07 June 2017

စစ်မီး အားကောင်းလာဦးမည့် အရှေ့ အလယ်ပိုင်း (သို့မဟုတ်) ထရမ့် ၏ အရှေ့အလယ်ပိုင်း အခင်းအကျင်းသစ်



( ၅. ၆. ၁၇) နေ့တွင် ကမ္ဘာက စိတ်ဝင်စားသော သတင်းတစ်ခု တက်လာသည်၊ ကာတာ ကို ပစ်မှတ် ထားပြီး ဆော်ဒီအာရေးဗီးယား ဦးဆောင်ကာ ဘာရိန်း၊ အီဂျစ်၊ ယူအေအီး(အာရပ်စော်ဘွားများနိုင်ငံ)၊ ယီမင်၊ လစ်ဗျား၊ မော်လ်ဒိုက် ပါဝင်သော ပင်လယ်ကွေ့ “ဆွန်နီ” နိုင်ငံများက သံတမန် အဆက်အသွယ် ဖြတ်တောက် လိုက်သည်၊ အကြောင်းပြချက်က ကာတာနိုင်ငံသည် Muslim Brotherhood ဟူသော မွတ်စလင်သွေးသောက် အကြမ်းဖက်များကို နောက်ကွယ်က ထောက်ပံ့နေသောကြောင့်ဟု ဆိုသည်။ ဘရားသားဟုဒ်ကြောင့် ဒေသတွင်း မငြိမ်မသက်မှုကို ကြီးမားစွာဖြစ်စေခဲ့သည်ဟု စွပ်စွဲသည်၊
.
တစ်မူး ပိုရှုကြသူများ 
********************
မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသော မောင်မွဲနိုင်ငံများ ၏ နိုင်ငံရေးကို “အာဏာရှင်” “ဗဟိုချုပ်ကိုင်မှုကြီးသော” စသဖြင့် ပုဒ်ထီး၊ ပုဒ်မ အမျိုးမျိုး တပ်၍ ပုံကြီးချဲ့ကားကြသော် လည်း များစွာ မရှုပ်ထွေးလှ၊ အီလစ်နိုင်ငံရေး၊ ချမ်းသာသောနိုင်ငံများ ၏ နိုင်ငံရေးက မျက်နှာဖုံးစွပ်၏ နောက်ကွယ်တွင် များစွာရှုပ်ထွေး လှသည်၊ အာဏာရှင်နိုင်ငံရေးထက် ပို၍ကြောက်စရာကောင်းပြီး၊ ပို၍ ရက်စက်တတ်လေ့ရှိသည်၊ ပြည်သူ့ရှေ့က မားမား မတ်မတ် အကျိုးပြု သယောင်နှင့် ကိုယ့်ပြည်သူကို ပြန်၍ စတေးလိုက်သည်များပင် ရှိခဲ့ကြသည် (ယနေ့ ၉/၁၁ အရေးအခင်းသည် ဝိဝါဒကြီးမားစွာ ကွဲပြားနေသော ဖြစ်ရပ်တစ်ခု)။

ကာတာကို Muslim Brotherhood အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသည်ဟု ဆွန်နီ အုပ်စုက စွပ်စွဲခဲ့ကြသည်၊ ဦးဆောင်နိုင်ငံဖြစ်သော ဆော်ဒီက "IS" တို့ကို တစ်နည်း တစ်ဖုံမက၊ နည်းမျိုးစုံဖြင့် ထောက်ပံ့နေပါသည်ဟု ပူတင်က ဖွင့်ချခဲ့ပြီး ဖြစ်သည်၊ "IS" အကြမ်းဖက်ကို အမေရိကန် ဦးဆောင်သော နေတိုး အုပ်စုက တိုက်ခိုက်နှိမ်နင်းသည်ဟု ဆိုသည်၊ လေကြောင်းမှ ဗုံးကြဲသလိုနှင့် လက်နက်၊ ရိက္ခာများ ချပေးခဲ့သောပုံကို ပူတင်က ထုတ်ပြခဲ့သည်။ "IS" တို့၏ အရေးပါသော အမိန့်ပေး စခန်းအချို့တွင် အမေရိကန် တပ်မှူးအချို့ တို့ကို တွေ့ခဲ့ရသည်။

