22 December 2017

ငဇင်ကာ ဘိုင်ဆပ် မှသည် ကိုဖီအာနန် ဆီသို့ ...


အနောက်ဖက်လွန်မင်း သံလျင်ကို  သိမ်းပြီးနောက် တောင်ငူ ဘုရင်နှင့် ငဇင်ကာ ကို သေဒဏ်ချမှတ်သည့် အမိန့်.....

"တောင်ငူကို အလိုတော်ပြည့်လျှင် မြို့ကိုမျှ သိမ်းယူတော်မမူ။ မိမိကိုပင်ပေးတော်မူ၍ ချမ်းသာစွာနေ
စေသည်။ ကျေးဇူးကိုမသိ။ ကုလားကျွန်ခံလိုခြင်းသည် သစ္စာမစောင့်၍ မဟုတ်လော။ လူသွမ်းကို မြို့လယ်တွင်ပင် ကွပ်လေ။


 ငဇင်ကာငယ်လည်း သင်းသည် နိယတ မိစ္ဆာဒိဋ္ဌိဖြစ်၍ ဘုရားပုထိုး ကို ဖျက်ဆီး သသူ ဖြစ်သည်။ သင်း အိမ်ရှေ့ မြို့လယ်မှာ တံကျင်တွင် တင်လေ။ သံလျင်မြို့သူမြို့သားယောက်ကျား မိန်းမ အပေါင်းတို့ကြည့်စေ"


အမိန့်တော်အတိုင်း တန်ခူးလပြည့်ကျော်၃ ရက် စနေနေ့တွင် ကွပ်မျက်တော်မူသည်။


[မဏိရတနာပုံကျမ်း]


တစ်ကယ်တော့ တောင်ငူဘုရင် နတ်သျှင်နောင်ဟာ ဝါစဉ်အရ ဆိုရင် အနောက် ဖက်လွန်မင်းထက် စီနီယာ ကျတယ် ဆိုရမယ်။ အနောက်ဖက်လွန်မင်းကလည်း နောင်တော်လို့ပဲ ခေါ်ပြီးတောင်ငူကို သိမ်းပြီးနောက် ထီးနန်း မှန်ကင်းသာ ချပြီး နတ်သျှင်နောင်ကိုပဲ တောင်ငူစားအဖြစ် ပြန်ပေးခဲ့တယ်။

ဒါပေမယ့် မဟာဆီ မဟာသွေး အပြည့် ဖြစ်တဲ့ တောင်ငူဘုရင်ဟာ မာန် မချနိုင်ဘဲ အမျိုးသားရေးကို မမြင်နိုင် တော့ဘဲ ဘုရင်ရာထူး က ကျသွားရတာကို အခဲမကျေ ဖြစ်ပြီး ဘုရင်ပြန်ဖြစ်ရေး အတွက် လူမျိုးခြား ပေါ်တူဂီ ငဇင်ကာ နဲ့ ပေါင်းမိလိုက်တဲ့အတွက်သမိုင်းမှာနာ မည်ပျက် တွင်ခဲ့ရတော့တယ်။

နာမည်ကျော် ရတုစာဆိုစာပေပညာရှင် စာတတ်ပေတတ်မင်းမျိုးမင်းနွယ် စစ်စစ်ဟာ ရာဇမာန် မချနိုင်ဘဲ အာဏာ ရလိုမှုအတွက်အမျိုးဘာသာ ဖျက်ဆီးသူနဲ့ပေါင်းမိခဲ့လို့ ပျက်စီးခဲ့ရတဲ့သမိုင်း သင်ခန်းစာပါ။

