04 November 2015

အနီးဆုံးမှာ ရှိနေတဲ့ အဝေးဆုံးလူ

 Kyaw Zin Tun's photo.


တရုတ် အစိုးရ ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို နှောင့်နှေးအောင် ကြားဝင် နှောက်ယှက် ခဲ့ ကြောင်း “ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တရုတ်စွက် ဖက်နေကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူ စွပ်စွဲ” ဆိုတဲ့ခေါင်းစဉ် နဲ့ သတင်း တစ်ပုဒ်ကို အောက်တိုဘာ ၁၀ ရက်နေ့ထုတ် 7DAY DAILY မှာ ဖတ်လိုက်ရပါတယ်။

တရုတ် အထူး သံတမန် ဆွန်ကောက်ရှန်း ရဲ့ ကြားဝင်နှောက် ယှက်မှုကြောင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ မှာ  ၈ ဖွဲ့ က သာ NCA လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တာ ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC) က ဦးဆောင် ညှိနှိုင်းဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ဒေါက်တာ မင်းဇော်ဦး ကပြော
ပါတယ်။


 မြန်မာ အစိုးရဘက် က MNDAA ခေါ် ကိုးကန့် အဖွဲ့ ကို ငြိမ်းချမ်းရေး ဆွေး နွေးဖို့ ဖိတ်ခေါ်မှု မလုပ်မချင်း လက်နက်ကို င် တပ်ဖွဲ့အချို့ ကို စာချုပ် လက်မှတ် မထိုးဖို့ ဆွန်ကောက်ရှန်း က ပြောကြားခဲ့တယ် လို့ သိရ ပါတယ်။ 

အထူးသဖြင့် UWSA နဲ့ KIA ကို စာချုပ် လက်မှတ် မထိုး ဖို့တွန်းအားပေးခဲ့တယ် လို့ ဆိုပါတယ်။ ဒေါက်တာ မင်းဇော်ဦး ရဲ့ ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့် ရ ပုဂ္ဂိုလ်ဟောင်လီ က ငြင်းဆို လိုက်ပြီး တရုတ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်  လာ ဖို့ ထောက် ခံ အားပေးခဲ့တယ် လို့ ပြန်လည်ပြောဆို ခဲ့ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ အနောက် အုပ်စုနဲ့ မပြေလည်တဲ့ အခါ အနောက် အုပ်စုရဲ့  မဟာမိတ်ဖြစ် တဲ့ ထိုင်းနိုင်ငံ နဲ ကပ်နေတဲ့ နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ တိုင်းရင်း သား လက်နက်ကိုင်တွေ အရေးကို ကိုင် တွယ် ရတာခက်ခဲ သလို အရှေ့အုပ်စု  အထူးသဖြင့် အိမ်နီး ချင်း တရုတ်နိုင်ငံ နဲ့ အဆင်မပြေဖြစ်တဲ့ အချိန်မှာ တရုတ်နယ် စပ် တစ်လျှောက်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အရေးပြေ လည်အောင် ဖြေရှင်းရေး ဟာ မလွယ်ကူကြောင်း အရိုးရှင်း ဆုံးသော သာမန် အတွေးနဲ့တွေးမယ် ဆိုရင်တောင် သိနိုင် ပါတယ်။


တကယ်တော့ ကိုးကန့်ဒေသ က ကိုးကန့်တွေ ဆိုတာ တရုတ်ပြည် မှာ စစ်ရှုံး လို့မြန်မာ့မြေ ထဲပြေးဝင် ခိုလှုံ ရာကနေ ပေါက်ဖွား လာတဲ့ ဟန် တရုတ်မျိုးနွယ်တွေ လို့ ဆိုပါတယ်။ 

တရုတ်ပြည် မင် မင်းဆက် ရဲ့နောက်ဆုံး မင်းဆက် အနွယ် မှူးမတ်၊ တပ်ဗိုလ်၊ တပ်သားတွေ ရဲ့ အနွယ်တော်တွေ က ဆင်းသက် လာတယ်လို့ ဆိုပါတယ်။ 


၁၆၆၂ ခုနှစ် ဝန်း ကျင်မှာ မင် မင်းဆက်ရဲ့ နောက်ဆုံး မင်းဖြစ်တဲ့ နန်း မိန် ဘုရင်ကို မန်ချူး စစ်သူကြီး ဝူစန်းကွေ့  က လေးညှို့ကုန်း နဲ့ ပိစူပိုး ကုန်း ထက် မှာ လည်မြိုညှစ် သတ်ခဲ့တဲ့ အတွက် မင် မင်းဆက် ပျောက် ကွယ်သွားပြီး နောက်ပါ တပ်မှူး၊ တပ်သားတွေ မြန်မာနိုင်ငံ ဘက်ကို ပြေးဝင် ခို လှုံ လာတာလို့ ဆိုပါတယ်။

ဒီဒေသဟာ ရှေး မြန်မာ မင်းတွေ လက်ထက်က မြန်မာသြဇာ ခံဖြစ်လိုက်၊ တရုတ် သြဇာခံဖြစ် လိုက်၊ ရံဖန် ရံခါ နှစ်ဘက် စလုံး ရဲ့သြဇာခံဖြစ်လိုက် နဲ့ နေလာခဲ့တဲ့ဒေသဖြစ်ပါ တယ်။ 



Kyaw Zin Tun's photo.


အင်္ဂလိပ်-တရုတ် ချုပ်ဆို ခဲ့တဲ့စာချုပ်တွေ အရ ကိုးကန့်ဒေသ ဟာ ဟိုဘက် ပါလိုက် ဒီဘက်ပါ လိုက်ဖြစ် ခဲ့ပေ မဲ့ ၁၉၆၀ ခုနှစ် တရုတ်-မြန်မာ နယ်နမိတ် စာချုပ် သစ် အရ ကိုးကန့်နယ်မြေ ကို မြန်မာပိုင် နယ်မြေ အဖြစ်
တရုတ် - မြန်မာ နှစ်နိုင်ငံ စလုံးက အသိ အမှတ်ပြုခဲ့ ပြီးသားဖြစ်ပါတယ်။ 


တစ်ချိန် က ကိုးကန့်ဒေသ မှာ အဓိက လက်နက်ကိုင် တပ်ဖွဲ့ ကြီး သုံးဖွဲ့ရှိပါတယ်။ အဲဒီ အဖွဲ့တွေ ကတော့ ဂျင်မီရန်း လို စော်ဘွားတွေ ဦးစီးပြီး မြန်မာ အစိုးရကို ဆန့်ကျင် တဲ့ လက်နက်ကိုင် တပ်ဖွဲ့၊ ဖုန်ကျားရှင် ဦးစီး တဲ့ မြန်မာ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့၊ လော်စစ်ဟန် ဦးစီး တဲ့ မြန်မာ အစိုးရ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ တို့ဖြစ်ပါတယ်။ 