အလိုမကျသောနိုင်ငံများတွင် စစ်တပ်မှ အာဏာသိမ်းလျှင် ပြင်းပြင်း ထန်ထန် ဝေဖန်လေ့ ရှိသော် လည်း၊ အီဂျစ် တွင် မော်စီ ကို ဖြတ်ချ၍ ဗိုလ်ချုပ်ကြီး စီစီ က အာဏာ သိမ်းသောအခါ ဟီလာရီကလင်တန် က “ ဒီမိုကရေစီ ကို ထိန်းသိမ်းတာပါ” ဟု ခပ်တည်တည် ပြောခဲ့သည်၊ မည်သို့ မျက်နှာဖုံးစွပ်ကြစေကာမူ ကိုယ်ကျိုးစီးပွား အပေါ်သာ အခြေခံကြပြီး၊ တစ်ခါတစ်ရံ ဟန်ဆောင်နိုင်ကြကာ၊ တစ်ခါတစ်ရံ ခပ်ပြောင်ပြောင် ဆို တတ် ကြ၊ လုပ်တတ်ကြသော နိုင်ငံရေး ၊ သကာရည်အောက်က အဆိပ်ရည် အပြည့် နိုင်ငံရေးသာဖြစ်၏ ။ (မြန်မာပြည်သူတို့ ဤအချက်ကို ကောင်းစွာ နားလည်ထားနိုင်ကြဖို့ ကောင်းပါသည်)။
.
Muslim Brotherhood ဆိုသည်မှာ
*************************************
မွတ်စလင်သွေးချင်းညီအကို အဖွဲ့ဟု မြန်မာလို ပြန်ဆိုနိုင်မည့် Muslim Brotherhood အဖွဲ့ကို အီဂျစ်တွင် (၁၉၂၈) ခန့်က စတင် သန္ဓေတည်ခဲ့သည်၊ ဆွန်နီ အဓိက အုပ်စုဖြစ်ပြီး တရားဝင် အဖွဲ့အစည်း ဖြစ်လာကာ ထိုမှတစ်ဆင့် နိုင်ငံတစ်ကာတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့ကာ အခြားသော လူမှုရေး၊ ကယ်ဆယ်ရေး စသော ပုံသဏ္ဍာန်များဖြင့်လည်း ဖြန့်ကျက်နိုင်ခဲ့သည်။

ဘရားသားဟုဒ် အဖွဲ့ဝင် တို့သည် ပြင်းထန်သော အယူဝါဒ ရှိကြသူများဟု ဝေဖန်ခံရ၏။ Sharia Law ဟူသော အစ္စလာမ်ဥပဒေ ကို ကျင့်သုံးရန် ကြိုးစားကြသူများ ဖြစ်ကြသည်၊ ဘရားသားဟုဒ် ၏ အယူအဆ သဘော တရားကို အကောင်အထည်ဖော်ခဲ့သော အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကို စတင် တည်ထောင်သူတစ်ဦးဖြစ်သည့် အဗ္ဗဒူလာ ယူဆွတ် အက်ဇမ် (Abdullah Yusuf Azzam) မှာ Jordan Muslim Brotherhood မှ ဖြစ်သည်။ မူရင်း Muslim Brotherhood သည် ရောက်ရှိသောနိုင်ငံပေါ် မူတည်၍ အီဂျစ်ဘရားသားဟုဒ်၊ေ၈ျာ်ဒန်ဘရားသားဟုဒ်၊ အီရတ်ဘရားသားဟုဒ် စသဖြင့် အမည် အမျိုးမျိုးဖြင့် တည်ရှိရှင် သန်ခဲ့ကြသည်။

