သဘောင်္သား ဘဝဟာ မချောမွေ့ပါ ကြမ်းတမ်း လှပါတယ် ။ တော်တန်ယုံ တူဒဏ် ပေဒဏ် ခံနိုင်မှ လည်းရပါမယ် ။ လူတွေက ဒေါ်လာစား လို့ဘဲ မြင်နေပေမဲ့ အဲ့ဒီနောက် မှာပေးဆပ်မူ့တွေက အများကြီးပါ ။
သဘောင်္လိုက်တာ အစီးရေ ပိုများလေ ရင့်ကျက်မူ့က ပိုလာလေဘဲ လူသစ် ဘဝမှာတော့ ပျော်တတ်အောင် နေတတ်ဖို့က အရေးကြီးတယ် ။ အချိန်ရတိုင်း အမြဲလိုလို လွမ်းနေဆွေးနေရင်တော့ ရေထဲ လက်ပစ်ကူးသွားလိမ့်မယ် ။
ကိုယ်တို့ လူသစ်ဘဝကဆို မြန်မာပြည်ကို လုံးဝပြန်မလာဘဲ နိုင်ငံခြားမှာဘဲ ၄နှစ် ၁၀လ လောက်ပေပေတေတေ နေခဲ့တာ စကာင်္ပူမှာ အလုပ်ရှာလိုက် သဘောင်္ တက်လိုက် နောက် ဘန်ကောက်ပြန်နား နောက် စ လုံးပြန်ဝင်လိုက်နဲ့ပေါ့ ။ 
နောက်ဆုံး ဆိုးပေတေလို့ ဝ မှ 1990 မှာ 2/0 exam ပြန်ဖြေဖြစ်တာ ။
ခံယူချက်လေး တစ်ခုတော့ထားပေါ့ ။ ကိုယ်တို့ဆို သဘောင်္တက်ဖို့ လေယဉ်ပျံ စ ပျံသန်းပြီ ဆိုကထဲက ပင် လယ် အကျဉ်းသား ထောင်ဒဏ် ၉ လ စပြီလို့ သတ်မှတ်လိုက်တယ် ။ ထောင် ဆိုတော့ ကိုယ်နေချင်သလို မနေရဖူး အစား အသောက် မကောင်းတာ ၊ အဆင်မပြေတာ ၊ မိသားစုလွမ်းတာ ၊ အားလုံးကြုံတွေ့ပြီးပြန် ချင်တာတောင်ပြန်ခွင့်လည်း မရတဲ့နေရာလေ ။ ဘုရင့်နောင် ဖောက်ဖျက် သလို နောက် မဆုတ်တမ်း လုပ်ရတော့မှ ကိုယ့် ရည်မှန်းချက်လည်း အောင်မြင်မှာပေါ့ ။
သဘောင်္မှာ တစ်ရက် ကုန်သွားလို့ ပြက္ခဒိန်မှာ တစ်ရက် သွားမခြစ်နဲ့  အချိန်ပိုကြာသွားမယ် မေ့မေ့ပျောက်ပျောက်ထား အချိန်ဆိုတာ သတိမထားရင် အကုန်မြန်လွယ်တယ် ။ ( မယုံရင် ဖဲသမားတွေမေးကြည့် ဖဲရိုက် ရင်း အချိန်ဖြုန်းတော့ တစ်နေ့တာဆိုတာ ခဏလေး) ဘာ့ကြောင့်ဆို ဖဲပေါ် အာရုံရောက်ပြီးစိတ် က အချိန်ကိုမေ့ထားလို့ပေါ့ ။
အနီးစပ်ဆုံး ဥပမာ ပေးရရင် ...
ရန်ကုန် မှာ ခဏ ပြန်နားချိန် ၆ လ ဆိုတာ ၆ ရက်လောက်ဘဲ ထင်မိသလို ၊
သဘောင်္မှာ ၆ လ ဆိုတာ ၆ နှစ် အလား ထင်မှတ်စရာက သက်သေဘဲ ။
ကဲ သဘောင်္သား အပေါင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ။
Myanmar Seamen Union
No comments:
Post a Comment