18 June 2017

ဒစ်ဂျစ်တယ် စီးပွားရေး



*ဒီလို လုပ်နေကျပဲလေ* ဆိုတဲ့ ပြောနေကျ စကားကို ကျနော်တို့ ဆက် ပြောနေဦးမှာလား ။ ဒါဆိုရင်တော့ ဒစ် ဂျစ်တယ် စီးပွားရေး မှာ နောက်က ကျန်နေခဲ့မှာ သေချာနေပါပြီ။

ဒစ်ဂျစ်တယ် စီးပွားရေး (Digital Economy) ဆိုတာ ဘာလဲ
ဒစ်ဂျစ်တယ် စီးပွားရေး ဆိုတာ အလွယ်တော့ Digital Computer Information and Communication Technology ကို အခြေခံတဲ့ စီးပွားရေးလို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့ ဂဏန်းပေါင်းစက်လို ဒစ်ဂျစ်တယ် စက်ကလေးမျိုးတွေက အစ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များ အလယ်၊ အဲဒါတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ အင်တာနက် နဲ့ ဖေ့စ်ဘွတ်လို ဗိုင်ဘာ လို apps တွေ အဆုံး ပါဝင်ပါတယ်။ 

ဒါ့အပြင် ထိတွေ့ လို့ မရတဲ့ ဥပဒေ စည်းမျဉ်းတွေ၊ စံနှုန်းတွေ၊ နည်းပညာတွေပါ ပါဝင်ပါတယ်။ အရင်က ဒစ်ဂျစ်တယ်ဆိုတာ စီးပွားရေးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေမယ့် အခုက စလို့ ရှေ့ လျှောက်မှာတော့ အရာရာ ဒီဂျစ်တယ် နဲ့ မလွတ်ကင်းနိုင်တဲ ခေတ်ကြီးမှာ ဒစ်ဂျစ်တယ် ကိုယ်တိုင် က ပင်မ စီးပွားရေး ဖြစ်လာနေပါပြီ။

အပြောင်းအလဲမြန်တဲ့ ဒီကမ္ဘာ
ကျနော်တို့ ရင်းနှီးခဲ့ဘူးတဲ့ Brand တွေဖြစ်တဲ့ Kodak, Nokia, BlackBerry အစရှိတာတွေ မျက်စိရှေ့ မှာတင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြတယ်။ ဖလင်ကူးဆေးတယ် ဆိုတဲ့ ဆိုင်တွေ ပျောက်ကွယ် သွားခဲ့တယ်။ သူတို့ရဲ့ ပစ္စည်းတွေ အရည်အသွေး မမှီလို့ မဟုတ်ခဲ့ဘူး။ အခုကျနော်တို့ သုံးနေကြတဲ့ Brand တွေ၊ ဝန်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်က မကြားဘူးခဲ့တာတွေ အများစုပဲ။

Facebook, Google, 3G, Viber, Visa, MasterCard, Smart Watch, Drone, YouTube, Uber, Grab, စတာတွေဟာ ကျနော်တို့တွေ အတွက် အသစ်ဖြစ်ယုံတင် မက အတော်များများက ကမ္ဘာကြီး အတွက်တောင် အသစ်တွေပါ။
အရင်က ခေတ်ရေစီးကြောင်း တစ်ခု တစ်နေရာ ကနေ တစ်နေရာ စီးဆင်းသွားဖို့ နှစ်၊ လ ချီအောင်ကြာခဲ့ တယ်။ ရုပ်ရှင်တွေ၊ ဂီတတွေ၊ မဂ္ဂဇင်းတွေ၊ တီဗွီတွေ က တစ်ဆင့် အချိန်တစ်ခု ယူပြီးမှ ပင်မရေစီးကြောင်းထဲ စီးဝင်ကြတယ်။ 

