11 December 2017

သီတဂူဆရာတော် နှင့် ဒုဋ္ဌဂါမဏိ မင်းကြီး


(၁)
သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဟု ကြားလိုက်ရသော ဗုဒ္ဓဘာသာဝင်တိုင်း က စစ်ကိုင်းတောင်ရိုး အပါအဝင် မြန်မာတစ်ပြည်လုံး၌ ထူးထူးခြားခြား သာသနာပြုနေသော ပုဂ္ဂိုလ်ထူးအဖြစ် သိကြ သည်။ ဆရာတော်သည် ဘာသာဋီကာ ကျမ်းပြုအကျော် အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ၏ အန္တိမအဂ္ဂိဈာပနပွဲ၌ နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓ တရားတော်ကို ဟောကြားခဲ့ရာမှ စတင်၍ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်တစ်ပါး အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ထို့အပြင် ရေရှားပါးသော စစ်ကိုင်းတောင်ရိုး၌ သီတဂူ ရေအလှူတော်ကို တည်ထောင်၍ ရေလှူဒါန်းခြင်း ၊ ဂိလာနများ သက်တောင့်သက်သာ ဆေးကုသနိုင်ကြစေရန် သီတဂူ အာယုပါလ ဆေးရုံတည်ထောင်ခြင်း၊
ကမ္ဘာအနှံ့ ဗုဒ္ဓဘာသာပြန့်စေ ရန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးများ တည်ထောင်ခြင်း၊ကမ္ဘာအရပ်ရပ်၌ သီတဂူကျောင်းတိုက်ခွဲများနှင့် စေတီတော်များ တည်ထားခြင်း၊ စစ်ကိုင်းတောင်ရိုး၌ သီတဂူကမ္ဘာ့ဝိပဿနာအကယ်ဒမီကို တည်ထောင်ခြင်းစသော သာသနာပြုလုပ်ငန်း များကို မနေမနား ကြိုးစားခဲ့သည်။
မလေးရှားနိုင်ငံ၌ ဒုက္ခရောက်နေသော မြန်မာများအား လေယာဉ် လက်မှတ်လှူဒါန်း ခြင်း၊ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ ကုလားတို့၏ သတ်ဖြတ် အကြမ်းဖက်မှုများကြောင့် အတိဒုက္ခ ရောက်နေကြသော ဒေသခံ ရခိုင် တိုင်းရင်းသား တို့အား ထောက်ပံ့လှူဒါန်းခြင်းစသော လောက အကျိုးပြု လုပ်ငန်းများကိုလည်း အစွမ်းကုန် ဆောင်ရွက်ခဲ့လေသည်။
(၂)
သီတဂူ ဆရာတော်သည် မြန်မာနိုင်ငံ အတွင်းဝယ် တရားဟောရာ၌ ထိထိမိမိ ဟောတတ်သလို ကမ္ဘာ အ ရပ်ရပ်သို့ ကြွချီ၍ တရားဟောရာ၌လည်း အင်္ဂလိပ် ဘာသာဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဟောတတ်သဖြင့် ရဟန်း ရှင်လူ ပြည်သူတို့ လေးစားရသော ဆရာတော်ဖြစ်သည်။
ဆရာတော်သည် ၈၈-ခု အရေးအခင်းကြီး အပြီးတွင် နိုင်ငံ့ခေါင်းဆောင်တို့ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ အုပ်ချုပ်ရန် လမ်းညွှန် ထားသော ရာဇောဝါဒ သုတ်တော်ကို ဟောကြားလိုက်ရာ အပြောင်းအလဲ 
လုပ်လိုကြသော မြန်မာပြည်သူတို့က နှစ်ထောင်းအားရ အားပေးကြသည်။
သို့သော်လည်း အစိုးရပိုင်းကမူ စိတ်လက် မကြည်မသာ ဖြစ်ရသည်။ သီတဂူ ဆရာတော်ကား သူမှန်သည်ဟု ယူဆလျှင် မိုးကောင်းကင်ကိုပင် ဒူးဖြင့် တိုက်ရဲသော သာသနာ့ အာဇာနည် ပုဂ္ဂိုလ်ထူးကြီးဖြစ်သည်။