အောက်ပြည်တစ်လွှားမှာ ပေါ်တူဂီ ငဇင်ကာ က လွှမ်းမိုးထားပြီဖြစ်ပြီး တစ်နိုင်ငံလုံး နယ်ချဲ့သွားမယ့် အစီ အ စဉ်တွေ ရှိနေပြီဖြစ်လို့ အဲဒီအချိန်က အနောက်ဖက်လွန်မင်းသာ ပြတ်ပြတ် သားသား မနှိပ်ကွပ်ခဲ့ဘဲ လူသားချင်း စာနာမှုယောင်ယောင်၊ လူ့အခွင့်အရေးယောင်ယောင်နဲ့ ငဇင်ကာနဲ့နတ်သျှင်နောင်ကိုတံကျင်လျှို မသတ်ခဲ့ရင်မြန်မာ့သမိုင်းဟာ ကုန်းဘောင်ခေတ် ဆီ မကူး အင်္ဂလိပ်ကျွန်မဖြစ်တော့ ဘဲတော့ ဘဲ ညောင်ရမ်းခေတ် မှာတင် ပေါ်တူဂီကျွန်ဘဝကိုရောက်သွားခဲ့မယ့်အခြေအနေပါပဲ။

 တောင်ငူဘုရင်ကို ကုလားကျွန်ခံလိုခြင်း၊ ငဇင်ကာကို ဘုရားပုထိုး ဖျက်ဆီးခြင်း စွဲချက်တွေနဲ့သေဒဏ် ချခဲ့တာဖြစ် တယ်။


၁၈၂၄ခုနှစ် ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား လက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်မှာ မဟာဗန္ဓုလ လို စစ်သူကြီး ရှိပေမယ့် ပျော့ညံ့တဲ့ ဘုရင်နဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု တို့ရဲ့ နန်းတွင်း ရေး အရှုပ်အထွေးတွေကြားမှာစ စ်ရှူံးခဲ့ရတယ်။

 ထောင်မှုးကြီးသမီး၊ မိဖုရားခေါင်ကြီး မယ်နု တန်ခိုး ထက်လွန်းလို့ မန်ကျည်းရွက်နုနု လို့ မပြောရဘဲ မန်ကျည်းရွက်ထွတ်ထွတ် လို့သာပြော ကြရတယ် လို့ ဆိုစမှတ်ပြုခဲ့ကြတယ်။ 



ပြည်သူလူထုက ရွံကြောက် လွန်းလို့ စုန်းမအိုကြီးလို့ ကွယ်ရာမှာ အမည်တပ် ကြတယ် လို့ ဆိုပါတယ်။
်မယ်နုနဲ့ မောင်မင်းသားကြီးမောင်အိုက တစ်ဖက်၊ ဘကြီးတော်ရဲ့ ညီတော် သာယာဝတီ မင်းသားက တစ်ဖက် နန်းတွင်းအားပြိုင်ပွဲမှာ သာယာဝတီ မင်းသား အနိုင်ရလို့ တိုင်းပြည် ကံဇာတာ နဲနဲပြန်တက်လာ ခဲ့တယ် ပြောရမယ်။


သာယာဝတီမင်း ဟာ စစ်အင်အားပြန်လည် တည်ဆောက်ပြီး ရန်ကုန် ရွှေတိဂုံ ဘုရားဖူး အဖြစ် လနဲ့ ချီပြီး ရေကြောင်း အင်အားပြခဲ့တဲ့ အတွက် တနင်္သာရီ ရခိုင် ကိုပြန်တိုက်ယူ မလားလို့ အင်္ဂလိပ်တို့စိုးရိမ်ခဲ့ကြ ရ တယ်။ သာယာဝတီမင်းကိုဆက်ခံတဲ့ သားတော်ပုဂံမင်း ကတော့ ကုလား ဘိုင်ဆပ် နဲ့ပေါင်းမိပြီး တိုင်းရေး ပြည်ရာ စိတ် မဝင်စား အပျော်အပါးသာ များနေတဲ့ အတွက် ၁၈၅၂ ခုနှစ် အင်္ဂလိပ် တို့ရဲ့ ဒုတိယ အကြိမ်ကျူးကျော်မှု ကို ခံလိုက်ရပြီး မြေထဲ(အောင်လံ) အောက်ပိုင်းမြန်မာပြည်တစ်ခုလုံး ပေးလိုက်ရ တော့တယ်။

