28 December 2017

အမေရိကန် ၏ နေ၀င်ချိန်လား ... အာရှ ၏ မီးတောက်သစ်လား



အမေရိကန် ရဲ့အမျိုးသား လုံခြုံရေး မူဝါဒသစ်နဲ့Israel မြို့တော်ကို ဂျေရုဆလင် အဖြစ် တရားဝင် သတ်မှတ် ကြောင်း သဘောထားကြေညာချက်တွေနောက်မှာ..ကမ္ဘာကြီးရဲ့အင်အား ချိန်ခွင်လျှာပြောင်းလဲမှူနဲ့US  ပြည်တွင်းရေး မတည်ငြိမ်မှူတွေ ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးသုတေသီတွေက သုံးသပ်ကြပါတယ်။

...ပထမဆုံး အမေရိကန်ပြည်တွင်းရေးကို တင်ပြရရင်..
...အရှေ့အလယ်ပိုင်းက သတင်းစာတွေမှာတော့..အမေရိကန်ရဲ့ကြေညာချက်ဟာ သူတို့ရဲ့ အီရန်နဲ့ ရှီရိုက်တွေကို အမြစ်ဖြုတ် တိုက်ခိုက်ဖို့ လက်မလျှော့ဘူး ဆိုတာပြလိုက်တာလို့ဆိုပါတယ်။ သူတို့ဟာ အမေရိကန်ပြည်သူတွေကို အမှန်တရားကို ဖုံးကွယ်ထားတဲ့ လှည့်စားမှူတွေနဲ့အာရုံလွှဲနေပြီး၊ အကြီးစားလိမ်ညာမှူတွေနဲ့ အီရန်ကို ချေဖျက်ဖို့ကြိုးစားနေတယ်လို့သုံးသပ်ပါတယ်။
US new foreign policy: Creation of the ‘illusion of truth’
US would like not to surrender their Iran idea when all evidences are against them. To do so, they try to distract the public by talking about anything other than ways in which their policies will benefit them,lying so “colossal” that no one would believe that someone “could have the impudence to distort the truth so infamously.




ရောဘတ်ဒေးဗစ်စတီး ဆိုတဲ့ CIA အေးဂျင့်ဟောင်း တစ်ဦးကတော့ ဘယ်လို ထုတ်ပြောလာသလဲဆိုရင်၊ ကမ္ဘာကြီးဟာ ဇီယွန်ဝါဒကို လက်မခံကြောင်း UN မှာ ပြသလိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ ပါလက်စတိုင်းတွေကို မျိုးတုန်းသတ်ဖြတ်သလို ဖြစ်စေမည့် မူဝါဒကို လက်မခံကြောင်း ပြသနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
Robert David Steele hailed the recent UN General Assembly’s vote against the US decision to recognize Quds as the capital of Israel, saying it shows the world is aligned against Zionism and its genocidal policies against the Palestinians.






ပါလက်စတိုင်း က ခရစ်ယန်ခေါင်းဆောင်တွေကလည်း ထရမ့် ရဲ့ ဂျေရုဆလင်ကြေညာချက်ဟာ လက်ခံနိုင်စရာ မရှိသလို အင်မတန် အန္တရာယ်ကြီးပြီး ပါလက်စတိုင်း ခရစ်ယန်တွေကိုပါ စော်ကားတာဖြစ်တယ် ။ ဒါတင်မက ကမ္ဘာပေါ်မှာရှိတဲ့ ခရစ်ယန်နဲ့ မူဆလင်တွေကိုပါ စော်ကားရာရောက်တယ်လို့ကြေညာပါတယ်။
Palestinian Christian leaders described Trump’s decision on Jerusalem as “dangerous” and “insulting”
“We reject the US recognition of Jerusalem as the capital of Israel,” the archbishop of Greek Orthodox Church of Jerusalem said .He said that Trump’s decision is an insult to Christians and Muslims around the world, who consider Jerusalem as an incubator of their most sacred, spiritual and national heritage.


ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ရောဘတ်ဖို့ဒ် က ဆီးရီးယား သမတ အာဆတ်ဟာဒီပွဲမှာ အနိုင်ရသွားပြီး သူ့အင်အားဟာ ကြီးမားသည်ထက် ကြီးလာတယ် ။ အီရန်ကတော့ ဆီးရီးယား အမွေကို ဆက်ခံပြီး သူ့နိုင်ငံထဲမှာ တိုက်ပွဲတွေ တစ်ခုပြီး တစ်ခုဖြစ်လာဖို့ စတင်နေပြီလို့ဆိုလိုက်ပါတယ်။
Robert Ford: Assad has won
“Syrian president’s victory and Iran’s presence in Syria are realities the region will have to get used to,” said former US ambassador to Syria.
“Iran will be in Syria to stay,” Robert Ford said in a press conference. “This is the new reality that we have to accept, and there isn’t much we can do about it.”“The war is winding down little by little,” Ford said. “Syrian President Bashar Assad has won and he will stay in power.”



ရော်ဂျာစတုန်း ဆိုတဲ့ အမေရိကန် ကက်ဘိနက်အဖွဲ့ဝင် သမတရဲ့ အကြံပေးတစ်ဦး ဖွင့်ချလိုက်တဲ့ သတင်းကတော့ US အစိုးရအဖွဲ့အတွင်းမှာ သမတဒေါ်နယ်ထရမ့် ကို ဖယ်ရှားပစ်ဖို့အထိ အစီအစဉ်တွေ ဆွဲနေကြပြီ ဆိုတဲ့သတင်းဖြစ်ပါတယ်။ သူ့ဆီမှာလည်း ခိုင်လုံတဲ့ သက်သေတွေရရှိထားပြီလို့ ဆိုပါတယ်။
American strategist and US president’s advisor Roger Stone has claimed he had evidence that some people within Donald Trump’s cabinet had discussed toppling their boss.



ပိုစိတ်ဝင်စားစရာကတော့ သမတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် စစ်စခန်းမှာ အမျိုးသား လုံခြုံရေးမူဝါဒဆိုင်ရာ မိန့်ခွန်းပြောအပြီးမှာ ထွက်ပေါ်လာတဲ့ US Today သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းပါ။ အမေရိကန် စစ်သားတွေဟာ အရှေ့အလယ်ပိုင်းမှာ များစွာကျဆုံးနေကြတယ်။ ဒီလိုသေဆုံးမှူမှာ တိုက်ပွဲကျတဲ့အရေအတွက်ထက် ကိုယ့်ကိုကိုယ် သတ်သေတဲ့ အရေအတွက်က ပိုများနေတယ်ဆိုတာပါပဲ။ သူတို့ဟာ စိတ် မကျန်းမာမှု စိတ်ဖိစီးမှု စိတ်ဓါတ်ကျဆင်းမှု ၊စိုးရိမ်သောက ဖိစီးမှူတွေကြောင့် ပြီးခဲ့တဲ့ ၁၆နှစ် အတွင်းမှာသတ်သေမှူက ပိုများလာခဲ့တယ်လို့ဆိုပါတယ်။
More US troops commit suicide than die in combat in the war in the Middle East
This is President Trump’s speech on one of their fallen soldiers in the Middle East.A Speech that was widely criticized.
But U.S. soldiers in the Middle East die of suicide more than they die of fighting on the battlefield.USA Today wrote in a report: according to US Department of Defense suicide is the main cause of death among soldiers sent to the Middle East not war.
Mental illness, emotional distress and anxiety from multiple deployments to war zones during the past 16 years are a few of the causes of death among U.S. military.




