12 November 2013

ဂဏန်း ကောင်များနှင့် ဆဲဆိုခြင်း ပဋိပက္ခ

                                          Online photo's
လူမှု.ကွန်ယက်များတွင် ရှေ.ကလဲမလိုက် နောက်ကလဲ မပါ ဘေးကလဲ လက်မတွဲပဲ ကန်.လန်.လုပ် ဘုပြောနေသော ဂဏန်း လိုလူများတွေ.မြင်နေရသည်မှာ အတန်ကြာလှပေပြီ။ ထိုသူများမှာ မည်သို.သော သူများဖြစ်ကြပါနည်း။
 
ထို.ပြင် အမေ ၊ နှမ ပြစ်နှစ်စွာဆဲဆိုနေသော သူများကိုလဲ သင်အဘယ်ကဲ့သို. ထင်ပါသနည်းဟု ကျနော့် အား မေးခွန်းထုတ်လာပါမူ ကျနော့်အမြင်အား အောက်ပါအတိုင်း ချပြမည်သာ ဖြစ်ပေသည်။

ဂဏန်းလိုလူ..... နိုင်ငံရေးအကြောင်း တစိုးတစိမျှ မသိ သော်လည်း တတ်ယောင်ကားဟန် ဖမ်းကာ
ငါသာသိငါသာတတ် ဟူသော ၀ါဒဖြင့် လူတကာကို အမြင်ချင်းပြိုင် ကိုယ်မမှန်သော်လည်း ဖင်ပိတ်ငြင်း ငါထင်သည်သာအမှန် အမြင်မတူရင် မည်သည့်ဘက်ကဖြစ်ဖြစ် ရန်သူ ဟုသဘောထားတတ်သော လူ.ဂဏန်းများသာဖြစ်သည်။
 
ထိုသူများသည် မြန်မာ့နိုင်ငံရေးအတွက် အုတ်တစ်ချပ်လဲ မလုပ် သဲတစ်ပွင့်မျှ ပင် ပါဝင်ခြင်းမပြုပါပဲနှင့် အမျိုးသားရေးစိတ်ဓါတ်ဖြင့် နိုင်ငံရေးလုပ်သူ အမှန်တကယ် မြန်မာ့နိုင်ငံရေးကို ကိုယ်ကျိုးစွန်. အနစ်နာခံ သူများ ကိုပင် ကူညီဖော်ပင်မရ အခန်.မသင့်လျှင် ဝေဖန် ကာလေကန် ဘေးထိုင် ဘုပြော နေသူများ သာဖြစ် သည်။
 
လူမှု.ကွန်ယက်များတွင် အမှန်တကယ် စိတ်ဓါတ်ဖြင့် လုပ်ဆောင်နေကြသော (ကိုယ်ခြေပေါ်ကိုယ်ရပ် တည်နေကြသူ) နိုင်ငံရေးစိတ်ဝင်စားသူ များသည် ကလောင်သွေးရင်း လေ့လာရင်းဖြင့် မိမိတို. ဧ။် ယူဆ ချက်မှန်ကန်မှု.ရှိမရှိ ကို လေ့လာကြစဉ် ထိုကဲ့သို ဂဏန်းလိုလူများနှင့် တွေ.ကြုံကာ ခြေကုန်လက်ပန်းကျ အမောဆို.သွားရတဲ့ အဖြစ်တွေလဲ လူမသိသူမသိ တွေများခဲ့လေပြီ ။
 
ထို.ပြင် ထိုဂဏာန်းလိုလူများသည် မိမိတို.ဧ။် ၀ါသနာတူ စရိုက်တူများဖြင့် အစုအဖွဲ.ပမာ ရှိနေကြပြီ မိမိတို.နှင့် မလိုအပ်သော ကိစ္စများဖြစ်လာခဲ့သော် ကျီးကန်းများကဲ့သို. ၀ိုင်းကာ အာတတ်ကြသည်မှာလဲ သူတို.ဧ။် သဘာဝ တစ်ခုပင်ဖြစ်ပါသည်။ ထိုလောက်နှင့်ပြီးပြီလားဆိုတော့ မပြီးသေးပါချေ လူတစ်ယောက်အား ယုန်ထင်ကြောင်ထင်ဖြစ်အောင် လဲ လိမ်တတ်ပြောတတ်ကြပေသေးသည်။
 
