01 December 2017

တရုတ် One Belt One Road OBOR



ရခိုင်- ဘင်္ဂလီ -အမေရိကန် China Containment Policy CCP -
တရုတ် One Belt One Road OBOR -
ပုလဲသွယ် String of Pearls SOP -
Kra Canal ကရား တူးမြောင်း
ရခိုင်- ဘင်္ဂလီ - အမေရိကန် CCP -
တရုတ် OBOR
 
အမေရိကန် ကကော ဗြိတိန် ကပါ ethnic cleansing တို့ genocide တို့ ပြောလာလို့၊ ရှေ့လ ဒီဇင်ဘာလ ကုလသမဂ္ဂမှာ ရခိုင် အရေးကို အဲလို စကားလုံးတွေ ပြောပြီးတော့ကို တင်ပြဆွေးနွေးတော့မှာ ဆိုလို့၊ စိတ်ပူ တဲ့သူတွေက အဲဒါမဟုတ်ပါဘူးလို့ ကာချင်တဲ့အတွက် ကာဖို့ အချက်အလက်တွေ ရှာနေကြတာ ပင်ပန်းလှပါတယ်။
 
ကာဖို့ အချက်အလက်တွေ ရှိနေ လည်း အပိုပါပဲ။ ချောင်းအောက်မှာ ငါရေသောက်လို့မရအောင် ချောင်း အထက်ကနေ ရေကိုနောက်အောင် နှောက်ခဲ့တာ အဲ့ဒီတုံးက နင် မမွေးသေးလို့ နင်မဟုတ် ဘူးဆိုရင်လည်း  နင့်အဖေ လုပ်တာ ဖြစ်မှာပဲ ဒါကြောင့် နင့်ကို ငါ စားခွင့်ရှိ တယ်ဆိုတဲ့ သိုးငယ်ကို ကိုက်စားဖို့ ၀ံပုလွေ policy က ချထားပြီးသား ဆိုတော့ ကာမနေကြနဲ့။ တရုတ်နဲ့ ရုရှား က ဘာလုပ်မလဲ ထိုင် သာကြည့်နေ လိုက်ကြ ။
 
တရုတ်နဲ့ ရုရှား က အဲ့ဒီအခါ သူတို့အလုပ် သူတို့ လုပ်လိမ့်မယ်။ အမေရိကန် အတွက်က ရခိုင်ဟာ ငြိမ်းချမ်း နေလို့ကို မဖြစ်ဘူး။ ဘင်္ဂလီ ကိစ္စမရှိရင်တောင် George Soros တို့က ဒေါက်တာအေးမောင် ဖြစ်ဖြစ် AA ကို ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ နောက်ကွယ်က support လုပ်ပြီး တရုတ် invest လုပ်နေတဲ့ ရခိုင်မှာ တစ်ခုမဟုတ်တစ်ခု ပြဿနာပေါ်ေ နအောင် မီးမွှေးနေရမှာပဲ။ ဒါက အမေရိကန် သူ့အလုပ် သူလုပ်တာပဲ။
 
တရုတ်ကို အမေရိကန် ရဲ့ ၀ိုင်းပတ် ပိတ်ဆို့ရေးမှာ ပထ၀ီအနေအထား အရ ရခိုင်က ပါနေတော့ အဲဒီလို ပဲဖြစ်နေမှာပဲ။ အမေရိကန် နဲ့ EU က ရခိုင် အရေး မှာ ဘင်္ဂလီ ဘက်ကပဲ ရပ်မယ် ဆိုတဲ့ policy ကို ချ ထားပြီးသား။ တရုတ် invest လုပ်ထားတဲ့ ရခိုင်မှာ တရုတ် ကို အရူးမီးဝိုင်းဖြစ်နေအောင် ဘင်္ဂလီ ကိစ္စနဲ့ မီးမွှေးထားဖို့က အမေရိကန် ရဲ့ အလုပ်ပဲ။
 
အဲ့ဒီ အလုပ်ကို အမေရိကန် အစိုးရ အတွက် ကိုယ်စားလှယ် အဖြစ် ဟန်ဂေရီ+ဂျူး ကပြား အမေရိကန် သူဋ္ဌေးကြီး George Soros က လုပ်ပေးတယ်။ ရခိုင်ကိုဝင်တဲ့ INGO မှန်သမျှ Soros က ထောက်ပံ့ တယ်။ သူ့ပိုက်ဆံနဲ့ ရခိုင် နဲ့ ဘင်္ဂလီပြဿနာကို မဖြစ်ဖြစ်အောင်ကို လုပ် လို့ရတာ အကုန်လုပ်တယ်။
 
မည်သည့် အခြေအနေများက မည်သို့ပင် ရှိစေကာမူ not with standing anything ဘင်္ဂလီပြဿနာ ရခိုင်မှာ အမြဲရှိနေအောင် အမေရိကန်ဟာ ဖန်တီးနေရမယ်၊ ရခိုင်မှာ ငြိမ်းအေးနေရင်တောင် တရုတ်ကို လည်ချောင်း အရိုးစူးနေအောင် ရခိုင်မှာ မြန်မာ အစိုးရတို့ မြန်မာစစ်တပ် တို့က action ယူလာပြီး ကျွံလာအောင် ဘင်္ဂလီပြဿနာ အသစ်တွေ မပေါ်ပေါ်အောင် သူတို့က လူ့အခွင့် အရေးနဲ့ ထောက်လို့ ရအောင် အမြဲလုပ်နေမှာပဲ။
 
