24 December 2017

မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး



2013 ခရစ်​စမတ်​ အကြို ​နေ့မှာ ​တင်​ခဲ့တဲ့ ဆရာ Sett Maw ရဲ့ စာပါ ။ 
ဦး​နေဝင်း အမျ က်​ ၊ အသက်​ နဲ့ မရင်းရရုံတစ်မယ်​ ကိုယ်​​တွေ့ကြုံ ဖူးခဲ့တာ​လေး စားမြုံ့ ပြန်​ထားတာပါ ။

၁၉၇၅ ​နောက်​ပိုင်း The Elf အဖွဲ့ ရပ်​တန့့်​သွားတာ ၊ E. Machine လည်း အရှိန် ​တန့်​ခဲ့တာ ၊ သည်​ဖြစ်​စဉ်
ကြောင့်များလား လို့ သံသယ ဝင်​ချင်​စရာပါ ။

**********************************************************

" မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း "

Christmas ရောက်လာတိုင်း အမြဲသတိရတဲ့ ကျနော့ ကိုယ်တွေ့မှတ်တမ်းလေး တစ်ခုကိုတင်ပြပါရစေ....။
ဒီလိုပါ.. ၁၉၇၅ လောက်က အင်းယားလိပ် ဟော်တယ်မှာ အထူး အစီအစဉ်အဖြစ် ခရစ်စမတ်အကြို ဖျော်ဖြေရေးမှာ ကျနော်တို့ ELF အဖွဲ့နဲ့ ဧည့်သည်တော် တီးဝိုင်း Electronic Machine တို့ တီးခတ်ရမှာဖြစ်ပါ တယ်။ 

ထူးထူးခြားခြား အဲဒီနှစ်က ဖျော်ရေးကို အပြင် ရေပန်းရှိရာဘက်ရင်ပြင် (ဦးနေဝင်းအိမ်ကို မြင်နေရပြီး 
အင်းယားရေပြင်သာခြားတယ်) မှာ ကျင်းပပါတယ်။

ည ၈ နာရီခွဲ လောက်မှာ ပွဲစလို့ ပွဲဦးထွက် ELF အဖွဲ့က ကျနော်နဲ့ တက္ကသိုလ် အေးမောင် သီဆိုပြီးကြပြီး ၁၁ နာရီလောက်မှာ ပထမပိုင်း ကျနော်တို့ နားချိန်မှာ E. Machine ဖျော်ဖြေ ပါတယ်။ သိပ်မကြာပါ...ဘော်ဒါကြီး စိုင်းထီဆိုင် ရဲ့ Killing me softly အင်္ဂလိပ်လို ဆိုနေချိန် drum အသံ ပါမလာတော့လို့ ကြည့်လိုက်  တော့ Drummer ကိုကျော်ဆွေဟန် ကို လူတစ်ယောက်က ဆင်းခိုင်းပြီး သူက တက်ထိုင်လိုက်တာကို 
အမှောင်ထဲမှာတွေ့ရပါတယ် ။ အမူးသမားထင်တာပေါ့။

ဒါပေမဲ့ မီးထိုးသမား ကိုကျော်ဟိန်း (ရုပ်ရှင်မင်းသားမဟုတ်) က ဦးနေဝင်း နဲ့တူတယ် ဆိုပြီး မီးများ အားလုံးဖွင့်ချလိုက်တော့ တစ်ကယ့် ဦးနေဝင်း ပါဘဲ.... ။ Drumstick ကို ကိုင်ထားပြီး၊ ပြောလိုက်တာကတော့... "ငါတို့က တိုင်းပြည်အတွက် အလုပ် လုပ်နေတာကို မင်းတို့က ဒီမှာ စောက်ကမြင်းကျော ထနေကြတယ်" ဆိုပြီး Drum Tom Tom ကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်တယ်။ 

Sound Engineer ကိုအောင်ဇော်လူ ကအသံတွေကို ပိတ်ဖို့စင်ပေါ် တက်လာတာကို " မင်းက လူမိုက်လား " ဆိုပြီး ဆံပင်ကို ဆွဲပြီး ရင်ဘတ်ကို ထိုးပါတယ်။ နောက်ထပ် နိုင်ငံခြားသား တစ်ယောက် (UN ရုံးမှ လို့ပြောပါတယ်) က စင်ပေါ်တက်လာပြီး Christmas မှာ ဒီလို မလုပ်ဖို့ တားတာကို ဦိးနေဝင်း က ဒီလူရဲ့အောက်ပိုင်းကို ကန်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။ 





