
အဆိုပါရောဂါကို ဆေးသိပံ္ပနည်းအရ ခိုင်လုံတဲ့အဖြေမထုတ်နိုင်သော်လည်း တိရစ္ဆာန်အဆီ လွန်ကဲစွာစား သုံးသူများ၊ မျိုးရိုးစဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရချို့တဲ့သူများ စသူတို့မှာ ဖြစ်နိုင်ခြေ ပို များကြောင်း သိရပါတယ်။
ရောဂါလက္ခဏာများအနေဖြင့် သုတ်ရည်ဂလင်း သိသိသာသာကြီးထွားလာခြင်း၊ ဆီးသွားသည့်အခါ အားမ ရဖြစ်ခြင်း၊ ပြတ်တောင်း ပြတ်တောင်းဖြင့် ဆီးသွားရခက်ခြင်း၊ မကြာခဏဆီးသွားပြီး အထူးသဖြင့် ညဘက် မှာ ပိုသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ သုတ်ရည်ထဲ သွေးပါခြင်း၊ တင်ပါးနှင့် တင်ပါးဆုံရိုးတို့တွင် တဆစ် ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည် သိရသည်။
၎င်းကင်ဆာရောဂါကို လျော့ပါးသက်သာစေနိုင်မည့် အစားအသောက်များမှာ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ)၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပင်လယ်စာ၊ ဂျုံနှင့် ဂျူံထွက်ပစ္စည်းများ၊ ဆန်လုံးညိုနှင့် ကွေကာ အုတ် စသည်တို့ဖြစ်ကြောင်း သိရသည်။
The Mirror Daily


No comments:
Post a Comment