11 November 2013

လူတစ်ယောက်ကို ထုစစ်တဲ့ ညများရဲ့ ..သူ



ညစ်ညူးသံများ အားစိုက်သံများ
ချွေးပေါက်တွေ ရွာတဲ့ ပွဲ လိုအပ်ရင် အသက်နဲ့ လောင်းရတဲ့ ပွဲပေါ့
ဘယ်သူနိုင်မလဲ …?

နာကျင်ရက်စက်မှုကို ကျေနပ်စွာခံယူ
သတ္တိများစွာရဲ့ သတ္တိနဲ့ တွန်းလှန်သူ
ဘယ်တော့မှအရှုံးမပေးဘူးလို့ ယုံကြည်သူ
 



သေမင်းနဲ့ ကြွေအန်ကစားတဲ့ ည
လောင်ကြေးကတော့ … အကြီးစားပဲ
မထင်ရင် မထင်သလို ဖြစ်နိုင်တဲ့ ညပေါ့

သူ အောင်နိုင်ခဲ့ တယ် တဲ့ 
အဲဒီ လက်မှတ်လေး ကို သူ့ ရင်ဘက်ထဲ သူ့  နိဂုံးထိ
ခေါင်းမှာတင်လို့  သူ ရေလောင်းပေါင်းသင်
ရှယ် သန့် စင်အောင် ဇွန်းတပ်လို့ လေ

ဒီလောက ဒီ သံသရာထဲ လမ်းညွန်တွေဆွဲလို့ 
မြေပုံတွေ ပေးလို့ ပေါ့ဗျာ

အပင်လေးက ရှင်သန်တော့ .ဘာပြောကောင်းမလဲ
ချစ်သူအတွက် ယာခင်းကို ပစ်လို့ 
ရေတွေကို မေ့လို့  အသံကွဲနေသည်
စိတ်ညစ်နေသည် ခေါင်းစဉ်တွေတပ်လို့ 

ညက ပွဲကို ပြန်နားထောင်ကြည့်
(ညစ်ညူးသံများ အားစိုက်သံများ
နာကျင်ရက်စက်မှုကို ကျေနပ်စွာခံယူ
သတ္တိများစွာရဲ့ သတ္တိနဲ့ တွန်းလှန်သူ
ဘယ်တော့မှအရှုံးမပေးဘူးလို့ ယုံကြည်သူ
ဘယ်သူနိုင်မလဲ …?)

ကမ္ဘာကိုအလင်းပေးသူက
ပိုစုန်းဖြူ လေးကို ပြန်အရှုံးပေးခဲ့ ရတယ် ။


                                            ချစ်မိုးဦး


No comments:

Post a Comment