 


 
တစ်ချက်ခုတ် နှစ်ချက်ပြတ် OIC တို့ အစ္စလမ်နိုင်ငံတွေတို့ကိုလည်း သူတို့ က ဘင်္ဂဘီဘက် က ရပ်ပါတယ် ဆိုတဲ့ soft-line stance ကိုပြတယ်။ ယီမင်တို့ ဆီးရီးယားတို့ အီရန် တို့မှာ ကျတော့ harsh-line stance နဲ့အစ္စလမ် ကို အပြတ်ကြိတ်ဖို့ သူတို့က policy ချထား တယ်။
 
အဲဒီဲလို နှစ်ဘက် နှစ်မျိုး double standard policy နဲ့လုပ်နေတော့ မြန်မာဟာ တရုတ်ဘက်ကိုပဲ ရွေ့နေမှာပဲ။ DASSK တောင် သဘောပေါက်သွားလို့ Soros က နောက် တစ်ခေါက်တွေ့ဖို့ protocol တောင်း တာ လက်မခံတော့ ဘူးကြားတယ်။ မြန်မာအစိုးရ ပိုက်ဆံလိုရင်ပြော.သူချေးမယ်လို့ ကမ္ဘာပတ်ပြီး လိုက်ပြောနေတယ်။ ကြားပွဲ စားရှာပြီး နားဖေါက်နေတယ်။
 
ဟိုတစ်လောကပဲ သူ့ကိုယ်ပိုင် ပိုက်ဆံ US$ 18 billion ကို အဲဒီလို ကမ္ဘာမှာ ရှောက်မွှေတဲ့ သူ့ရဲ့ foundation ဖြစ်တဲ့ Open Society ထဲ ထည့်တာကို ကြေငြာလိုက်သေးတယ်။
 
အမေရိကန် စီးပွားရေးက နဂိုကမှတရုတ်နဲ့ ဂျပန် ကို မနည်းပြိုင်နေရာတာမို့ အာရှမှာ ကျားတွေ ပေါ် လာ ခဲ့တုံးက၊ သူ့အတွက် ပြိုင်ဘက်ငယ်လေးတွေ ပေါက်ဖွားလာတာ မကြိုက်တော့ ၁၉၉၇ တုံးကလည်း ထိုင်း Baht အင်ဒိုနီးရှား Rupiah မလေးရှား Ringgit အဲဒီ ပိုက်ဆံတွေကို အာရှက နိုင်ငံတစ်ကာ ငွေကြေး ဈေး ကွက် currency market တွေမှာ သူပဲ အလုံးအရင်းနဲ့ လိုက်ဝယ်၊ ဈေးအတက်ဆုံး အချိန်မှာ အောက်ဈေး နဲ့ ထုတ်ရောင်း..အဲ့ဒီ ၃နိုင်ငံ currency တွေ တစ်ခါထဲ ပြိုသွားခဲ့တယ်။
 
အဲ့ဒီတုံးက မလေးရှား ၀န်ကြီးချုပ် မဟာသီယာ က George Soros ကို တစ်ချိန်လုံး ဒေါသ တစ် ကြီးနဲ့ တုံ့ပြန်ပြောဆိုနေခဲ့တာ မှတ်မိကြမှာပါ။ ထိုင်းကတော့ နိုင်ငံခြားသားကို တိုက်ခန်းရောင်းတဲ့ ကိစ္စကို အရင်က အကန့်အသတ်တွေများ ပြီး ကြပ်ထားခဲ့ရာက၊ ပြိုသွားတဲ့ Thai Baht ကို ပြန်ဆယ်ဖို့ (မြေမပါ) ထိုင်းနိုင်ငံ က တိုက်ခ န်းတွေ condo တွေ နိုင်ငံခြားသားတွေ များများဝယ် နိုင်ငံခြားငွေ များများဝင်လာအောင် တံခါး အကျယ်ကြီး ဖွင့်ပေးခဲ့ပြီး သူ့ပိုက်ဆံ ပြန်မတ်အောင် မနည်းကို ကျားကန် လုပ်ယူရခဲ့ရ တယ်။ အင်ဒိုနီးရှား ကတော့ နှစ် ၂၀ လောက်နေမှ နာလံပြန်ထူလာခဲ့တယ်။
 
အခုလည်း အမေရိကန်က သူ့ရဲ့ တရုတ်ကို ၀ိုင်းပတ်ပိတ်ဆို့ရေး China Containment Policy - CCP အတွက် ရခိုင်မှာ မီးမွှေးတဲ့ သူ့ အလုပ် သူလုပ်တယ်။ တရုတ် ကလည်း သူ့ရဲ့ One Belt One Road - OBOR အတွက် ရခိုင်မှာ invest လုပ်တဲ့ သူ့အလုပ် သူလုပ်တယ်။
 