သီတဂူဆရာတော်သည် ကမ္ဘာ့အနှံ့ခြေဆန့်နေသော သာသနာပြု ပုဂ္ဂိုလ်ကျော် ဖြစ်သည့်အလျောက် စစ်အစိုးရ လက်ထက်၌ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုများကို အားရကျေနပ်ပုံမရ၊ ထို့ကြောင့် ရာဇောဝါဒလို တရားတော်များကို မကြာခဏ ဟောကြားတတ်သည်။
ဟောကြားတိုင်း လည်း စစ်အစိုးရ မျက်ခုံးလှုပ်ခဲ့သည်။ သို့သော် စစ်အစိုးရ၏ သဘောထား ပျော့ပြောင်း နုညံ့လာခြင်း၊ ရဟန်းရှင်လူ ပြည်သူတို့၏ တစ်ခဲနက် တောင်းဆိုခြင်း၊ ရဟန်းသံဃာများကလည်း တစ်ခဲနက်အားပေးခြင်း စသော အကြောင်းများ ကြောင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ စနစ်ပေါ်ထွန်းပြီး ပြည်သူတို့ ရွေးကောက် တင်မြှောက်သော အစိုးရသစ်သည်ပင် မြန်မာနိုင်ငံကို အုပ်ချုပ်နေပြီဖြစ်သည်။


(၃)
သို့သော်လည်း တက်လာသော အစိုးရသစ်သည် မြန်မာပြည်သူတို့ ထင်သလောက် နိုင်ငံ တိုးတက်အောင် ဆောင်ရွက်ရန် အားနည်းလှသည် ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကလည်း ထိထိရောက်ရောက် မဝင်ကြသေး၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးလာကြသည်။
စားဝတ်နေရေးလည်း ကျပ်တည်းကြသည်။ ကုန်ဈေးနှုန်းများက လည်း တစ်ရိပ်ရိပ် တက်နေကြသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကြီးကို ပွဲထုတ်၍ မြန်မာတို့ ချစ်မြတ်နိုးသော ဗုဒ္ဓဘာသာကို ဘေးဖယ်ထားသည်။
ရန်ကုန်မြို့တွင်း (၁၁) မြို့နယ်၌ ဆန္ဒမပြရ ဟု ညွှန်ကြားထားပြီး ပြည်သူ လူထု၏ ဒီမိုကရေစီ အခွင့်အရေးများကို ပိတ်ပင်လာသည်။ ခိုးဝင်ဘင်္ဂါလီ ကုလားများအား သူတို့၏ အကြမ်းဖက် လုပ်ရပ်များ ကြောင့် ဥပဒေအရ ထိရောက်စွာ အရေးယူရမည်ဖြစ်သော်လည်း အသင့်အတင့်သာ အရေးယူနိုင်ပြီး ဘင်္ဂါလီ တို့ ပိုမို အ ခွင့်အရေး ရစေရန် ကိုဖီအာနန်ကော်မရှင်က ဘက်လိုက်တင်ပြထားသည်။
တင်ပြသည့် အတိုင်းသာ အစိုးရက အကောင် အထည်ဖော်လျှင် မြန်မာနိုင်ငံဖြစ်ပါလျှက် မြန်မာတိုင်းရင်းသားတို့ အခွင့်အရေး နည်းပါးသွားကြပြီး လူမျိုးခြား ဘာသာ ခြား ခိုးဝင်ကုလားတို့ ပို၍ အခွင့်အရေးများ ရသွားနိုင်သဖြင့် ကုလားတို့၏ ဝါးမျိုမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရော မြန်မာလူမျိုးများပါ ကွယ်ပျောက်သွားနိုင်သည်။
ယင်းသို့ မကွယ်ပျောက်စေရန် စိတ်ဓာတ် ခိုင်မာတည်ကြည်သော မြန်မာ့ တပ်မတော်ကသာ ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ယူဆပုံရသည်။ ထို့အပြင် ဆရာတော်သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို အားရကျေနပ်ပုံမရ၊ ထို့ကြောင့် ဆရာတော်သည် တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းသား များအား သြဝါဒပေးရန် ကြုံရာ၌ သာသနာပြု စစ်ဘုရင် ဒုဋ္ဌဂါမဏိမင်းကြီး၏ စစ်တိုက်ပြီး သာသနာပြုခဲ့ပုံကို ဟောကြား ခဲ့လေသည်။