ဘရားသားဟုဒ် တို့သည် အစွန်းရောက် အယူအဆရှိကြသူများ ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် အစိုးရများ၏ တရားဝင် ရပ်တည်မှု့ အဖွဲ့အစည်းမှ ဖျက်သိမ်း ခံခဲ့ရသည် မျိုးလည်း ရှိကြသည်။ အီဂျစ်တွင် မူဘာရတ်ပြုတ်ကျပြီး လွတ်လပ်စွာ ရွေးချယ်မဲပေးကြရာမှ အီဂျစ်ဘရားသားဟုဒ် ဖြစ်သော မော်စီ သမ္မတဖြစ်လာသည်၊ အမေရိကန်သည် "IS" တို့ကို နောက်ကွယ်မှ ထောက်ပံ့နေသော် လည်း ဘရားသားဟုဒ်နှင့် အစေးကပ် ဟန်-မတူ၊ ထို့ကြောင့် အီဂျစ်သမ္မတဖြစ်လာသူ မော်စီ သည် သမ္မတ သက်တမ်း (၁) နှစ်ခန့်သာ ကြာလိုက်သည်၊ ဗိုလ်ချုပ်ကြီးစီစီ ၏ အာဏာသိမ်းခြင်းကို ခံလိုက်ရတော့၏။ ဗိုလ်ချုပ်ကြီးစီစီ မှာ အရာရှိငယ် ဘဝတွင် အမေရိကန် စစ်သင်တန်း တက်ခဲ့သူဖြစ်ပြီး၊ အီဂျစ်ဘရားသားဟုဒ် အဖွဲ့အစည်းကို မတရားအသင်း ကြေညာခဲ့လိုက်သည်။
.
သမ္မတ မော်စီ လက်ထက်တွင် အရွေးချယ်ခံဖြစ်သည်ဟု ယုံကြည်မှု ပြင်းထန်ခဲ့ဟန် ရှိသည်၊ ဘရားသား ဟုဒ် ၏ တင်းမာသည့် အယူအဆ သဘောတရားဖြစ်သော ရှရီယာ ဥပဒေကို တည်ဆဲ ဥပဒေများ နှင့် ဖြည်းဖြည်း ချင်း အစားထိုးရန် ကြိုးစားရာတွင် မော်စီ ကို ထောက်ခံသော အုပ်စု/ကန့်ကွက်သောအုပ်စု များကြား ကြီး မားသောပဋိပက္ခများ ဖြစ်လာခဲ့သည် ။

 မော်စီ ကန့်ကွက်သူများကို စီအိုင်အေ က ထောက်ခံ ထားသည်၊ ပဋိပက္ခ တစ်ဖြည်းဖြည်း ကြီးထွားလာရာ မီးရှို့ ဖျက်ဆီးမှုများ၊ အုပ်စုလိုက် တိုက်ခိုက်မှုများ အထိ ကျယ်ပြန့်လာသဖြင့် နောက်ဆုံး အီဂျစ်စစ်တပ် မှ အာဏာ သိမ်းလိုက်တော့သည်။ အီဂျစ် အဓိကရုဏ်းတွင် သေဆုံးသူစုစုပေါင်း (၈၁၇) ဦးမျှ အထိ ရှိခဲ့သည်ဟုဆိုသည်။

အယ်ကိုင်ဒါ ၏ ခေါင်းဆောင်ဟု လူသိများသော “အိုစမာဘင်လာဒင်” ၏ ဂျီဟဒ် သဘောတရား များဆိုင်ရာ ခေါင်းကိုင် ဆရာကြီးမှာ ယူဆွတ်အက်ဇမ် ဖြစ်သည် ။ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီး ဆက်ခံ ခဲ့သော အယ် ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သော Ayman Mohammed Rabie al-Zawahiri မှာမူ အီဂျစ် ၈ျီဟဒ် အရေးတော်ပုံအဖွဲ့ကို စတင်ထူထောင်ခဲ့သူ ဖြစ်သည်။ 