အခုတစ်ခါ ရခိုင်ကမ်းရိုးတန်း တစ်ကြော ကမ်းလွန်ကော ကုန်းတွင်းမှာ yg ရေနံ ထုတ်လို့ရတဲ့ hydro-carbon ဓါတ်ငွေ့ကြောတွေ တရုတ်က တွေ့ ထားတယ်၊ ဒါကြောင့် တရုတ်ဆီက ရခိုင်က hydro-carbon ဓါတ်ငွေ့ ကြောတွေ ၀င်လုဖို့ရယ် ... ASEAN နိုင်ငံတွေထဲ စိတ်ဝမ်း ကွဲနေအောင် မြန်မာနဲ့ ASEAN အစ္စလမ် ၃နိုင်ငံကြား ပြဿနာရှိနေအောင်လို့ရယ်၊ အမေရိ ကန်နဲ့ အနောက် အုပ်စုက ရခိုင်မှာ မီးမွှေး နေတာလို့ ရုရှား က ပြောပြန်တယ်။
 
ရုရာှးကလည်း ကြုံတုံးမှာ အမေရိကန် ကိုကော တရုတ်ကိုပါ ခြေ၀င်ထိုးတဲ့ အလုပ် သူ့ အလုပ် သူ ၀င် လုပ်တယ်။ မကြာသေးခင်ကပဲ ရုရှားက anti-George Soros ၀ါဒဖြန့်ချိရေး အတွက် ထောင်ထားတယ်လို့ ယူဆကြတဲ့ yournews.com ကနေ fake news တစ်ပုဒ် ထွက်လာလိုက်သေးတယ်။
 
မနေ့ တစ်နေ့ကမှ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ကမ္ဘာ့ အငယ်ဆုံး အသစ် စက်စက် နိုင်ငံခေါ င်းဆောင် ဥရောပက သြစတြီးယား Austria ရဲ့ ၀န်ကြီးချုပ်ကလေး Sebastian Kurz (၃၁ နှစ်) က George Soros ကြီး ကိုလည်း သြစတြီးယားပြည်ဝင်ခွင့် ဗီဇာ ပိတ်တယ်၊ သြစတြီး ယားထဲက Soros ရဲ့ Open Society Foundation ကိုလည်း ပိတ်ပြီး ၂၈ ရက် အတွင်း ထွက်သွားရမယ်လို့အမိန့်ထုတ်တယ် ဆိုတာ မျိုး yournews.com ကနေ သတင်းတစ် ပုဒ်ထုတ်တယ်။ 
 
အဲ့ဒီ သတင်း မဟုတ်ပါဘူး အတု ဆိုတာ သြစတြီးယား ၀န်ကြီးချုပ်လေးက မရှင်းပေမယ့်၊ George Soros ကြီးနဲ့ သူ့ရဲ့ Open Society ကတော့ လိုက်ရှင်းခဲ့တယ်။ ဘင်္ဂလီ ကလည်း အချိန်ကိုက် ကမ္ဘာပတ်ပြီး သူတို့ကို ရိုအဖြစ် အသိအမှတ်ပြုဖို့ lobby လုပ်တဲ့ သူ့အလုပ် သူလုပ်တယ်။ အဲဒီမှာ ဘင်္ဂလီအတွက် လာပြီး lobby လုပ်တဲ့ ဒေါက်တာဇာနည် Toronto မှာ လော်ရင်း နဲ့ ကနေဒါ သတင်းသမားက ထ ကစ်လို့ ဟက်တက် ကွဲတယ်။
 
မြန်မာ ကလည်း ဒီလိုအခြေအနေတွေမှာ တရုတ်ဘက်ကို ရွေ့တယ်ပေါ့။ အားလုံး ကိုယ့်အလုပ် ကိုယ်လုပ်နေကြတဲ့ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ပေါ့။
 
စိတ်ဝင်စားစရာကောင်းတာက ရခိုင်မှာ တရုတ် ကို အမေရိကန်က ဒုက္ခပေးချင်နေရတဲ့ တရုတ်ရဲ့ OBOR - One Belt One Road policy ထဲက ပုလဲသွယ် စီမံကိန်း String of Pearls Project ပါပဲ။
 
တရုတ် ကလည်း သူ့မှာ ပုလဲသွယ် စီမံကိန်း String of Pearls Project - SOP ဆိုတာ မရှိ ပါဘူး အမြဲငြင်းသလို၊ အမေရိကန်ကလည်း သူ့မှာ တရုတ်ကို ၀ိုင်းပတ်ပိတ်ဆို့ရေး China Containment Policy - CCP ဆိုတာ မရှိပါ ဘူးလို့ အမြဲငြင်းတယ်။
 
 
 
ငြင်းနေကြရင်းနဲ့ပဲ သီရိလင်္ကာတို့ ပါကစ္စတန်တို့မှာ တရုတ်က ငွေတွေ သွန်လောင်းတဲ့ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းတွေက အဲဒီ တရုတ် ရဲ့SOP အဖြစ် ဘွားဘွားကြီးေ ပ်ါသလို၊ ရခိုင်မှာ George Soros က မီးမွှေးပေးနေတာကလည်း အမေရိကန်ရဲ့ CCP အဖြစ် ငေါငေါကြီး ဖြစ်နေတယ်။
 