သူတို.မသိသောအရာမှာကား လိမ်လည်ခြင်း(သို.) မဟုတ်တမ်းတရားပြောဆိုစွပ်စွဲခြင်းများဖြင့် လူတစ်ဖက် သားအား ထိခိုက်နစ်နာစေသောအပြုအမှုများ ကို လူ.လောက အသိုက်အ၀န်းက လက်ခံကြသည် မဟုတ်ပေ ။ ထို.သို. လက်မခံသည့် အရာများအားပြောဆိုနေသော ထို ဂဏန်း ကောင်များအဖို.မှာမူ လူ.ပတ်ဝန်းကျင်မှ သူ.အလိုလို အပါယ်ခံပြီးသား ဖြစ်နေမည်ကို မသိခြင်းပင်။
 
ထို.အပြင် ထိုဂဏန်းလိုလူများဧ။် ဖရုဿဝါစာ ကြမ်းတမ်းသောစကားများအပြင် သူတို.ဧ။်လုပ်ရပ်သည်လည်း ထိုသူတို.နှင့်သက်ဆိုင်သော စာမျက်နာများတွင် သူတု.ိကိုယ်တိုင် မှတ်တမ်းထားခဲ့ကြပြီဖြစ် သည်။ ဆဲဆိုခြင်းတည်းသော စကားရပ်ကို ကျနော်မကန်.ကွက်လိုသလို အားလဲမပေးလိုပါ အဘယ်ကြောင့် ဆိုသော် အာဇာနည်ကြီးများပင် ဆဲ ခဲ့ရပါသည် သို.သော် ဂရုဏာဒေါသော ဖြင့် ဆဲဆိုခြင်းသာ ဥပမာ ဆိုရသော် (အချုပ်တန်း ဆရာဖေက နယ်ချဲ့ဆန်.ကျင်ရေးကဗျာတစ်ပုဒ်မှာ 'သူ.အမေရိုး ...ဟု) (မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်က ဂျော့ဘုရင် တံဆိပ်ခေါင်းကို ပြောင်းပြန်ကပ်ခါ ခွေးခေါင်းပြောင်းပြန် ကပ်လိုက်သည် ဆိုတဲ့စကား) (ဗိုလ်ချုပ်အောင်ဆန်းရဲ. ခင်ဗျားတို.ရဲ. စောက်ကျင့်တွေ ပြင်ဖို.လိုပြီ ဆိုတဲ့စကား) ဒါတွေအားလုံးဟာ ဆဲဆိုထားတာတွေပါပဲ..
 
ဒါပေမဲ့ အဲလိုဆဲဆိုနေတာတွေဟာ တိုင်းပြည်အတွက် ကြီးကြီးမားမား အကျိုးပြုစေခဲ့တယ် ဆိုတာလဲ သမိုင်းက သက်သေပြုခဲ့ပြီးဖြစ်သည်။ယခု လူမှု.ကွန်ယက်များတွင်ထင်ရာမြင်ရာပြောဆို စွပ်စွဲနေသောသူ  များမှာကား မည်ကဲ့သို.ရည်မှန်းချက် ရည်ရွယ်ချက် များနှင့်ဆိုသည်ကိုတော့ ကျနော် မစဉ်းစားလိုတော့ပါ။ အထက်ပါ အာဇာနည်များနှင့်လည်း ထိုသူများကိုနှိုင်ယှဉ်ခြင်းမဟုတ်ပါ ဆဲဆိုခြင်း တွင် ကွားဟ ချက်ကို ချပြလိုချင်သာဖြစ်ပါသည်။
 