(၄)
ဒုဋ္ဌဂါမဏိမင်းကြီး၏ ဘဝဇာတ်ကြောင်းကို မဟာဝံသ ပါဠိတော်တွင် ပါရှိသည်။ သီရိလင်္ကာနိုင်ငံ၌ စတင်၍ သာသနာ ထွန်းကားစဉ်က ရေးသားခဲ့သော ကျမ်းဖြစ်ပြီး ကျီးသဲလေးထပ်ဆရာတော်က မြန်မာပြန်ဆိုထားသော ကျမ်းဖြစ် သည်။
ပါဠိဘာသာ မတတ်ကျွမ်းသောသူများ အလွယ်တစ်ကူလေ့လာနိုင်သည်။
ဆရာတော်က မဟာဝင်ဝတ္ထု ဟု အမည်ပေးထားပြီး ယင်း မဟာဝင်ဝတ္ထု စာ-၂၈၆ မှ စတင်၍ သာသနာပြုစစ်ဘုရင် ဒုဋ္ဌဂါမဏိ မင်းကြီး အကြောင်းကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်သည်။ သူ၏ ခမည်းတော်မှာ ကာကဝဏ္ဏတိဿ မင်းကြီးဖြစ်သည်။ ဒုဋ္ဌဂါမဏိမင်းကြီး၏ ဘဝဇာတ်ကြောင်းသည် ဆန်းကြယ် သကဲ့သို့ သူအုပ်ချုပ်မင်းလုပ်ခဲ့သော သီရိလင်္ကာနိုင်ငံ(ခ) သီဟိုဠ်ကျွန်း၏ တည်နေပုံ သည်လည်း ဆန်းကြယ်လှသည်။
သီဟိုဠ်ကျွန်း သည် သစ်ရွက်ကလေးနှင့် ပုံသဏ္ဍာန်တူသော ကျွန်းနိုင်ငံလေးဖြစ်သည်။
မြောက်ဘက် အဖျားမှစ၍ အဖျားချွန်းကာ အိန္ဒိယနိုင်ငံ၏ အရှေ့တောင် ဘက် မဒပ်ရပ်တမီးလ်နားဒူးပြည် နယ် ဘက်သို့ ဦးတည်နေသည်။ နည်းပညာ တက္ကသိုလ်ကျောင်းသားများသည် စစ်ဘက်ရေးရာ၌သာ မက နယ်မြေများ၌ပါ ကျွမ်းကျင်မှ သာ စစ်သူရဲကောင်းများ ဖြစ်လာနိုင်သဖြင့် ကမ္ဘာ့မြေပုံကိုပါ သေချာကြည့်တတ် ကြရန် သီတဂူ ဆရာတော်က လမ်းညွှန်ပြခြင်း ဖြစ်သည်။ သီဟိုဠ်ကျွန်း၏ အစွန်းကလေးကို ဂျက်ဖနာကျွန်းဆွယ်ဟု ခေါ်တွင်ပြီး ခန့်မှန်းချက်အရ တမီလ်နာဒူးပြည် နယ်နှင့် မိုင်(၄ဝ/၅ဝ)ခန့် ဝေးကွာကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

(၅)
သီဟိုဠ်ကျွန်း သည် မိရိုးဖလာ ဗုဒ္ဓဘာသာ မဟုတ် ဗုဒ္ဓဘာသာကို အသက်နှင့် ထပ်တူ ကြည်ညိုသော တိုင်း ပြည် ဖြစ်သည်။ စတုတ္ထသံဂါယနာကို သီဟိုဠ်ကျွန်း၌ ကျင်းပခဲ့ပြီး ပိဋကတ်တော်များကို ပေထက် အက္ခရာ တင်ခြင်းအားဖြင့် ပိဋကတ်တော်များ မကွယ်ပျောက်စေရန် ထိန်းသိမ်းခဲ့ကြသဖြင့် မြန်မာအပါအဝင် အခြား ဗုဒ္ဓဘာသာနိုင်ငံတို့ ပိဋကတ်တော်ကို ကြည်ညိုခွင့်ရခဲ့ကြသဖြင့် ကျေးဇူးများလှသော နိုင်ငံဖြစ်သည်။
မြန်မာနှင့် သီဟိုဠ်ကျွန်းတို့၏ သာသနာရေး ဆက်ဆံမှုသည် နှစ်ပေါင်း ၂ဝဝဝ-ကျော်ခဲ့ပြီး မြတ်နိုး စရာကောင်း လှသည်။
အပြန်အလှန် ရိုင်းပင်းကူညီကာ ဗုဒ္ဓသာသနာတော် မကွယ်စေရန် လက်တွဲဆောင်ရွက်ခဲ့ကြသည် ။ မြန်မာနိုင်ငံ ၌ မွန်တို့ အုပ်ချုပ်ခဲ့ဖူးသော ပုသိမ်၊ ဟင်္သာတ၊ ပဲခူး၊ ရန်ကုန်၊ မုတ္တမ၊ စစ်တောင်းဒေသ များကို ရာမည တိုင်းဟုခေါ်သည်။
