03 December 2013

မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်

 
 
● နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှု အားနည်းခဲ့သည့်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် စတင်ပြီး အကွဲအပြဲများ ပေါ်ပေါက်ခဲ့ ရသည်ကို တွေ့နိုင်ပါကြောင်း၊
 
● မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ အခြားသူများ၏ အောင်မြင်မှုကို အသိအမှတ်မပြုလိုခြင်း၊ ဘုံအကျိုး စီးပွားအပေါ်တွင် ပူးပေါင်း ဆောင်ရွက်ရမည့်အစား ကိုယ်ကျိုးစီးပွားများကို ဦးစားပေးခြင်း စသည့်စိတ်ဓာတ်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊


● မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း၊

● မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပြည်သူ့ဆန္ဒနှစ်ရပ်ကို အကောင်အထည်ဖော် နိုင်ရန်အတွက် စီမံချက်ချပြီး စနစ်တကျ ဆောင်ရွက်နေပါကြောင်း၊ လက်တန်းဆောင်ရွက်ခြင်း၊ စိတ်ကူး ပေါ်ရာ လုပ်ကိုင်ခြင်း မဟုတ်ပါကြောင်း၊

● ပြီးခဲ့သည့်နှစ်နှစ်ခွဲကျော် ကာလအတွင်း ဆောင်ရွက်ချက်များကို ပြန်လည်လေ့လာပါက နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများတွင် တိုးတက်မှု ရှိ မရှိ၊ မှန်ကန်မှု ရှိ မရှိ သိနိုင်ပါကြောင်း။

From:သမ္မတရုံး
Credit : Myanmar Daily Star
 
 

No comments:

Post a Comment