01 November 2015

ငါသေရင် သပိတ်မသွတ်နဲ့ 

Dhamma Wizaya's photo.



(၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်နေ့  ၁၃.၁၀.၆၂ တွင်  မိုးကုတ် ဆရာတော် ဘုရားကြီး ခန္ဓာဝန် မချမီ၊၄ ရက် အလို၌ ဟောကြားခဲ့သော တရားတော်....)


သီတင်းကျွတ်ပြီ ဆိုတာ လ ၏ အထိမ်းအမှတ်သာ ဖြစ်တယ်၊ တကာ တကာမ တွေက ဘယ်လိုများ ထင်နေကြ ပါသလဲ၊ ၀မ်းနည်း စရာပဲလား၊ ၀မ်းသာ စရာပဲ လားလို့ မေးရင်ဖြင့်၊ သြော်..သေခါနီး သွားတာ ပဲဟေ့ လို့ မှတ်ပါ။ 

သီတင်းကျွတ်တာ ကို တကာ တကာမတွေက ဆရာသမား ကန်တော့ရလို့  မီးတွေ ထွန်း ရလို့  ၀မ်းသာ ရတယ်  ဆိုတာ ကတော့ ကောင်းတဲ့ စေတနာတွေ အမှန်ပါပဲ၊ ခန္ဓာ ကတော့ သီတင်းမကျွတ် ခင် ၀ါဆိုဦး ကထက် ယခု သီတင်း ကျွတ်က သေဖို့ ရာ ပိုနီးသွားတယ်၊ သေဖို့ ရာပိုနီး သွားတဲ့ ပုဂ္ဂိုလ်သည် မသေရာ ရှာ ဖို့ ရာ အလုပ်သည် ခရီးရောက်ထားဖို့  အရေးကြီးတယ်။

ဒီ ဘ၀တော့ အတိတ်က ဆုတောင်းကြောင့် အတိတ် က အ၀ိဇ္ဇာ သင်္ခါရတွေ ကျုပ်တို့  မကျော်လွှားနိုင်ခဲ့ လို့ အခု ဘ၀ မှာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊         ဝေဒနာ ဆိုတဲ့ ဒုတိယ အကွက်ရောက်ပြီး သကာလ နေတော့ ဇာတိ၊ ဇရာ၊ မရဏ ကလည်းလာရတော့မှာပဲ....။
 

ထိုကဲ့သို့ လာရငြားသော်လည်း တဲ့ မသေရာ ရှာတဲ့ အလုပ် ကိုဖြင့် တွေ့ ရလို့  ၀မ်းသာကြပါလို့ လည်း သတိပေး လိုက်ပါတယ်။

ကဲ ... ဒီနေ့ ဟောတဲ့ တရားက အင်္ဂုတ္ထိုရ်ပါဠိတော်ကြီးမှာ ဘုရား ကိုယ်တိုင်  ဟောလို့  သစ္စာ သိပြီးသေ တဲ့ ပုဂ္ဂိုလ် များမှာ ဘာမှ ပူစရာ မရှိပုံ ပြန်လည်ဟော ကြားခြင်း ဖြစ်တယ်။ တကာ တကာမ တို့  အတိတ်ဘ၀က သစ္စာလေးပါးမသိ တော့ အ၀ိဇ္ဇာနဲ့  နေခဲ့ကြတယ်။

ဗုဒ္ဒဘာသာ ဆိုပေမယ့် သစ္စာ ကို မသိပဲ အကုသိုလ် အလုပ်တွေ လည်း လုပ်ခဲ့ကြပါတယ် ဆိုတော့ သင်္ခါရပေါ့ ဗျာ။ တကာ တကာမတွေ ကုသိုလ် ရိုးရိုး လုပ်တာလား နောက် ဘ၀ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင် လို့ လုပ် တာလားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ.. (လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို့ ပါဘုရား)။



ဒါဖြင့် ကုသိုလ် ကံ နှင့် တဏှာနဲ့ ရောနေတယ်၊ ကုသိုလ် လုပ်တာက ကုသိုလ်၊  လူချမ်းသာ နတ် ချမ်းသာ ဖြစ် ချင်တာက တဏှာပေါ့ဗျာ၊ ဒီလိုရောတယ် ဆို ကတည်းက အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာဖြစ် မသွားဘူးလား၊ 