ဒီအချိန်မှာပဲ သမတပူတင်နဲ့ ရုရှားတပ်မတော်က ကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်။ အရှေ့အလယ် ပိုင်း က အမေရိကန် စစ်စခန်းတွေမှာ ISIS တွေကို အမေရိကန်တွေက လေ့ကျင့်ပေးနေတယ်။ ဂြိုလ်တု ပုံတွေနဲ့ ထောက်လှမ်း ရရှိချက်တွေအရ ISIS တွေဟာ သူတို့ရဲ့ အမှတ်တံဆိပ်တွေကိုပြောင်းလဲလိုက်ပြီး အမည်လည်း ပြောင်းလိုက်ပြီလို့ ဆိုပါတယ်။ တစ်ချို့ ISIS တွေကတော့ ဆီးရီးယား တပ်မတော်သစ် ဆိုပြီးပြောင်းလိုက်တယ်လို့ဆိုပါတယ်။
The Russian military top brass: ISIS is receiving training in US bases in Syria.
Valery Gerasimov,Chief of the General Staff of the Russian Armed Forces calimed In an interview with Russia’s Komsomolskaya Pravda daily that US has turned its military base near the town of al-Tanf into a training camp for militants.
“According to satellite and other surveillance data, terrorist squads are stationed there. They are effectively training there.” he said.“This is essentially ISIS (Daesh),They change their colors, take different names – the ‘New Syrian Army’ and others. They are tasked with destabilizing the situation” added General Gerasimov.



တစ်ချိန်တည်းမှာပဲ..ဆီးရီးယားမြို့တော် ရက်ကွာက ထွက်ပြေးလာတဲ့ ISIS တွေကို အမေရိကန် စစ်စခန်းတွေမှာ လေ့ကျင့်ပေးနေတဲ့ သက်သေအထောက်အထားတွေကို ရုရှား စစ်ဦးစီးချုပ်က ထုတ်ဖော်ပြသလိုက်ပါတယ်။ အယ်လ်တမ့်ဖ်မြို့နားက အမေရိကန် စစ်စခန်းမှာ လေ့ကျင့်နေတဲ့ ISIS တွေဖြစ်ပါတယ်။ ဒါတွေဟာအကြမ်းဖက်လေ့ကျင့်ရေး စခန်းတွေသာဖြစ်ကြောင်း ရုရှားက ဆိုလိုက်ပါတယ်။
Russia shows evidence US training ISIS terrorists in its Syrian bases
Head of Russia’s General Staff, Valery Gerasimov, blamed the US for hosting training camps for terrorists, including former ISIS fighters who fled from Raqqa.
The US forces have effectively turned their military base near the town of al-Tanf in southeastern Syria into a terrorists’ training camp, Gerasimov said in an interview to Russia’s Komsomolskaya Pravda daily on Wednesday, Russia Today reported.

ဂါဇာမှာ ပြုလုပ်တဲ့ ပါလက်စတိုင်းတွေရဲ့ အစည်းအဝေးမှာ ဟားမားစ် စစ်သွေးကြွခေါင်းဆောင်က အမေရိကန်ရဲ့ ကြေညာချက်ဟာ ၊ဆွေးနွေးမှူတွေကို ဖျက်ဆီးရုံမက ပါလက်စတိုင်း အကျိုးစီးပွားတွေကို ဖျက်ဆီးလိုက်တာသာဖြစ်တယ်။ အမေရိကန်ဟာ ဒီဒေသတစ်ခုလုံးကို လွှမ်းမိုးဖို့ပြောင်းလဲဖို့ကြိုးစားနေတာဖြစ်ပြီးဂျေရုဆလင်နဲ့ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေကို ချနင်း ဖျက်ဆီးပစ်ချင်နေတာသာဖြစ်တယ်လို့ဆိုပါတယ်။
“The recent US decision on al-Quds is part of ongoing efforts to terminate the Palestinian cause within the context of a so-called ‘deal of the century’,” Ismail Haniyah said at a meeting with Palestinian tribal leaders in Gaza City.US move “has implications for the reconfiguration of the entire region … which will come at the expense of al-Quds and Palestinian rights.”