အခုဆို အင်တာနက် လှုမှု ဆက်ဆံရေး ကွန်ယက်တွေက တစ်ဆင့် ချက်ချင်း စီးဆင်းပြန့်နှံ့တယ်။ Dab ဆိုရင် Dab၊ PPAP ဆိုလဲ PPAP၊ စီးဆင်းနှုန်းက အင်မတန်မြန်လာတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှန်း မှာ ပြောင်းလဲနေ တာတွေဟာ ချက်ချင်း ဆိုသလို ကိုယ်ရှေ့ကို ရောက်လာတော့မယ်။ မနေ့က ဆိုတာ တော်တော်ဝေး သွား ပြီး မနက်ဖြန် ဆိုတာ အရမ်းနီးလာတယ်။
ဘာတွေလာမလဲ… ဘယ်အလုပ်တွေ ပျောက်ကွယ်သွားမလဲ......


Drone
အခုလောလောဆယ် အပျော် ပျံသန်းဖို့နဲ့ ကောင်းကင်ဓါတ်ပုံ ရိုက်ဖို့ သုံးနေကြတဲ့ Drone တွေဟာ Logistic အပြင် အခြား မဆုံးနိုင်တဲ့ အသုံးတွေ ရှိနေပါတယ်။ အခု သုံးနေတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးရေးမှာတောင် အရင်က နဲ့ မတူတဲ့ Dimension နဲ့ Space ကို ဖေါက်ထွက်လာခဲ့တာ သက်သေ အနေနဲ့ တွေ့ နိုင်ပါတယ်။
 ပျောက် ကွယ်တော့မယ့် အလုပ်က ပစ္စည်း သယ်ပို့ပေးသူ (Delivery Man)




AR (Augmented )
AR ကတော့ အပြင်မှာ ရှိတာနဲ့ ဖန်တီး ထားတာကို ပေါင်းစပ် ထားတာပါ။ ဥပမာ မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်း ထဲက ကြည့်လိုက်တဲ အခါ ကျုံး ရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ ပြအိုး ဆိုတာဘာ ပြစ္စင် ဆိုတာဘာလို့ အပြင်က မြင်ရတာနဲ့ ဖြည့်စွက် ယှဉ်တွဲ ဖေါ်ပြတာပဲ ဖြစ်ပါတယ်။ Pokemon Go ဂိမ်းဟာ အမြင်သာဆုံး AR ပစ္စည်းတစ်ခုပါ။







VR (Virtual Reality)

VR ကတော့ အပြင်မှာ မရှိတာကို ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးထားတာမျိုးပါ။ ဥပမာ...  မင်းတုန်းမင်းလက်ထက်က မင်းခမ်း မင်းနားကို ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးပြီး 3D အနေနဲ့ ကြည့်ရတာမျိုးပေါ့။ PlayStation VR (Photo via Wikimedia Commons under the Creative Commons license.) AR နဲ့ VR ဟာ နေရာတော်တော် များများ မှာ တွဲသုံးလေ့ ရှိပါတယ်။ 

ဥပမာ ...  မန္တလေးကျုံးရှေ့ ရောက်လို့ ကိုယ်ရဲ့ စမတ်ဖုန်းထဲကကြည့်လိုက်တာနဲ့ အခုလက်ရှိ ကျုံးနောက်ခံမှာ မင်းတုန်းမင်း လက်ထက်က မင်းခမ်း မင်းနားကို မြင်ရသလို ဖန်တီးနိုင်ပါတယ်။ Iron Cross က ဆရာစောဘွဲ့ မှူး နဲ့ ရောဂါ သီချင်း တွဲဆိုတဲ့ ပုံစံမျိုးပေါ့။

 ပျောက်ကွယ်တော့မယ့် အလုပ်… ခရီးသွားလမ်းညွှန် (Tourguide)