အတိတ် ဘ၀က အ၀ိဇ္ဇာဆိုတာ ကိလေသ၀ဋ်၊ သင်္ခါရကမ္မ၀ဋ် အဲဒီဝဋ် (၂) ပါးကို သစ္စာ မသိပဲနဲ့  လုပ်ခဲ့တဲ့ အတွက် မသိ တဲ့ အ၀ိဇ္ဇာ က ကိလေသ၀ဋ် ကုသိုလ်ပြုပြီးသကာလ လူချမ်းသာ နတ်ချမ်းသာ ဆုတောင်း တာက ကမ္မ၀ဋ်၊ ဒါကြောင့် ကမ္မ၀ဋ်၊ ကိလေသ၀ဋ်၊ ဒီ ၀ဋ်တွေပြုပြီး စုတေ မနေသေလွန်တဲ့ အခါ ၀ိညာဏ် ဆိုတဲ့ ပဋိသန္ဓေ၀ိညာဏ် ကို ရပါတယ်။ 

ပဋိန္ဓေ ၀ိညာဏ် ရရင် နာမ်ရုပ်ပေါ်ရမယ်။ နာမ်ရုပ်ပေါ် လို့ ရှိရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် မပေါ်ဘူးလား။
 

 ပေါ်လာရင်  ဖဿေ       ၀ဒနာပေါင်းလိုက်တော့ ခန္ဓာ ငါးပါး၊ ဒီ ခန္ဓာငါးပါး ဟာ ဘာသစ္စာ တုံး...(ဒုက္ခ သစ္စာပါဘုရား)။ 

ဒုက္ခသစ္စာ ကိုတော့ ၀ိပါက ၀ဋ်ထဲ သွင်းလိုက်ပါ။
ခန္ဓာကိုယ်ကြီး သည် ကောင်းကောင်း ရထားတာလား..၀ဋ်သင့်နေတာလား..
(၀ဋ်သင့်နေတာပါဘုရား)။ 


ဒီ ခန္ဓာကြီးဟာ ၀ိပါက ၀ဋ်လို့ မှတ်လိုက်စမ်း ပါ။ ဒုက္ခကို ပင်လယ်ဝေနေပြီ သားပူ၊ သမီးပူ၊ ဆွေပူ မျိုးပူ နဲ့ မင်းပူ စိုးပူတွေနဲ့  ၀ိပါက၀ဋ်ကြီးဟာ အခု သင့်နေတာ ဟုတ်ကြရဲ့ လား။ ဒါဖြင့် ၀ိပါက ၀ဋ် ဟာ ဘာသစ္စာ ပါလိမ့်..(ဒုက္ခသစ္စာပါဘုရား)။ 

ဒါဖြင့် ဒကာ ဒကာမတွေ သား ပူလာလည်း အင်း..ဒါ ဒုက္ခသစ္စာ ပဲ ဥာဏ်နှလုံး သွင်းလိုက်။ သမီး ပူလာရင် လည်း ဒုက္ခသစ္စာ ပဲလို့  နှလုံး သွင်းပြီးနေ။ နှလုံးသွင်းလိုက် လို့ ရှိရင် ဒါ သစ္စာ သိတာပဲ။

 ဒါကြောင့် သစ္စာ သိစေချင် လွန်းလို့  တိုက်တွန်း ရတာကို ဘုန်းကြီး က လွန်လွန်းတယ် လို့ များ မဆိုလိုက် ပါနဲ့ ၊ ကိုယ် က ကိစ္စ မပြီးသေးလို့  ဒါလောက် တိုက်တွန်းနေတာ ကိုး လို့ မှတ်လိုက်ပါ ရှင်းပြီလား။ 

ဘုန်းကြီးတို့  ဒကာ ဒကာမတွေ သိစေချင်တာ က ဒီ ဘ၀တွင် ကိစ္စပြီးစေချင်လွန်းလို့ ၊သစ္စာ သိပြီးပုဂ္ဂိုလ် ဟာ သုဂတိ မှ တစ်ပါး ဘယ်မှ မသွားဘူးဆိုတာ ပေါ်ပြီလား။

အဲဒါကြောင့် ငါသေရင် ဘာများဖြစ်ဦးမှာလဲ ဆိုတာ ဘယ်တော့ မှ မတွေးနဲ့ ၊ တို့ ခန္ဓာပေါ်သ၍ ဒုက္ခ သစ္စာ ပဲဆိုတာသိတဲ့ ပုဂ္ဂိုလ်သေရင် နတ်ရွာ သုဂတိ မှ တစ်ပါး ဘယ်မှ မသွားဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချ၊ အားပေး စကားလား၊ သစ္စာ သိရင် သံသရာ မလည်ဘူး ဆိုတာ သေချာတဲ့ တရားလား။

တကာ တကာမ တို့  အလောင်းတောင် အသုဘကြီး တစ်ခု ဒီကျောင်းပေါ်မှာ မလွှဲသာလို့  ထားမယ် ဆို ပါတော့၊ ဒီ အသုဘကြီးထဲ က ဘာတွေ ထွက် လာမှာလဲ မေးတဲ့ အခါ နားထဲက ထွတ်လည်း သုဘ ထွက်မလား၊ အသုဘ ထွက်မလား...(အသုဘ ပါဘုရား)။ 