ပုလဲသွယ် စီမံကိန်း String of Pearls Project
တရုတ် ရဲ့ အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်နိုင်ငံများကို တရုတ် ရေတပ်/တရုတ် စီးပွားရေး တို့ဖြင့် စိုးမိုးထားရေး ပုလဲသွယ် စီမံကိန်း String of Pearls မှာ ပစ်မှတ်ထားတဲ့ ဆိပ်ကမ်းမြို့တွေကို ကြည့်လိုက်ရင် -
၁။ Hong Kong (တရုတ်) 
၂။ Sanya (ဟိုင်နန်ကျွန်း၊ တရုတ်)
၃။ Woody (တရုတ်/ထိုင်ဝမ်/ဗီယက်နမ် သုံးနိုင်ငံအငြင်းပွား Paracel ကျွန်း)
၎။ Spratly (တရုတ်/ထိုင်ဝမ်/ဗီယက်နမ်/ဖိလစ်ပိုင်/မလေးရှား/ဘရူနိုင်း ခြောက်နိုင်ငံအငြင်းပွား Spratly ကျွန်းစု)
၅။ Sihanoukville နှင့် Ream (ကမ္ဘောဒီးယား)
၆။ Kra (ထိုင်း)
၇။ Coco Island (မြန်မာ)
၈။ Kyaukphyu နှင့် Sittwe (မြန်မာ)
၉။ Chittagon (ဘင်္ဂလားဒေ့ရှ်)
၁၀။ Hambantota (သီရိလင်္ကာ)
၁၁။ Marao (မော်လ်ဒိုက်ဗ်)
၁၂။ Gwadar နှင့် Pasni (ပါကစ္စတန်)
၁၃။ Al-Ahdab (အီရတ်)
၁၄။ Lamu (ကင်ညာ)
၁၅။ Puerto-Sudan (ဆူဒန်) တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။
 
ရေကြောင်း ပိုးလမ်းမကြီး Maritime Silk Road လို့လည်း ခေါ်ကြတဲ့ String of Pearls Theory ဟာ အိန္ဒိယ သမုဒ္ဒရာ ၀န်းကျင်ဒေသမှာ တရုတ် ရဲ့ စစ်ရေး စီးပွားရေးတည်ဆောက် လာမယ့် အလားအလာ အဖြစ် ခန့်မှန်း တွက်ဆထားတဲ့ တွေးဆချက် hypothesis ကနေ ပေါက်ဖွားလာတဲ့ geopolitical theory တစ်ခုဖြစ် ပြီးတော့၊ ပုလဲသွယ် စီမံကိန်း ရှိနေပါတယ်ဆိုတာကို တရုတ်က မည်သည့်အခါ ကမှ ၀န်မခံခဲ့ပေမယ့်၊ ဒီစီမံကိန်း ပစ်မှတ်ဆိပ် ကမ်းမြို့တွေထဲက တစ်ချို့တွေမှာ တရုတ်ရဲ့ ရင်းနှီးမြှု ပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ဆော င်နေမှုတွေတည်ရှိနေတာကတော့ မငြင်းနိုင်ပါဘူး။
 
တစ်ကယ်တမ်းမှာ ဒီဆိပ် ကမ်းမြို့တွေဟာ စစ်ပွဲတွေမှာ ခံစစ်အတွက် လုံ ခြုံကောင်းမွန်ခြင်း မရှိ တာကြောင့် တရုတ်ဟာ ပုလဲသွယ် စီမံကိန်းထဲက ဆိပ်ကမ်းမြို့တွေမှာ စစ်ရေးတည်ေ ဆာက်မှာ မဟုတ် ဘူး လို့လည်း မဟာဗျူဟာလေ့လာရေး ပညာရှင် strategists တွေက သုံးသပ်ကြတာတွေလည်း ရှိပါ တယ်။
 
အခုအခါမှာတော့ တရုတ်ဟာ သူ ရင်းနှီးမြှုပ်နှံထားတဲ့ ပုလဲသွယ် စီမံကိန်းထဲက တစ်ချို့သော ဆိပ်ကမ်းမြို့တွေရဲ့ မိခင်နိုင်ငံတွေက နိုင်ငံရေး တည်ငြိမ်မှုကို ပူပန်နေရတာနဲ့ ကြုံနေ ရတယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။
 
အာရေဗျ ကျွန်းဆွယ် အာရေဗျ ပင်လယ်ဝ ပါရှန် ပင်လယ်ကွေ့ Gulf of Persian ထဲက ဟော်မုဇ်ရေ လက်ကြား Strait of Hormuz နဲ့ ရေမိုင် ၂၄၀ ပဲ ကွာဝေးတဲ့ ပါကစ္စတန် ရဲ့ Gwadar ဆိပ်ကမ်းမြို့ တည်ဆောက်တဲ့ စီမံကိန်းမှာ တရုတ်က US$ 1.2 billion ပါဝင်ပြီး အကြီးဆုံး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေ တဲ့ အပေါ် အိန္ဒိယ က ရတက်မအေး ဖြစ်နေပါတယ်။
 
ပါကစ္စတန်အတွက်ကလည်း လောလောဆယ် ပါကစ္စတန်ရဲ့ ကုန်သွယ်ရေကြောင်း ၉၀% ကို မှီခို အားထားနေရတဲ့ အနောက်ဘက်က အဓိက ဆိပ်ကမ်းမြို့ Karachi (ယခင်မြို့တော်) ဟာ အိန္ဒိယ ရဲ့ ပိတ်ဆို့မှုခံခဲ့ရရင် Gwadar ဟာ အရံ ဆိပ်ကမ်းမြို့ ဖြစ်လာစေဖို့ ဆိုတဲ့ ပါကစ္စတန် အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ဖြစ်တယ်။
 