အယ်ကိုင်ဒါကို စီအိုင်အေ ၏ သား ဟုတင်စားလျှင် အိုင်အက်(စ) သည် စီအိုင်အေ ၏မြေးဖြစ်လာပါလိမ့်မည် ။ ဘရားသားဟုဒ် သည် အစွန်းရောက်ဖြစ်ပြီး အိုင်အက်(စ)သည် အစွန်းရောက်အကြမ်းဘက်ဖြစ်သည်၊ ကွာခြားသည်က ဘရားသားဟုဒ် အနေဖြင့် အမေရိကန်ဩဇာ မခံခြင်းသာဖြစ်သည်။




ဆော်ဒီ-ထရမ့် ချစ်ကြည်ရေးအပြီး 
**********************************
သမ္မတလောင်း မဲဆွယ်ရေး ကာလတွင် ထရမ့်သည် ဆော်ဒီ ကို ကောင်းစွာ ဝေဖန်ခဲ့သည်၊ "IS" တို့ ကို နောက်ကွယ်မှထောက်ပံ့သည် ဟူသော စွပ်စွဲချက်ဖြင့်၊ အိုင်အက်စ် အကြမ်းဖက်ကို ဆော်ဒီ မှ လည်းကောင်း၊ အမေရိကန် မှလည်းကောင်း ထောက်ပံ့နေကြောင်း အတော် များများ ယခုအခါ သိရှိခဲ့ကြပြီး ဖြစ်သည် ။ အဘယ့်ကြောင့် အမေရိကန်က ဆော်ဒီကို "IS" ထောက်ပံ့မှုဖြင့် စွပ်စွဲရပါသနည်း၊ ဇာတ်လမ်း သဘော သဏ္ဌ္ဌာန်လုပ် သရုပ်တူရန် ဖြစ်ပါလိမ့်မည်။

ထရမ့် သမ္မတဖြစ်လာခဲ့ပြီး၊ (၅) လခန့်တွင် ဆော်ဒီ သို့ ရောက်လာပါတော့သည်၊ ဒုံးခွင်းဒုံး THAAD အပါ အဝင် စစ်လက်နက် ပစ္စည်း ဒေါ်လာဘီလီယံ (၁၁ဝ) ဖိုး အရောင်းအဝယ် စာချုပ်-ချုပ်ဆို သွားခဲ့ပါသည် ။ ဆော်ဒီအပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်မှုလည်း ထွက်မလာတော့ချေ။ ဆော်ဒီ မှ ထရမ့် ပြန်ပြီး တစ်ပတ်မပြည့်မီ ကာတာ အပေါ် ဆော်ဒီ ဦးဆောင်သော ပင်လယ်ကွေ့နိုင်ငံများက သံအဆက်အသွယ် စတင်ဖြတ်တောက်ခဲ့တော့သည်၊ လေကြောင်းလိုင်းများ ရပ်နားလိုက်ရသည်၊ နယ်စပ် တံခါးများ ပိတ်ဆို့ကြသည်၊ စီးပွားရေး အဆက် အသွယ်များ တစ်ဖြည်းဖြည်း လျော့ကျလာဖွယ်ရာ ရှိသည်၊

ပင်လယ်ကွေ့နိုင်ငံများက ]ကာတာ} ကို သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်သည့် သတင်း ထွက်ပေါ်လာပြီးနောက် အမေရိကန်က ကြေညာချက်တစ်စောင် အလျင်အမြန် ထွက်ခဲ့သည် ။
“အရှေ့အလယ်ပိုင်းဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် မည်သို့မျှ မထိခိုက်စေနိုင်” ဟုဆိုသည် ၊ အဖြစ်အပျက်များက မြန်ဆန်၏။ တိုက်ဆိုင်စွာပင် ဆော်ဒီသို့ သမ္မတထရမ့် လည်ပတ်ပြီး ရက်ပိုင်းအတွင်းမှာ ကာတာကို ပင်လယ်ကွေ့နိုင်ငံများက သံအဆက်အသွယ်ဖြတ်မှု ပေါ်ပေါက်လာခဲ့သည် ။ 

