29 December 2015

သင် မွေးခဲ့သော လ ကို ကြည့်၍ မည်သည့်ရောဂါဖြစ်မည်ကို ပြောနိုင်ဟုဆို


 သင် မွေးခဲ့သောလကို ကြည့်၍ မည်သည့်ရောဂါဖြစ်မည်ကို ပြောနိုင်ဟုဆို


ကျွမ်းကျင်သူတွေ ရဲ့လေ့လာတွေ့ရှိချက် တစ်ခုအရ လူတစ်ယောက် ရဲ့ မွေးတဲ့လ ကို ကြည့်ပြီး သူဖြစ် မယ့် ရောဂါ ကို သိနိုင်တယ် လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေ က နယူးယော့ခ်မှာ ရှိတဲ့ လူပေါင်း ၁.၇  သန်း ဟာ ရောဂါ အမျိုး အစားပေါင်း ၁၆၈၈ မျိုး ဖြစ်ပွားနေပြီး ရောဂါပေါင်း ၅၅ မျိုး ဟာ လူတွေ မွေးဖွား ခဲ့တဲ့ လတွေနဲ့  ဆက်စပ်နေတာ ကို တွေ့ရှိခဲ့ပါ တယ်။

 ဧပြီလ မှာ မွေးဖွားတဲ့ ကလေးတွေ ဟာ နှလုံးခုန် မမှန်တဲ့ ရင်ဘတ်အောင့် ရောဂါဖြစ်ပွားဖို့ ရာခိုင်နူန်း များပြီး


နိုဝင်ဘာလ ဖွားတွေ ကတော့ အဆုတ်ပွရောဂါ ဖြစ်ပွားဖို့ ရာခိုင်နူန်း များတယ် လို့ သိရပါတယ်။

ဒီလို မွေးတဲ့ လ နဲ့ ဖြစ်ပွားတဲ့ရောဂါ တို့ ဆက်စပ်နေမှုကို ကိုလံဘီယာ တက္ကသိုလ်က စစ်တမ်း ပြုလုပ်ပြီး လေ့လာ ခဲ့တာ ဖြစ်ပါတယ်။



စစ်တမ်း အရ ........

မေလ ဖွားတွေဟာ ရောဂါဖြစ်ပွားမှု ရာခိုင်နူန်း အနည်းဆုံး ဖြစ်ပြီး



အောက်တိုဘာလ ဖွားတွေ ကတော့ ရောဂါဖြစ်ပွားဖို့ ရာခိုင်နူန်း အများဆုံး ဖြစ်ပါတယ်။

“ ကိုယ် မွေးဖွား ခဲ့တဲ့ လ နဲ့ ရောဂါဖြစ်ပွားမှု ဆိုတာက ဆက်စပ်နေပါတယ်။


ရာသီဥတု ဟာ ကိုယ့်ရဲ့ ဘ၀သက် တမ်းမှာ ရောဂါဖြစ်ပွားမှုအပေါ် အစိတ်အပိုင်း တစ်ရပ်အဖြစ် သက်ရောက်မှု ရှိနေတဲ့ သဘောဖြစ် ပါတယ်။” လို့ စစ်တမ်းပြုလုပ်ခဲ့တဲ့ အဖွဲ့ က ဆိုပါတယ်။

ဒီလိုစစ်တမ်းကောက်ယူခဲ့ တာကြောင့် ပညာရှင်တွေအနေ နဲ့ ရောဂါ အသစ်အဆန်းတွေ ဖြစ်ပွား လာနိုင်မှု ကို ကာကွယ်နိုင်လိမ့်မယ် လို့  စာရေးဆရာ နီကိုလက်စ်တာတိုနက်တီ က ဆိုခဲ့ပါတယ်။

ကိုယ်မွေးဖွားတဲ့လ နဲ့ ရောဂါ တို့ ဆက်စပ်နေပုံ ကို ၁၉၈၅ ကနေ ၂၀၁၃ အထိ အချိန်ယူပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဇန်န၀ါရီလ မှာ  မွေးဖွားသူတွေ က စိတ်ဖိအား များမှုကြောင့် နှလုံးရောဂါဖြစ်နိုင်ပြီး

ဖေဖော်ဝါရီ ဖွားတွေ လည်း ဒီရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။

စက်တင်ဘာလ ဖွားတွေက ရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများပြီး


အောက်တိုဘာလ ဖွားတွေ က တက်ကြွ လှုပ်ရှားမှု ကင်းမဲ့တဲ့ စိတ်ရောဂါ မျိုး ခံစားရနိုင်ပါတယ်။

နိုဝင်ဘာလ ဖွားတွေ က ခံတွင်းပိုင်း ဆိုင်ရာရောဂါ နဲ့

ဒီဇင်ဘာလ  မွေးသူတွေက ပြင်းထန်တဲ့ အဆုတ်ပွ ရောဂါမျိုး ဖြစ်နိုင်ခြေများပါတယ်။

Ref – Dailymail


http://www.searchmyanmar.com/link/frame/cid/51233

 

No comments:

Post a Comment