ပုဂံမင်းကို ပုန်ကန်ပြီး တက်လာတဲ့ မင်းတုန်းမင်းဟာ နှလုံးရည်သမား သက်သက်သာ ဖြစ်ပေမယ့် ပုန်ကန်ရာက အစ ထီးနန်း တက်တဲ့အထိ ညီတော်က နောင်မင်းသားရဲ့ လက်ရုံးရည်အစွမ်းနဲ့ ရာဇပုလ္လင် ပေါ်ရောက်လာခဲ့ရတယ်။

အထက်မြန်မာပြည်တစ်ခုလုံး သိမ်းဖို့ ဇယားဆွဲနေတဲ့ အင်္ဂလိပ်တို့ အတွက် စစ်ရေး ထက်သန်တဲ့ အိမ်ရှေ့စံ ကနောင်မင်းသားဟာ အနှောင့်အယှက် ကြီးဖြစ်နေလို့ ရှင်းထုတ်ဖို့ကြံစီရတော့တယ်။

ကနောင်မင်းသား လုပ်ကြံခံရပြီး နောက် ခြေသွက်လက်သွက်လှုပ်ရှားလာကြ တယ်။ အိမ်ရှေ့မင်းလောင်း လျာနေရာအတွက်န န်းတွင်း အရှုပ်အထွေးတွေ ပိုများလာပြီး မင်းတုန်းမင်း ကလည်း ဘယ်သူ့ကိုမှအိမ်ရှေ့စံမထားတော့တဲ့အတွက် နာမကျန်းဖြစ်ချိန်မှာ နန်းမ တော်မယ်နုရဲ့သမီးတော် ဆင်ဖြူမရှင်မိဖုရားက ကင်းဝန်မင်းကြီးနဲ့ ပေါင်း၊ မဲခွဲ ဘုရင်လောင်းရွေးမယ် ဆိုပြီး ယောမင်းကြီး ဦးဖိုးလှိုင် တို့ နဲ့ မဲခွဲကြရာမှာ သူတို့်တင်တဲ့သီပေါမင်းသားက ဘုရင်ဖြစ်လာတယ်။(သိပ္ပံမောင်ဝရေး၊အဝေးရောက်မင်းဦး အောင်ကြီးနှင့်တွေ့ဆုံပြောကြားချက်များမှ)

ကင်းဝန်ရဲ့အကြံက ရုပ်သေးဘုရင်တင်ပြီး အင်္ဂလိပ်နဲ့ အဆင်ပြေအောင် ပေါင်း၊ စစ်မတိုက်ရေး ဖြစ်သလို ဆင်ဖြူမရှင် မိဖုရားကလည်း သူ့မှာ သားတော်မရှိ၊ ဘုရင့်မယ်တော် မဖြစ်နိုင်တော့ သမီးတော်ကြီး စုဖုရားကြီး နဲ့ ပေးစားပြီး သူ့စိတ်ကြိုက် စီမံအုပ်ချုပ်ဖို့ အကြံအစီနဲ့ ဘာမှ မတတ်တဲ့ သီပေါမင်းသား ကိုရွေး ခဲ့ကြတယ်။ (လက်တွေ့မှာတော့ သမီးလတ် စုဖုရားလတ်က အမေထက် လက်စွမ်းထက်ပြီး ဆင်ဖြူမရှင် လည်း ချောင်ထိုးခံလိုက်ရတယ်)

နိုင်ငံ့ဥသျှောင်လုပ်ဖို့ ဆိုတာ အိပ်မက်တောင်မက်ခဲ့ဖူးတာမဟုတ်။ အတင်းဆွဲ ခေါ်လာလို့သာ တက်လုပ်ခဲ့ရ။ တိုင်းရေးပြည်ရေးကလည်း ရှုပ်ထွေး နေချိန်မှာ ဘာအတွေ့မကြုံမှ မရှိတော့ ဘယ် စလုပ်ရမှန်းလည်း မသိဘူး။