၁၉၆၃ ခုနှစ်မှာ မြန်မာ အစိုးရ က ကိုးကန့်စော်ဘွား လက်နက် ကိုင် အဖွဲ့တွေကို ဖမ်းဆီး ရုံတင် မကလော်စစ်ဟန် ကိုပါ ဖမ်းဆီး ခဲ့တဲ့ အတွက် မူလက စိတ်ဝမ်းကွဲနေတဲ့ ကိုးကန့် လက်နက်ကိုင် အဖွဲ့ အသီးသီး ကို ပြန်လည်ပေါင်းစည်းပေးလိုက် သလို ဖြစ်သွား ပါတယ်။

 မြန်မာ အစိုးရရဲ့အထိန်းအသိမ်း ခံလိုက်ရတဲ့ လော် စစ်ဟန် ဟာ အစိုးရ ယုံကြည်မှု ကိုပြန် လည်ရရှိလာပြီး အစိုးရ ရဲ့ကမ ကထပြုပေးမှု နဲ့ ကိုးကန့် ကာကွယ်ရေး လက်နက်ကိုင် တပ် ဖွဲ့ကို ပြန် လည် ဖွဲ့စည်းခွင့် ရခဲ့ ပါတယ်။

၁၉၆၇ ခုနှစ်မှာ မြန်မာနိုင်ငံ မှာဖြစ်ပွား ခဲ့တဲ့ တရုတ်-မြန်မာ အရေး အခင်းကြောင့် ယူနန်ပြည်နယ်၊ မန်စီနယ် မှာ တရုတ် တွေ စီတန်း လှည့်လည် ဆန္ဒပြကြတယ်။ တရုတ်ကျောင်း သားတွေ စုရုံးပြီး ဦးနေဝင်း ပုံတူ စက္ကူရုပ် ကို မီးရှို့ဆန္ဒပြကြ ပါတယ်။

 မြန်မာပြည် က တရုတ် အရေးအခင်း ဟာ မြန်မာ နဲ့ တရုတ် တို့ကြောင့်ဖြစ်တာ မဟုတ်ဘဲ ရခိုင် မှာဖြစ်ပွား ခဲ့တဲ့ ဆန် လုပွဲကြီး ကနေ ပြည်သူကို အာရုံလွှဲ ဖို့  ဦးနေဝင်း က ကြံစီ ခဲ့တာလို့ တရုတ်ဘက် က ရှုမြင်ပါ တယ်။ 

ဒီလို နဲ့ ဦးနေ ဝင်းကို နာကျည်းတဲ့ တရုတ်တွေ ဟာ ဦးနေဝင်း ကို မြန်မာပြည် ရဲ့ချန်ကေရှိတ် လို့ နာမည်ပေးပြီး မြန်မာ့မြေ က ဗမာပြည် ကွန်မြူနစ်ပါတီ ကို ပုံအောထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ မှာ ယူနန်ပြည်နယ် ပေါင်စန် ခရိုင်၊ နုကျန်းမြစ်ဝှမ်းမြေပြန့်ဒေသ (မြန်မာ မှာ သံလွင်မြစ်) နဲ့ ကျဲန့်ခန်း ခရိုင်၊ ထျဲ့စွတ်ကုန်း မှာ ဗကပပြည်သူ့ တပ်မတော် ကို တရားဝင် ဖွဲ့စည်း တည်ထောင် လိုက်ပါတယ်။ 

အဲဒီ ဗကပ တပ်ကို တရုတ်ပြည် မှာ ပညာတော်သင်ရောက်နေတဲ့ ဗကပတွေ၊ တရုတ်ပြည်နယ် မှာ လေ လွင့်နေတဲ့ နော်ဆိုင်း တပ် ဖွဲ့တွေ၊ ဖုန်ကျားရှင် တပ်ဖွဲ့တွေ နဲ့ ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။ 

ဗမာပြည် ကွန်မြူနစ်ပါတီ ကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မှာ ရန်ကုန်မြို့၊ ဘားလမ်းမှာ ရှိတဲ့ တိုက် ခန်း ငယ်လေး တစ်ခုမှာ မြန်မာ ပညာတတ် လူငယ်တစ်စု က စတင် တည်ထောင်ခဲ့တာပါ။ ၁၉၆၃ ခုနှစ်နောက် ပိုင်း ဗကပ ရဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်နဲ့ အတူ အစိုးရ ရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ဗကပတွေ ပဲခူးရိုးမ ကို စွန့်ခွာခဲ့ကြရတယ်။ 

အဲဒီ ကနေ ထွက်လာတဲ့ ဗကပတွေ နဲ့ ကျန် အဖွဲ့တွေပေါင်းပြီး တရုတ် ကပြန်လည် ဖွဲ့စည်းပေး လိုက်တာပါ။
၁၉၆၈ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့ မှာ မြန်မာ့မြေထဲ က မုန်းကိုး တပ်စခန်း ကို နော်ဆိုင်း ဦးစီးတဲ့ ဗကပတွေ ဝင်ရောက် သိမ်းပိုက် ခဲ့သလို တစ်ချိန်တည်း မှာပဲ ဖုန်ကျားရှင် ဦးစီးတဲ့ ဗကပတွေ ဟာ ကိုးကန့်နယ်မြေ ကို ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ 

တိုက်ပွဲ အစပိုင်း မှာ မြန်မာ့ တပ်မတော် က ခံလိုက် ရပေမဲ့ နောက် ပိုင်း မှာ စစ်ရေး အရှိန်မြှင့် တင်ပြီး ပြန် လည် တိုက်ခိုက် ခဲ့လို့ ဗကပတွေ အရေးနိမ့်ခဲ့တယ်။ နေရာတိုင်း လိုလို မှာ အကျ အဆုံး များပြားလာတဲ့ အတွက် တရုတ်ပြည်သူ့ လွတ်မြောက် ရေး တပ်မတော် က လက် ရွေးစင် တပ်သားတွေ ကို ဆန္ဒပြု စိစစ်ရွေး ချယ်ပြီး ဗကပ တပ် အသွင်ပြောင်း လိုက်တယ်။ အဲဒီ တပ်ဖွဲ့ဝင်တွေ ကို “လက်ဝဲ အကူအညီ ပေးရေးတပ်ဖွဲ့” လို့ခေါ်တယ်။ 