ရာမညတိုင်းနှင့် သီဟိုဠ်ကျွန်း တို့သည်လည်း သာသနာရေးနှင့် ပတ်သက်ပြီး အဆက်အသွယ်များရှိခဲ့သည်။ သီဟိုဠ်ကျွန်း၌ သာသနာ ညှိုးငယ် ဖျက်ဆီးနေချိန်တွင် ရာမညတိုင်းမှ သံဃာများက သီဟိုဠ်ကျွန်းသို့သွားပြီး ကူ၍ သာသနာပြုကြသည်။
ထို့ကြောင့် ယနေ့အထိ ရာမညဂိုဏ်း ဟူ၍ ရှိသည်။ ထို့အပြင် အမရပူရခေတ်၌ သီဟိုဠ်ကျွန်းသို့သွားပြီး ကူ၍ သာသနာပြုခဲ့ကြသဖြင့် သီဟိုဠ်ကျွန်း၌ ယနေ့အထိ အမရပူရဂိုဏ်း လည်းရှိသည်။ ရွှေကျင် သာသနာပိုင်ဆရာတော်ကြီးကြွ၍ သာသနာပြုခဲ့သဖြင့် သီဟိုဠ်ကျွန်း၌ ရွှေကျင်ဂိုဏ်း လည်းရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဆွေမျိုးရင်းချာ ပမာ လက်တွဲ၍ သာသနာပြုခဲ့သော သီဟိုဠ်ကျွန်း မှာ မြန်မာ တို့ စိတ်ဝင်စားစရာပင်။
(၆)
အိန္ဒိယနိုင်ငံမှ ကျေးကုလားတို့သည် သီဟိုဠ်ကျွန်းမြောက်ပိုင်းကို သိမ်းပိုက်ထားရာ သီဟိုဠ်ကျွန်းသားတို့ နောက်ဆုတ်ပေးခဲ့ကြရသည်။ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီ ကုလားတို့ ရခိုင်ပြည်နယ်ထဲသို့ ခိုးဝင်ကြပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို လက်ဝါးကြီး အုပ်ထားသည်နှင့် တစ်ထပ်တည်းတူညီသည် ။ ကုလားများ စိမ့်ဝင် လာခြင်းကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားတို့ တစ်ဖြည်းဖြည်းနောက်ဆုတ်ပေးကြရသည်။
ကျေးကုလားတို့က သီဟိုဠ်ကျွန်း မြောက်ပိုင်းကို နယ်မြေလုပြီး သူတို့လူမျိုးကို ဘုရင် တင်မြှောက်ကြကာ တစ်ထီးတစ်နန်း စံကြရာ လူမျိုးခြား ဘာသာခြားများ များပြား လာပါက အန္တရာယ်ကြီးလွန်းလှကြောင်း မြန်မာလူမျိုးတိုင်း သတိပြုရန် လိုအပ်သည်။
သတိမပြုမိကြပါမူ မြန်မာများ သည် သီဟိုဠ်ကျွန်းမြောက်ပိုင်း နည်းတူ လူမျိုးပျောက်၊ ဘာသာပျောက် ၊နိုင်ငံပျောက်တော့မည် ဖြစ်သည်။ ကျေးကုလား တို့သည် သီဟိုဠ်ကျွန်းမြောက်ပိုင်းကို သိမ်းပိုက်ပြီးနောက် ကုလားတို့ ထုံးစံအတိုင်း ဗုဒ္ဓဘာသာကျောင်း ကန် ဘုရားများကို ဖျက်ဆီး၍ ရဟန်းတော်များကို သတ်ဖြတ်ခဲ့သဖြင့် ကာကဝဏ္ဏတိဿမင်းကြီး ၏သားတော် ဒုဋ္ဌဂါမဏိမင်းသားမှာ စိတ်မချမ်းမြေ့လှ၊ တမြေ့မြေ့ခံစား
ရသည်။
ထို့ကြောင့် ကျေးကုလား တို့ကို အမြစ်ပြတ် တိုက်ထုတ်ရန် ခမည်းတော် ကာကဝဏ္ဏတိဿ မင်းကြီးအား သံတော်ဦး တင်ရာ ခမည်းတော်မင်းကြီးက ''ကျေးကုလားတွေ သီဟိုဠ်ကျွန်း မြောက်ပိုင်း မှာ စိုးစံချင်ရင် စိုးစံပါစေတော့'' ဟု သဘောထားကြီးပြ လိုက်လေသည်။