တရုတ် အတွက်ကလည်း တရုတ်နိုင်ငံ အနောက်ပိုင်းနဲ့ ပါကစ္စတန်ကို ဆက်သွယ်ထားတဲ့ (တရုတ်ရဲ့ ရှင်ဂျန်း ၀ီဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Xinjiang Uyghur Autonomous Region နဲ့ ပါကစ္စတန်ရဲ့ Gilgit–Baltistan ဒေသကို Karakoram တောင်ကြားကို ဖြတ်ဖေါက်ထားတဲ့) Karakoram Highway ကားလမ်းကြီးဟာ ပါကစ္စတန်က Gwadar ဆိပ်ကမ်း ကတစ်ဆင့် အာရေဗျ ပင်လယ် Arabian Sea နဲ့ ဆက်မိဖို့ ဆိုတဲ့ တရုတ်အကျိုးစီးပွား အတွ က် ဖြစ်တယ်။
 
တရုတ်နိုင်ငံအ နောက်ဘက်က (ဥဇဘက် ကစ္စတန်၊ တာဂျစ် ကစ္စတန် စတဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုက ပဲ့ထွက် လာခဲ့သောနိုင်ငံများ) ဗဟို အာရှ Central Asia နိုင်ငံတွေမှာ ရုရာှး အကူအညီနဲ့ စစ်ရေး တည်ဆောက်နေ မှုတွေကို မျက်ခြည်မပြတ်စောင့် ကြည့်နေတဲ့ တရုတ် အဖို့၊ Gwadar ဆိပ်ကမ်း စီမံကိန်း ဟာ ဒီနိုင်ငံတွေရဲ့ စစ်ရေးတည်ဆောက်မှုတွေကို တစ် ဘက်ကနေ ချိန်ခွင်ညှာ ထိန်းညှိနိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
 
မြန်မာ နဲ့ ကရားတူးမြောင်း (Kra Canal)
ဒီနေရာမှာ တရုတ်ရဲ့ ပုလဲသွယ် စီမံကိန်းထဲပါနေတဲ့ ထိုင်း က ကရား တူးမြောင်း Kra Canal ကိစ္စ ကလည်း မြန်မာ နဲ့ ဆက်စပ်နေပြန်ပါတယ်။
 
မလက္ကာရေလက်ကြား Malacca Strait ကနေ ဖြတ်ကြတဲ့ နိုင်ငံတစ်ကာ ကုန်သင်္ဘောတွေ ဆီ ကနေ port due လို ဆိပ်ကမ်းခွန်တို့ ရနေတဲ့ စင်္ကာပူ ကို လာဘ်တိတ်သွားအောင် ကရား တူးမြောင်း (Kra Canal) ဖြတ်ခနဲ့ မြန်မာ သူဋ္ဌေးဖြစ်သွားအောင် ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းနဲ့ ရနောင်းကြား ပါချန်မြစ် ကနေ တစ်ဆင့်ဖြတ်ပြီး ဖေါက်ရမယ့် ကရားတူးမြောင်း (Kra Canal) ဆိုတာကို မြန်မာတွေ သိပ် စိတ်ကူး ယဉ်ကြပါတယ်။
 
အဲဒှီလို စိတ်ကူးယဉ်ကြတာမှာ ထိုင်း ကို သိပ် အလေးမထား ခပ်ပေါ့ပေါ့ပဲ သဘောထားကြပါ တယ်။
တစ်ကယ်တော့ တရုတ်ရဲ့ ပုလဲသွယ်စီမံကိန်းဝင် ဖြစ်လာတဲ့ ကရား တူးမြောင်း (Kra Canal) ဖေါက်လုပ်ရေးမှာ ထိုင်းက သူ့အကြောင်းနဲ့ သူ ခပ်အင်အင် ဖြစ်လာခဲ့တာ သမိုင်းတစ်လျှော က်မှာ တွေ့ရမှာပါ။
 
ပါချန်မြစ်ထဲက ဟိုဘက် ထိုင်းနိုင်ငံ ပိုင်တဲ့ မြေကြီး ၂၃ မိုင် တူးထုတ်ပြီးမှ ဖြတ်ဖေါက်ရမယ့် ကရား တူး မြောင်းဟာ ထိုင်းဘက်က သဘောတူ ပါမှ ဖြစ်လာမယ့် ကိစ္စဖြစ်သလို၊ (တစ်ချိန်က ကွယ်လွန်သူ ဗိုလ်မှူး ဘသော် -ရေ- ) စာရေးဆရာ နဲ့ NLD ခေါင်းဆောင် မောင်သော်က တို့ စဉ်းစားခဲ့တဲ့ ၁၉၅၀-၆၀ နှစ်တွေ တုံးကတော့၊ မြန်မာနဲ့ ယှဉ်ရင် ဆင်းရဲ မွဲတေနေတဲ့ ထိုင်းဟာ ဒီကိစ္စကို သဘောတူကောင်း တူနိုင်ပေမယ့်၊ ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့  ဖွံ့ဖြိုးတိုးတက် လာနေတဲ့ G-20 အဖွဲ့ဝင် ထိုင်းနိုင်ငံက မြန်မာက လုပ်ချင်တာနဲ့တင် သဘောတူမှာ မဟုတ် ပါ။
 