IoT

Internet of Things လို့ ခေါ်တဲ့ အင်တာနက် နဲ့ ချိတ်ဆက်ထားတဲ့ အသုံးအဆောင် ပစ္စည်းများဟာလဲ တွင်ကျယ် လာနေပြီ ဖြစ်ပါတယ်။ အိမ်တစ်လုံး ရဲ့ စွမ်းအင် အသုံးကို စောင့်ကြည့်ပြီး အလိုအလျောက် ထိန်းညှိ သတင်း ပို့သွားတဲ့ စနစ်မျိုး ကနေ ကားတစ်စီး ရဲ့ အခြေအနေကို ယာဉ်ကြောင်းထိန်းသိမ်းမှု စနစ်တွေနဲ့  ချိတ် ဆက် တဲ့ အထိ လုပ်နေကြပါပြီ။







Wearable
Apple Watch, Samsung Gear, Fitbit စတာတွေဟာ လွယ်လင့်တစ်ကူ ရနိုင်တဲ့ wearable တွေပါ။ မကြာခင် ကိုယ့်ရဲ့ ကျန်းမာရေး အချက်အလက်တွေကို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို အ ချိန် နဲ့ တစ်ပြေးညီ ပေးပို့နိုင်တော့မှာပါ။





Artificial Intelligence
Messenger Bot လို့ခေါ်တဲ့ Facebook Messenger ထဲက အလိုအလျောက်ဖြေပေးတဲ့ Chat Bot တွေ၊ *iPhone ထဲက Siri*      *Amazon ရဲ့ Echo*      *Google ရဲ့ Home*   ဒါတွေ အားလုံးဟာ ဈေးကွက်ထဲမှာ ရှိနေတဲ့ AI Products တွေပဲ ဖြစ်ပါတယ်။

 ပျောက်ကွယ်တော့မယ့် အလုပ်… Call Center, Customer Service, Direct Sales






Autonomous Car
ဒရိုင်ဘာ မလိုပဲ အလို အလျောက်မောင်းနှင်တဲ့ ကားက စမ်းသပ်ကွင်းထဲမှာ မဟုတ်ဘဲ လမ်းပေါ်ကို ရောက်ရှိလို့တောင်နေပါပြီ။ စင်ကာပူနိုင်ငံမှာ 2016 ခုနှစ် သြဂုတ်လ က စတင်ပြီး အများပြည်သူသုံး လမ်းမပေါ်မှာ Taxi အနေ နဲ့ စမ်းသပ်မောင်းနှင်နေပြီ ဖြစ်ပါတယ်။

 ပျောက်ကွယ်တော့မယ့် အလုပ်… ယာဉ်မောင်း၊ တက္ကစီသမား









Blockchain
Blockchain နည်းပညာ ကတော့ Digital Economy အတွက် အရေးကြီးဆုံး အခြေခံ နည်းပညာ Ecosystem တစ်ခုဖြစ်လာခဲ့ပါပြီ။ Internet ကို Democratization of Information သတင်း အချက် အလက် များကို အများလက်သို့ အပ်နှံခြင်းလို့ ခေါ်ပြီးတဲ့နောက် Blockchain ကိုတော့ Democratization of Trust လို့ ယုံကြည်မှုများကို အများလက်သို့  အပ်နှံခြင်းလို ခေါ်တွင်တဲ့ အထိ အရေးပါပါတယ်။

Cryptocurrency
Blockchain နည်းပညာကို အခြေခံပြီးတော့ ငွေကြေး နဲ့ တန်ဖိုး စနစ်တစ်ခုလုံးကို ပြောင်းလဲ လိုက်တာ ကတော့ Crytocurrency ပါပဲ။ Bitcoin ကတော့ အများဆုံး အသုံးပြုတဲ့ Crytocurrency အနေနဲ့ လူသိ အများဆုံးဖြစ်ပြီး လောလောဆယ်မှာ စုစုပေါင်းဈေးကွက် တန်ဖိုး အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ ရှိနေပါပြီ ။
 ပျောက်ကွယ်တော့မယ့် အလုပ်… ဘဏ်အခြေခံ စာရင်း ဝန်ထမ်းများ၊ underwriters များ၊ Insurance Agent များ ၊


Credit: Sayar Nyein Chan Soe Win

No comments:

Post a Comment