13 December 2013

ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း ၁၄သန်းထိ ရှိလာ

 

 

ကမ္ဘာပေါ် မှာ ​ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း နဲ့ ​ကင်ဆာရောဂါကြောင့် ​သေဆုံး သူတွေ ​သိသိ သာသာ များ လာ တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ကင်ဆာဂေါဖြစ်ပွားသူနှု န်းဟာ ​၁၄သန်းကျော်ရှိပြီး ​ကင်ဆာရော ဂါကြောင့် ​သေ ဆုံး သူ ​၈ ​သန်းကျော် ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ​ထုတ်ပြန်ကြေညာချက် ထဲ မှာ ​ဖော်ပြထားပါတယ်။



ခန့်မှန်းခြေအနေနဲ့ ​ကင်ဆာရောဂါတွေဟာ ​အမျိုးပေါင်း ​၂၈မျိုးရှိပြီးတော့ ​နိုင်ငံပေါင်း ​၁၈၄ ​နိုင်ငံကနေ ​စစ်တမ်း ​ကောက်ယူထားတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​ပြီးခဲ့တဲ့ ​၂၀၀၈ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ဖြစ်ပွား သူနှုန်းဟာ ​၁၃သန်းနီးပါးရှိပါတယ်။



လူတွေအဖြစ်များဆုံး ​ကင်ဆာရောဂါ အမျိုးစားကတော့ ​အဆုတ်ကင်ဆာရောဂါဖြစ်ပြီး ​၂၀၁၂ခုနှစ် အတွင်း မှာ ​ဖြစ်ပွားနှုန်း ​၂ ​သန်း ​နီးပါး ​(၁.၈ ​သန်း) ​ရှိပါတယ်။ ​ပြီးတော့ ​ရင်သားကင်ဆာနဲ့ ​အူမကြီးကင်ဆာ ကတော့ ​ဒုတိနဲ့ ​တတိယ ​အဖြစ်များဆုံး ​ကင်ဆာရောဂါ ​ဖြစ်ပါတယ်။

အဲဒီထဲမှာ ​အဆုတ်ကင်ဆာ၊ ​အသည်းကင်ဆာနဲ့ ​အစာအိမ်ကင်ဆာ ​ရောဂါတွေ ဟာ ​သေဆုံးမှုနှုန်း အများ ဆုံး ​ဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာပေါ်က ​အမျိုးသမီးတွေ ​အဖြစ်အများဆုံး ​ကင်ဆာရောဂါကတော့ ​သားအိမ်ကင်ဆာရောဂါဖြစ် ပြီး ​နှစ် စဉ် ​သားအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ​ငါးသိန်းကျော်လောက်ရှိတယ်လို့ ​ဆိုပါတယ်။

 

ABC Radio Australia

From...Thit Htoo Lwin - World News 

 

 

No comments:

Post a Comment