14 December 2013

မိတ်ဆွေတချို့ … သို့မှတစ်ဆင့် (၃)


ဒီဇင်ဘာ ၁၁ ရက်နေ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲမတိုင်ခင်မှာ အိမ် ရှင် မြန် မာနိုင်ငံ ကတော့ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ တာထွက် ကောင်းနေခဲ့ပါပြီ။ အခုဆောင်းပါး ရေးနေတဲ့အချိန် အထိ အိမ် ရှင် မြန်မာအသင်းက ရွှေ (၁၈)၊ ငွေ (၇)၊ ကြေး (၉) နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

မြန်မာအသင်း အများစုရတဲ့ ရွှေငွေထဲမှာ ရိုးရာခြင်းလုံးက အများဆုံး ဖြစ်ပေမယ့် ၀ူရှူးအားကစားအဖွဲ့ က လည်း ထင်တာထက်ပိုပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အထူးညွှန်းဆိုရမယ့် ရွှေတံဆိပ် ကတော့ နပန်း အားကစားသမား မြင့်ဇင်ပဲ ဖြစ်ပါတယ်။


 မြင့်ဇင်ဟာ မြန်မာနပန်း အားကစား အဖွဲ့အတွက် SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး ရွှေ တံဆိပ်ကို ဆွတ်ခူးပေးခဲ့သူ အဖြစ် သမိုင်းမှာ မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ မြန်မာ နပန်းအဖွဲ့သား တွေဟာ ထူးထူးခြားခြား ပံ့ပိုးမှုတွေ မရရှိခဲ့ပေမယ့် တာဝန်ကျေပွန်ပြီး တိုင်းပြည်ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ပါတယ်။

နပန်းသမား အများစုကို ရခိုင်ပြည်နယ်က ရိုးရာကျင် ကစားသမားတွေကို အခြေခံပြီး စုဖွဲ့ခဲ့ရတာ ဖြစ်ပါ တယ် ။ နိုင်ငံတကာ အားကစားပြိုင်ပွဲ တွေမှာ မြန်မာနပန်း ကစားသမားတွေဟာ စာမျက်နှာသစ်ကို ဖွင့် လှစ်နိုင် ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအမျိုးသား ဖူဆယ်အသင်း ကလည်း အစဉ်အလာ အရ အနိုင်မရခဲ့တဲ့ မလေးရှား အသင်းကို လေးဂိုးစီ သရေကစားနိုင် ခဲ့ပါတယ်။ ဒါဟာလည်း တိုးတက်မှုတစ်ခုလို့ အသိ အမှတ် ပြု ရမှာ ဖြစ်ပါတယ်။


အမျိုးသား ဘောလုံးပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပနေတဲ့ အုပ်စု (ခ) ပွဲစဉ်တွေမှာတော့ မြန်မာဘောလုံး အသင်း ဟာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲဆက်ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်ဖို့ တာစူနေပါတယ်။ မြန်မာ အသင်း ဟာ ဝေဖန် မှုတွေ ရှိခဲ့ပေမယ့် တစ်ပွဲထက်တစ်ပွဲ အတွဲအဖက် မိလာပြီး ယုံကြည်မှု ပိုမိုရှိလာတာကို တွေ့ရ ပါတယ်။ ထိုင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲဟာ မြန်မာအသင်း ရွှေတံဆိပ်ရနိုင်၊ မရနိုင်ကို မှတ်ကျောက်တင် ခံရမယ့် အခြေအနေမှာ ရှိပါတယ်။

 မြန်မာအသင်း ကစားတဲ့ ဒုတိယနေ့ ပွဲစဉ်မှာတော့ သုဝဏ္ဏအားကစားကွင်း အတွင်း လာရောက်အားပေးတဲ့ ပရိသတ် အနည်းငယ် လျော့ကျသွားပါတယ်။ အဓိကကတော့ လက်မှတ်တွေကို အလွယ်တကူ ဝယ်မရတာ ရယ်၊ လက်မှတ်ဈေးနှုန်းခ ကြီးမြင့်တာရယ်၊ ရုံးဖွင့်ရက် ဖြစ်တာရယ်ကြောင့်လို့ ထင်ပါတယ်။ အဓိက အုပ်စု တွင်း ပြိုင်ဘက် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် နေ့မှာ အိမ်ရှင် ပရိသတ် နည်းပါးနေရင်တော့ ကစားသ မားတွေ အတွက် အားလျော့ စိတ်ပျက်သွားစေ နိုင်ပါတယ်။

 နေပြည်တော် ဇမ္ဗူသီရိအားကစား ကွင်းမှာ ကျင်းပတဲ့ အုပ်စု (က) ဘောလုံးပွဲ တွေမှာလည်း ပရိသတ် ကျိုး တိုးကျဲတဲသာ တွေ့ရပါတယ်။ လူတွေ လာရောက် မကြည့်ရတဲ့ အကြောင်းရင်း ကတော့ ကွင်းအတွင်း ဝင်ရောက် ဖို့ စစ်ဆေးတဲ့ လုံခြုံရေးစနစ် ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါး အားကစားပွဲ တွေကို လာရောက်အားပေး ချင်ပေမယ့် အမျိုးမျိုး အဖုံဖုံသော စစ်ဆေးမှုတွေက အားက စားကွင်း တွေနဲ့ ပြိုင်ပွဲတွေဆီကို သွားရောက်ဖို့ စိတ်ပျက်စေခဲ့ပါတယ်။

