15 November 2013

လက်ပံတောင်းတွင် ပဋိပက္ခ ထပ်ဖြစ် ရဲကင်း တိုက်ခိုက်ခံရ ရဲတပ်ကြပ်များ အပါအ၀င် ကိုးဦး ဒဏ်ရာရ


 



နိုဝင်ဘာ ၁၄ရက်နေ့ ကြာသာပတေး ၁၇ နာရီ ၄၂ မိနစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တူးဖော် ထုတ် လုပ်ရေး ကုမ္မဏီနှင့် ဒေသခံတောင်သူများအကြား မပြေလည်မှုများဖြစ်ပွားကာ ယခုလ ၁၄ ရက်နေ့ ည ၇ နာရီ၄၂ မိနစ် အချိန်ခန့်က မုံရွာ – ပုသိမ် အဝေးပြေူကားလမ်းမကြီးအနီးရှိ လုံခြုံရေးရဲကင်း စခန်း အား ဒေသခံတောင်သူများမှ ၀င်ရောက်စီးနင်းခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း ကနဦးသိရှိရသည်။ 


အဆိုပါ သတင်းအား သီးခြားသတင်းအတည်ပြုချက်များရရှိနိုင်ရန် ဆက်လက် ၍ ဆောင်ရွက်လျက်ရှိပါသည်…..။ ဒဏ်ရာရရဲတပ်ဖွဲ့ဝင်များ ယခုအချိန်တွင် မုံရွာပြည်သူ့ဆေး ရုံကြီး ခွဲစိပ်ခန်းနှင့် ဓာတ်မှန်ခန်းများသို့ ၀င်ရောက်လျက်ရှိပါသည်။ 

သတင်း + ဓာတ်ပုံ – ကိုတိုးကြီး (facebook)
http://feeds.feedburner.com/thithtoolwin/yIWV

 ****************************************************************************



မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာ အနီးရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် အစောင့်ချထားသည့် ရဲကင်းတစ်ခုကို ဒေသခံ ၂၀၀ ခန့်က နိုဝင်ဘာ ၁၄ ရက် ည ကိုးနာရီအချိန်တွင် ခဲများဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်ဟု မုံရွာခရိုင် ရဲမှူးကြီး ဦးကြူကင်းက ပြောသည်။

ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ် ဝေ လင်း၊ ဒုတပ်ကြပ် ဂျိုးဇက်၊ ဒုတပ်ကြပ် ထွန်းလှိုင်ဦး၊ ရဲတပ်သား ပြည်မျိုးထွန်း၊ ကျော်ဇာနည်၊ ကြံအောင်၊ စောမောင်ခိုင်၊ ဒုတပ်ကြပ် ကျော်မင်းဦးတို့ ကိုးဦးသည် မျက်နှာ၊ လက်၊ ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ည ၁၀ နာရီခွဲက မုံရွာ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ဆေးကုသရန် ရောက်ရှိဆေးကုသမှု ခံယူနေရသည်။

ရဲတပ်သားတို့နှင့် ဒေသခံတို့၏ ပဋိပက္ခကို သေနတ်ပစ်ခတ် လူစုခွဲဖြေရှင်းခဲ့ရပြီး အမှောင်ထုတွင်း ဖြစ်ပွား မှုကြောင့် ဒေသခံတို့လည်း ဒဏ်ရာရရှိနိုင်သည်ဟု ထိုရဲကင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ် တစ်ဦးက ပြောသည်။

ယခုသတင်းပေးပို့ချိန်တွင် ဒေသခံတို့ထံသို့ ဆက်သွယ်၍ မရဘဲဖြစ်နေပြီး နောက်ဆုံးရရှိသည့် သတင်းများ အရ ရဲတပ်ဖွဲ့ဝင်တို့၏ သေနတ်ပစ်ဖောက်လူစုခွဲခြင်းကြောင့် လူစုကွဲသွားခဲ့သည်။

နောက်ဆုံးအခြေအနေကို အခင်းဖြစ်ရာ တွင် ပါဝင်ခဲ့သည့် ဒေသခံများသို့ မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။


Mizzima – News in Burmese

From...Search Myanmar

No comments:

Post a Comment