တချို့က တရုတ်က လွှတ်လိုက်တာ ဗော်လန်တီယာ တပ်ဖွဲ့ ပါ ဆိုပြီးတော့ ခပ်ပေါ့ပေါ့ပြော ကြပါတယ်။ တကယ် က PLA ကနေ အထူးရွေးချယ်ပြီး လွှတ်ပေး လိုက်တာပါ။ တရုတ် အကူ အညီ အပြည့်ရရှိနေတဲ့ ဗကပ ကို မြန်မာ့ တပ်မတော် ဟာ အတော် ခက်ခက်ခဲခဲ ရင်ဆိုင် တိုက်ခိုက်ခဲ့ရပါတယ်။

တပ်မတော် နဲ့ ဗကပ ဟာ ခြောက်နှစ်ကြာ တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွား ခဲ့ပြီးတဲ့နောက် ဗကပ အနေနဲ့ ၃၀၃ စစ်ဒေသ၊  ၄၀၄ စစ်ဒေသ၊ ၂၀၂ စစ်ဒေသ၊ ၁၀၁ စစ်ဒေသ တို့ကို ထူထောင် ခဲ့ပြီး တရုတ်နယ်စပ်နဲ့ ကပ်နေ တဲ့ ၂၀၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ဒေသကြီး တစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်။ 

ပန်ဆိုင်း (ကြူကုတ်) အပါအဝင် နမ့်ခမ်း မျက်နှာ ချင်းဆိုင် နယ်မြေဒေ သ အမြောက် အမြားနဲ့ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသ ကို လည်း ထိန်းချုပ်နိုင်ခဲ့တယ်။

 Kyaw Zin Tun's photo.

၁၉၇၆ ခုနှစ် မှာ တရုတ်ပြည် က ၄ ဦး ဂိုဏ်းခေါ် ရက်ဒီကယ် လက်ဝဲဂိုဏ်း က တိန့်ရှောင်ဖိန် ကို ဖြုတ်ချ လိုက် တယ်။ တခြား ဒေသ တွင်း ကွန်မြူနစ်တွေ က အခြေအနေကြည့် ရေငုံနုတ် ပိတ်နေခဲ့ပေမဲ့ ဗကပ ကတော့ အဲဒီ ရက်ဒီကယ် လက်ဝဲ ဂိုဏ်း ကို ကျယ်ကျယ် လောင်လောင်ထောက်ခံ ခဲ့တယ်။ 

ဒါပေမဲ့ ၁၉၇၇ အစောပိုင်း ကာလလောက် မှာ တိန့်ရှောင်ဖိန် အာဏာပြန် ရလာ ပြီး ဗကပ တိုက်ပွဲ သတင်းတွေ၊ ပါတီ လှုပ်ရှားမှု သတင်းတွေ ကို ဝါဒဖြန့်ပေးနေ တဲ့ တရုတ်ပြည်တွင်း က ပီကင်း အသံလွှင့် ဌာန နဲ့ တရုတ် စာစောင်တွေ ရဲ့လှုပ်ရှားမှုတွေ ကို ရပ်တန့် လိုက်ပါတယ်။

အဲဒီ အချိန်က ကမ္ဘောဒီးယား မှာ တရုတ်တွေထောက်ခံအားပေး တဲ့ ခမာနီ အစိုးရသစ် ကို နိုင်ငံတကာ က ထောက်ခံ အားပေးမှု အပူ တပြင်း လိုအပ်နေချိန် မှာ ဦးနေဝင်း ဟာ ၁၉၇၇ ဒီဇင်ဘာလ မှာ ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင် ကို တရားဝင် အလည် အပတ် သွား လိုက်တယ်။ 

ဦးနေဝင်း ဟာ ခမာနီ အစိုးရ တက်လာပြီး ပထမဦး ဆုံးရောက်လာ တဲ့ နိုင်ငံ အကြီး အကဲဖြစ်သွားတယ်။ တရုတ် တို့ က ဦးနေဝင်း ခရီးစဉ် ဟာ ကမ္ဘာ့နိုင်ငံတွေ က ဝိုင်းပယ် ခံထားရ  တဲ့ ခမာနီ အစိုးရကို ဆွဲထုတ် ကယ် တင်လိုက် တဲ့ ခရီးစဉ်လို့မြင် တယ်။ 

ဦးနေဝင်း ရဲ့ ဖနွမ်းပင် ခရီးစဉ်ကြောင့် ၁၉၇၅ ခုနှစ် ပဲခူးရိုးမ ကျပြီး ကတည်းက တရုတ်ပြည်တွင်း မှာ အခြေ စိုက် ခွင့်ပြု ခဲ့တဲ့ ဗကပ ဌာနချုပ် နဲ့ အသံလွှင့်ရုံ ကို ၁၉၇၈ ခုနှစ် နှစ်ဦး မှာ ပဲမြန်မာပြည်တွင်း မှာ ပြောင်းရွှေ့စေ ခဲ့ပြီးမြန်မာပြည် ထဲမှာ ရောက်နေတဲ့ တရုတ် တပ်ဖွဲ့ဝင်တွေ ကိုလည်း ပြန်ခေါ်ယူခဲ့
တယ်။ 


တရုတ် အစိုးရ ဟာ ဗကပ ထဲ က တရုတ်စစ် အကြံပေး တွေနဲ့ တရုတ် တပ်ဖွဲ့ ဝင်တွေ ကို ပြန် ထုတ်သွား ခဲ့တယ် ဆိုပေမဲ့ မုန်းဖေါဒေသ က တပ်မဟာ ၂ တပ်မှူး ကျန်းကျိမိန်၊ ဗကပ ရဲ့ တိုက် စွမ်းရည် အထက်ဆုံး ဆိုတဲ့ တပ်မဟာ ၆၈၃ က တပ်မှူး လီကျစ်ရှု နဲ့ ၈၁၅ စစ်ဒေသမှူး လင်မိန်ရှန် တို့လို အရည်အချင်း
ရှိ တဲ့ တရုတ် စစ်ခေါင်းဆောင် တချို့ကိုတော့ ဗကပ နဲ့ အတူ ထား ရစ်ခဲ့တယ်။ ထောက် လှမ်းရေး ရည် ရွယ် ချက် နဲ့ ထားရစ်ခဲ့တယ် လို့ ဆိုကြတယ်။ 