ဘရားသားဟုဒ်နှင့် ဆက်စပ်သောကြောင့်ဟုသာ ဆိုလျှင် … ဤကိစ္စသည် နှစ်များစွာ ကလည်းက သိရှိခဲ့ပြီး ကိစ္စဖြစ်နေပါ၍ လုံလောက်သော အကြောင်းပြချက်ဟု မမြင်ပါချေ။ သူပုန် အမျိုးမျိုး ကွဲပြားနေသော အရှေ့ အလယ်ပိုင်းသည် ယခုအခါ မီးလောင်တိုက် သွင်းခံနေရသည့်ပမာဖြစ်ပြီး မည်သည့်နိုင်ငံက မည်သည့် သူ ပုန် များကို ထောက်ခံမွေးမြူခဲ့သည်ကို လေ့လာသူများက သိရှိထားခဲ့ပြီးသာ ဖြစ်ပါ၏။

ထရမ့် ဗျူဟာ အခင်းအကျင်းသစ်
*********************************
အမေရိကန်သမ္မတ Richard Nixon လက်ထက်တွင် The search for proxies ဟူသော ဗျူဟာအရ Iran, Israel, Zaire, စသည့်နိုင်ငံ များတွင်ကြားခံစစ် ဟူသော Proxy War များ စတင် ဖန်တီးခဲ့သည်၊ ကိုယ်တိုင် စစ် မတိုက်ဘဲ စစ်ဖြစ်လိုသော နိုင်ငံ အချင်းချင်းသွေးခွဲ၍ စစ်ဖြစ်စေ သည့်နည်း ဖြစ်သည် ကြားခံ စစ်တလင်းတို့မှ ရသော အကျိုးအမြတ်များကိုလည်း ကောင်းစွာ ခံစားခဲ့ ကြရသည်ဖြစ်ရာ ပရောက်စီ သဘောတရားကို ကျယ်ပြန့်စွာ သုံးတတ် လာခဲ့တော့၏။

သဲကန္တာရ ထဲတွင် ကုလားအုတ် စီးစဉ်က အရှေ့အလယ်ပိုင်းသည် အမေရိကန် အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ခဲ့ပါသော်လည်း၊ ယခုအခါ ရေနံ မှ ရုတ်တရက် ချမ်းသာ လာခဲ့ပြီး၊ အစ္စလာမ် ကမ္ဘာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ခြင်းက အမေရိကန် သာမက အခြားနိုင်ငံ အတော်များများအတွက်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်ဟု အမေရိကန်တို့ ယူဆလာခဲ့ကြဟန် ရှိသည် ။

 စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်လာကြရင်း နိုင်ငံအသီးသီးသို့ စိမ့်ဝင်လာခဲ့ကြသူများ၊ လူဦးရေ ထုတ်လုပ်သည့် စက်ရုံတစ်ရုံ ပမာ ဘင်္ဂလားဒေ့ခ်ျမှ အရေ အတွက် ကြီးမားသော အစ္စလာမ်များ ကမ္ဘာအရပ်ရပ် ပျံ့နှံ့နေခြင်း သည် ဖြစ်စဉ် အစတွင် “လူ့အခွင့်အရေး” နှင့် “ဒီမိုကရေစီ” အရှိန်တက်စဉ်က မသိသာကြသေးခဲ့ပါသော်လည်း၊ ဆယ်စုနှစ် နှစ်ခု-သုံးခုကျော်၌မူ စိုးရိမ်စရာများ ဟု မြင်တွေ့လာခဲ့ကြတော့၏။

အခြားနိုင်ငံများကို လူ့အခွင့်အရေးဟု မည်သို့အော်ပေးနေသည် ဆိုစေကာမူ အမေရိကန် နိုင်ငံတွင်း မွတ်ဆလင်အရေအတွက် ကို အနိမ့်ဆုံးဖြစ်အောင် နှစ်ပေါင်းများစွာ အမေရိကန်တို့ ထိန်းသိမ်း ထားနိုင်ခဲ့သည်ကို တွေ့နိုင်ပါ၏။

