07 December 2013

ကြွေလွင့် သွားရှာပြီဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ (သို့) နယ်လ်ဆင်မင်ဒဲလား



မွေးလာကတည်း က အသားအရောင်၊ မျိုးနွယ်စု၊ ကိုးကွယ်မှု အယူဝါဒ ဆိုတာတွေကြောင့် တခြားသူ တစ်ယောက် ကို မုန်းတီး ခဲ့ကြတဲ့ သူ မရှိပါဘူး။ မုန်းဖို့ အတွက် သင်ယူခဲ့ကြ လို့ပါ။ မုန်းဖို့ အတွက်တောင် သင်ယူနိုင်ကြတယ် ဆိုရင် တခြားသူ တစ်ယောက် ကို အလိုလို ချစ်တတ် လာမယ့် ချစ်စိတ် ကိုလည်း သူတို့ သင်ယူနိုင်ကြမှာပါ...........။


တစ်နေရာရာ ကို လွတ်လွတ် လပ်လပ် သွားဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ့် ရည်ရွယ်ရာ မပြည့်ဝ မချင်းတော့ ကျွန်တော်တို့ အားလုံး သေမင်း
တမန်တောင်ကြား ကို ထပ်တလဲလဲ ကူးဖြတ်ကြရဦးမှာပါ..........။ 
တရားမျှတမှုနဲ့ လွတ်လပ်မှု အတွက် ကျွန်တော်တို့ ရုန်းကန်ခဲ့တာက ပေါင်းစည်းလုပ်ဆောင်မှု တစ်ခုပါပဲ။ ပိုကောင်းတဲ့ ကမ္ဘာတစ်ခု ဖန်တီးနိုင်ဖို့ က ကမ္ဘာပေါ်က လူတိုင်း ရဲ့လက်ထဲမှာပဲ ရှိပါတယ်..................။

သမားရိုးကျ မဟုတ်ဘဲ အချိန်တော်တော်ကြာ ခံစားခဲ့ရတဲ့ ဒုက္ခဆင်းရဲ ကနေ ရုန်းထွက်ပြီး လူသားဆန်တဲ့ လူ့ အဖွဲ့အစည်း တစ်ခု မွေးဖွားနိုင်တာ ကမှ ဂုဏ်ယူစရာပါ...................။

(၁၉၁၈) ဇူလိုင် (၁၈) တွင် မွေးဖွား။

(၁၉၄၃) ခုနှစ်တွင် အာဖရိက အမျိုးသား ကွန်ဂရက် သို့ စတင်ဝင်ရောက်။




(၁၉၅၆) ခုနှစ်တွင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခံရ။

(၁၉၆၂) ခုနှစ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်သည်ဟု ဆိုကာ တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချ မှတ်ခံရ။ (၂၇)နှစ်ကြာ ဖမ်းဆီးခံရပြီးနောက် .............
(၁၉၉၀) ခုနှစ်တွင် ပြန်လွတ်မြောက်လာခဲ့။ 
(၁၉၉၃) တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိ။

(၁၉၉၁) မှ (၁၉၉၇) အထိ အာဖရိက အမျိုးသားကွန်ဂရက် မှာ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်။

(၁၉၉၄) ကနေ (၁၉၉၉) အထိ တောင်အာဖရိက သမ္မတ အဖြစ် ဆောင်ရွက် ခဲ့ပြီး ပထမဆုံး လူမည်း       သမ္မတဖြစ်လာခဲ့။

(၁၉၉၉) ခုနှစ်တွင် ရာထူးမှနုတ်ထွက် ခဲ့။

(၂၀၀၁) ခုနှစ်တွင် ဝှေးစေ့ကင်ဆာရောဂါ ခံစားခဲ့ရ။

(၂၀၀၄) ခုနှစ်တွင် နိုင်ငံရေးလုပ်ငန်းများ မှ လုံးဝ အနားယူ။

(၂၀၁၃) မတ်လတွင် အဆုတ် ကင်ဆာရောဂါ ပြင်းပြင်း ထန်ထန် ခံစားခဲ့ရပြီး 
(၂၀၁၃) စက်တင်ဘာ (၁) ရက်တွင် ဆေးရုံမှ ပြန်ဆင်း။

(၂၀၁၃) ဒီဇင်ဘာ(၅) ရက်တွင် ကွယ်လွန်။

 



 From...YoYarLay

No comments:

Post a Comment