22 November 2013

Tattoo ထိုးလို့ ဖြစ်လာတဲ့ Infection ဖြစ်ပုံတွေ




Tattoo ထိုးလို့ ဖြစ်လာတဲ့ Infection ဖြစ်တဲ့ပုံတွေ စုထားတာ ရှိပါတယ်ခင်ဗျ ။ Tattoo ထိုးလိုက်လို့ အဆင်ပြေသွားတဲ့ သူတွေရှိသလို အဆင်မပြေပဲ ရောဂါပိုးတွေ ၀င်ပြီး ဆိုးဝါး တဲ...့အရေပြား ထိခိုက်မှုတွေ ကြုံတွေ့သွားရတဲ့သူတွေလည်း ရှိတယ်ဆိုတာ သိသွားစေချင်တာပါ ။

ကျွန်တော် အခုအချိန်ထိ အားရင်တွေးနေတာ Tattoo ကို ဘယ်နေရာမှာ ဘာပုံ ထိုးရင်ကောင်းမလဲ လို့ ပဲတွေးနေတာပါ ။ တစ်ကယ်တော့ လည်း မထိုးချင်ပါဘူး၊ အဲလိုတွေးနေတာကလည်း အရသာပါပဲ၊
 

ဘာ လို့ Tattoo မထိုးချင်တာလဲ ဆိုတော့ သူက တစ်သက်လုံး အမှတ်ဖြစ်သွား လို့ပါပြီးတော့ ကိုယ်ရွေးလိုက် တဲ့ ပုံက နောက်တစ်ချိန်ကျရင် ဒီဇိုင်းက အောက်ပြီး လူရှေ့မှာ မပြရဲဖြစ်သွားမှာစိုးလို့ပါ နောက်တစ် ခု က အလုပ်အကိုင် အခွင့်အလမ်းနဲ့လည်း သက်ဆိုင်ပါတယ်
 

အင်တာဗျူးတွေ မှာ ချွတ်မပြရဘူး ဆိုပေမယ့် သိပ်တော့ အဆင်မပြေပါဘူး ။ ကျန်းမာရေး ရှုထောင့် က ကြည့်ရင်လည်း စွန့်စားလွန်းရာ ကျပါတယ် ။ ကံမကောင်းလို့ ရောဂါ ရသွားရင် မထိုးလိုက်ရင်အကောင်းသား ဆိုပြီး တွေးမယ့်အစား ဒီလိုပဲ နေလိုက်တာပါ ။
 


 


အဲဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အသိထဲမှာ လူတစ်ယောက် ရှိတယ် ။ သူက အရမ်းအေးတယ် တနေ့လုံးနေ လို့ စကားလေးလုံး ကွဲအောင် မပြောပါဘူး။

 ဖြစ်ချင်တော့ သူငယ်ချင်းတွေနဲ့ ဆုံတုန်း မသန့်တဲ့ အပ်တွေနဲ့ မြန်မာ လို အခေါ်တော့ ဆေးမင်ကြောင်၊ (Tattoo) ထိုးမိပါတယ်၊ ရောဂါပိုးက ခန္တာကိုယ်ထဲကို တိုက်ရိုက်ကြီး ထည့်ပေးလိုက်သလို ဖြစ်ပြီး လပိုင်းလောက် ပဲကြာပါတယ်၊ ဝေဒနာ ခံစားပြီး ဆုံးသွားပါတယ် ။ အဲဒါကြောင့် သူများတွေထိုးထား တာတွေ့ရင် အားကျမိပေမယ့် ကျွန်တော်ကတော့ Tattoo ထိုးဖြစ်မှာမဟုတ်ပါဘူး ။

(ဟုတ်ပါတယ် စာဖတ်သူမြင်သလိုပဲ ကျွန်တော်လည်း မြင်ပါတယ် ။ ဒီစာကို ရေးထားတာ ကြာပါပြီ
မတင်ဖြစ် လို့ပါ။ မတင်ခင် ဖတ်ကြည့်လိုက်တော့လည်း တစ်ခုခု လိုနေသလိုပါပဲ ဒါပေမယ့် အဲဒီတုန်းက ခံစားချက်တစ်ခု သက်ဝင်ပြီး ရေးထားတာဖြစ်တဲ့ အတွက် လိုတိုး ပိုလျော့ မလုပ်ဖြစ်တော့တာပါ ။ ဘာမှန်း မသိပဲ တစ်ခုခုကို အရမ်းကြောက်တတ် တဲ့ပုံမျိုး ပေါက်နေပါတယ်)  အားလုံး ဆင်ခြင်နိုင်ကြပါစေဗျာ.။...






















































Credit :   Myawady News
From...Facebook

No comments:

Post a Comment