ပါးစပ်၊နှာခေါင်း၊ မျက်စိက ထွက်လည်း သုဘ ထွက်မလား၊ အသုဘ ထွက်မလား..(အသုဘ ထွက်မှာပါဘုရား)။ 

နဂိုက ဘာမို့ လို့  ဘာထွက် တာတုံး...(အသုဘ မို့ လို့  အသုဘ ထွက်တာပါဘုရား)။ ဒီမှာ လည်း ခန္ဓာကိုယ် ထဲ ဘာသစ္စာတုံး..(ဒုက္ခသစ္စာ ပါဘုရား)။

ဟို အသုဘကြီး ထဲက ကျင်ကြီး ထွက်လာ၊ ကျင်ငယ် ထွက် လာ ၊ ချွေးထွက် လာ၊ ရောင်ဖောလာ ။ ပြည်သွေး ထွက်လာ၊ အသုဘ မို့  အသုဘတွေ ထွက်လာတာပဲ၊ ဒီမှာ လည်း တကာ တကာ မတွေ ခန္ဓာကိုယ် ထဲက လှုပ် လိုက်လည်း အသုဘ၊ ထိုင်နေလည်း အသုဘ၊ ဒုက္ခသစ္စာ ဆိုတာ သေချာပြီလား။ 

 ပြောတဲ့ စိတ် ကလေး က ဒုက္ခသစ္စာ၊ ငြိမ်နေတဲ့ စိတ်ကလေး က ဒုက္ခ သစ္စာ၊ ကြံနေတဲ့ စိတ်ကလေး ကကော ဒုက္ခသစ္စာပါပဲ။

ဒီခန္ဓာကြီး ဟာ ဘယ်ကာလ မှာပေါ်သတုံး..(ပစ္စုပ္ပန်ကာလ မှာပေါ်ပါတယ်ဘုရား)။
 

ပစ္စုပ္ပန်ကာလ မှာ ပေါ်ချင်သ၍ပေါ် ဒုက္ခ သစ္စာ ချည့်ပဲ ဆိုတာ မသေချာဘူးလား။ ဒါဖြင့် တပည့်တော် တို့  ဒုက္ခ သစ္စာ မသိသေးဘူး လို့ ဆိုကြမှာလား၊ ပေါ်ရာကို ဒုက္ခသစ္စာ သိပါပြီ လို့ ဆိုကြမှာလား...(ပေါ်ရာကို ဒုက္ခသစ္စာ ဆိုတာ သိပါပြီဘုရား)။

ဒီ စိတ်ကလေး ကို အရေးတကြီးပြောနေတယ်၊ ဒီ အသိနဲ့ သေရင် အပါယ် မကျဘူး ဆိုတာ ကလေး တစ်လုံး ကို လက်ကိုင် ထားရမယ်။ မပျင်းနဲ့ ။

ဒီ အသိရပြီးလို့ ရှိရင် သေချင်းဆိုး မရှိတော့ဘူး။ သစ္စာ သိတဲ့ ပုဂ္ဂိုလ် အတွက် ပဋိစ္စသမုပ္ပါဒ် မရှိတော့ဘူး။

သစ္စာ သိတဲ့ ပုဂ္ဂိုလ် မှာဖြင့် (၂) ကနေ (၃) မကူးတော့ဘူး။[*ပဋိစ္စသမုပ္ပါဒ်စက်
ဝိုင်း ၏ ၂ အကွက် မှ ၃ အကွက် ကို ဆိုလိုပါသည်။] တစ်ခါတည်း မဂ်ပေါ်သွား တယ်။ 


သစ္စာ က သစ္စာ၊ သိတာ က.. မဂ္ဂ သစ္စာကဖြတ်တာ၊ အဲဒါတွေ ကို တကာ တကာမတွေ သေသေချာချာ ကိုယ်ပိုင်ဥာဏ် နဲ့  ကိုယ်တိုင် သိလို့ ရှိရင်ဖြင့် ငါသေသော်ငြားလည်း ဆွမ်း မသွတ်နဲ့ ဟေ့ အိမ်မှာ မှာခဲ့။
ဘယ်လို မှာ ရမှာတုံး..(ငါသေရင် ဆွမ်းမသွတ် နဲ့ ပါဘုရား)။ ဒကာကြွယ်ရဲပါ့ မလား...(မရဲပါဘုရား)။
 

ရဲမှ၊ ရဲမှ ။ မရဲသေးရင် သစ္စာ မသိသေးလို့ ။ မသေသေး လို့ ရှိရင် ကိစ္စပြီးနိုင်သေးတယ်။ အဲဒီလို မရဲသေး လို့ ရှိ ရင်ဖြင့် မသိ,သိအောင်လုပ်ပါ။