ယီမင် စစ်ပွဲမှာတော့ ဟူသီတွေရဲ့ ဒုံးပျံ ကျရောက်မှူကြောင့် Israel မော့ဆက်က ထောက်လှမ်းရေးတွေအပါအ၀င် အစ္စရေးအရာရှိ ၂၀ နဲ့ဆော်ဒီ စစ်တပ်အရာရှိ စစ်သည် ၆၃ ယောက် ကျဆုံးသွားတယ်လို့ ဆိုပါတယ်။ ဆော်ဒီတောင်ပိုင်းက ခါလစ်လေတပ်စခန်းကို ပစ်ခတ်ခံရချိန်မှာ မော့ဆက်က အဖွဲ့တွေပါ ဆော်ဒီနဲ့ ပူးပေါင်းပြီး ယီမင်ကို ပစ်ခတ်ဖို့ စီစဉ်နေတယ်လို့သတင်းတွေကဆိုပါတယ်။
Israeli Officers Captured, Killed in Yemen Attacks
Tens of Israeli, Saudi Officers Killed in Yemen Missile Attacks
Some 20 Israeli officers and 63 Saudi military men and officials were killed and many others taken captive in a special military operation of Yemen’s Ansarullah movement in Amir Khalid airbase in Southern Saudi Arabia, a top security official announced on Wednesday.He mentioned that the Israeli officers were agents of the Mossad spy agency and were in the region to help the Saudi army, and said, “At the time of the attack the Israeli officers were working on a plan to attack some regions of Yemen with prohibited Israeli-made weapons.”



ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကနေ ၁၀ ရက် အထိဆော်ဒီ အစိုးရဟာ အယ်ကိုင်ဒါ အပါအ၀င် အကြမ်းဖက်အဖွဲ့ပေါင်းစုံနဲ့ ရီယာ့ဒ်မြို့မှာ အစည်းအဝေးကျင်းပခဲ့ပါတယ်။ ဆီးရီးယား အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ အယ်နုဆာ၊ အယ်လ်အာရှန် အဖွဲ့တွေ (ISISနဲ့အတူတူ) စတဲ့ အဖွဲ့တွေလည်း ပါဝင်ပြီး၊ သူတို့ကို ဆော်ဒီက ထောက်ပံ့မှူတွေ ဆောင်ရွက်နေတယ်လို့ သတင်းတွေရရှိပါတယ်။
Saudis Host al Qaeda, Now “Respected Moderate Terrorists”
Saudi Arabia is hosting a three-day meeting of terrorist groups in Riyadh on December 8-10. The Syrian Kurds, who control large parts of the Northern Syria, have not been invited, but Al-Qaeda’s official branch in Syria, the al-Nusra Front and Ahrar al-Sham terrorist groups are there. The convention is meant to discuss ways to integrate militant groups in Syria.



ဆော်ဒီ အစိုးရတပ်ရဲ့ Drone တွေနဲ့ တိုက်ခိုက်မှူ တစ်ကြိမ်တည်းမှာပဲ ယီမင်က အရပ်သား ၁၂၀ ကျော်   ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး လေတပ်ရဲ့ ဗုံးကြဲမှူကြောင့် မိသားစု ၁၄ ယောက် တစ်ကြိမ်တည်း သေပွဲဝင်ခဲ့ရတယ်လို့ သိရပြီး၊ အခုချိန်အထိ အရပ်သားပေါင်း ၁၃၆၀၀ သေဆုံးခဲ့ပြီလို့သိရပါတယ်။
Saudi drones kill and injure more than 120 civilians in Yemen
Saudi drones have killed or injured more than 120 civilians in the southwestern province of Ta’izz.
Yemen’s officilas said that over100 victims have been injured following the saudi airstrikes on Heime District.
Mohammad Abdulsalam,Yemeni Ansarullah spokesman, condemned the saudi airstrike and said that such attacks show the defeat of the Saudi regime.In another attack, Saudi jets bombarded a residential area in Hudaydah and killed 14 members of the same family.Saudi Arabia has launched a brutal war against Yemen since March 2015 which has led to the killing of at least 13,600 people.