သမိုင်း အရ ၁၆၇၇ ခုနှစ် ကတည်းက ထိုင်း ဘုရင် Narai က ကရား တူးမြောင်း (Kra Canal) ကို စတင်ကြံဆ စဉ်းစားခဲ့တယ်လို့ဆိုပါတယ်။
 
မလေးကျွန်းဆွယ် Malay Peninsula မှာ အကျဉ်းဆုံးနေရာဖြစ်တဲ့ ထိုင်း နဲ့မြန်မာနဲ့ ဟိုဘက် ဒီဘက် ပါချန်မြစ်ခြားပြီး ထိစပ်နေတဲ့ အဲဒီနေရာကို Kra Ismuth လို့ခေါ်ပြီး ကပ္ပလီပင်လယ် Andaman Sea နဲ့ ထိုင်း ပင်လ ယ်ကွေ့ Gulf of Thailand ကို ဆက်မိသွားအောင် အဲဒီနေ ရာကိုဖြတ်ဖေါက်မယ့် တူးမြောင်းကို ကရား တူးမြောင်း Kra Canal သို့မဟုတ် Thai Canal လို့ခေါ်ကြတယ်။
 
ထိုင်း ဘုရင် Narai က ပြင်သစ် အင်ဂျင်နီယာ de Lamar ဆိုသူကို Kra Canal ဖေါက်ဖို့ဖြစ်နို င်ခြေကို survey လုပ်ခိုင်းခဲ့တာမှာ အဲဒီခေတ်က technology က သိပ်နိမ့်နေတော့ လက်ေ တွ့ မကျတဲ့စီမံကိန်း အဖြစ် နဲ့ ရပ်တန့်သွားခဲ့တယ်လို့ ဆိုတယ်။
 
တစ်ခါ ၁၇၉၃ မှာ ထိုင်းဘုရင် Chakri (Rama I) ရဲ့ ညီငယ်က ဒီကိစ္စ ကိုပြန်ပြီး စိတ်ဝင်စား ခဲ့တယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီဖြစ် လာခဲ့ပြီးတဲ့နောက် ၁၉ ရာစုမှာ ဗြိတိသျှ ပိုင် အရှေ့အိန္ဒိယ ကုမ္ပဏီ East India Company ကလည်း ၁၈၆၃ မှာ ဒီကိစ္စကိုစိတ်ဝင်စား ပြီး လေ့လာစူးစမ်း မှုတွေ လုပ် ခဲ့ပေမယ့်၊ မဖြစ်နိုင်ဘူးဆိုတဲ့ negative result ပဲ ထွက်လာခဲ့ တယ်။
 
၁၈၈၂ မှာ Suez တူးမြောင်းကို ဖေါက်ခဲ့တဲ့ ပြင်သစ်ဆောက်လုပ်ရေး အင်ဂျင်နီယာ Ferdinand de Lesseps ဟာ ထိုင်းဘုရင်က ဖိတ်ကြားလို့ Kra တူးမြောင်းဖေါက်ဖို့ စဉ်းစား ခဲ့ကြတဲ့နေရာကို သူ ရောက်ရှိလာခဲ့တယ်။
ဒါပေမယ့် သူ့ကို ထိုင်း ဘုရင်က အသေးစိပ် လေ့လာစူးစမ်းဖို့ ခွင့်မပြုခဲ့ ဘူး။ ၁၈၉၇ ခုနှစ်မှာေ တာ့ ထိုင်း နိုင်ငံနဲ့ ဗြိတိသျှ အင်ပါယာတို့ဟာ အဲဒီနေ ရာမှာ တူးမြောင်း မဖေါက်ဖို့ သဘောတူ ညီလိုက်ကြတယ်။
၂၀ ရာစုမှာ ဒီလို ထိုင်းနိုင်ငံ ထဲက မလေးကွန်းဆွယ်ကို ဖြတ်ပြီး တူးမြောင်းဖေါက်ဖို့ နေရာ idea တွေ ပေါ်လာပြန်တယ်။
 
ထိုင်းနိုင်ငံထဲမှာပဲ တောင်ဘက်က ဆူရတ်ဌာနီ Surat Thani ခရိုင်နဲ့ ဖန်င Phang Nga ခရိုင်တွေ အနီး အရှေ့ဘက်က ဘန်ဒန်ပင်လယ်အော် Bandon Bay နဲ့ အနောက်ဘက်က ကပ္ပလီပင်လယ် Andaman Sea တို့ကို ဆက်မိဖို့ အဲဒီနေရာမှာ တူးမြောင်းဖေါက်ဖို့က idea တစ်ခု ဖြစ်ပါတယ်။
 
နောက်ထပ် idea အဖြစ် Nakhon Si Thammarat ခရိုင်နဲ့ Trang ခရိုင်တွေက ဖြတ်ပြီး တူးမြောင်းဖေါက်ဖို့ ဆိုတာကလည်း ရှိသေးတယ်။ ဒါပေမယ့် ဒီလို တူးမြောင်းဖေါက်တာကို ဆန့်ကျင်နေကြတဲ့ အကြောင်း တရားတွေကလည်း ရှိနေသေးတယ်။
 
