10 December 2013

Code.org မှာ ဇူကာဘတ် နှင့် ဘီလ်ဂိတ်တို့ ကိုယ်တိုင်သင်ပေးမည်

Code.org မှာ ဇူကာဘတ် နှင့် ဘီလ်ဂိတ်တို့ ကိုယ်တိုင်သင်ပေးမည်  Code.org ဆိုတဲ့ ဝဘ်ဆိုဒ်ကို မြန်မာပြည်က Coding လေ့လာသူများလည်း သိကြမှာ ဖြစ်ပါတယ်။ ယခု ယင်းဝဘ်ဆိုဒ်မှာ ဇူကာဘတ်နဲ့ ဘီလ်ဂိတ်က အခြေခံ code ရေးသားခြင်းကို တိုက်ရိုက် သင်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။   ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့ကြား ဖြစ်ပါတယ်။ ဆိုဒ်ထဲမှာ ဘယ်လို အဆင့်ဆင့်တွေ ဝင်ရမယ် ဆိုတာကတော့ စာဖတ်သူတို့ ကိုယ်တိုင်ပဲ ကြိုးစားကြည့်စေချင် ပါတယ်။ ယင်း Campaign ကို Hour of Code လို့ အမည်ပေးထားပြီး တစ်ကမ္ဘာလုံးက လေ့လာသူများကို ဖိတ်ခေါ်တဲ့ပွဲ ဖြစ်ပါတယ်။ အမှန်တော့ အမေရိကန်က K12 အဆင့်ရှိ ကျောင်းသားများကို ပိုလို့ ရည်ရည်ခေါ်ဆိုတာ ဖြစ်ပါတယ်။ Facebook တည်ထောင်သူ ဇူကာဘတ်နဲ့ Microsoft တည်ထောင်သူ ဘီလ်ဂိတ်တို့ကိုယ်တိုင် အချိန်အကုန်ခံလို့ ယင်း တစ်ပတ် အတွင်း အခြေခံ Coding ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။   Code.org ဝဘ်ဆိုဒ်ကို Microsoft, Google, Twitter, Facebook နဲ့ Dropbox တို့က အဓိက ပါဝင် တည်ထောင်ထားပြီး ကိုယ်ကျိုးမရှိ coding လေ့လာသင်ကြားခွင့်ရမယ့် ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ ယင်း ဝဘ်ဆိုဒ်ကို Ali Partovi က ပူးတွဲတည်ထောင်ပေးထားတာ ဖြစ်ပါတယ်။ Microsoft မှ အမှုဆောင် တည်ထောင်သူ တစ်ဦး ဖြစ်ပြီး Facebook, Dropbox တို့မှာလည်း အကြံပေး အရာရှိ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့  အိုင်ဒီယာအတိုင်း ဆိုဒ်ကို လူဝင်များအောင် တစ်ကမ္ဘာလုံး coding တက်မြောက်အောင် Campaign ပြုလုပ်ခြင်း ဖြစ်ပါတယ်။   ဒီအတွက် အမေရိကန် သမ္မတ အိုဘားမား၊ လွတ်တောက် အမတ် ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Eric Cantor, အဆိုတော် ရှာကီရာ၊ မင်းသား Ashton Kutcher, မင်းသမီး Angele Basette, ဇူကာဘတ်၊ ဘီလ်ဂိတ် အပြင် အခြားသော နာမည်ကြီး များရဲ့  Video clip အသုံးပြုလို့ ဆိုဒ်ကို ဖွင့်ပေးလိုက်ချိန် ကမ္ဘာကျော်သွားခဲ့ ပါတယ်။ ယခု ပြုလုပ်တဲ့ Campaign ကိုလည်း Apple Store, Microsoft retail house တွေမှာ Workshop ထားရှိပေးပြီး သွားရောက် ပါဝင်နိုင်ကြောင်း သိရပါတယ်။  . Ref: pocketlint အောင်ခမ်း ( smart.com.mm )  http://smart.com.mm/index.php?option=com_content&view=article&id=18759:facebook-zuker-berg-code-org&catid=110&Itemid=640  .
Code.org ဆိုတဲ့ ဝဘ်ဆိုဒ်ကို မြန်မာပြည်က Coding လေ့လာ သူများလည်း သိကြမှာ ဖြစ်ပါတယ်။ ယခု ယင်းဝဘ်ဆိုဒ်မှာ ဇူကာဘတ်နဲ့ ဘီလ်ဂိတ်က အခြေခံ code ရေးသားခြင်း ကို တိုက်ရိုက် သင်ပေးမှာ ဖြ စ် ကြောင်း သိ ရပါတယ်။ 
 
ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့ကြား ဖြစ်ပါတယ်။ ဆိုဒ်ထဲမှာ ဘယ်လို အဆင့်ဆင့်တွေ ဝင်ရမယ် ဆိုတာကတော့ စာဖတ်သူတို့ ကိုယ်တိုင်ပဲ ကြိုးစားကြည့်စေချင် ပါတယ်။ ယင်း Campaign ကို Hour of Code လို့ အမည်ပေးထားပြီး တစ်ကမ္ဘာလုံးက လေ့လာသူများကို ဖိတ်ခေါ်တဲ့ပွဲ ဖြစ်ပါတယ်။ အမှန်တော့ အမေရိကန်က K12 အဆင့်ရှိ ကျောင်းသားများကို ပိုလို့ ရည်ရည်ခေါ်ဆိုတာ ဖြစ်ပါတယ်။
 
 
 Facebook တည်ထောင်သူ ဇူကာဘတ်နဲ့ Microsoft တည်ထောင်သူ ဘီလ်ဂိတ်တို့ကိုယ်တိုင် အချိန်အကုန် ခံလို့ ယင်း တစ်ပတ် အတွင်း အခြေခံ Coding ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ Code.org ဝဘ်ဆိုဒ်ကို Microsoft, Google, Twitter, Facebook နဲ့ Dropbox တို့က အဓိက ပါဝင် တည်ထောင်ထားပြီး ကိုယ်ကျိုး  မရှိ coding လေ့လာသင်ကြားခွင့်ရမယ့် ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ ယင်း ဝဘ်ဆိုဒ်ကို Ali Partovi က ပူးတွဲ တည်ထောင်ပေးထားတာ ဖြစ်ပါတယ်။ 
 
Microsoft မှ အမှုဆောင် တည်ထောင်သူ တစ်ဦး ဖြစ်ပြီး Facebook, Dropbox တို့မှာလည်း အကြံပေး အရာရှိ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့  အိုင်ဒီယာ အတိုင်း ဆိုဒ်ကို လူဝင်များအောင် တစ်ကမ္ဘာလုံး coding တက်မြောက်အောင် Campaign ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမေရိကန် သမ္မတ အိုဘားမား၊ လွတ်တော် အမတ် ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Eric Cantor, အဆိုတော် ရှာကီရာ၊ မင်းသား Ashton Kutcher, မင်းသမီး Angele Basette, ဇူကာဘတ်၊ ဘီလ်ဂိတ် အပြင် အခြားသော နာမည်ကြီး များရဲ့  Video clip အသုံးပြုလို့ ဆိုဒ်ကို ဖွင့်ပေးလိုက်ချိန် ကမ္ဘာကျော်သွားခဲ့ ပါတယ်။ ယခု ပြုလုပ်တဲ့ Campaign ကိုလည်း Apple Store, Microsoft retail house တွေမှာ Workshop ထား ရှိပေးပြီး သွားရောက် ပါဝင်နိုင်ကြောင်း သိရပါတယ်။ 
 
 . Ref: pocketlint အောင်ခမ်း ( smart.com.mm )
 
 
 

No comments:

Post a Comment