ISIS အကြမ်းဖက်သမားတွေဟာ eBay လေလံ ၀က်ဘ်ဆိုက်ကို အသုံးပြုပြီး အမေရိကန်နိုင်ငံထဲက အကြမ်းဖက် သမားတွေအတွက် စစ်ဆင်ရေး ထောက်ပံ့ကြေးတွေ လွှဲပြောင်းနေတယ်လို့ FBI အမေရိကန်ပြည်တွင်းထောက်လှမ်းရေးက ဖော်ထုတ်သိရှိခဲ့ပါတယ်။ ဒီပုံစံနဲ့ နိုင်ငံရပ်ခြားက အကြမ်းဖက်သူတွေကို ငွေတွေလွှဲပို့နေတာလို့သိရကြောင်းပါ။
ISIS accused of using eBay to funnel money to US
An FBI affidavit recently unsealed reveals that investigators believed ISIS was using online auction site eBay as a way to funnel money to the United States with an eye toward financing terror attacks by American citizens.
The allegations are that one man, Mohamed Elshinawy, created several fake transactions selling computer printers on eBay and getting paid through PayPal,apparently from overseas ISIS operatives who told him to use the money for “operational purposes.”

...............................................................................

တင်ပြချက်တွေကို ခြုံငုံကြည့်ရင် ... အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး မူဝါဒနဲ့ ဂျေရုဆလင်မြို့တော် သဘောထားဟာ နိုင်ငံတစ်ကာမှာတင် ရိုက်ခတ်လာရုံမက အမေရိကန်ပြည်တွင်းမှာလည်း ရိုက်ခတ်နေတာဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။

သမတ ဒေါ်နယ်ထရမ့်ရဲ့ Game ဟာ သူ့အတွက်ရော သူ့ပါတီအတွက်ရော စွန့်စားမှူကြီးမားပြီး အမေရိကန် သမိုင်းမှာ မရှိဖူးတဲ့ သမတပြုတ်ကျ ဖယ်ရှားခံရတာမျိုးတွေလည်း ဖြစ်လာနိုင်သလို လုပ်ကြံသတ်ဖြတ်မှူတွေလည်းဖြစ်လာနိုင်ပါတယ်။ 

ဒါတင်မက အမေရိကန် တပ်မတော်ရဲ့ စစ်ပန်းနေတဲ့ စစ်သားတွေကို ဘယ်လို အစားထိုးကြမလဲ၊ ဘယ်လိုလုပ် စစ်ကို ဆက်တိုက်ကြမလဲ ဆိုတဲ့ပြသနာတွေရင်ဆိုင်နေရပါတယ်။

..သူ့ရဲ့ အင်ဒိုအာရှ မူဝါဒသစ်ရဲ့ အဓိကသော့ချက်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်ကို ထိန်းချုပ်ရေးပဲဖြစ်ပါတယ်။ ဒီတော့ဘင်္ဂလားဒေ့ရှ် နဲ့မြန်မာနိုင်ငံ တစ်ခုခုမှာ စစ်စခန်းသစ် အခြေချဖို့ ဒါမှ မဟုတ်စစ်အင်အားနဲ့ ၀င်ရောက် တပ်စွဲဖို့ လုပ်ဆောင်လာမှာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

...အရှေ့အလယ်ပိုင်း ပြဿနာတွေထဲမှာ ပြောင်းပြန် ဖြစ်သွားစေတာကတော့ Israel နဲ့ ဆော်ဒီ တို့ ပူးပေါင်း ဆောင်ရွက်မှူပဲဖြစ်ပါတယ်။ မနှစ်ကထဲက ဆော်ဒီကို Israel ရဲ့တာတိုပစ် ဒုံးခွင်းဒုံးတွေ US ရဲ့ ပက်ထရီယော့ ဒုံးခွင်းဒုံးတွေရဲ့ နည်းပညာလေ့ကျင့်မှူတွေမှာ Israel တို့ပါဝင်နေခဲ့ပြီး၊ ဆော်ဒီမှာ ချထားမည့် US ရဲ့THAAD တာဝေး အမြင့်ပျံ ဒုံးခွင်းဒုံး စနစ်မှာ ဆော်ဒီနဲ့ အတူ Israel တပ်သားတွေ အတူတာဝန်ထမ်းဆောင်ခဲ့တာပါ။