 တိုင်းပြည်ကို လွှတ်တော် အမတ်ကြီး တွေ တရားမဝင်အကြံပေးပုဂ္ဂိုလ်တွေ ကပဲ စီမံ ခန့်ခွဲ နေကြတယ်။အရည်အချင်းပြည့်ဝတဲ့ အခြေအနေ မှန်တွေ တင်ပြကြတဲ့ ဝန်ကြီးတွေ လည်း ရာထူးကပြုတ်ကုန်တယ်။


 နိုင်ငံခြားသား အင်္ဂလိပ်ပြင်သစ်တွေ ကလည်း လွှတ်တော်မှာ ခြေချင်းလိမ် နေကြတယ်။ စီးပွားရေး က လည်း မလုပ်တတ်တော့ အခွန်တွေ လှိမ့်ကောက်၊ ထီလုပ်ငန်း တွေ တိုးချဲ့ လုပ်၊ ဆင်းရဲသားတွေ ပိုကြပ် တည်း၊ ဒုစရိုက်တွေ ပိုများလာတယ်။ ကိုယ့်မြေ ကိုယ့်ရေမှာ မနေနိုင်ကြပဲ တိုင်းတစ်ပါး အုပ်ချုပ်တဲ့ ဆီ ကိုပြောင်း ရွှေ့ ကုန်ကြတယ်။


 စစ်ရေး အတွေ့အကြုံမရှိ၊ စစ်အင်အား တည်ဆောက်ရမှန်းလည်းမသိ၊ စစ်အမြင် ဝေလာဝေး ဆိုတော့ သြဇာခံ တိုင်းရင်းသား ပြည်နယ်တွေကလည်း လူမလေး ခွေးမခန့် ဆက်ဆံလာကြတယ်။


နောက်ဆုံးတော့ ကြက်ကလေး ငှက်ကလေးလိုပဲ အလွယ်တစ်ကူ အဖမ်း ခံသွားရရှာတယ်။ အဲဒါ အလောင်း ဘုရား စတည် ခဲ့တဲ့ ကုန်းဘောင် မင်းဆက်ရဲ့ (၁၁) ဆက်မြောက် သီပေါမင်း ပဲ။


ဘုရင်က အရုပ်။ အရုပ် ဆို သူကိုယ်တိုင် ဘုရင် လုပ်ဖို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ မင်း.ဘုရင် လုပ် ရမယ်ဆိုပြီး ဆွဲခေါ်လာလို့သာ ဘုရင်တက် လုပ်ရတာကိုး။ တစ်ကယ် အာဏာရှိတာက စုဖုရားလတ်နဲ့ မောင်မောင်တုတ်။

 မောင်မောင်တုတ်က ဘုရင့် စည်းစိမ် အပြည့်အဝ ခံစားပြီး ထင်သလိုရမ်းကားနေတာ။ဘယ်သူမှလည်း မတိုင် ရဲကြဘူး။ ဘုရင်ထက်ကြောက်ရတယ်။ စုဖုရားလတ် က ယောမင်းကြီးလို သတ္တိ ဗျတ္တိပြည့်စုံသူကို ရာထူးက နှင်ချလိုက်တယ်။ ကင်းဝန်လည်း ရာထူး တည်မြဲရေးအတွက် အလိုက် သင့်ခေါင်း ညှိတ်နေရ တယ်။


 အင်္ဂလိပ်ပြင်သစ်က အပြိုင်ခြေလှမ်း ကြဲလာကြချိန်မှာ စုဖုရားလတ်က နန်းတွင်းမှာ သူ့အာဏာ ခိုင် မာအောင်တည် ဆောက်လို့ကောင်းနေတုံး။
 