၁၉၈၁ ခုနှစ်၊ မေလ က တရုတ်ပြည် မှာ ကျင်းပ တဲ့ တရုတ်-မြန်မာ ကွန်မြူနစ် ပါတီဆွေးနွေးပွဲ မှာ ဗကပ ဟာ ကိုယ့်ဒူး ကိုယ်ချွန် ရုန်းကန် သင့်တဲ့ အကြောင်း တိန့်ရှောင်ဖိန် ကပြောဆို လာတဲ့ အတွက် သခင် ဗသိန်းတင် နဲ့ တိန့်ရှောင်ဖိန် တို့ စကားများပြီး အစည်း အဝေး ကို စိတ်မချမ်းမြေ့စွာ နဲ့ အဆုံးသတ်လိုက်ရတယ်။

၁၉၈၅ ခုနှစ်၊ ဧပြီ လကုန် မှာ ဗကပ အမြဲတမ်း ဗဟိုကော်မတီဝင်  ၇ ဦး ကို မေဒေးနေ့ တက်ဖို့ ဆိုပြီး တရုတ် က ဖိတ်တယ်။ အဲဒီ အချိန် မှာ ဦးနေဝင်း လည်း တရုတ် ကိုရောက်နေတယ်။ တကယ် က ဗကပ နဲ့ ဦးနေဝင်း ကို ရင်ကြားစေ့ပေး ဖို့ တရုတ် ကကြိုးစား ကြည့်တာပါ။ 

အဓိက ကတော့ သူ့ အကျိုးပါပဲ။ အဲဒီ မှာ သခင် ဗသိန်းတင် တို့ အဖွဲ့နဲ့ တရုတ်ကွန်မြူနစ် ပါတီက အထွေထွေ အတွင်းရေးမှူး ဟူရောက်ပန်း တို့ မပြေ မလည်ဖြစ်ကြတယ်။ နောက်ဆုံး ဟူရောက်ပန်း က “ဗကပ ကို ထောက် ပံ့နေ တဲ့ စစ် အသုံးစရိတ် နဲ့ စစ်ရေး ဆိုင်ရာကူညီထောက်ပံ့မှုတွေ အားလုံး ကို ရပ်တန့်လိုက် ပါတယ်။ 

စီးပွားရေး ဆိုင်ရာ ကုန်ပစ္စည်း အကူ အညီတွေ ကိုသာ ဆက်လက်ပေးသွားမယ်” လို့ တရားဝင်ကြေ ညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့ မှာ မုန်းပေါ် နဲ့ ပန်ဆန်းကြား ရှိ စီစီဝမ် တောင်ကုန်း မှာ တပ်စွဲ ထားတဲ့ တပ်မတော် စခန်း ကို ဗကပ အင်အား အလုံးအရင်း နဲ့ ဝင်တိုက် ခဲ့တယ်။ ဒါပေမဲ့ မကြာခင် မှာပဲ တပ်မတော် က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့လို့ ၁၉၈၆ ဒီဇင်ဘာ ၇ ရက်နေ့ မှာ ဗကပတွေ စီစီဝမ်တောင် ကုန်းကို လက်လွတ် ဆုံးရှုံးလိုက်ရတယ်။ 

၁၉၈၇ ခုနှစ် ဇန်နဝါရီ လ ၃ ရက် မှာ တပ်မတော် က မုန်းပေါ် ကို ဆက်သိမ်းတယ်။ ဇန်နဝါရီလ ၆ ရက်မှာ ပန်ဆိုင်း (ကြူကုတ်)ကို တပ်မတော် က ဆက်လက် သိမ်းပိုက်ခဲ့တယ်။ 

ဇန်နဝါရီ လ ၁၃ ရက်နေ့ မှာ ရွှေလီမြစ် ကိုကျော်ပြီး ကွန်ဟိန်း နဲ့ မန်ဟီးရိုး တို့ကို ဆက်လက် သိမ်းပိုက် ခဲ့ တယ်။ ဒီလို နဲ့ နမ့်ခမ်း ကနေ ပန်ဆိုင်း အထိ ကီလို မီတာ ၆၀ ခန့် ရှိတဲ့ နယ်နိမိတ် မျဉ်းတစ်လျှောက်ဟာ တပ်မတော် ထိန်းချုပ်မှုအောက် ကို ရောက် ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေး တရားဝင်ပြန်ဖွင့်နိုင် ခဲ့တယ်။ 

စီစီဝမ် တိုက်ပွဲမှာ အရင် လို လူလှိုင်းလုံး စစ်ဆင်ရေး ကို အသုံးပြုခဲ့ တာမို့ ဗကပအောက်ခြေ ရဲဘော်တွေ အကျအဆုံး များပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေ အပေါ် မကျေနပ်မှုတွေ တိုးပွား လာခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ခလရ ၁၁ ရှေ့တန်း အခြေစိုက် စခန်းထား ရှိတဲ့  မိုင်း ယန်းမြို့ကို ဗကပတွေ ဝင်ရောက် သိမ်းပိုက်ခဲ့ရာမှာ လည်း တပ်မတော် ရဲ့တန်ပြန် ထိုး စစ်ကြောင့် ဗကပတွေ အတုံး အရုံး ကျဆုံး ကုန် လို့ မကျေနပ်မှုတွေ ပိုပြီး တိုးပွားလာတယ်။

၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ မှာ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်တွေဟာ ဗကပ ကို ပုန်ကန်ပြီး အရှေ့မြောက်ဒေသ က မုန်းကိုး ကို သိမ်းပိုက် လိုက်သလို ၁၉၈၉ ဧပြီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဝ တပ်ဖွဲ့ဝင်တွေ က ဗမာပြည် ကွန်မြူနစ် ပါတီ ဌာနချုပ် ပန် ဆန်း ကို သိမ်းပိုက်လိုက်ပါတယ်။ 

ဗမာပြည် ကွန်မြူနစ်ပါတီ ဟာ ပါတီ တည်ထောင်ပြီး နှစ်ပေါင်း ၄၁ နှစ် အကြာ ကိုးကန့် ပုန်ကန်မှု စတင်ပြီး တစ်လ အတွင်း မှာပဲ နိဂုံး ချုပ် အဆုံး သတ် သွားခဲ့ရပါတော့တယ်။

ဗမာပြည် ကွန်မြူနစ် ပါတီကို ဖြိုခွင်းဖို့ အတွက် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ က လော် စစ်ဟန် အကူ အညီ နဲ့ ဖုန်ကျားရှင် ကို စည်းရုံး ခဲ့တာလို့ ဆိုပါတယ်။ လော်စစ်ဟန် နဲ့ ဖုန်ကျားရှင် ဟာ ၁၉၄၆ ခုနှစ်က ကိုးကန့် မှာဖွင့်လှစ် ခဲ့တဲ့ ဝမ်ပူ စစ်ကျောင်း က တစ်ကျောင်းတည်း ဆင်း သူငယ်ချင်း တွေဖြစ်တယ်။ 