အခုတော့ ယီမင်က ဒုံးပျံနဲ့ ပစ်မှပဲ မော့ဆက်လို အဆင့်မြင့်ထောက်လှမ်းရေး လုပ်ငန်းတွေပါ ပူးတွဲဆောင်ရွက်နေပြီ ဆိုတာ သိရတဲ့အတွက် ဆော်ဒီနဲ့ Israel တို့ဟာ US ရဲ့ကွပ်ကဲမှူအောက်မှာ ပူးပေါင်းပြီး ရှိရိုက်တွေကို သုတ်သင်ချေမှူန်းဖို့(တစ်နည်း) အီရန်ကို ဆီးရီးယားထက် ဆိုးတဲ့ အခြေအနေထဲကို တွန်းပို့ဖို့ ကြံစည် လုပ်ဆောင်နေတယ် ဆိုတာပေါ်လွင်လာစေပါတယ်။

..ရုရှား ကတော့ US ရဲ့အစတွေကို လိုက်ဆွဲထုတ်နေပြီး၊ အရှေ့အလယ်ပိုင်းမှာ US ရဲ့နိုင်ငံရေး သိက္ခာလုံးဝ အဖတ်ဆည်မရအောင် ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ အမေရိကန်တွေရဲ့ စစ်စခန်းတွေဟာ ISIS လွန် ၊နောက်အမည်တစ်မျိုး နဲ့ပေါ်ထွက်လာမည့် အကြမ်းဖက်သမားတွေရဲ့ လေ့ကျင့်ရေး စခန်းသစ်တွေဖြစ်လာနေပါပြီ။

..အနာဂတ် အခင်းအကျင်းအရ ..ဘယ်တုန်းကမှ မတည့်ခဲ့တဲ့ ရန်သူဟောင်း အီရန် နဲ့တူရကီ တို့ပူးပေါင်းသွားဖွယ်ရှိပြီး ဆော်ဒီဟာ စစ်ရေးနိုင်ငံရေး အကျဖက်ကို ရောက်လာနိုင်ပါတယ်။ အမေရိကန် ရဲ့သွေးထိုးမှူကြောင့် အီရန် နဲ့လက်ဘနွန်၊ ပါလက်စတိုင်း ဒေသမှာ စစ်ပွဲသစ်တွေမြင်ရပါတော့မယ်။

..မြန်မာပြည်သူတွေ သတိထားသင့်တာက အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးနေတာက အမေရိ ကန်ဖြစ်တယ်။ အင်ဒိုအာရှ မူဝါဒအရ အမေရိကန်ဟာ အကြမ်းဖက်သမားတွေကို မြန်မာပြည်ဖက်ကို လွှတ်ဖို့သေချာနေပြီ ။  

သူတို့ရဲ့ငွေကြေးပေးချေမှူ စနစ်တွေက အရမ်း အဆင့်မြင့်လာပြီး ငွေမည်း ခ၀ါချမှူ တိုက်ဖျက်ရေးတွေ 
ဟွန်ဒီ လုပ်ငန်းတွေကို အမြဲစောင့်ကြည့် ဖမ်းဆီးနှိပ်ကွပ်ဖို့ လို့နေပြီဖြစ်ပါကြောင်း သတိပေးလိုက်ရပါ တယ်။

(အမေရိကန် ၏ အမျိုးသားလုံခြုံရေး မူဝါဒ အကြောင်းသီးသန့် တင်ပြပါမည်။)

Moe Kyaw (or) Sit Thwe (28-12-2017) #မြန်မာ့စစ်သွေး

No comments:

Post a Comment