ဤသည်ကပင် အခြားနိုင်ငံများကို မည်သို့ပြောဆိုနေစေကာမူ ကိုယ့်နိုင်ငံ အကျိုးစီးပွား ကို မည်သို့ကာကွယ်ခဲ့သည်မှာ ထင်ရှားလှ၏။ နိုင်ငံရေးသည် ရှုပ်ထွေး၏၊ အကြံအစည်များသည်လည်း ရှုပ်ထွေးလှ၏ ။ ၁၉၇၃ -ရေနံ အကျပ်အတည်းတွင် ရေနံထွက် OPEC မှ အမေရိကန် ကို တန်ပြန် အရေးယူ ပိတ်ဆို့မှုလုပ်ခဲ့ခြင်းကို အမေရိကန်တို့ ဘယ်တော့မှ မေ့နိုင်မည်မဟုတ် ။

 ရေနံဒေါ်လာများဖြင့် လိုအပ်လျှင် ဝေါလမ်းမကြီး ၏ ရှယ်ယာဈေးကွက်ကို ဖြိုချရန် ဟူသော အစီအစဉ်ကို လည်း အမေရိကန်၏ ခွေး သားရေပိုက်ထဲတွင် မှတ်သားထားမည်မှာ သေချာသည်၊ ရှေးက ခရူးဆိတ် စစ်ပွဲများသည် ခရစ်ယာန်-အစ္စလာမ်ကြား နှစ်ပေါင်းများစွာ ကြာညောင်း၍၊ လူသန်းပေါင်းများစွာ သေကျေခဲ့သည့် သမိုင်း သင်ခန်းစာကိုလည်း မူဝါဒရေးဆွဲရာတွင် အမြဲတမ်း စဉ်းစားလေ့ရှိသည့် အကြောင်းအရာ ဖြစ်ပါလိမ့် မည်။ မွတ်ဆလင်တို့၏ လူဦးရေ တိုးပွားမှု၊ အခြားနိုင်ငံ အသီးသီးသို့ စိမ့်ဝင်မှု၏ အနာဂတ် အန္တရာယ်ကို လည်း အမေရိကန် ပညာရှင်တို့က အမြဲစောင့်ကြည့်နေမည်မှာ မြေကြီးလက်ခတ်မလွဲ၊


ထို့ကြောင့်လည်း (၁၉၇ဝ၊ ၈ဝ၊ ၉ဝ) ကျော် ကာလများတွင် နည်းပညာပေါင်းများစွာဖြင့် ရေနံ ရောင်းနိုင်ငံများ မှ ပက်ထရိုဒေါ်လာ များကို အမေရိကန် တို့က ပြန်၍ သိမ်းယူသွားခဲ့သည်ကို တွေ့နိုင်သည်၊


 သို့သော်လည်း လုံလောက်မှု မရှိသေးပါ၊ လူဦးရေ အဆမတန် တိုးပွားမှုက ရပ်တန့်၍ မရနိုင် သေးပါ ။

🐠         ခရူးဆိတ်စစ်ပွဲ တစ်ကျော့ပြန် အဖြစ်ခံမည်လား ...
🐠      အခြားသော အစီအမံ မရှိနိုင်ဘူးလား …
အမေရိကန်တို့ ဒုတိယ ဗျူဟာကို ရွေးချယ်ခဲ့ဟန် ရှိသည်၊ အယ်ကိုင်ဒါ ကို သား အဖြစ်မွေး၍ ဆိုဗီယက်နှင့် Proxy War ကို အာဖ၈န်တွင် ဖန်တီးခဲ့သည်၊ "IS" ကို မြေး အဖြစ်မွေးပြီး အစ္စလာမ် ကမ္ဘာမှာ စစ်ပွဲကြီးများ ဖြစ်စေ ခဲ့သည် ။ 

