13 December 2015

ရဲလိုက်လို့ ရေကန်ထဲဝင်ပုန်းရင်း မိချောင်းစားတာ ခံလိုက်ရတဲ့ ဖောက်ထွင်း ၀ိဇ္ဖာ





ဖောက်ထွင်းဝိဇ္ဖာ တစ်ယောက်အဖြစ် သံသယ ရှိခံရသူဟာ သူ့နောက်ကို ရဲတွေ လိုက်ဖမ်းလို့ ထွက်ပြေး ရင်း ရေကန် တစ်ကန်ထဲမှာ ၀င်ရောက် ပုန်းနေရာ ကနေ ကန်ထဲမှာ ရှိတဲ့ မိချောင်း စားတာ ခံလိုက်ရ ပါတယ်။

အသက် ၂၂ နှစ်အရွယ် Matthew Riggins ဟာ ဖလော်ရီဒါ ပြည်နယ် Palm Bay ဆိုတဲ့ ရေကန်ထဲမှာ ရှိတဲ့ မိချောင်း တစ်ကောင် ကိုက်ချီ စားသောက်လိုက်ခြင်း ကို ခံခဲ့ ရသူပဲဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး အရာရှိတွေ ဟာ Riggins ကို ရှာဖွေရင်းပဲ သူ့ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေဟာ မိချောင်း ရဲ့ အစာအိမ်ထဲရောက်နေတာ ကို တွေ့ခဲ့ ရတာဖြစ်တယ်လို့ Brevard ခရိုင် ရဲတပ်ဖွဲ့ရုံးရဲ့ တရားဝင်ပြောကြားချက် အရသိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ က Barefoot Bay ဆိုတဲ့ ရပ်ကွက် ထဲမှာ ရှိတဲ့ နေထိုင် သူတွေ ဟာ အိမ်တွေရဲ့ အနောက်ဖက် မှာ လူ ၂ ယောက် လမ်းလျှောက်နေတာတွေ့တဲ့ အတွက် ရဲစခန်းကို အကြောင်း ကြားခဲ့တာဖြစ်ပြီး ရဲဝန်ထမ်းတွေဟာ ခွေးတွေ နဲ့ ဟယ်လီကော်ပတာ တွေကို အသုံးပြုပြီး Riggins နဲ့ အခြား သံသယ ရှိသူတွေကို ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။


အခင်းဖြစ်ပွားတဲ့ ညမှာတော့ တရားခံ လို့ သံသယ ရှိခံရ သူ တစ်ယောက်မှ မဖမ်းမိခဲ့ ပါဘူး။ Riggins ဟာ အိမ်ပြန်ရောက်မလာတဲ့ အတွက် သူ့ရဲ့ မိသားစုဝင်တွေ လူပျောက်ကြေညာ ထားခြင်းကိုလည်း ခံထားရ ပါတယ်။


သူ့ရဲ့ အစိတ်စိတ် အမြွှာမြွှာ ကွဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကိုတော့ အခင်းဖြစ်ပွားပြီး ၁၀ ရက်အကြာမှာ ကန်ထဲမျောနေတာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

ရဲအရာရှိတွေရဲ့ စုံစမ်း သိရှိရမှုအရ Riggins ဟာ သူ့ရဲ့ ကောင်မလေးထံဖုန်းဆက်ပြီး သူ မှုခင်း တစ်ရပ် ကျူးလွန် ထားကြောင်းပြောပြခဲ့သလို သိပ်မကြာခင်မှာ ဖုန်းထပ်ဆက်ပြီး ရဲတွေ လိုက်တာ ခံနေရတယ် လို့ ဆိုခဲ့ဖူး ပါတယ်။


 #သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
http://www.searchmyanmar.com/link/frame/cid/55912
 

No comments:

Post a Comment