11 November 2013

အမျိုးသားတို့ရဲ့ နောက်ဆုံးခံတပ်ပြိုလဲခြင်း


ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေအတွင်းမှာ ကျား/မ တန်းတူညီမျှမှုမရှိခြင်းရဲ့ နောက်ဆုံးခံတပ်တစ်ခု ဟာအဆုံးမှာ စတင်ပြိုလဲသွားပြီလား။


လွန်ခဲ့တဲ့ သတင်းပတ်အနည်းငယ်အတွင်းမှာ Janet Yellen ဟာအမေရိကန် ဗဟိုဘဏ်ဘုတ်အဖွဲ့ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ ထို့အတူ Karnit Flung မှာလည်းအစ္စရေး ဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးအရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ တကယ်လို့ ငွေကသာသြဇာအာဏာ ရှိမယ်ဆိုရင်အမျိုးသမီးတွေကို ငွေကြေးထုတ်လုပ်ထောက်ပံ့ပေးခြင်းကို ထိန်းချုပ်တဲ့လုပ်ငန်းမှာ ဖယ်ကျဉ်ထားတာမျိုး ထပ်မံပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။


မလေးရှား၊ ရုရှား၊ အာဂျင်တီနား၊ တောင်အာဖရိက၊ လီဆိုသိုနဲ့ ဘော့စ်ဝါနာတို့အပါအ၀င် တက်သစ်စနိုင်ငံ ၁၇ နှစ်နိုင်ငံရဲ့ ဗဟိုဘဏ်တွေကို အမျိုးသမီးတွေက ဦးဆောင်နေပေမယ့်လည်း အမျိုးသမီးတွေကို ဘဏ္ဍာရေး မူဝါဒတွေပြုလုပ်တဲ့ကမ္ဘာကနေ ဖယ်ကျဉ်ထားတယ်ဆိုတဲ့ ယေဘုယျစည်းမျဉ်းတစ်ခုမှာ သူတို့က ချွင်းချက်ပါ။

Yellen ကိုခန့်အပ်လိုက်တာကတော့ တော်တော်လေးအရေးပါပါတယ်။ သူမဟာ စီးပွားရေးအရဖွံ့ဖြိုး ပြီးတဲ့ နိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ရာထူးတိုးတက်ရေးအဟန့်အတားကို ချိုးဖောက်နိုင်ခဲ့လို့ပါ။ သူမကိုဗဟိုဘဏ်ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့တဲ့အချိန်အထိ အခြား G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေကိုအမျိုးသမီးတစ်ဦးဦးက ဦးဆောင်ထားတာမျိုး မရှိဖူးသေးပါဘူး။

ဒါ့အပြင် ဥရောပဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးကောင်စီကနေရာ ၂၃ နေရာကိုလည်း အမျိုးသားတွေကပဲ ယူထားတာပါ။ အင်္ဂလန်ဘဏ်ရဲ့ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ကော်မတီကို ၁၉၉၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ စဉ်ကတည်းကအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ အမျိုးသမီးဦးရေဟာ သုံးဦးသာရှိပါသေးတယ်။ ဒါ့အပြင် ၂၀၀၂ ခုနှစ်နောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးတလေမျှ ရွေးချယ်ခန့်အပ်ခံရတာမျိုး မရှိသေးပါဘူး။ဂျပန် ဘဏ်ရဲ့ မူဝါဒရေးရာဘုတ်အဖွဲ့မှာလည်း အမျိုးသမီးတစ်ဦးတည်းပဲ ရှိပါတယ်။ 

