18 December 2017

သဘာဝလွန် ဆိုတာ မရှိပါဘူး




ဟီရိုရှီးမား ဗုံး မကြဲခင် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား တောကြီးထဲမှာ ဟီရိုရှီးမား ဗုံးကြီးနဲ့  တစ်ထပ်တည်းကျတဲ့ ဗုံးကြီးတစ်လုံး  ပေါက်ကွဲခဲ့ဘူးတယ် ။ 1890 ခုနှစ်ဝန်းကျင်လောက်ကပါ ။

လေပြင်းရိုက်ခတ်မှု့ အပူဟပ်မှု့ ရောင်ခြည်သင့်မှု့တွေဟာ ဟီရိုရှီးမား ဗုံးကြီးနဲ့  တစ်ထပ်တည်းပဲ ။ အဲဒီ 

အချိန်က အိုင်းစတိုင်းတောင် အနုမြူ ကို မတွေ့ သေး ဘူး ။

တိုင်းတန်းနစ်သင်္ဘော မမြုပ်ခင် ၁၃ နှစ် အလိုကတည်းက တိုက်တန်း ဆိုတဲ့ သင်္ဘောကြီး ဧပြီလ ရဲ့ ညတစ်ညမှာ နစ်မြုပ်ပြီး လူပေါင်း များစွာ သေဆုံးမဲ့ အကြောင်းကို မဂ္ဂဇင်း တစ်စောင်မှာ စာရေးဆရာ တစ်ဦး က ရေးခဲ့ ဘူးတယ် ။


သင်္ဘောကြီး ထွက်လာတော့လည်း အိမ်မက် မက်တာတွေ အရိပ်အယောင် ပြတဲ့သူတွေ အများကြီးရှိတယ်။
ဘာမှန်း မသိခဲ့ကြတဲ့ အတွက် ဟီရိုရှီးမား ဗုံးလည်း ကွဲခဲ့သလို တိုက်တန်းနစ်လည်ြး မုတ်ခဲ့တယ် ။

အတိတ် နိမိတ် တဘောင် ဆိုတာတွေရှိတယ် ။ ဒါတွေကို ဗုဒ္ဓဘာသာတွေပဲ နားလည်တယ် ။ 

ဗုဒ္ဓဘာသာတောင် ရုပ်ဝါဒီသမား အများစုက လက်မခံကြဘူး ။

ကမ္ဘာပျက်ဖို့  နှစ်ပေါင်း တစ်သိန်း အလိုက ကြားရမယ် ။ 

စင်္ကြာဝတေးမင်း ပေါ်ဖို့  နှစ်တစ်ရာ အလိုက ကြားရမယ် ။
ဘုရားပွင့်ဖို့  နှစ်တစ်ထောင် အလိုက ကြားရမယ် ..   ဆိုတဲ့ အတိတ် နိမိတ် တဘောင် ဆိုတာတွေကို 

ကမ္ဘာ့ခေါင်း ဆောင်တွေ မသိကြဘူး ။

အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ရှပ်တော့ပ် ဟာ မဟာစည် သာသနာ့ ရိပ်သာမှာ တရားထိုင်ပြီးတော့ သမာဓိ ရလာတဲ့အခါ အရင် ဘဝတွေရဲ့ သုံးဘဝ အထိ ပြန်ပြောနိုင်တယ် ။ အဲဒါကို သမိုင်း သုတေသီတွေက ငယ်ငယ်က သမိုင်း စာအုပ်တွေ အဖတ်များလို့  ဖြစ်သွားတာပါတဲ့ ။



ဖားအောက် ရိပ်သာမှာ သမထအား အစွမ်းကြောင့် ဘယ်ဘဝက လာတာ ဆိုတာကို ပြန်ပြော
ပြနိုင်တဲ့ နိုင်ငံခြားသားတွေ အများကြီးပါ ။

ဇာတိဿရဥာဏ် ရလို့ အတိတ် အကြောင်း ပြောနိုင်တဲ့ သူတွေ ကမ္ဘာမှာ အများကြီး ပဲ ဒါတွေကိုတော့ သဘာဝလွန်တဲ့ ။ ဘာဖြစ်ဖြစ် ဘုရားသခင်ကြောင့် တဲ့ ။

တစ်ကယ်လို့ များ ဗုဒ္ဓတရားတော်တွေကိုသာ မြန်မာ့ခေါင်းဆောင်တွေရော ကမ္ဘာ့ ခေါင်းဆောင်တွေပါ
နားလည်ခဲ့မယ် ဆိုရင် ကမ္ဘာကြီးရော မြန်မာ ပါ အနည်းနဲ့ အများတော့ ပျက်စီးမှု့တွေ လျှော့ပါးသွားမှာ 

ပါလေ ။

အကန်းတွေ ဦးဆောင်တဲ့ ကမ္ဘာ ဟာ မမြင်သ၍ တော့ ကွယ်နေကြဦးမှာပါပဲ ။

တစ်ကယ်တော့ သဘာဝကို လွန်တဲ့ တရား ဆိုတာ ရှိကို မရှိပါဘူး ။

အားလုံးကို ဗုဒ္ဓ တရားတော်တွေနဲ့  ခြုံငုံ သုံးသပ်တတ်မယ် ဆိုရင် အဖြေက ရှင်းရှင်းလေးပါပဲ ။ 

အားလုံးဟာ သဘာဝ အတွင်းကပဲဖြစ်နေတာပါ ။



ဦးမြင့်ခိုင်

No comments:

Post a Comment