21 November 2015

စလုံး


Look before you leap!!!

၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ဖြစ်ပေါ်နေတဲ့ စင်္ကာပူနိုင်ငံ မှာ နေထိုင် ကုန်ကျ စရိတ် (the cost of living in Singapore) ကို တင်ပြပါရစေ။

စင်္ကာပူနိုင်ငံ ဟာ ရေပတ်လည် ဝန်း ရံနေတဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နေထိုင် စား ရိတ်မြင့်မား တဲ့မြို့များ စာရင်းမှာ စင်္ကာပူ လည်း ပါဝင်ပါတယ်။

ဒါဆိုရင် တစ်လ မှာ လူ တစ်ကိုယ်စာ ကုန်ကျ စားရိတ် ဘယ်လောက်ရှိမှာလဲ။

(က) အိမ်ခန်း ဌားရမ်းခ ကုန်ကျစရိတ်
စင်္ကာပူ မှာ အိမ်ခန်း ဌားရမ်းခ ကုန်ကျစရိတ်ဟာ အဆောက်အဦး ရဲ့တည်နေရာ၊အခန်း ရဲ့အမျိုး အစား၊ သုံးစွဲရန် ထည့်သွင်းပေးထားသော ပစ္စည်း များနဲ့ လူ ဘယ်နှစ်ယောက်ပေါင်းပြီးနေမလဲပေါ်မှာ မူတည်ပါတယ်။ တစ်လ ကို စင်္ကာပူဒေါ်လာ ၄၅၀ ကနေ ၁၅၀၀ ကြား မှာ ရှိပါတယ်။

(ခ) ရေဖိုး/ မီးဖိုး ကုန်ကျစရိတ်
ရေပျက်တာ၊ မီးပျက်တာ မရှိသလောက် ပါပဲ။ တစ်လ လူ တစ်ကိုယ်စာ ကုန်ကျ စရိတ်က စင်္ကာပူဒေါ်လာ ၅၀ ကနေ ၁၀၀ ကြားမှာ ရှိပါတယ်။

(ဂ) အစားအသောက် အတွက် ကုန်ကျစရိတ်
လူ တစ်ယောက်စာ အတွက် စားသောက် ကုန်ကျစရိတ်က အကြမ်းအားဖြင့် စင်္ကာပူဒေါ်လာ ၃၅၀ ကနေ ၄၅၀ ကြားမှာ ရှိပါတယ်။



(ဃ) ကားခ/ ရထားခ ကုန်ကျစရိတ်
လူတစ်ယောက် မဖြစ်မနေ သွားရတဲ့ ခရီး အကွာအဝေး ပေါ် မူတည်ပြီး ပျမ်းမျှ တွက်ချက် ထားတာပါ။ တစ်လ ကို စင်္ကာပူဒေါ်လာ ၃၀ ကနေ ၁၀၀ ကြား ကုန်ကျပါတယ်။

(င) တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုခ
ကိုယ်ရွေးချယ်တဲ့ plan နဲ့ package ပေါ် မူတည်ပြီး ကုန်ကျစရိတ် ရှိပါတယ်။ အကြမ်း တွက်ချက်ပြရရင် တစ်လ စင်္ကာပူဒေါ်လာ ၃၀ ကနေ ၅၀ ကြား မှာ အနည်းဆုံး ကုန်ကျပါတယ်။ စာရေးသူ ရဲ့မိတ်ဆွေတွေ ထဲမှာ လက်ကိုင်ဖုန်းတောင် မသုံးစွဲ တဲ့ စင်္ကာပူနိုင်ငံသား တစ်ချို့ရှိပါတယ်။ စာဖတ်သူကော ဖုန်း မရှိ ပဲနေနိုင် ပါ သလား။ ဒါဆိုရင် တစ်လ စင်္ကာပူဒေါ်လာ အနည် ဆုံး ၃၀ ချွေတာနိုင်ပါပြီ။

(စ) အခြား ကိုယ်ပိုင် အသုံးစရိတ်
လူတစ်ယောက် အတွက် မဖြစ်မနေ သုံးစွဲဖို့လိုတဲ့ အခြား လူမှုရေး ကုန်ကျစရိတ် များကို ဒီခေါင်း စဉ်အောက် ကနေဖေါ်ပြလို ပါတယ်။ တစ်လ ကို စင်္ကာပူဒေါ်လာ ၁၀၀ ကနေ ၂၀၀ ကြားမှာ ရှိပါတယ်။

(ဆ) တစ်လ လူတစ်ကိုယ် ပျမ်းမျှကုန်ကျ စရိတ်
တစ်လ ကို လူတစ်ယောက် အတွက် စုစုပေါင်း ကုန်ကျ စရိတ်က စင်္ကာပူဒေါ်လာ ၁၀၁၀ ကနေ ၂၄၀၀ ကြားမှာ ရှိပါတယ်။

ဒါကြောင့် ရတဲ့ လခ မှ ကုန်ကျစရိတ် ကို နှုတ်ပြီးရင် ဘယ်လောက် အိမ်ပြန်ပို့မယ် ဒါမှ မဟုတ် ဒီမှာ စုထား မယ် ဆိုတာ ကို တွက်ကြည့်ပါ။ မကိုက်ရင် စင်္ကာပူ မှာ မိသားစု နဲ့ခွဲပြီး လာရောက် အလုပ် လုပ်နေလဲ အကျိုး သိပ်မဖြစ်လှပါဘူး။

ဒါကြောင့်မို့ စာဖတ်သူ အနေနဲ့ မခုန်ခင် ကြိုတင် ကြည့်ဖို့လိုမှာဖြစ်ပါကြောင်း စေတနာဖြင့် အကြံပြု တင်ပြ အပ်ပါတယ်။ Look before you leap !!
 


စလုံး Page  (စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာ များ စုစည်းတင်ပြမှု) www.facebook.com/SaloneCollection


No comments:

Post a Comment