(၁) တူးမြောင်းဖေါက်လိုက်ခြင်းဖြင့် ထိုင်းနိုင်ငံကို ပထ၀ီ အနေအထားအရ နှစ်ပိုင်း ပိုင်းချ လိုက်သလို ဖြစ် သွားပြီး ထိုင်းနိုင်ငံရဲ့လုံခြုံရေး အန္တရာယ် ရှိလာခြင်း ၊

(၂) ဒီတူးမြောင်း အတိုင်း ကိုယ်ဖြစ်ချင်သလို transit ဒေသဖြစ်လာဖို့ မျှော်လင့်ထားတာတွေ အတိုင်း ဖြစ်မလာနိုင်ခြင်း ၊

(၃) တူးပစ် ကော်ပစ်ရမယ့် မြေသားတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ရှိလာနိုင်ခြင်း ၊

(၄) တူးမြောင်းဖေါက်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေခြင်း ...တို့ဖြစ်ပါတယ်။
 
ဒါတွေအပြင် တူးမြောင်းဖေါက်လိုက်ခြင်းဖြင့် ထိုင်းနိုင်ငံရဲ့ တောင်ဘက် အကျဆုံး ခရိုင် ၄ ခုနဲ့ ကျန်တဲ့ ထိုင်းနိုင်ငံပြည်မကြီးနဲ့ ကို ပထ၀ီအနေအထားအရ ခွဲထုတ်လိုက်သလို ဖြစ်သွားတာေ ကြာင့်၊ အဲဒီ ဒေသ တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အကြောင်းပြုပြီး အနာဂတ်မှာ ခွဲထွက်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေပေါ် လာအောင် အားပေးအားမြှောက်လုပ်သလို ဖြစ်သွား မှာကို လည်း ထိုင်းနိုင်ငံက စိုးရွံ့နေပါတယ်။
 
 
 
၂၀၀၅ ခုနှစ် အမေရိကန်သမ္မတ George W Bush အချိန်အခါတုံးက အမေရိကန်ကာ ကွယ်ရေးဝန်ကြီး Donald Rumsfeld က ပြင်ဆင်နေတဲ့ အတွင်းရေး အစီရင်ခံစာတစ်ေ စာင်ဟာ The Washington Post သတင်းစာဆီ ပေါက်ကြားသွားခဲ့ပါတယ်။
 
အဲဒီ အစီရင်ခံစာအရ ထိုင်းနိုင်ငံရဲ့ ကရားကျွန်းဆွယ် ဒေသ Kra Isthmus မှာ တရုတ်က (ဖေါက်ခွင့် ရရင်ဖေါက်မယ့်) ကရား တူးမြောင်း Kra Canal မဟာဗျူဟာမှာ တရုတ်က တ ည်ဆောက်မယ့် ဆိပ် ကမ်းတွေ ရေနံချက် စက်ရုံတွေ ပါဝင်နေပါတယ်။
 
အရှေ့တောင် အာရှ ကျွန်းဆွယ်နဲ့ သီရိလင်္ကာ၊ မြန်မာ အပါအ၀င် အိန္ဒိယ သမုဒ္ဒရာကို စင်္ကာပူ သို့မဟုတ် ထိုင်းနဲ့မြန်မာကို ကရားတူးမြောင်း Kra Canal အောက်ကနေ တစ်ပတ် ပတ်ပြီး အိန္ဒိယ တိုက်ငယ် အနောက်ခြမ်း အပေါ်ပိုင်း ပါကစ္စတန်ထိ ဆက်မယ်။
 
တစ်ခါ အာရေဗျ ကျွန်းဆွယ်ထဲက အာဖရိက နဲ့ အရှေ့အလယ် ပိုင်းနိုင်ငံတွေအထိ တရုတ်ရေ တပ်နဲ့ တရုတ် စီးပွားရေးက စိုးမိုးထားဖို့၊ တရုတ် ရဲ့ ပုလဲသွယ် စီမံကိန်း String of Pearls မှာ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံက ကရားတူးမြောင်း Kara Canal ဆောက်လုပ်ရေးအ တွက် တင်ပို့မယ့် နှစ်စဉ် အလုပ်သမား သုံးသောင်းစီ အတွက် အလုပ်  အကိုင်တွေရ ကြမှာဖြစ်သလို ကုန်ကျစားရိတ် US$ 20 billions ကနေ 25 billions ထိရှိမယ် လို့ တရုတ်က ခန့်မှန်းထားတယ်လို့လည်း ပါရှိခဲ့တယ်။
 
အိန္ဒိယသမုဒ္ဒရာ တစ်ဝန်း တရုတ်ရဲ့စစ်ရေးနဲ့စီးပွားရေး ကွန်ရက် အတွက် တည်ဆောက်ေ နတဲ့ ဒီ sea lines of communication ကို အရှေ့အာရှ ကနေ အရှေ့အလယ်ပိုင်းဒေသ အထိဆက်သွယ်တဲ့ ရေကြောင်း ပိုးလမ်း မကြီး Maritime Silk Road အဖြစ်နဲ့လည်း မဟာ ဗျူဟာလေ့လာရေး Strategic Studies နယ်ပယ်က ရှုမြင်ထားကြပါတယ်။https://en.wikipedia.org/wi…/String_of_Pearls_(Indian_Ocean)
 