 ဒါကြောင့် နေပြည်တော်မှာကျင်းပနေတဲ့ပြိုင်ပွဲ တွေမှာတာဝန်ရှိသူတွေရယ်၊ ခေါ်ယူထားတဲ့ ကျောင်း သား ကျောင်း သူတွေ ရယ်က လွဲပြီး သာမန် နိုင်ငံသားတွေကို အတွေ့နည်း ရတာဖြစ်ပါတယ်။
နေပြည်တော်မှာ ရောက်နေတဲ့ စင်ကာပူဘောလုံးအသင်း ကလည်း ကွင်းထဲကို လမ်းဆင်းလျှောက်ရ တဲ့အတွက် မကျေမနပ် ဖြစ်နေပါတယ်။ မန္တလေးမှာ ကျင်းပနေတဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကနေ အင်ဒိုနီးရှား အမျိုးသမီးအသင်း နုတ်ထွက်သွားတာ ကလည်း ပြိုင်ပွဲ ပွဲစဉ်တွေကို ထိခိုက်ခဲ့ရပါတယ်။ 

အင်ဒိုနီးရှားက မြန်မာအသင်း ပါဝင်တဲ့ အုပ်စု (က)မှာ ပါဝင်ပြီး မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ အတူ ကျရောက်နေပါတယ်။ အင်ဒိုနီးရှား နုတ်ထွက်သွားတဲ့ အတွက်ကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီက အာရှဘောလုံး အဖွဲ့ချုပ်နဲ့ ညှိနှိုင်းပြီး ပွဲစဉ်တချို့ကို ပြန်လည် ပြင်ဆင်ခဲ့ရပါတယ်။ ဒီအတွက် မန္တလေးက ပရိသတ်တွေကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တောင်းပန် သွားပြီး ငွေတချို့ ပြန်ပေး မယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဖိလစ်ပိုင်နဲ့ပွဲ မှာတော့ မြန်မာ အမျိုးသမီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့အနိုင် ရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ငလိုက်ဆည်မှာ ကျင်းပနေတဲ့ ကနူးကယက် လှေလှော်ပြိုင်ပွဲမှာ မြန်မာ အမျိုးသားရော၊ အမျိုးသမီးရော ပြိုင်ပွဲ အတန်း (၃)တန်းကနေ ရွှေအသီးသီး ဆွတ်ခူးသွားခဲ့ပါ တယ်။ နေ့ လယ် ပိုင်းမှာ ကျင်းပနေတဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွင်းတွင်းခတ်မှာ သုံးသင်းသာပါတဲ့ အမျိုးသမီးပြိုင်ပွဲ မှာ မြန်မာအမျိုးသမီး တွေက ရွှေတစ်ခုနဲ့ အမျိုးသားတွေက ရယူပေးနိုင်ခဲ့ပါတယ်။ 

လက်ဝှေ့ပြိုင်ပွဲ မှာတော့ ထိုင်းအသင်းက အိမ်ရှင် မြန်မာကို အနိုင်ယူပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။
ရန်ကုန်က ပြည်သူတချို့က (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဖွင့်ပွဲကို ကိုယ်တိုင် ကိုယ် ကျ ကြည့်ရှုချင်သူတွေ များပြားလာခဲ့ပေမယ့် ဖွင့်ပွဲ လက်မှတ်တွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကုန်သွားပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်လိုမှ ဝယ်ယူလို့ မရခဲ့ပါဘူး။ 

လက်မှတ် ဝယ်ယူပြီးသူတွေ က လည်း လုံခြုံရေးကတ် ပြုလုပ်ဖို့ နေပြည်တော်မှာရှိတဲ့ Ticket Center တွေ မှာ နေပူကျဲတဲ တန်းစီရ တဲ့ အတွက် မကျေမနပ် ဖြစ်နေကြပါတယ်။ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပွဲကြည့်သူတွေ သက်သောင့်သက်သာ တန်းစီနိုင်ဖို့ အတွက် ဘာကြောင့် အရိပ်ရမယ့် နေရာ မျိုးကို မရွေးချယ်ခဲ့သလဲ ဆိုတာ လည်း မေးခွန်းတွေ ပေါ်ထွက်လာ ခဲ့ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဖွင့်ပွဲကျင်းပရေး ကော်မတီက နောက်ထပ်စည်းကမ်းချက် အသစ်တွေ ထပ် ထုတ်လိုက် ပြန်ပါပြီ။ နဂိုကပေးထားတဲ့ လက်မှတ်ရယ်၊ လုံခြုံရေးကတ်ရယ်နဲ့ မလုံလောက် တော့ဘဲ ဖွင့်ပွဲ ဖိတ်စာပါ ပြသရမယ်လို့ ဆိုလာပြန်ပါပြီ။

ကြားနေရတာက ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးဟာ လူဦးရေ ၃၀၀၀၀ သာဆံ့ပြီး ဖိတ်ကြားထားတဲ့ သူတွေနဲ့ လာမယ့်ပရိသတ်က အဆမတန် များပြား နေတဲ့အတွက် ခုလို ထပ်မံ စိစစ်လိုက်ရတာ လို့ ဆိုပါတယ်။ နဂို ကတည်းက တိကျတဲ့ မူဝါဒနဲ့ ကွင်းနှစ်ကွင်း ဝင်ရောက်မှုတွေကို စီမံမထားရှိဘဲ အခြေအနေ အချိန်အခါကို လိုက်ပြီး ခဏခဏ ပြန်လည် ပြင်ဆင်နေတာတွေ၊ စီမံခန့်ခွဲနေတာ တွေ ကတော့ မြန်မာနိုင်ငံ က ဖြစ်နေ တာမို့ ဘယ်သူကမှ ထူးထူးခြားခြား အံ့သြနေကြမှာ မဟုတ်ပါဘူး။



Credit: The Voice Weekly
From...Search Myanmar

No comments:

Post a Comment