အဲဒီကျောင်း ကို ကူမင်တန်တွေ က တည်ထောင် ထား တာလို့ ဆိုပါတယ်။ ဗကပပြို ကွဲပြီး တဲ့နောက် နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလ အတွင်း မှာလည်း ကိုးကန့်ဒေသ မှာ အာဏာ လုပွဲတွေ မကြာ ခဏ ဖြစ်ပွား လေ့ ရှိပါတယ်။ 

ကိုးကန့်ဒေသ မှာ တရုတ် ပညာတတ် လူငယ် တွေဖြစ်တဲ့ ရန်း ညီနောင်လေးဦး ရှိတယ်။ အဲဒီလေးယောက်ထဲ က ရန်းမောက် လျံနဲ့ ရန်းမောက်အန်း တို့နှစ်ယောက် က ဗကပ တွေဖြစ်ခဲ့ပြီး ကျန်တဲ့ ရန်းမောက်ရှူး နဲ့ ရန်းမောက်စိန့် တို့ က ကုန်သည်တွေဖြစ်တယ်။ 

ဒီ အထဲမှာ မှ ရန်းမောက်စိန့် က တရုတ်ပြည် ထဲမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု နဲ့ ၁၉၉၄ ခုနှစ်မှာ သေ ဒဏ်ချမှတ် ခံလိုက်ရတယ်။ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် အဖွဲ့ ဗကပ ကို ပုန်ကန်ပြီး ခွဲထွက်ကြတော့ ရန်းမောက် လျံ နဲ့ ရန်း မောက်အန်း တို့နှစ်ယောက်ဟာ ဒု စစ်ဦးစီးချုပ် နဲ့ နိုင်ငံရေး ဝန်ကြီးဌာန ဌာနမှူး ရာထူး အသီးသီးကို ရကြတယ်။

၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ မှာ ကိုးကန့် အဖွဲ့ အတွင်း အချင်းချင်း အာဏာ လုပွဲကြီးဖြစ်ကြတယ်။ ရန်း ညီအစ်ကိုတွေ က ဦးဆောင် လှုံ့ဆော်တာဖြစ်တယ်။ ဖုန်-ရန်း ပဋိပက္ခအစပိုင်း မှာ တပ်မမှူး
ကြီး ဝေ့ချောင်ရင် က ရန်းညီနောင်ဘက်က ပါပေမဲ့ နောက်ပိုင်း မှာ ဘယ်ဘက်က မှ မပါတော့ဘဲ ကြားနေပြီး တွေ့ဆုံဆွေးနွေး ဖို့ တိုက်တွန်းခဲ့တယ်။ 


ရန်းညီနောင် က ဝ အဖွဲ့ ဆီ အကူအညီ သွား တောင်းတယ်။ ဝ အဖွဲ့ ကလည်း ခွန်ဆာ အဖွဲ့နဲ့ တိုက်နေတဲ့ အချိန် ဖြစ်တယ်။ ခွန်ဆာ နဲ့ ဖုန်ကျားရှင် ကလည်း မကင်းရာ မကင်း ကြောင်း ရှိနေတဲ့ မိတ်ဆွေတွေဖြစ် တယ်။ 

ဒီတော့ ဝ တပ်ဖွဲ့က တပ်သား အင်အား ၁၅၀၀ စေလွှတ်ပြီး ရန်းညီနောင် အဖွဲ့ကို  အကူ အညီပေး တဲ့ အတွက် ဖုန်ကျားရှင် အဖွဲ့ ကိုးကန့်နယ်မြေ ကနေ ဆုတ်ခွာပေး လိုက်ရတယ်။ ကိုးကန့်ဒေသ ကို ရန်းညီနောင် အဖွဲ့ က ဆက်လက် ထိန်းသိမ်း လိုက်ပြီး ဘိန်း လုပ်ငန်း ကို အကြီးအကျယ် လုပ်ကိုင်ဆောင် ရွက်တယ်လို့ ဆိုပါတယ်။ 

၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ကုန်လောက် မှာ အာဏာလုပွဲ ထပ်ဖြစ် ပြန်တယ်။ အကြောင်းရင်း ကတော့ ခေါင်းဆောင် ရန်းမောက် အန်း က သား အငယ်ဖြစ်တဲ့ ရန်းခေါ့ရွှင်း ကို တပ်ရင်းမှူး ရာထူး ကနေ တပ်မဟာမှူး ရာထူး တိုးမြှင့်ပေးလိုက်တာ ကနေ စတယ် လို့ ဆိုတယ်။ 

လက်ရှိ တပ်မဟာမှူး လီတက်ဟွာ ကို ဖြုတ်ပစ် လိုက်တယ်။ လီတက်ဟွာ က မကျေနပ် လို့ ပုန်ကန် ဖို့ကြံစည် တယ်။ ၁၉၉၅ နိုဝင် ဘာလ မှာ ဝခေါင်းဆောင်တွေ က ရန်း ကိုတိုက်၊ ဖုန် ကို ကူညီ ဆိုပြီး ဆုံးဖြတ်ချက် ချ လိုက်တဲ့ အခါ ဖုန်ကျားရှင်ပြန်ပြီး အသက်ဝင် လာတယ်။ 

ရန်း အဖွဲ့ ဟာ မြန်မာ့ တပ်မတော်ထံ မှာ လက်နက် ချလိုက်ရတယ် လို့ဆိုတယ်။ တပ်မတော် ကလည်း ကိုးကန့်၊ လောက်ကိုင် ဒေသ နဲ့ ချင်းရွှေ ဟော် ကုန်းပြင်မြင့် ကိုပါ သိမ်းပိုက်လိုက်ပြီး ၁၉၉၅ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဖုန်ကျားရှင် ပါဝင်တဲ့ မူလ ဌာနေ ကိုယ် စားလှယ် အဖွဲ့ကို ယာယီ အုပ်ချုပ်ရေး အဖွဲ့ဖွဲ့ပေးလိုက် တယ်။

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ မှာ မုန်းကိုးဒေသမှာ မုန်းကိုး ကာကွယ်ရေး တပ် ဒုတိယသေနာပတိချုပ် လီလိမင် က သေနာ ပတိ ချုပ် မုန်ဇလပ် ကို ဖမ်းဆီး ချုပ်နှောင်ပြီး အာဏာ သိမ်းလိုက် ပြန်တယ်။ လီလိမင်ရော မုန်ဇလပ် ပါ ဗကပ အဆင့်မြင့်တပ်မှူး ဟောင်းတွေဖြစ်တယ်။ 