စီးပွားရေးကလည်း ဘာမှ မလုပ်တတ်တော့၊ ထီရုံတွေ တိုးချဲ့ဖွင့်၊ ပြည်သူတွေဆီက အခွန်တွေသာ
လှိမ့် ကောက်။ ရှမ်းစော်ဘွားတွေဆီကပါ အခွန်တွေ တိုးကောက်ပေမယ့် နန်းတွင်း ဗရုသုက္ခတွေ မြင်နေရတဲ့ စော်ဘွားတွေက ဂရုမစိုက်ကြတော့ပဲ ကလန်ကဆန် လုပ် ၊တော်လှန်လာကြ။


 နောက်ဆုံးတော့ ပရင်ဒါဂတ် က ဘုရင်နဲ့ မိဖုရား ကို ကြက်ကလေး ငှက်ကလေး လို ဖမ်းသွားတော့တာ ပါပဲ။ လွယ်လွန်းလို့ အင်္ဂလိပ်တွေ ကိုယ်တိုင်အံ့သြပြီး ဘယ်လို ဆက်လုပ်ရမှန်း မသိ အောင်တွေဝေ သွားခဲ့ရ တယ်လို့ ဆိုကြတယ်။ ယူတတ်ရင်တော့ သမိုင်း သင်ခန်းစာတွေပေါ့။


အမျိုးဘာသာ ဆိုတာ ခုခေတ်မှာ သိပ် အရေးမပါတော့ဘူး ဆိုသူတွေ သတိထား သင့်တာက မြန်မာနိုင်ငံ ဟာ အမေရိကန်နိုင်ငံ လို မဟုတ်ဘဲ နှစ်ထောင်ချီ တည်ထောင် လာခဲ့တာ အမျိုး ဘာသာ သာသနာ နဲ့ ဆိုတာပါပဲ။

အခုအော်နေကြတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး ဆိုတာ ဗုဒ္ဓဘာသာမှာ အပြည့်စုံဆုံး ဖြစ်ပြီး ဘယ်ဘာသာမှ ဗုဒ္ဓ ဘာသာလောက် ဒီမိုကရေစီ လူ့အခွင့်အရေး မရှိဘူး ဆိုတာ လေ့လာသူတိုင်း သိကြပါတယ်။

ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံ ရဲ့ အိမ်ရှင် ဘာသာဖြစ်ပြီး တစ်ခြား ဘာသာ တွေဟာ ဧည့်သည် ဘာသာဖြစ် ပါတယ်။ ဒီမိုကရေစီ အရ မိမိကြိုက်နှစ်သက်ရာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ဘာသာရေး သတ်မှတ်ချက် ကိုရောချလို့ မရပါဘူး။


ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဆက်ဆက်သာ ပြောင်းသွားပေမယ့် ဗုဒ္ဓဘာသာဟာ ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံတဲ့ ဘာသာ၊ အခြားဘာသာများဟာ နိုင်ငံတွင်း ကိုးကွယ်ကြသော ဘာသာ ဆိုတဲ့ ဘာသာရေး အဆင့် သတ်မှတ်ချက်က မပြောင်းလဲခဲ့ပါဘူး။


အိမ်ရှင်ဘာသာဖြစ်လို့ ဆိုပြီး ဧည့်သည်ဘာသာတွေကို စော်ကားတာ မလေးမစား လုပ်တာ မရှိခဲ့ပါဘူး။ဧည့်သည် ဘာသာတွေကို လေးလေး စားစားနေရာပေး ပြီး ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။


ဇာတိမာန်သီချင်း မဆိုသင့်ဘူး၊ အမျိုးသားရေး မလိုတော့ဘူး ဆိုသူတွေဟာ ကိုယ်တိုင် အမျိုးသားရေး ဇာတိမာန် စိတ်တွေ မရှိလို့ပဲ။ ဒီခေတ်မှာ မျိုးချစ်စိတ် က အလုပ်မဖြစ်တော့ဘူး ဆိုသူဟာ ကိုယ်တိုင် အမျိုး ပျက်နေလို့ (သို့မဟုတ်) အမျိုးဖျက်ချင်နေလို့ပဲ။