ဦးနေဝင်း ရောက်ပြီးမှ ဦးစန်းယု၊ ဦးတင်ဦး နဲ့တစ်ခြားကောင်စီဝင် များရောက်လာတာ တွေ့ရပါတယ်။ ဒိ့အပြင် စင်နောက်မှာ ရှိနေတဲ့ ပွဲတာဝန်ခံ ဇနီးမောင်နှံ ကိုလည်း ဒီနေရာမှာ ရှိရမလား ဆိုပြီး ပါးရိုက်ခဲ့ တယ်။ ကိုအောင်ဇော်လူ ကိုတော့ MI တင်ဦး က လမ်းသရဲလားလို့ မေးပြီးလက်ထိပ် ခပ်တော့ ၊ သူက 
လမ်းသရဲ မဟုတ်ကြောင်း၊ သူ့အဖေ နာမည်ပြောတော့မှ ဦနေဝင်းက ချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။

ကျနော်တို့လည်း ထွက်အပြေး ​ဟော်တယ်ထဲမှာ တစ်ခါ ၁၀ ပေ အကွာလောက် ဦနေဝင်း နဲ့က "Get out, get out" ဆိုပြီးအော်ငေါက်နေတယ်။ ဝတ်ထားတာကလည်း စစ်အင်္ကျီ ဆွယ်တာ အဟောင်း၊ စစ်
ဘောင်းဘီ အဟောင်း၊ ခြေညှပ် ဖိနပ်နဲ့ပါ။ 

သူ့ရဲ့Bodyguard များ ကတော့ စင်ပေါ် တက်ပြီး စက်များကို ကန်ချခဲ့ကြတယ်။ ပွဲလာတဲ့ လူတွေနဲ့ကျနော်တို့ကတော့ ကမ္ဘာကြီးပျက် သလား အောက်မေ့ရတယ် ။ ဘာမှ မကြောက်ပါဘူး ကျည်ဆံတွေ အနောက်ကလိုက်လာမှာဘဲ ​ကြောက်တာပါ။ ဘယ်ရမလဲ ၊ အသားကုန် သွန်ခဲ့ရတဲ့ Christmas အကြို ည​ပေါ့... ။

ဦးနေဝင်း ဘာကြောင့် အဲဒီလောက် စိတ်ဆိုးသွားလည်း ဆိုတော့....(အတွင်းလူ တစ်ယောက်ရဲ့ ပြောပြ 
ချက်အရ) ကျနော်တို့ ဒီဘက်မှာ တီးနေတဲ့အချိန်မှာ သူနဲ့ ကောင်စီဝင်တို့ သူ့အိမ်မှာ စုစားသောက်ရင်းနဲ့ တပ်မတော်ရှေ့တန်း တိုက်ပွဲက အကျအဆုံး များနေတာတွေကို ကြည့်ပြီး ဒေါသ ထွက်ရတာက တကြောင်း၊ သတင်းရုပ်ရှင် ခဏနားတဲ့ အချိန်မှာ အင်းယားကန် တစ်ဖက်က ကျနော်တို့ ဆိုတီးသံတွေ ကြားတော့မှ သူ့သားသမီးကို သတိရတယ် ။ မေးကြည့်တော့ အိမ်မှာမရှိကြဘူး ။ 

အရက်ကလည်းသောက်ထားတယ်၊ အဲဒီမှာ ရှိမယ်ထင်လို့ ကိုယ်​တို​င် Mazda Jeep မောင်းပြီး တစ်ယောက်ထဲ ထွက်လာတယ်။ ကောင်စီလူကြီးများက တားတယ် မရ... Motor vehicle ပုလိပ် တစ်ယောက် က  ဟော်တယ်အဝင် ကားမောင်းမြန်လို့ (ဦးနေဝင်းမှန်း မသိ) တားတယ် ။ အထိုးခံလိုက်ရတယ် (သံခမောက်ကို လမ်းမမှာ တွေ့ခဲ့ရတယ်) 

လက်မှတ်စောင့် ဦနေဝင်းမှန်းမသိ၊ လက်မှတ် သွားတောင်းလို့ ဦးနေဝင်း လက်သီးစာ မိသွားတယ်လေ..။ ဒါပါဘဲလေ... အားလုံးအတွက် သိထားရအောင်၊ ခရစ်စမတ် လက်ဆောင်လေးပါ....အားလုံးကိုချစ်ခင်လေးစားပါတယ်။

ဖေါ်ပြပါပုံလေး ကတော့ အဲဒီညက ဖျော်ဖြေခဲ့တဲ့ " ELF " ဖြစ်ပါတယ်။ 

left to right- Gordon (Drums),
Zeyar Chan Htoon (rhythm),
Fred Chan Htoon (Bass), 
Reggie Ba Oo (Tetkatho Aye Maung) (lead), 
Peter Paw( Keyboard ).
ကျန်တဲ့ ပုံကတော့ မခေါ်ဘဲ မမျှော်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြီးရဲ့ ပုံလေ.... 

Merry Christmas and a bright happy new year!!!!!

Maung Maung Nee


No comments:

Post a Comment