02 December 2013

သွေး စို့ နေ ဆဲ ဘ ဝ အ နာ များ



 


`ထမင်းဖိုးလေး သနားပါ´တဲ့
အရေပြားတွေ တွန့်ကြေနေတဲ့
ထိုးဖြန့်လာခဲ့ လက်တစ်စုံ

အသက်သွေးကြောကိုပြတ်စေရဲ့
ဘယ်နှစ်နှစ်စာ ကိန်းအောင်နေတဲ့
ငတ်မွတ်သံတွေလဲ

အကြွေတစ်ရာလောင်းလှူရုံနဲ့

ရောင်းလို့မကုန် တဲ့ဝဠ်ကြွေးတွေပဲ
နို့နံ့မစင်သေးတဲ့ ကလေးလက်ကိုဆွဲ
လူကျို လမ်းကြား မကျန်
ခြေရာမွဲမွဲပေကျံ ခဲ့ပေါ့
တစ်ပါးသူကျန် ထမင်းကျန်ဟင်းသာ
သူတို့ဘဝတွေတောင့်တခဲ့
 

ဆီမပါတဲ့ ဆံစတွေအောက်က

ဘဝအချင်းချင်း ရိုကျိုးနေတဲ့
မုသားအကင်းဆုံး မျက်လုံးတွေ
ခရီးရှည်တွေ ထွက်ခွာဖို့
ပြင်ဆင်ထားတဲ့ အထုပ်အပိုးတွေ ထဲက
မပိုင်ဆိုင် လိုတော့တဲ့
သောကများ
ညတာရှည်လေ အိပ်မက်များလေပါပဲ


 

အနာသိခဲ့လည်းဆေးဖိုးမှ မရှိခဲ့ဘဲ

သက်တမ်းရှစ်ဆယ်ကျော် နီးပါး
ခါးလည်ကို ရိုက်ချိုးခံရတဲ့
မြွေတစ်ကောင်လို ဘဝကို 
လူးလွန့်ရင်း
စက္ကန့်တံလှုပ်သမျှ တနုံ့နုံ့နာရတဲ့
ဘဝရဲ့အနာဟာ
အသက်ရှူလိုက်တိုင်းသွေးစို့စေခဲ့ပေါ့
ဘဝနဲ့မတူသော ဘဝတွေထဲ
ဘဝတစ်ခု အဖြစ် ဟန်ဆောင်ရင်း....


လေသွေးညို



No comments:

Post a Comment