မုန်ဇလပ် ကို သစ္စာစောင့်သိသူတွေ နဲ့ လီလိမင် တပ်တွေ အပြင်းအထန် တိုက်ပွဲတွေဖြစ်ကြတယ်။
လီ - မုန် အချင်း ချင်း တိုက်ခိုက်နေကြပြီး ခြေကုန် လက်ပမ်း ကျတဲ့ အချိန် ကို တပ်မတော် ကစောင့်ကြည့်နေ ပြီး တပ်မ ၉၉ တပ်ရင်းတွေ ဟာ မုန်းကိုး ဒေသ ကို ဝိုင်းထား လိုက်ကြတယ်လို့ ဆိုတယ်။ 


မုန်ဇလပ် နဲ့ သူ့လူတွေ အဖမ်း ခံလိုက်ရပြီး လီလိမင် နဲ့ အဖွဲ့လည်း တပ်မတော် ကခြေ မှုန်းတာကို ခံလိုက် ရတယ်။
 

၂၀၀၂ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်း မှာတော့ မြန်မာ့ တပ်မတော် ဟာ မုန်းကိုးဒေသ ကို လုံးဝ သိမ်းပိုက်လိုက် ပါတော့တယ်။

ကိုးကန့်ဒေသ နဲ့ မူးယစ်ဆေးဝါး ဆိုတာ ခွဲခြား မရဘူး လို့ဆိုပါ တယ်။ ဌာနေ တိုင်းရင်းသား အများစု က ဆင်း ဆင်း ရဲရဲ ရုန်း ကန်ကြရ ပေ မဲ့ ကိုးကန့်ခေါင်းဆောင်တွေ ကတော့ အလွန် တစ်ရာ ချမ်းသာကြွယ် ဝကြတယ် လို့ သိရတယ်။ 

သူတို့ ရဲ့လုပ်ငန်း တွေ ကနေ စီးဆင်း လည် ပတ်နေတဲ့ငွေ ဟာ ယွမ်ငွေသန်း တစ် သောင်း (ထရီလီယံ) ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ကိုးကန့် ဒေသမှာ ရှိတဲ့ လောင်း က စားဝိုင်းတွေ ရဲ့ ၈၀% ကို စိုးမိုးထား သူ ကလည်း ဖုန်ကျား ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။ 

တစ်ဘက်နိုင်ငံ က ဝင်လာပြီး အလုပ် လုပ်ကိုင်နေကြ တဲ့ တရုတ်တွေ ကို တစ်ခါ တလေ ငေါက်ငမ်းပြော ဆိုပေ မဲ့ ကိုးကန့်တွေ တကယ်မုန်းတီး တာက သူတို့ က အသားမည်းတွေ လို့ ကင်ပွန်း တပ်ထားတဲ့ ဗမာတွေဖြစ် ပါတယ်။ 

၂၀၀၉ ခုနှစ်၊ ရန်လုံကျိုင်း မှာ ကိုးကန့် တပ်ဖွဲ့တွေ တရားမဝင် မူးယစ်ဆေး နဲ့ လက်နက်တွေ ထုတ်လုပ်နေ တယ်ဆိုတဲ့ သတင်း အရ စစ်ဆေးဖို့ သွားရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ပစ်သတ်ပြီး ဖုန်ကြားရှင် နဲ့ သူ့နောက်လိုက်တွေ တရုတ်နိုင်ငံထဲ ကို ထွက် ပြေးသွား ခဲ့ တယ်။ 

အဲဒီ တုန်းက ဒီ သတင်းကို တရုတ် အစိုးရ က မြန်မာ အစိုးရကိုပေးတာ လို့ သတင်းတွေ ကြားရပါတယ်။ ထွက်ပြေး လာတဲ့ ဖုန် ကျားရှင် နဲ့နောက်လိုက်တွေ ဆီက လက်နက်တွေ သိမ်းပြီး တရုတ် အစိုးရက လက်ခံ ထားလိုက်တယ်။ 

တရုတ် အစိုးရ ဟာ ဖုန်ကျားရှင် အဖွဲ့ကို အခုလို လိုအပ် တဲ့ အချိန် မှာ အသုံးချ လို့ရအောင် အဲဒီအချိန် က မြန်မာ အစိုးရ ကို သတင်း ပေးပြီး ပဋိပက္ခ မဖြစ်ဖြစ်အောင် ဖန်တီးလိုက်သလား လို့တွေး စရာပါ။ တရုတ်နယ် စပ်မှာ လှုပ်ရှားနေတဲ့ လက်ကိုင် အဖွဲ့ အစည်း မှန်သမျှ တရုတ်အစိုးရ ကို အာခံ လို့ မရဘူး မဟုတ်လား။ မြန်မာ နိုင်ငံ သာ တရုတ်နဲ့ ပခုံးချင်း ယှဉ်နိုင်တဲ့ အင်အားကြီးနိုင်ငံ ဆိုရင် ဒီလို ဘယ်လုပ်ရဲ လိမ့်မလဲ။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ဖုန်ကျားရှင် အဖွဲ့ဟာ လူသူ လက်နက် အစုံအလင် နဲ့ တစ်ကျော့ပြန် ဝင် လာပြီး ကိုးကန့် ဒေသ ကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ လောက်ကိုင် တိုက်ပွဲ မဖြစ်ခင် တစ်လလောက် အလိုက ဖုန်ကြားရှင် အင်တာဗျူး ကိုလည်း တရုတ် သတင်းစာ ကနေ ဖေါ်ပြခဲ့သလို အရင် က ပိတ် ထားခဲ့တဲ့ ဖုန်ကြားရှင် ရဲ့ဘဏ့်အကောင့်တွေ ကိုလည်း တရုတ် ဘဏ် တွေ က ပြန်ဖွင့်ပေးခဲ့တယ် လို့သိရတယ်။ 

လက်ရှိ အချိန် မှာ ဖုန်ကျားရှင် ဟာ ဝ အထူးဒေသက သူ့ သားမက် လင်းမိန်စန့် (ခ) စိုင်းလင်းဆီ မှာ ခိုလှုံနေ တယ် လို့ သတင်းတွေ ထွက်နေပေမဲ့ တရုတ်နိုင်ငံ ထဲမှာလည်း ခိုလှုံနေထိုင်လို့ ရပါတယ်။ 

ကိုးကန့် ခေါင်းဆောင်တွေ၊ ဝခေါင်းဆောင်တွေ၊ KIA ခေါင်းဆောင်တွေ ရဲ့ ပိုင်ဆိုင် မှု အများစု ဟာ တရုတ်နိုင် ငံ ထဲမှာ ရှိကြတာ များပါ တယ်။