သစ္စာ သိတဲ့သူ သံသရာပြတ်တယ်၊ သံသရာပြတ် ဆိုတာ အောက် အပါယ်  လေးပါး ငရဲ တိရစ္ဆာန်၊ပြိတ္တာ၊ အသူရကယ် ရောက် မှ ဆွမ်းသွတ် ရမှာကိုးဗျ။
 

ခုတော့ သစ္စာသိတဲ့ ပုဂ္ဂိုလ်တွေ ဆွမ်းသွတ် စရာရှိသေးရဲ့ လား..(မရှိပါဘုရား)
 

အဲဒါကြောင့် ဘုန်းကြီးတို့  ဒကာဒကာမတွေ ကိုယ့် ကိုယ်ကို လည်း သိအောင် လုပ်ပါ၊ သိလို့ ရှိရင်လည်း အိမ်ကို မှာခဲ့။`ငါသေရင် ဆွမ်း မသွတ် နဲ့ ဟေ့´..(မှန်လှပါဘုရား)

တကာတကာမတွေ ခန္ဓာကိုယ် ထဲ ဘာပေါ်ပေါ် ဘာ သစ္စာတုံး..(ဒုက္ခ သစ္စာပါဘုရား)။ ဒုက္ခသစ္စာ ဆိုတော့ သိတာ က မဂ္ဂသစ္စာ၊ သေတာ က သမုဒယသစ္စာ၊ နောက် ခန္ဓာ မလာတာ က ဒုက္ခနိရောဓသစ္စာ၊ ရှင်းပြီလား။

အရွဳခံတာက ဘာ သစၥာ..(ဒုက ၡသစၥာပါဘုရား)။ ဒီ ခန္ဓာငါးပါးကြီးတွေ လာတာ ရှုနေတော့ ဘာ သစ္စာ လဲ..(ဒုက္ခ သစ္စာ ပါဘုရား)။ 
ရှုတဲ့ ဥာဏ် ကလေး ကကော..(မဂ္ဂသစ္စာပါဘုရား)။
ဒါဖြင့် သမုဒယသေ၊ နောက် ခန္ဓာလာသေးရဲ့ လား..(မလာပါဘုရား)။

 နောက်ခန္ဓာ မလာတာက ဒုက္ခနိရောဓသစ္စာ၊ ဒုက္ခချုပ်တဲ့ သစ္စာ ၊ ဒါဖြင့် တကာ တကာမတို့ ရှုတတ်ကြပြီ လား။

သပိတ်သွတ်တယ် ဆိုတာ..သစ္စာ မသိတဲ့ ပုဂ္ဂိုလ်သေမှ၊ ပြိတ္တာဖြစ်မှ ..ရှင်းပြီလား၊ ဒါဖြင့် တကာ တကာမ တို့  ငါသေရင် သပိတ် မသွတ်နဲ့ လို့  မှာရဲပြီလား..(မှာရဲပါပြီ ဘုရား)။ မှာဖြစ်အောင်မှာပါ၊ သေမှ အရှက်ကွဲ မခံပါနဲ့ ။

 သြော် ငါ့ အဖေသေသွားပြီ၊ ငါ့ အမေသေသွားပြီ၊ ခု အခါ ပြိတ္တာများ ဖြစ်နေမ လား မပြောတတ်ဘူး၊ သပိတ် ကလေးတစ်လုံးတော့ သွတ်ကြဦးစို့  ။ သပိတ် သွတ်တဲ့ ပုဂ္ဂိုလ် ၏ ရည်ရွယ်ချက် က စိတ်ချရ လို့ သွတ် တာလား၊ စိတ် မချရလို့  သွတ်တာလား..(စိတ်မချရ လို့  သွတ်တာပါဘုရား)။

ဒါဖြင့် သေတဲ့သူ က စိတ်ချ ရပါလျက်နဲ့  ကျန်ရစ်တဲ့ လူက အရှက်ခွဲတော့  သေတဲ့သူ မနာဘူး လား...(နာပါတယ် ဘုရား)။ ဒါဖြင့် ဒကာကြွယ် အရှက်ကွဲ ခံဦးမလား၊ မခံချင် ပါနဲ့ တော့၊ ဘယ့် နှယ်မှာခဲ့မှာလဲ..(ငါသေရင် သပိတ်မသွတ် နဲ့ တော့လို့  မှာခဲ့မှာ ပါဘုရား)။
 

ဒါဖြင့် ဒီနေ့  ဘာ တရားဟောပါလိမ့်..(သပိတ်သွတ် လွတ် တရားဟော ပါတယ်ဘုရား)။ သစ္စာသိရင် သပိတ် သွတ် လွတ်ပါတယ်။

 Dhamma Wizaya

No comments:

Post a Comment