ယနေ့ အရှေ့အလယ်ပိုင်းဒေသတွင် သူ့ဟန်ချက်၊ သူ့မျှခြေဖြင့် Strong State အဖြစ် ရှိနေခဲ့သော နိုင်ငံများစွာ ကျဆုံးခဲ့ပြီး Collapsed State အဖြစ် ကွဲပြား ကျဆုံး၊ စစ်မီးလောင်ခဲ့ချေပြီ၊ ဤဗျူဟာကို အိုဘားမား အတော် ပင် အကောင်အထည်ဖော်သွားခဲ့သည်၊ သို့သော်လည်း မထိန်းချုပ်နှိုင်ခဲ့ … အခြားနိုင်ငံများသို့ ဘေး ထွက် ဆိုးကျိုး သက်ရောက်စေခဲ့သည် ။

 ဆိုဗီယက် ကို ပစ်မှတ်ထား၍ ငါးရံ့နှစ်ကောင် ဖမ်းချင်သော အိုဘားမား သည် ဆီးရီးယား ကို စစ်မီးလောင်တိုက် သွင်းခဲ့ရာ ပူတင် မနေသာတော့ဘဲ ဝင်ပါလာရတော့သည် ။

ထိုသောအခါ လက်ညှိုး အပြန်အလှန် ထိုးကြရင်း အမေရိကန် ၏ မဟာမိတ်လည်းဖြစ်၊ နေတိုး အဖွဲ့ဝင် လည်းဖြစ်သော တူရကီ က ပူတင်နှင့် ပေါင်းသွားပြီး "IS-အမေရိကန်" အကြောင်း ကမ္ဘာသိ ဖြစ်ကုန်တော့ သည်။

ယခု ထရမ့် လက်ထက်၊ အိုဘားမား လက်ထက်က “အာရှ ဗဟိုပြု” စဉ်းစားမှုကို ထရမ့် က မေ့ပစ် လိုက် သည်၊ (မြန်မာနိုင်ငံ အတော် သက်သာသွားခဲ့ပါ၏)။ အရှေ့အလယ်ပိုင်း ဗဟိုပြုဗျူဟာ အသစ် ချမှတ် ဟန်ရှိသည်။

ဆော်ဒီ ကို သမ္မတ မဖြစ်မီ လက်ညှိုး ငေါက်ငေါက်ထိုးနေရာက သမ္မတဖြစ်ပြီး လက်နက်ရောင်းကာ ဘီလီယံ (၁၁ဝ) ယူသွားသည်၊ တိုက်ဆိုင်စွာ “ဆွန်နီ-ရှီးအိုက်” မီးစက နောက်က လိုက်လာပြီ ။

အန္တရာယ်ရှိသော အီရန် ကို အိုဘားမားမှ လွဲ၍၊ အမေရိကန် သမ္မတ အဆက်ဆက် သတိထားခဲ့ သည့် လမ်းကြောင်းကို ထရမ့် က ပြန်ရွေးချယ်သည် ။ သို့သော်လည်း ကိုယ်တိုင် စစ်ပွဲဆင်နွှဲဖို့ စဉ်းစားဟန်မတူ ၊ အ ချင်းချင်း စစ်ဖြစ်စေခြင်းက နှစ်ဖက်သေကျေ၍ လူဦးရေလည်းလျော့၊ အမုန်းတရားကိုလည်း မြင့်တင် ပေးရင်း … နိုင်ငံလည်း ပျက်စီးစေသော သုံး၊လေးချက် ပြတ်လမ်း ကို ဆုံးဖြတ်လိုက်ဟန် ရှိသည်။

မကြာမီ အရှေ့အလယ်ပိုင်းတွင် ပို၍ မငြိမ်မသက်မှုများ၊ ပို၍ကြီးမားသော စစ်ပွဲကြီးများ၊ လက်နက်စမ်းသပ်မှုများ၊ စစ်မီးတောက်များကို ဒေသတစ်ခုလုံး အနှံ့အပြား၌ တွေ့မြင်လာရဖွယ်ရာ ရှိသည်ဟု သုံးသပ်ရပါ၏။


နေဇင်လတ်
( ၆-၆-၁၇) (၁၈၇၁)

No comments:

Post a Comment