ခမည်းတော်မင်းကြီး၏ သဘောထားမှာ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသော ဘင်္ဂါလီ ကုလားအကြမ်းဖက်သမားများနှင့် ပတ်သက်၍ ခပ်ပေါ့ပေါ့ထားသော မျိုးမချစ်သော မြန်မာ ခေါင်းဆောင် အချို့တို့၏ သဘောထားများနှင့် တူလှသည်။ သူတို့သည်'' ဘယ်သူသေသေ ငတေမာ ပြီးရော '' ဟူသော စိတ်ထား ရှိကြ သဖြင့် အောက်တန်းကျသည့် အပြင် (လုံးဝ) သုံးစားမရသော စိတ်ဓာတ်မျိုး ဖြစ်ပေသည်။
(၇)
ဒုဋ္ဌဂါမဏိ မင်းသား၏ မူလအမည်မှာ ဂါမဏိ ဖြစ်သော်လည်း ကျေးကုလားတို့ကို သတ်ရန် သတ္တိကြောင်သော ဖခင်အား ပြစ်မှားမိသဖြင့် ဒုဋ္ဌ ဟူသော စကားတစ်လုံး တိုးလာပြီး ဒုဋ္ဌဂါမဏိ ဟု အမည်တွင်သည် ။  ဂါမဏိက '' အဖေ ကျေးကုလားတွေကို မတိုက်ရဲရင် ထမီသာ ဝတ်ပါတော့ဟု ပြောဆိုပြီး '' မိန်းမဝတ်စုံများကို ခမည်းတော်ထံ ပို့ကာ ကျေးကုလားများကို တိုက်ရန်ကြိုးစားသည်။ ဤဖြစ်ရပ်သည် စိတ်ဝင်စားစရာ ကောင်းလှသည်။
အဘယ့်ကြောင့်ဆိုသော် ၈၈-အရေးအခင်းကြီး ဖြစ်ပွားနေစဉ် အစိုးရကို ဆန္ဒမပြရဲသူများ ထံသို့ နိုင်ငံရေး သမားများက မိန်းမ အသုံးအဆောင်ဖြစ် သော ထမီနှင့် ကျောက်ပျဉ်များ ပို့ခဲ့ကြသည်။
ဆန္ဒမပြရဲရင် မိန်းမတွေလို ထမီသာ ဝတ်ကြ၊ သနပ်းခါး သာ လိမ်းကြဟု ပြောင်လှောင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ပြောင်လှောင်ခံကြရသော ပြည်သူ အများစုတို့ ဆန္ဒပြပွဲသို့ ဝင်လာကြသဖြင့် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲခဲ့ကြသည်။ သို့သော်လည်း ဒီမိုကရေစီရသောခေတ်၌ ယခင်က ဆန္ဒပြသူ အများစုတို့မှာ သိသိသာသာ ဘာအခွင့်အရေးမျှ မရကြ၊ ဘာရာထူးမျှလည်း မရကြ၊ ရိုဟင်ဂျာ မရှိဟု ဆန္ဒပြသူများ သည်ပင် အရေးယူ ခံခဲ့ကြရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၁၁) မြို့နယ်၌ပင် ဆန္ဒမပြရဟု တားမြစ်ခံခဲ့ရသည်။
ထို့ကြောင့် ၈၈- အရေးအခင်းအပါအဝင် အရေးအခင်းပေါင်းစုံ တို့၌ အစိုးရပြုပြင်ပြောင်းလဲပေးရန် ဆန္ဒပြသူများမှာ ဖိနပ်ပါး ၊ပုဆိုးသာ ပေါက်ခဲ့ကြသည်။ ပြည်သူတို့၏ ဘဝမှာ ပြည်သူ အခွင့်အရေး နည်းပါးနေခြင်းဖြစ်သည်။ ထို့ကြောင့် ဟိုတစ်ချိန်က အစိုးရသစ် ခေါင်းဆောင်လောင်းများ အလိုကျ လိုက်ပါ ဆန္ဒပြခဲ့မှုများကိုပင် နောင်တရကြလေမလား စဉ်းစားစရာပင်။
(၈)
ခမည်းတော် ကာကဝဏ္ဏတိဿမင်းကြီး နတ်ရွာစံသွား၍ ဒုဋ္ဌ ဂါမဏိ မင်းသားဘုရင်ဖြစ်ရာ ခိုးဝင်ကျေးကုလား တို့ကို တိုက်ထုတ်ရန် တပ်မတော်သားများ ၊ပြည်သူများနှင့် သံဃာများစည်းလုံး ညီညွှတ်သွားကြ သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ခိုးဝင်ဘင်္ဂါလီ တို့၏ အကြမ်းဖက်မှုများကို ဖြေရှင်းရာ၌ တပ်မတော်သားများ၊ အစိုးရ၊ ပြည်သူများနှင့် သံဃာတော်များ စည်းလုံးညွတ်ကြမှသာ အောင်မြင်နိုင်သဖြင့် အထူးသတိပြုသင့်ကြသည်။ သတိမပြုကြ လျှင်မူ မြန်မာတို့ ခြေလှမ်းတိုင်း ရှုံးနေကြဦးမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များသည် ကျောချင်းကပ် ရင်ချင်းအပ် မတတ် ညီညွတ်ကြရန် အရေးတစ်ကြီး လိုအပ်လှသည်။ ဒုဋ္ဌဂါမဏိမင်း ကြီးသည် သီဟိုဠ်ကျွန်း၌ အခြားဘာသာများရှိကြသော်လည်း စိတ်မဝင်စားပဲ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပါ ဟုလည်း နေရာမပေးပဲ သံဃာတော်များကိုသာ တရားနာ ဆည်းကပ်သည် ။ စစ်ပွဲသို့ပင် သံဃာ ၅ဝဝ-ကို ပင့်ဆောင်သွားသည်။
ဘာလုပ်လုပ် ဗုဒ္ဓဘာသာကို ဦးထိပ် ပန်ဆင်သော လုပ်ရပ်ဖြစ်၍ မြန်မာ အစိုးရတိုင်း အတုခိုး သင့်သော  လုပ်ရပ်ဖြစ်သည် ။ စစ်တိုက်ရာ၌ သံဃာတော်များပါသော်လည်း ဝင်၍ စစ်တိုက်ကြသည် မဟုတ်၊ ဒုဋ္ဌဂါမဏိမင်းကြီးအား စိတ်ဓာတ် ခွန်အား၊ စိတ်စွမ်းအင်များ ပေးကြခြင်းသာဖြစ်သည်။ သံဃာတော်များ စစ်ထဲပါဝင်သည်ကို တွေ့မြင်ကြရသဖြင့် ယောက်ျားမှန် သမျှ စစ်ထဲဝင်၍ ကျေးကုလားတို့ကို တိုက်ခိုက်ကြရာ (၃) လ မပြည့်ခင်မှာပင် ကျေးကုလား တို့ကို အပြတ်ချေမှုန်းနိုင်ခဲ့ကြ သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သံဃာတော်များသည် တိုင်းပြည်နှင့် လူမျိုးများ အပေါ်သို့ ဘေးအန္တရာယ်များ ကျရောက် လာပါက အေးအေးဆေးဆေး ဥပေက္ခာပြု မနေကြပဲ ရှေ့တန်းက မားမားမတ်မတ် ဆောင်ရွက် ခဲ့ကြကြောင်း ထင်ရှားသော သက်သေဖြစ်သည်။
ထိုမှတဝ အင်္ဂလိပ်တို့၏ ကျွန်ဖြစ်ခဲ့ရသော မြန်မာများသည်လည်း ဦးဥတ္တမ၊ ဦးဝိစာရစသော ဘုန်းကြီးများ၏ ဦးဆောင်မှု၊ မျက်စိဖွင့်ပေး မှုများကြောင့်သာ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာများသည် ဘင်္ဂါလီ တို့၏အကြမ်းဖက် မှုများကြုံတွေ့နေရာ၌ မြန်မာ့အောင်လံ မြေကြီးပေါ်သို့ အကျမခံပဲ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထုတို့၏ အားကိုယူ၍ အပြတ် တိုက်ထုတ်ကြမှသာ အေးချမ်းမှုကို ရနိုင်ပေသည်။
(၉)
ဒုဋ္ဌဂါမဏိမင်း ဦးဆောင်သော စစ်တပ်ကြီးသည် ကျေးကုလားများကို အမြတ်ပြတ် တိုက်ထုတ်နေစဉ် အစာရေစာ ပြတ်နေရာ အရှင်ဂေါတမ ရဟန္တာ မထေရ်မြတ်ကြီးက တန်ခိုးတော်ဖြင့် စားမကုန်သော ဣစ္ဆာသယ သပိတ်ပျံကို စေလွှတ် ၍ စောင့်ရှောက်ခဲ့သဖြင့် အင်အားပြည့်ဖြိုးစွာ စစ်တိုက်နိုင်ခဲ့သည်။
ဤဖြစ်ရပ်အတိုင်းပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ် အပါအဝင် မြန်မာခေါင်းဆောင်တို့ အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်ရာ၌လည်း ကျေးလက် တောရွာရှိ ဘုန်းတော်ကြီးများက စားစရာကို ကျွေး ၊နေစရာကို ပေးခဲ့ကြရာ အင်အားများ ပြည့်ဖြိုးခဲ့ကြသဖြင့် အင်္ဂလိပ်တို့ကို အနိုင် တိုက်ထုတ်နိုင်ခဲ့ကြ သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာရဟန်းများသည် စစ်တိုက်ရာ၌ ရှေ့တန်းက မပါဝင်ခဲ့ကြသော်လည်း စစ်တိုက်သူများအား ရင်ဝယ်သား ပမာ စောင့်ရှောက်ခဲ့ကြသော ကျေးဇူးရှင်များဖြစ်ကြ၍ ပြည်သူတို့က ရဟန်းသံဃာ တော်များကျေးဇူးကို သိတတ်ရန် အထူးလိုအပ်လှသည်။