ထိုသူများသည် အဆိုးမြင်ဝါဒီ သက်သက်မျှသာဖြစ်ကြောင်းကိုလဲ အစိုးရဘက်တော်သားများနှင့် ဒီမီုကရေစီ ဘက်တော်သား များ အခြားသော လေ့လာသူများပါမကျန် သိရှိရိပ်မိကြ လောက်ပြီဟုလည်းထင်ပါသည်။ လူမှု.ကွန်ယက်များတွင် ဆဲဆိုခြင်းဖြင့် ပြောင်းလဲသွားမည်မဟုတ်ပေ ။ ဆဲဆိုခြင်းဆိုရာတွင်လဲ ဘောင်လွတ် ဆဲဆိုသူများသာ ပြောလိုခြင်းဖြစ်သည်။ ကျနော်ကိုယ်တိုင်လဲ မဆဲဟု မပြောလိုပါ ဆဲတတ်ပါသည် ။ ဆဲဆိုခြင်းကို အနုပညာသဖွယ် ဆဲဆိုသောသူများနှင့် ဖရုဿဝါစာ သမားများအနေနှင့် သာကွားခြား ပြီး ဘောင်လွတ်ဆဲဆိုခြင်းကို ရှောင်ကျဉ်သင့်ကြောင်းပြောလိုပါသည်။
 
ထိုသူများသည် အမှန်ကိုအမှန်ဟု သိမြင်ပြီး အဆိုးအကောင်း အမှားအမှန်ကို သိသာထင်သာ မြင်သာပြီး အမှန်တကယ် နိုင်ငံအရေးအတွက် ပါဝင်ခဲ့မည်ဆိုပါက အင်အားတစ်ရပ်ပင် ။
သို.သော်ထိုသူများအင်အားစု တောင့်တင်းလာခဲ့သော်...ကျနော်တို. မြန်မာ့နိုင်ငံရေး ရွှေပြည်တော် မျှော်လေေ ၀း ဖြစ်မည်က မလွှဲပါဟု ကျနော် ပြောချင်ပါသည်။
ထိုကဲ့သို.သော ဂဏာန်းလိုလူများသည် တစ်နည်းအားဖြင့် စိတ်ဒဏ်ရာ(သို.) စိတ်ရောဂါ ရှိသူများဟု သတ်မှတ်နိုင်ပြီး  မိမိဧ။် အားနည်းချက်များကို လူမသိအောင်ဖုံးအုပ်လေ့ရှိကြပြီး မိမိတွေးထင်ရာ အရာမှန်သမျှကို မှန်သည်မှားသည် မသိပဲ ဇွတ်ကန် ပြောဆိုလေ့ရှိကြပြှီး ဆဲဆို ရိုင်းစိုင်းခြင်းများ လဲပြုတတ်ကြသည်။ 
 
ထိုသူများသည်  လူ့ပတ်ဝန်းကျင် အဖွဲ.အစည်းများမှ သွေဖယ်သွားပြီး တဇွတ်ထိုးပြုမူတတ်သည့် အတွေး အခေါ်မရှိသည့်လူများအဖြစ်သို. ပြောင်းလဲသွားနိုင်သည်။ ထိုသူများသည် နိုင်ငံရေးဘက်တော် သား အမည်ခံ (သို.) ကြံ့ဖွံ့  အစိုးရဘက်တော်သာအမည်ခံ  သော်ငြားလဲ အမှန်တကယ် သိရှိလေ့လာသူများ မဟုတ်ကြပေ။ ထို.ကြောင့် မိတ်ဆွေများအနေနှင့် တွေ.ကြုံလာခဲ့ပါက ထိုသူသည် ဒီမိုဘက်တော်သား ထိုသူသည် အစိုးရဘက်တော်သားဟု မသက်မှတ်စေလိုပါ...အမှန်တကယ် သတ်မှတ်ရန်ကတော့ ဂဏန်းလိုလူများအဖြစ်သာ ဖြစ်ပြီး ဆဲဆိုခြင်း ပဋိပက္ခ များကို ရှာဖွေနေသူ တစ်နည်းအားဖြင့် စိတ်ကျရောဂါ ရနေသူ  များဖြစ်သည်ဟု တွေးထင်မိပါသည်။

လေးစားစွာဖြင့်

မင်းလွမ်းနောင်(ပန်းတနော်)
 

No comments:

Post a Comment