တရုတ် အစိုးရ ဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကို အတော် လေး မျက်စိ စပါးမွှေး စူးနေပုံ ရတယ်။ ဒါ့ကြောင့် မြန်မာ့နိုင်ငံရေး မတည် မငြိမ်ဖြစ်အောင် နယ်စပ် အရေး ရှုပ်ထွေး မှုတွေ ဖန်တီးဖို့ သူကြိုးကိုင်ခြယ် လှယ်နိုင်တဲ့ UWSA ၊ KIA နဲ့ MNDAA တို့ကို လို သလို ထုတ် ကစားသွားဖို့ ရည်ရွယ် ထားပုံရတယ်။ 

မဟာဗျူဟာ အရ အချက်အခြာ ကျလှတဲ့ မြန်မာ့မြေ ကို အမေရိကန် စိတ် ကြိုက် အသုံးချခွင့် ရသွားမှာ တရုတ် က အတော် စိုးရိမ်ပုံ ရပါတယ်။

လက်ရှိ UWSA အဖွဲ့ က ထိပ်သီးခေါင်းဆောင် အားလုံးဟာ ဝ နာမည်ခံ ထားတဲ့ တရုတ်တွေဖြစ်ပြီး တစ်ချိန် က ဝ နာမည် နဲ့ ပိုင်ဆိုင် ထားတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ရှိတဲ့ ပိုင် ဆိုင်မှုတွေ ဟာလည်း တရုတ်တွေ လက်ထဲကို ရောက်ကုန်ပြီ ဖြစ်ကြောင်း မိတ်ဆွေ တစ်ယောက်ရဲ့ပြောစကား အရ သိရ
တယ်။ 


KIA တွေ ကို ကျောက်စိမ်း လုပ်ငန်းလုပ်တဲ့ သူတွေ ဆက်ကြေးပေးရတယ် ဆိုပေမဲ့ ငွေ လက်ခံသူတွေဟာ KIA ယူနီဖေါင်း ဝတ်ထားတဲ့ တရုတ်တွေဖြစ်နေတာတွေ့ရတယ် လို့ ဖားကန့် မှာကျောက်စိမ်း လုပ်ငန်း လုပ်ဖူးတဲ့ မိတ်ဆွေ  တစ်ယောက်ရဲ့အစ်ကိုပြောပြဖူးတာ ကလည်း စိတ်ဝင်စားစ ရာကောင်းပါတယ်။ 

MNDAA ကတော့ အထူးပြောစရာ မလိုပါဘူး၊ တရုတ်တွေ ပါပဲ။ ဒီတော့ တရုတ် ဟာ အထက်ပါ
အဖွဲ့ သုံးဖွဲ့ စလုံး မှာ သူ့ လူတွေ အများစုကို မြှုပ်နှံ ထားပြီးသား ဖြစ်ပါ တယ်။ ပြည်တွင်းမှာ ပုံဖျက်ပြီး မြှုပ်နှံ ထားတဲ့ သူလျှို တွေ၊ ဒလန်တွေ ဘယ်လောက် ရှိဦးမယ် ဆိုတာ မသိနိုင်ပါဘူး။


လက်ရှိ မြန်မာ့နိုင်ငံရေး ဟာ ဘေးကျပ်၊ နံကျပ် ကာလ ကို ရောက် နေတယ် လို့တောင် ပြောနိုင်မယ် ထင်ပါတယ်။ 

၁၉၄၉/ ၅၀ ဝန်းကျင် က မြန်မာနိုင်ငံ ပါလီမန် ဒီမိုကရေစီ စနစ်ကျင့်သုံးတာ ဘာမှရေးကြီး ခွင်ကျယ် မဖြစ်ပေမဲ့ လက်ရှိ အချိန်မှာ ကွန်မြူနစ် ပါတီကြီးစိုး ထားတဲ့ ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံဘေးမှာ တစ်ခါတုန်း က သူ ကယ်တင်ထောက်ပံ့ ခဲ့တယ်လို့ ယူဆထားတဲ့ နိုင်ငံ ငယ်လေး က သူနဲ့ ဆန့်ကျင်ဘက် စနစ်ဖြစ်တဲ့ ဒီမိုက ရေ စီစနစ် ကို ကျင့်သုံးပြီး သူ့ရဲ့ ရန်သူတော်ကြီး အမေရိကန်နဲ့ ဖက်လှဲတကင်း လုပ်နေ မယ် ဆိုတာ အတော့် ကို ခံရခက်လှ တဲ့ လုပ်ရပ်ဖြစ်ချင်ဖြစ်နေပါ လိမ့်မယ်။

တကယ်တော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဆိုတာ တရုတ် တို့ရဲ့ အတော မသတ်နိုင်တဲ့ လော ဘကြောင့်ဖြစ်လာ ရတယ် ဆိုရင်လည်း မမှားပါဘူး။ တရုတ် အစိုးရ ကသာ မြန်မာနိုင်ငံ အပေါ် စိတ်ကောင်း၊ စေတနာကောင်း ထားပြီး မြန်မာ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စေတနာ မှန်မှန်နဲ့ ထိထိရောက်ရောက် ကူညီခဲ့မယ် ဆိုရင် မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး စနစ် အကူး အပြောင်း ဟာ ဒီ့ထက် နောက် ကျကောင်း နောက်ကျနိုင် ပါလိမ့်မယ်။

အခုတော့ မြန်မာ အစိုးရ အနေနဲ့ တရုတ် နဲ့ပေါင်း ရတဲ့ သံတမန် အကာ အကွယ် ရတာက လွဲလို့ ကျန်တာ အရှူံးချည်း ပဲလို့ ဆို နိုင်မယ် ထင်ပါတယ်။ ဒါကို တပ်မတော်ခေါင်းဆောင်တွေ ကလည်း နဂိုကတည်း က သိထား ပုံ ရပါတယ်။ 


တရုတ် နဲ့ သာ ဆက်ပေါင်းရင် တိုင်းပြည် လည်း ထောင်း လမောင်းကြေ တော့ မယ် ဆိုတာ သိပုံ ရတဲ့ မြန်မာ စစ်ခေါင်းဆောင် တွေ ဟာ အမေရိကန် အစိုးရ အဖွဲ့က တာဝန်ရှိသူတွေ နဲ့ တိတ်တ ဆိတ် ဆက်သွယ် ညှိနှိုင်းထား ပုံရတယ် လို့ ယူဆရပါတယ်။ 

ဒါ့ကြောင့် မြန်မာ့ အပြောင်းအလဲ အတွက် တရုတ် ကိုတောင် ကြံဖန်ကျေးဇူးတင် ရမလို ဖြစ်နေပါတယ်။