ထို့အပြင် ဒီမိုကရေစီ ရရန် ကြိုးပမ်းရာ၌လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတို့အား သံဃာတော်များက ဆန္ဒပြရာ၌ ပါဝင်ခြင်း၊ အားပေးခြင်း၊ နေစရာပေးခြင်း၊ စားစရာ ကျွေးခြင်းများ ဆောင် ရွက် ခဲ့ကြသဖြင့် ဒီမိုကရေစီ အမြန် ရရှိခဲ့သည်။ သို့သော်လည်း သူတို့ အာဏာရလာသော အခါ အထက်ပါကျေးဇူးများကို မေ့၍ ဗုဒ္ဓဘာသာကို အခြား အစ္စလာမ်၊ ခရစ်ယာန် စသော ဘာသာခြားများနှင့် တန်းတူ ထား ရန် ကြိုးစားနေခြင်း၊ ဘင်္ဂါလီများအား နေရာတစ်ကာ ဦးစားပေးနေခြင်းများ ဆောင်ရွက်လျှက်ရှိရာ ရဟန်းသံဃာတော်တို့၏ ကျေးဇူးတရားများ မေ့နေကြသလား စဉ်းစားစရာ ဖြစ်သည်။
(၁ဝ)
ဒုဋ္ဌဂါမဏိ မင်းကြီး စစ်နိုင်သော်လည်း သန်းနှင့် ချီသောကျေး ကုလားတို့ကို သတ်မိသဖြင့် အပါယ်ဘုံကို ရောက်လေ မလားဟူသော သံသယ စိတ်ထားဖြင့် ညအခါ၌ အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ ထိုအခါ ရဟန္တာမထေရ်မြတ်ကြီး (၈) ပါးတို့သည် ကောင်းကင်ခရီး ဈာန်ယာဉ်စီးပြီး ဒုဋ္ဌဂါမဏိမင်းကြီးထံ ကြွလာကြသည်။

မင်းကြီးကလည်း သူ၏ သံသယကို လျှောက်ထားရာ ရဟန္တာ(၈) ပါးတို့က ''မင်းကြီး ဘာမှမပူနဲ့၊ အကုသိုလ်နည်းနည်းလေးပဲ ဖြစ်ပါတယ်၊ ကျေးကုလား သန်းပေါင်းများစွာကို သတ်သော ကံက နတ်ထံသို့ လားခြင်းကိုလည်း မတားမြစ်နိုင်၊ မဂ်ဖိုလ် ရခြင်းကိုလည်း မတားဆီးနိုင်၊ ထိုကြောင့် နတ်ပြည်၊ မဂ်၊ ဖိုလ်၊  နိဗ္ဗာန်တို့၏ အန္တရာယ်မဖြစ် ၊သေသော ကျေးကုလား သန်းပေါင်းများစွာ တို့တွင် တစ်ကယ့် လူစင်စစ်က တစ်ယောက်နဲ့ တစ်ပိုင်းပဲ ပါတယ်''ဟု မိန့်ကြားခဲ့သည်။
ထိုကျေးကုလားများထဲ၌ ငါးပါးသီလနှင့် သရဏဂုံကို တွဲ၍ စောင့်ထိန်းသူ လူတစ်ယောက်၊ ငါးပါးသီလ ကိုသာ စောင့်ထိန်းသူ လူတစ်ပိုင်းသာ ပါရှိသည်။ ကျန် ကုလားများမှာ ကိုယ်ကျင့်သီလ ရှိရန် အသာထား၊ ငါးပါး သီလကိုပင် မသိကြ၊ သရဏဂုံ (၃) ပါးကိုလည်း နားမလည်ကြ၊ ထို့ကြောင့် ကျေးကုလား တို့ကို သတ်ခြင်းသည် တိရစ္ဆာန်များကို သတ်သည့်ပမာ ကိုယ်ကျင့်သီလ ဗလချာ သမားများကို သတ်ခြင်းဖြစ်၍ ဘာအကုသိုလ်မှ မဖြစ်နိုင်ပေ။