ယနေ့ကာလအမျိုးသမီးတွေဟာ ထိပ်တန်းနိုင်ငံရေးတာဝန်တွေကို ပိုမိုရယူနေသလိုဖြစ်နေပါတယ်။ Angela Merkel ဟာ မကြာ သေးခင်က ဂျာမနီအဓိပတိအဖြစ်တတိယအကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံတွင်းက မဲပေးသူတွေကလည်း မာဂရက်သက်ချာကို ၀န်ကြီးချုပ်အဖြစ် သုံးကြိမ်တိုင် တိုင်ရွေး ချယ်ခဲ့ကြပါတယ်။ ထို့အတူ ပြင်သစ်နိုင်ငံမှာလည်း ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်တစ်ဦးရှိခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း ဒီနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေကို ဦးဆောင်ရလုနီးပါး အထိဖြစ်လာတဲ့ အမျိုးသမီးရယ်လို့ မရှိသေးပါဘူး။

ကျား၊ မအရေးအလေးပေးတဲ့ စကန်ဒီနေးဗီးယားနိုင်ငံတွေမှာတောင် တန်းတူရေးက ဗဟိုဘဏ်တွေပေါ် ကို ကျော်ဖြတ်ဖို့ အလှမ်းဝေးနေဆဲပါ။ ဥပမာ - အမျိုးသမီးတွေကို ဦးစားပေးတဲ့ပရိုမိုးရှင်းတွေ နှစ်ပေါင်း များစွာပြုလုပ်ခဲ့တဲ့အပြင် Erna Solberg ကိုပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် အဖြစ် ရွေးချယ် ခဲ့တဲ့ နော်ဝေနိုင်ငံမှာအမျိုးသမီးတွေကို ဗဟိုဘဏ်သို့မဟုတ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရွေးချယ်တာမျိုး မပြု လုပ်ရသေးပါဘူး။

မကြာသေးမီက အတင်းအကျပ်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တဲ့ ကြိုးပမ်းမှုတစ်ရပ်ဟာလည်း အနာတခြားဆေး တခြား ဖြစ်ခဲ့ရပါတယ်။ ဥရောပဗဟိုဘဏ်မှာ မတူကွဲပြားမှုတွေနဲ့ ကျား/မတန်းတူမှုကို ဦးစားပေးဖို့ ကြိုး ပမ်းတဲ့အနေနဲ့ ဥရောပပါလီမန်က ၂၀၁၂ ခုနှစ်မှာ လူဇင်ဘတ်ရဲ့ Yves Mersch ကို ဘဏ်ဘုတ်အဖွဲ့ရဲ့ အမှုဆောင်ချုပ်အဖြစ်ခန့်အပ်ခြင်းကို တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥရောပပါလီမန်အမတ်တွေအနေ နဲ့ သင့်လျော်တဲ့အမျိုးသမီးတစ်ဦးကို အဆိုတင်သွင်းဖို့ အဆင်မပြေခဲ့ပါဘူး။ အကျိုးဆက်ကတော့ အကြွေးတွေနဲ့ အကျပ်ရိုက်နေတဲ့အချိန်မှာ ဥရောပတိုက်ရဲ့ ဗဟိုဘဏ်မှာတစ်ပတ်လောက် ဦးစီးလုပ်ကိုင် မယ့်သူမရှိပဲ ဖြစ်သွားတာပါ။

အံသြဖို့ ကောင်းတာကတော့ ဥရောပပါလီမန်ရဲ့ Mersch ကိုခန့်အပ်တဲ့ကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းတာ ကတော်တော်လေးကို အရုပ်ဆိုးအကျည်းတန်လှပြီး နောက်ဆုံးမှာသူ့ကိုပဲအတည်ပြုခဲ့ပါတယ်။ဒါပေမယ့် လည်း လူတော်တော်များများက ဒီဖြစ်ရပ်ကိုခြုံငုံသုံးသပ်တဲ့နေရာမှာ မှာယွင်းခဲ့ကြပါတယ်။ သူတို့ကဒီဖြစ် ရပ်ဟာအမျိုးသမီးတွေကို ဦးစားပေးတဲ့ မှားယွင်းသောအတွေးအခေါ်ကို စွမ်းရည်ပြည့်ဝမှုနဲ့ အတွေ့အကြုံ တို့အပေါ်မှာ အခြေခံတဲ့အတွေးအခေါ်က အောင်နိုင်သွားတယ်လို့ မြင်ကြပါတယ်။ 