အမေရိကန် အစိုးရ ဟာ မြန်မာနိုင်ငံ မှာ သူတို့ စိတ်တိုင်းကျ လူ့ အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိသေး ပေမဲ့ မြန်မာ့ပြုပြင် ပြောင်းလဲမှု ကို လှိုက်လှိုက် လှဲလှဲကြိုဆို ပြီး ယာယီ သံရုံး တာဝန်ခံ အဆင့်ကနေ သံအမတ်ကြီး အဆင့် အဖြစ် သံတမန် ဆက်သွယ်မှု ကိုပြန်လည်မြှင့်တင်ခဲ့တယ်။ 

ဒါတင်မက ဘဲ သမ္မတ ဘားရက်အိုဘားမား တို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တို့ကပါ မြန်မာနိုင် ငံ ကို လာရောက်အားပေးခဲ့ကြ တယ်။ မြန်မာ့မြေ ကို အမေရိကန် ခေါင်းဆောင်တွေ ခြေချနေတဲ့ အချိန်မှာ တရုတ်ခေါင်းဆောင် တွေ အဖို့ ဒေါသ အမျက်ချောင်းချောင်း ထွက်နေပုံရတယ်။ မြန်မာ အစိုးရ ကလည်း ဒါကို သိပါတယ်။ 

အမေရိကန်တွေ မလာ ခင်ဖြစ်ဖြစ်၊ လာပြီးသွားတဲ့ အချိန်ပဲဖြစ်ဖြစ်၊ လာနေဆဲ ကာလ မှာပဲဖြစ်ဖြစ် တရုတ် ဘက် ကို သံတမန် လမ်းကြောင်း ကနေ ဝင်ပြီး ချွေး သိပ်ပုံ ရတယ်။ ဒါပေမဲ့ နဂို ကတည်းက အကြံ ကြီးပြီး တစ်ဘို့တည်း အမြဲကြည့်တတ် တဲ့ တရုတ် အစိုးရ ဟာ မြန်မာ့နိုင်ငံရေး မတည် မငြိမ်ဖြစ်အောင်၊ ဒီမိုကရေစီ ဆိုတာ ကို မြန်မာပြည် သူတွေ ကိုယ်တိုင် စိတ်ပျက် သွားအောင် ဘယ်လို လုပ်ရမလဲ လို့ အကြံထုတ်နေပုံ ရတယ်။ 

၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ မှာဖြစ်ပျက် ခဲ့တဲ့ ပြည်တွင်း အရေး အခင်း တချို့မှာ တရုတ် စနက် ကင်း ရဲ့လား လို့တောင် သံသယဖြစ်မိ ပါတယ်။

တိုင်းပြည် မတည် မငြိမ်ဖြစ်အောင် နောက်ကွယ် ကနေ လှုံ့ဆော် ဖန်တီးမယ့် သူ တချို့ကို ငွေပုံပေးပြီး ခိုင်း မယ် ဆိုလည်း ခိုင်းလို့ ရပါတယ်။ အများ အမြင်မှာ အဲဒီလူတွေ ဟာ ဒီမိုကရေစီ လို လားသူတွေပေါ့။ Activist တွေပေါ့။ 

အခုလည်း မြန်မာ့ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်နှောင့်နှေးကြန့်ကြာအောင် လက်နက်ကိုင် အဖွဲ့အစည်း တချို့ကို ကြိုးကိုင်ခြယ် လှယ်ပြီး ကြိုးပမ်းနေတာ ကို MPC က ဒေါက်တာ မင်းဇော်ဦး လို ပုဂ္ဂိုလ် ကတောင် တရား ဝင် ထုတ်ပြောလာတာ တွေ့ရ တယ်။ 

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အခြေအနေ က ဆူးကြား က ဘူးခါး လိုဖြစ်နေတဲ့ အခြေအနေ မျိုးပါ။ ရှေ့ မတိုးနောက် မဆုတ် သာ ဘဝမှာ ဒီအတိုင်း မျှောပြီး ကြာရှည် ရပ်တည်ဖို့ ကလည်း မဖြစ်နိုင် ပါဘူး။ လှေနံနှစ်ဘက် နင်း နေရ တာ အန္တရယ်လည်း များ ပါတယ်။ 

ဒီကြားထဲ မှာ ကိုယ့် တိုင်းပြည် ထဲမှာ အချင်းချင်း မညီညွတ်တော့ တရုတ် အတွက် ကစားကွက် ပိုကျယ် သွားပါတယ်။ သံတမန် လျှို့ဝှက် ဆက် ဆံရေးတွေ အရ ဘာတွေ၊ ဘယ်လိုရှိ မယ် မပြောနိုင်ပေ မဲ့ လက်ရှိ အတိုင်း ဆက်သွားရင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရဲ့ လုံခြုံရေး ဟာ စိုးရိမ် စရာဖြစ်နေပြီး
အကိုင် အတွယ် ချွတ်ချော် တိမ်းပါးခဲ့ရင် တစ်ချိန် မှာ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ 


၁၉၈၈ ခုနှစ် က အမေရိကန်လေယာဉ်တင် သင်္ဘောတွေ မြန်မာ့ ပင်လယ်ပြင် ကို ရောက်နေ တဲ့ အချိန်မှာ တရုတ် က တရုတ်-မြန်မာ နယ်စပ် တစ်လျှောက် မှာ သန်း နဲ့ ချီတဲ့ PLA တပ်တွေ ချထား ပါတယ်။

အမေရိကန် လေယာဉ် တင် သင်္ဘော က စစ်အင်အားတွေ ရန်ကုန် မြေကိုခြေချ တာနဲ့ တရုတ်က မန္တလေး အထိ ဝင်သိမ်း ဖို့ စီစဉ်ပြီး သားဖြစ်တယ် ဆိုတဲ့ အ တိတ် သမိုင်းကြောင်း ကိုလည်း မမေ့အပ် ပါကြောင်း တင်ပြ လိုက်ရပါတယ်။



ရဲကျော်သူရ
- ဗမာပြည်ကွန်မြူနစ် ပါတီ ၏ နေထွက်ချိန်နှင့် နေဝင်ချိန်၊ ကျော်ဝင်း
- မြန်မာ့နိုင်ငံရေးလေ့လာ ဆန်းစစ်ချက်၊ ကျော်ဝင်း
- တစ်ကျော့ပြန် ဖုန်ကျားရှင်၊ မန်းဖိုးအေး (ဝါးခယ်မ)
- မိုး ဂျာနယ် အဟောင်းများ


 Kyaw Zin Tun

 

No comments:

Post a Comment