(ကျမ်းကိုး- မဟာဝင်ဝတ္ထု-၃၂၉) ။ သီတဂူဆရာတော်က သီဟိုဠ်ရာဇဝင်၌ ပါရှိသည့် အတိုင်း ဟောထားခြင်းသာ ဖြစ်သည်။ အပိုအဆာထည့်၍ ဟောခြင်း မဟုတ်၊ သို့သော်လည်း ကုလားတို့၏ ပေးစာကမ်းစာ စားမိနေကြသည်ဟု ပြည်သူများဝေဖန်နေသော မြဝတီမင်းကြီးကျောင်းဆရာတော် ဦးအရိယာဝံသ၊ အလင်္ကာကြယ် ဦးသောဘိတစသော ရဟန်းများနှင့် ကုလားအားကိုး ပုဆိန်ရိုး လူဝတ်ကြောင် လူ့ဗလချာ တစ်စုတို့က သီတဂူ ဆရာတော်ဟောကြားသော တရားထဲ၌ ကုလားအကြောင်းပါရှိသဖြင့် ကုလားထိလျှင် ဓားကြည့် ဟု သဘောထား နေကြသည်။

ထို့ကြောင့် သီတဂူဆရာတော်အား အွန်လိုင်းပေါ်၌ ပယ်ပယ်နယ်နယ် ဝေဖန်တိုက်ခိုက်နေကြရာ မိုးပေါ်က လမင်းကို ခွေးဟောင်ခြင်းသာ ဖြစ်သည်။ မြင့်မိုရ်တောင်ကို ဇီးစေ့ဖြင့် ပေါက်ခြင်းလည်း ဖြစ်ပေသည်။
အချုပ်ဆိုရသော် ဒုဋ္ဌဂါမဏိမင်း စစ်တိုက်ခြင်းသည် သူ၏ အာဏာပါဝါ တည်မြဲရန် စစ်တိုက်ခြင်း မဟုတ် ၊
ဗုဒ္ဓ သာသနာတော် ရေရှည် တည်တံ့စေရန် ကာကွယ် စစ်တိုက်ခြင်းသာဖြစ်၍ သာသနာပြုသော စစ်ပွဲကြီး  ဖြစ်သည်။

သာသနာပြု မင်းကောင်း မင်းမြတ်တစ်ပါး လုပ်သင့် လုပ်ထိုက်သော လုပ်ရပ်လည်း ဖြစ်သည် ။ ဤ အတူ
 မြန်မာနိုင်ငံ၌ မြန်မာ့တပ်မတော်က လူသတ် ၊မုဒိန်းကျင့်၊ ရွာမီးရှို့ပြီး မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာကွယ်ပျောက်စေရန် အကြမ်းဖက်နေကြ သော ခိုးဝင်ဘင်္ဂါလီများအား ပြတ်ပြတ်သားသား အရေးယူ ချေမှုန်းခြင်းသည်လည်း သာသနာပြု ဒုဋ္ဌဂါမဏိမင်းကြီး၏ လုပ်ရပ်နှင့် တစ်ထပ်တည်းတူညီနေပြီး မြန်မာနိုင်ငံကိုကယ်တင်နေသော လုပ်ရပ်ဖြစ်ခြင်း၊ ခိုးဝင်ဘင်္ဂါလီများမှာ ကိုယ်ကျင့် သီလ လုံးဝမရှိကြသော လူ့တိရစ္ဆာန်များသာဖြစ်နေကြခြင်း စသော အကြောင်းများကြောင့် အကုသိုလ်ဟူ၍ မြူတစ်စေ့ လောက်မှ ရရှိမည်မဟုတ်၊ လက်ပံပွင့်ချိန် ခွေးရူးချိန်၌ ခွေးရူးများကို မသတ်ပဲ လွှတ်ထားကြလျှင် ခွေးရူးများက လူများကို ကိုက်သဖြင့် အသက်ဆုံးရှုံးနိုင်သည်။
ထို့ကြောင့် မြန်မာလူမျိုးများသည် လူမျိုးခြား ဘာသာခြား ဘင်္ဂါလီကုလား များက ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးများကို ဝါးမျိုရန် ကြိုးစားလာပါမူ ကမ္ဘာ့သာသနာပြု ပုဂ္ဂိုလ်ကျော် သီတဂူဆရာတော် နှင့် ဒုဋ္ဌဂါမဏိမင်း ကြီးတို့၏ လမ်းစဉ်ကို အားကျ အတုယူဆောင်ရွက်နိုင်ကြမှသာ ခိုးဝင်ဘင်္ဂါလီများကို အနိုင်ယူပြီး မြန်မာပြည်ကြီး အေးချမ်းမည်ဖြစ်ကြောင်း မီးမောင်းထိုးပြနေပေသည်။

ကျမ်းကိုး။ - ကျီးသဲလေးထပ်ဆရာတော် ရေးသားသော မဟာဝင်ဝတ္ထု။
- သီတဂူဆရာတော် ဟောကြားတော်မူသော တရားတော်။
အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ပိဋကတ်တစ်ပုံအောင်)
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း-ဗဟို Online Media


No comments:

Post a Comment