သူတို့ရဲ့ အကြောင်းပြချက်ကတော့ သင့်လျော်တဲ့အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို မတွေ့ဘူးဆိုရင် ကျားမအရေးကို ဘေးဖယ်ထားပြီး အကောင်းဆုံးသောကိုယ်စားလှယ်ကို ရွေးချယ်ရမယ်ဆိုတာပါဘဲ။
တကယ်တော့ ဒီအမြင်မှာလွဲနေတာရှိပါတယ်။ ဥရောပ ဗဟိုဘဏ်အမှုဆောင်ချုပ်နေရာအတွက် သင့် လျော်တဲ့ အမျိုးသမီးဘာလို့ မရှိရတာလဲ။ ဥရောပနိုင်ငံတွေအပါအ၀င် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စီးပွားရေးပါရဂူ ဘွဲ့ရထားတဲ့သူတွေရဲ့၃၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေပါ။ သူတို့ထဲက ဘယ်သူ့ကိုမှ ဥရောပဗဟိုဘဏ် ရဲ့အမှုဆောင် ရာထူးအတွက်မရွေးချယ်နိုင်ရတာလဲ။ Mersch ကို ခန့်အပ်လိုက်ခြင်း အတွက် ကြောင်း ကျိုးဆီလျော်မှုအရှိဆုံး ခြုံငုံသုံးသပ်ချက်ကတော့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီး တစ်ဦးကို စောလျင် စွာအတည်ပြုနိုင်ဖို့အတွက် လေးလေးနက်နက်ရှာဖွေခဲ့ခြင်း မရှိလို့ဆိုတာပါဘဲ။

 တစ်ဖက်မှာလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို နောက်ချန်ဦးစားပေးအနေနဲ့ ထားတယ်ဆို တာရှင်းရှင်းလေးပါ။ ၎င်းအဆိုဟာ Yellen နဲ့ Flung တို့ကိုခန့်အပ်တဲ့ကိစ္စရပ်မှာလည်း အတူတူပါဘဲ။ သဘောကျတဲ့အမျိုးသားကိုယ်စားလှယ်လောင်းတွေမရှိတော့မှ သူတို့တွေကို ခန့်အပ်ခဲ့တာပါ။Flung ဟာအစ္စရေးဗဟိုဘဏ်ရဲ့ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာ ၎င်းနေရာအတွက် ပြိုင်ဘက် အမျိုးသားကိုယ်စားလှယ်လောင်းမရှိတဲ့အတွက် ခန့်အပ်ခံခဲ့ရတာပါ။

Yellen နဲ့ Flung တို့ဟာ ပညာရေးစွမ်းရည်အရလည်း နောက်ကြောင်းလှန်ကြည့်စရာ မလိုကြပါ ဘူး။နှစ်ယောက် စလုံးက အောင်မြင်တဲ့ပညာရှင်တွေ သို့မဟုတ် ဦးဆောင်မှုအမျိုးမျိုးကနေတစ်ဆင့် အတိုင်း အတာတစ်စုံတစ်ရာတစ်ခုအထိ အတွေ့အကြုံရှိပြီးသားသူတွေက။ Flung ဟာအစ္စရေးဗဟိုဘဏ်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ Yellen ဆိုရင်
လည်း ဖက်ဒရယ်စနစ်မှာလည်းနှစ်ပေါင်းနှစ်ဆယ်နီးပါးမျှ ပါဝင်အလုပ်လုပ်ကိုင်ခဲ့ပြီးပါပြီ။ ပထမပိုင်းမှာ ဆန်ဖရန်စစ္စကိုမှာ လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ဖက်ဒရယ်ပြည်နယ်အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူပါ။