ဒါကြောင့် ထိုင်းနဲ့မြန်မာနယ်စပ် Kra ကျွန်းဆွယ်မှာ တူးမြောင်းဖေါက်ဖို့ ဆိုတာ မြန်မာက သိပ်လုပ် ချင် နေတာတောင် ထိုင်းဘက်က သိပ်ပြီး လှုပ်မယ့်ပုံ မမြင်ပါ။ Kra Canal ကို ဖေါက်ဖြစ်ရင် ထိုင်းက စီးပွားရေး အရတင် အကျိုးရှိမှာထက် ယခု Kra Canal ကို ထိုင်းနဲ့ တရုတ်က တရုတ် investment နဲ့ ဆောက်ဖို့ လုံး ပမ်းနေတယ် ဆိုတာေ ကြာင့် တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ဝန်း စစ်ရေး စီးပွားရေးတို့အရ လွှမ်းမိုးရေး ပုလဲသွယ် စီမံ ကိန်းကိုတော့ အထောက်အကူဖြစ်မှာ၊ တရုတ် အတွက် စီးပွားရေးတင်မက စစ်ရေးနိုင် ငံရေး သံတမန်ရေး သြဇာတွေ ပိုပြီးကြီးထွားလာမယ့် မဟာ အကျိုးကျေးဇူးရှိလာမှာ သေချာ တယ်။
 
အခုလည်း feasibility studies (ဖြစ်နိုင်ခြေကြိုတင်လေ့လာခြင်း) အတွက် တရုတ်နဲ့ ထိုင်းတို့ ၂၀၁၅ မေ ၁၅ ရက်နေ့က ဂွမ်ကျိုး Guangzhouမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်၊ ၄ ရက် အကြာ ၂၀၁၅ မေ ၁၉ မှာ ထိုင်း အစိုးရက မဟုတ်ပါ ဘူးလို့ ငြင်းခဲ့တယ်။
 
ထိုင်း ဟာ Kra Canal ဖေါက်လုပ်ရေးအပေါ် သူ့အတွက် အကျိုးနဲ့ အပြစ်ကို ချိန်ဆနေတဲ့ အဖြစ်ကနေ မလွတ်နိုင်သေးတာကို သမိုင်း တစ်လျှောက် စိတ်ပါလိုက် ကြောက်သွားလိုက် ဖြစ်စဉ်တွေက သက်သေ ခံနေပါတယ်။
 
ကိုယ်ကသာ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြီး ကိုယ့်တိုင်းပြည် အကျိုးရှိမယ်ချည့် တွက်နေပေမယ့်၊ နိုင်ငံတစ်ကာ strategists တွေက ဒီကိစ္စကို သုံးသပ်တိုင်း မြန်မာနိုင်ငံ ဆိုတာကို (ထိုင်း တို့ တရုတ် တို့နဲ့ ယှဉ်လိုက်ရင် ရမယ့် အကျိုး အမြတ်က ခပ်သေးသေးမို့ ထင်ပါရဲ့) ထည့်ကို မတွက်ဘူး။
 
Kra Canal ဖေါက်ဖြစ်လို့ ဖြစ်ပေါ်လာမယ့် Kra ဆိပ်ကမ်းမြို့ကို တရုတ်က အသုံးချခွင့် နဲ့ တစ်စိပ်တစ်ပိုင်း ထိန်းချုပ်ခွင့် ရသွားတဲ့အခါမှာ၊ အိန္ဒိယ သမုဒ္ဒရာ တစ်ဝန်း ဘယ်လိုဖြစ် လာ မလဲ ဆိုတာ ပုလဲသွယ်စီမံ ကိန်းမှာ မြင်ကြည့်လို့ရပါတယ်။
 
တရုတ်ရဲ့ ပုလဲသွယ် စီမံကိန်းထဲက ကရားတူးမြောင်း ပေါ်လာမှာကို အမေရိကန်က လက် ပိုက်ကြည့်နေ မှာ မဟုတ်သလို၊ ဒီတူးမြောင်းပေါ်လာခဲ့ရင်လည်း အခုတောင် ဘာသာရေး အကြမ်းဘက်မှုတွေနဲ့ မအေးချမ်း တဲ့ မူစလင် အများစု နေထိုင်ရာထိုင်းရဲ့ တောင်ပိုင်း ၃ ခရိုင် - ယာလာ၊ နာရာသီဝပ် နဲ့ ပတ္တာနီ (Yala + Narathiwat + Pattani) - တို့မှာ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်လို အမြဲတမ်းပြဿနာတွေ ဖြစ်နေအောင် အမေရိကန် နဲ့ အနောက် အုပ်စုက မီးရှိန်မြှင့်ပေးကြမယ် ဆိုတာကို ထိုင်းနိုင်ငံက ကောင်းကောင်းကြီး သဘောပေါက်ထားပါ တယ် ဆိုတာကို မမေ့ကြဖို့လည်း လိုပါတယ်။။
 
 
Credit.....RonnieNyein#ZNO

 

No comments:

Post a Comment