06 December 2015

ခေါင်းပြတ် အရိုးစုတွေ ပါတဲ့ မြောက်ကိုရီးယား ‘ တစ္ဆေသဘောင်္အုပ် ’ လှိုင်းပုတ်ပြီး ဂျပန် ကမ်းခြေ မှာ တင်နေ



 


သဘောင်္ကုန်းပတ်ပေါ် မှာ အစာငတ်သေခဲ့ ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား အလောင်းတွေပြည့်နေတဲ့ ‘တစေ ၦသေဘာၤအုပ္စု’ ဟာ ဂျပန် ကမ်းခြေမှာ လှိုင်းပုတ် ကာ တင်လျက်ရှိပါတယ်။

ခနော်နီ ခနော် နဲ့ ငါးဖမ်း သဘောင်္ တစ်ဒါဇင်ကျော် မှာ အလောင်းပေါင်း အနည်းဆုံး ၂၂ လောင်း ပါရှိပြီး အောက်တိုဘာလ ကတည်းက ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ က တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ 

တစ်ချို့  အလောင်းတွေဟာ ခေါင်းပြတ်နေပြီး ဦးခေါင်းခွံခြောက်ခု ကို အလောင်း နဲ့ တခြားစီနေရာ မှာ ပြန်တွေ့  ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရေး နဲ့ ရေးထားတဲ့ ဆိုင်းဘုတ် အမှတ်အသား တစ်ခု အရ ထိုလှေ အုပ်စု ထဲက တစ်စီး ဟာ မြောက်ကိုရီးယား စစ်တပ် တစ်ဖွဲ့  ရဲ့လှေ တစ်စီးဖြစ်တယ်လို့ သိရပါတယ်။ 

ထို့ အပြင်သဘောင်္ပေါ် က စုတ်ဖွာနေတဲ့ အ၀တ်စ တစ်ခု ကလည်း ကွန်မြုနစ်နိုင်ငံ ရဲ့ အလံ လို့ ယူဆရဖွယ် ရှိတာကို  ဗီဒီယို မှတ်တမ်းမှာ တွေ့ ရပါတယ်။ 



အိုမင်းဟောင်းနွမ်းနေ တဲ့ စက်တပ်လှေတွေ မှာ ရေဒါ နဲ့ GPS လမ်းညွှန် စနစ်တို့ ပါဝင်ခြင်း မရှိတာကြောင့်၊ လှိုင်းကြမ်း တဲ့ ပင်လယ် မှာ ပြဿ       နာကြုံရပြီးနောက် ကမ်းခြေ ကို မပြန်နိုင်ခဲ့ တာ ဖြစ်တယ် လို့ ယူဆ ရ ပါတယ်။


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က ငါးကြီးကြီး နဲ့ များများ ဖမ်းလာ ဖို့ ဖိအားပေးပြီးနောက်မှာ ဒီလှေပေါ် က လူတွေ ဟာ လှိုင်းကြမ်းတဲ့ ပင်လယ်ထဲမှာ အစာရေစာ ငတ်သေဆုံး ကာ  ဂျပန် ကမ်းခြေ ကို လှေတွေ မျောပါ လာတာဖြစ်ရမယ် လို့ ဂျပန် အာဏာပိုင်တွေက ယုံကြည်ထားကြ ပါတယ်။ 

 မြောက်ကိုရီးယား အာဏာရှင် Kim Jong-un ဟာ နိုင်ငံခြား ၀င်ငွေ ရှာဖွေဖို့ နည်းလမ်း တစ်ခု အနေနဲ့  ငါးဖမ်း လုပ်ငန်း ကို ဦးစားပေး လုပ်ငန်း အဖြစ် များမကြာမီနှစ်တွေ က သတ်မှတ်ခဲ့ တာဖြစ်ပါတယ်။ 

ထို့ သို့ သတ်မှတ်ပြီးနောက် သိုသိပ် လှို့ဝှက် တဲ့ ကွန်မြူနစ်နိုင်ငံ အတွင်း အစာငတ် ကပ်ဘေးတွေ ဆက်တိုက် ကျရောက်ခဲ့ပါတယ်။


TrendMyanmar
 http://www.searchmyanmar.com/link/frame/cid/55818


No comments:

Post a Comment