မိမိ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ်။ တစ်ခြား အမျိုး ဘာသာ သာသနာ ကို မစော်ကားဘူး။ ကိုယ့်အမျိုး ဘာသာ သာသနာကို စော်ကားလာရင် လည်း လုံးဝ သည်းမခံဘဲပြန်တုံ့ပြန်သွားမယ် ဆိုတဲ့ အမျိုးသားရေး စိတ်ကတော့ ရှိကြရမှာ ဖြစ်ပါတယ်။

အမျိုးသားရေး ကိုယ်ခံအား နဲတော့ ပတ်ဝန်းကျင်က မလေးစားဘူး။ အင်အားကြီး မပြောနဲ့အုံး၊ ဆိုမာလီလို တိုင်ပြည်ကတောင် ဝင်အာချောင်တာ ခံရတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ် က အထက်စီး လေသံနဲ့ပြော သမျှ ခံနေရ တယ်။ ခံမှန်းသိတော့ INGO တွေကပါ သူတို့ ပြောတာ မလုပ်ရင် ပြန်တော့မယ် ခြိမ်းခြောက် လာကြတယ်။

UN က ဘင်္ဂလီတွေဂုဏ်သိက္ခာရှိစွာ ပြန်လာ နိုင်အောင်လုပ်ပါ၊ သူတို့ လုံခြုံရေး စိတ်ချရတယ်လို့ ယူဆ တဲ့နေရာတွေမှာ နေခွင့်ပေးပါ ။ အထောက်အထား မခိုင်လုံသူတွေကို လည်း လက်ခံနိုင်ဖို့်လျော့ပေါ့ စီစဉ်ပေး ပါ၊ ကိုဖီအာနန် အစီရင်ခံစာ အတိုင်း လွတ်လပ်စွာ သွားလာခွင့်ပြုပါ ။ နိုင်ငံတစ်ကာ စံနှုံးနဲ့အညီ နိုင်ငံသား ဥပဒေ က်ုပြင်ဆင်ပြီး လက်ခံပါ ဆိုပြီး သူ့ အုပ်ချုပ်ခံ တိုင်းပြည် တစ်ခုလို ပြည်တွင်းရေးကို ဝင်စွက်ပြီး ပြောချင်ရာပြောနေတာလည်း ဘာမှ မာမာထန်ထန် မတုံ့ပြန်နိုင်ဘဲငုံ့ ခံနေရတယ်။

လက်သီး လက်ရုံးလိုအားကိုးရမယ့် တပ်မတော်အားကို စုစည်း ရယူပြီး တစ်သားတည်း ရှိနေရမယ့်အစိုးရ တစ်ရပ်ဟာ ခပ်ခွာခွာပုံစံ ဖြစ်နေတော့ ပြည်ပက ဆရာကြီးတွေ အကြိုက် ဝင်ချယ်လှယ် လာကြ တယ်။

သမိုင်းဆိုတာ တစ်ပတ်လည်တတ်တယ် ဆိုတဲ့ စကားအတိုင်း တစ်ပတ်ပြန်လည်လာချိန်မှာ သမိုင်း သင်တာ မအ အောင်လို့ ဆိုတဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ရဲ့ အဆိုအမိန့်ကို သတိပြုကြပြီး အစိုးရ၊ တပ်မတော် ၊ပြည်သူလူထု တစ်ရပ်လုံး အမျိုးသားရေး စိတ်ဓာတ်နဲ့ တစ်ညီ တစ်ညွတ်တည်း ရင်ဆိုင်ဖြေရှင်းကြရမယ့်အရေးကြီး အချိန်ရောက်နေပြီဖြစ်ကြောင်း သတိပေး နှိုးဆော်လိုက်ရပါ တော့ တယ်။ ။


Bullet Journal
သောင်းလွင်ဟိန်း
Thaung Aye

 

No comments:

Post a Comment