အမျိုးသမီးတွေရဲ့ အရည်သွေးနဲ့ အတွေ့အကြုံနည်းပါးမှုတစ်ရပ်က သူတို့ကိုဘဏ္ဍာရေး မူဝါဒတွေ ပြု လုပ် ခြင်းရဲ့အမြင့်ဆုံးနေရာကို ရောက်ရှိဖို့အတွက်အဟန့်အတား မဖြစ်ပါဘူးဆိုရင်သူတို့ကို ဟန့်တားမယ့် အခြားအရာကဘာဖြစ်နိုင်မလဲ။ ဖြစ်နိုင်ချေရှိတဲ့ရှင်းလင်းချက်တစ်ခုကတော့ ရွေးချယ်တင်မြှောက်ထား ခြင်းခံ ရတာမဟုတ်တဲ့အပြင် ပွင့်လင်းမြင်သာမှုပိုင်းမှာလည်း အကန့်အသတ်ရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ဗဟို ဘဏ်တွေဟာသူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို ကလပ်တစ်ခုမှာဆောင်ရွက်သလိုမျိုး ဆောင် ရွက်ဖို့ ဦးတည်သွားပါတယ်။ 

ကလပ်တွေမှာ အမျိုးသားတွေက အဓိကဦးစီးငှားရမ်းအလုပ်ခန့်ပါတယ်။ တူရာ၊ တူရာတွေကိုပဲ ရာထူး တိုးမြှင့်ပေးပါတယ်။ အစိုးရတွေကလည်းထိပ်တန်းရာထူးအတွက် ဗဟို ဘဏ်ကနှစ်သစ်တဲ့ ကိုယ်စားလှယ် ကို လွယ်ကူစွာခွင့်ပြုသဘောတူခဲ့ခြင်းဖြင့် ဒီလိုဆောင်ရွက်မှုမျိုး တွေကို အားကောင်းလာစေပါတယ်။
ကျား/မအရေးကသာ မတူကွဲပြားမှုတွေရဲ့ ဗဟိုချက်မဖြစ်မယ်ဆိုရင် ဗဟိုဘဏ်တွေဟာ ၎င်းရဲ့အခြေခံ စာမေးပွဲကို ကျရှုံးသွားခဲ့တာပါ။ 

ကျားမအရေးကိစ္စတစ်ခုတည်းသာမက နိုင်ငံပေါင်းစုံမှာ အသက်အရွယ် မရွေးလူမျိုးမရွေး လေးစားသမှုပြု တဲ့မတူကွဲပြားမှုတွေကို ပရိုမိုးရှင်းလုပ်ခြင်းဟာလူမှုရေးတရားမျှတမှု မေးခွန်းတစ်ခုကဲ့သို့ အကျိုးရှိတဲ့ ကိစ္စရပ်တစ်ရပ်ပါ။ ပိုမိုကျယ်ပြန့်ပြီး ပိုမိုပွင့်လင်းမြင်သာတဲ့ အလုပ်ခန့်ထားရေးလုပ်ငန်းစဉ်တွေက အုပ်စုအခြေပြုစဉ်းစားခြင်းတွေကို လျှော့ချနိုင်မှာပါ။ ပိုနေမြဲ ကျားနေမြဲ အခြေအနေကိုလည်း စိန်ခေါ်ပါလိမ့်မယ်။ ထို့အပြင် ဗဟိုဘဏ်တွေအနေနဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကိုလည်း ပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။Yellen နဲ့ Flung တို့ကို ရာထူးတိုးပေးလိုက်တာကတော့ ခြေလှမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ခုချိန်မှာတော့ အမျိုး သားတွေလွှမ်းမိုးထားတဲ့ရှေးဆန်တဲ့ ခံတပ်တံခါးကို ကျယ်ကျယ်ပြန့်ပြန့် မဖြစ်မနေ ဖွင့်ပေးရတော့မှာပါ။

ဤဆောင်းပါးသည်www.project-syndicate.org တွင်ဖော်ပြထားသော“The Last Gentlemen’s Club” အား ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

မဇ္ဈိမ မှမျှဝေဖေါ်ပြသည်


No comments:

Post a Comment